ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
“သမ”
သမဆိုတာ ဘယ်လိုဘယ်ညာဆိုတာတွေ မသိပါဘူး။ကျွန်တော်ငယ်ငယ်တုန်းက သမနဲ့ ပတ်သက်တဲ့ ကြုံခဲ့ရတာလေးတွေကို ပြောချင်ခဲ့တာပါ။
မြောင်မှာ သမရုံးဆိုတဲ့ ဝင်းကြီးရှိခဲ့တယ်။အတော်ကို ကြီးကျယ်ခဲ့တဲ့ နေရာပေါ့။မြောင်တစ်နယ်လုံးကရှိတဲ့ ထွက်ကုန်တွေမှန်သမျှ သမကို ပို့ရတယ်ထင်ပါတယ်။
မြောင်တစ်နယ်လုံးကထွက်ခဲ့တဲ့ ထွက်ကုန်တွေဖြစ်တဲ့ ပဲပြောင်းနှမ်းဝါတွေဟာ သမကိုသွင်းကြရပါတယ်။ မိုးလင်းတာနဲ့ သမရုံးကြီးဟာ ဆူညံလှုပ်ခတ်နေတော့တာပါပဲ။လှည်းတွေ ထွန်စက်တွေနဲ့ သူတို့ရဲ့ လယ်ယာ ထွက်ကုန်တွေကို လာသွင်းကြပါတယ်။ ကျေနပ်လို့သွင်းတာလား၊အစိုးရအမိန့်ကြောင့်လားတော့ ငယ်သေးတာ့ မသိပါဘူး။အမိန့်ကြောင့်လို့တော့ထင်ပါတယ်။အပြင်ပေါက်ဈေးအတိုင်း ရောင်းခွင့်မရှိကြဘူး ထင်ပါတယ်။
ဒါကလည်း ၈၈ ဖြစ်ပြီးတော့ ကျောင်းတွေမဖွင့်ခင် ကောလင်းဘက် သွားအလုပ်လုပ်တော့ ကောလင်းမှာ အစိုးရ စပါးဂိုထောင်တွေမှာ ဒေသခံစပါးစိုက်တောင်သူတွေဟာ သူတို့လယ်တွေကထွက်တဲ့ စပါးတွေကို တစ်ဧက ဆယ့်နှစ်တင်း အစိုးရဆီ ပြန်သွင်းကြရပါတယ်။မကျေနပ်တဲ့အသံတွေ တောင်သူတွေဆီက ကြားခဲ့ရဖူးပါတယ်။ အပြင်ကပေါက်ဈေးထက် အဆမတန်နိမ့်တဲ့ ဈေးနဲ့သွင်းခဲ့ကြရပုံရပါတယ်။အခုလည်း သမကို သွင်းတဲ့ ကိုယ့်ကုန်ပစ္စည်းတွေဟာလည်း ကျေနပ်လို့မှ ဟုတ်ရဲ့လား။
ကျွန်တော်တို့နေတဲ့ စက်မှုလယ်ယာဝင်းကြီးက မြို့လယ်ကို တောင်မြောက်ဖြတ်သွားတဲ့ လမ်းမကြီးရဲ့ အရှေ့ဘက်မှာရှိပါတယ်။ အနောက်ဘက်ကို မျက်နှာမူထားပါတယ်။စက်မှုလယ်ယာဝင်းရဲ့ မြောက်ဘက်မှာ စိုက်ပျိုးရေးရုံးက လမ်းပဲခြားပါတယ်။စိုက်ပျိုးရေးရုံးနဲ့ မျက်နှာချင်းဆိုင် လမ်းမကြီးရဲ့ အနောက်ဘက်မှာ အခုနကပြောတဲ့ သမရုံးဝင်းကြီးရှိနေပါတယ်။
သမရုံးဝင်ကြီးထဲမှာ ဆီကြိတ်တဲ့ စက်ရုံကြီးရှိတယ်။နို့ဆီချက်တဲ့ စက်ရုံရှိတယ်။စက်ရုံဆိုတာထက် နို့ဆီချက်တဲ့ ကန်ကြီးတွေရှိပါတယ်။စပါးတွေ ဆန်တွေခွဲတဲ့ စက်တွေလည်းရှိပါတယ်။
သမဝင်းကြီးထဲမှာ အကြီးဆုံးကြီးကတော့ ဆီကြိတ်တဲ့ စက်ရုံကြီးကတော့ အကြီးဆုံးပါပဲ။စက်တွေကို ဗွိုင်လာကြီးနဲ့ လည်ပတ်ပါတယ်။ ဗွိုင်လာကို မီးထိုးဖို့ လွှစာမှုန့်အပုံကြီးတွေကလည်း ဟီးထနေတာပေါ့။ မိုးလေးနဲနဲလောက်ရွာပြီးတာနဲ့ ပုရစ်သံတွေကြားလို့ ပုရစ်ကြော်စားချင်ရင် အဲဒီလွှာစာပုံကို ယက်ရှာလိုက်ရင် ပုရစ်ဆိုတာ နဲနဲနောနော ရတာလားဗျာ။ပုရစ်တွေခုန်မထွက်နိုင်အောင် သံချောင်ပုံးထဲ ရေလေးနဲနဲထည့်ပြီး ဖမ်းထည့်တာပေါ့။ဖမ်းရတဲ့ပုရစ်တွေ ဗိုက်ဖောက်ပြီး ကြက်သွန်နီ၊ကြက်သွန်ဖြူနဲ့ မဆလာတို့ ထောင်းနယ်ထားတဲ့ အစာတွေသိပ်ပြီးကြော်စားခဲ့ကြသေးတာပေါ့ဗျာ။တကယ်ကို အကုသိုလ်များတဲ့ အလုပ်ပါပဲ။
ဆီကြိတ်စက်က ကြိတ်လို့ရတဲ့ ဆီတွေကိုထည့်ဖို့ သံပိုက်လုံးလိုလို ဆီလှောင်ကန် အကြီးကြီးနှစ်ကန်ကိုလည်း ဆောက်ထားပြီး ဘောဂနဲ့ ဗလဆိုပြီး နာမည်တောင် ပေးထားပါသေးတယ်။
အဲဒီဆီစက်က ဗွိုင်လာကြီးက အာဇာနည်နေ့ရောက်လို့ ဥဩဆွဲရင် တစ်မြို့လုံးအပြင် အနီးအနားကရွာတွေ အထိတောင် ကြားရပါတယ်။အာဇာနည်နေ့ရောက်လို့ ဥဩဆွဲပြီဆိုရင် ကျွန်တော်တို့ကလေးတွေ ရောက်တဲ့ နေရာမှာမတ်တတ်ရပ်ပြီး ငြိမ်ငြိမ်သက်သက် အလေးပြုခဲ့ကြဖူးပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အဲဒီလိုချစ်ကြည်ညိုခဲ့ကြတာပေါ့။အဲဒီလိုလုပ်ရတာကိုက ကြက်သီးမွေးညင်းထလောက်အောင် ခံစားရပါတယ်။
သမစက်ရုံမှာသုံးဖို့ လိုအပ်တဲ့ ရေအတွက် အဝီဇိတွင်းတူးထားပြီး အုတ်ရေကန် အကြီးကြီးတစ်ခုထဲ မောင်းထည့်ထားပါတယ်။အုတ်ရေကန်က တော်တော်ကြီးပါတယ်။မြေပြင်ကနေ ဝါးတစ်ရိုက်လောက် အမြင့်ရှိပါတယ်။ကန်ရိုးထုထည်ကလည်းထူပါတယ်။ကန်ပေါ်တက်ကြည့်ဖို့ ကပ်ရပ်ဘေးမှာ အုတ်လှေကားတောင် လုပ်ပေးထားရပါတယ်။ကန်ရဲ့ အခြေမှာလည်း ဝန်ထမ်းတွေရေချိုးဖို့ အုတ်ကန်အသေးလေးတစ်ခုကို လုပ်ပေးထားပါသေးတယ်။ နောက်တော့ ဝန်ထမ်းတွေအပြင် အနီးအနားက ကျွန်တော်တို့လို လူတွေကလည်း သွားချိုးတဲ့အခါလည်း ချိုးကြတာပေါ့။
ဆီကြိတ်စက်ကြီးအကြောင်း ပြန်ကောက်ရရင် ကျွန်တော်တိုမြောင်က ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲတို့ နှမ်းတို့ ထွက်ပါတယ်။ဆီကြိတ်တဲ့စက်ရုံကြီးရဲ့ရှေ့မှာ တာလပတ် အခင်းကြီးတွေနဲ့ မြေပဲတွေကိုလှမ်းထားပြီး အမှိုက်သရိုက်တွေကိုလည်းရှင်လင်းကြပါတယ်။ ပြီးရင် တင်းတောင်းနဲ့ထမ်းပြီး စက်ရဲ့ ဇလားထဲ သွားပြီး လောင်းထည့်ရပါတယ်။ကြိတ်ပြီးလို့ထွက်လာတဲ့ ပဲဖတ်တွေဆိုတာ ပါးလွှာခြောက်သွေ့သလောက်ကို အစိုဓာတ် နဲပါးသွားပါတယ်။
ဆီတွေဆိုတာဟာလည်း မြောင်းထဲမှာ ကန့်လန့်ခံထားတဲ့ ကင်းဗတ်ပိတ်စတွေကို တဖြည်းဖြည်းနဲ့ တရွေ့ရွေ့ဖြတ်စီးပြီး ဘောဂနဲ့ ဗလဆိုတဲ့ ဆီလှောင်ကန်ကြီးဆီကို ရောက်သွားကြပါတယ်။ အဲဒီကန်ကြီးတွေ ကမှ စားသုံးဆီသယ်တဲ့ကားကြီးတွေနဲ့ လာပြီးသယ်ကြတယ်ထင်ပါတယ်။
ငယ်ငယ်တုန်းက မြောင်မှာနေခဲ့တဲ့တစ်လျှောက်လုံး နှမ်းဆီနဲ့ မြေပဲဆီသာသိခဲ့ သုံးခဲ့တဲ့ကျွန်တော် ရန်ကုန်ရောက်ပြီးတဲ့နောက် နှမ်းဆီပဲဆီဟာ မေ့သလောက်တောင်ဖြစ်ကုန်ပါပြီ။မြို့ကြီးရောက်လို့ ကျန်းမာရေး အသိအမြင်တွေတိုးခဲ့ရပေမယ့် နှမ်းတွေ မြေပဲတွေထွက်ခဲ့တဲ့ ကျွန်တော်အညာသား ရန်ကုန်မှာ ဘာမှန်းမသိတဲ့ ဆီတွေကိုလည်း မစားချင်ဘဲ စားနေခဲ့ရတဲ့ဘဝ အခုတော့ရောက်နေပါရောလား။
သမရုံးဝင်းကြီးထဲမှာ နို့ဆီချက်တဲ့ ကန်ကြီးတွေရှိတယ်ဆိုတာ အထက်မှာဆိုခဲ့ပြီးပြီ။မြောင်ဟာ မြို့ဆိုပေမယ့် တောင်သူတွေအများအပြားနေထိုင်တဲ့ မြို့ပါ။ဆိုင်တွေ ကနားတွေနဲ့ ရောင်းဝယ်ဖောက်ကားတဲ့သူဟာ မြို့လူဦးရေရဲ့ မဖြစ်သလောက်ပဲရှိပါတယ်။
မြောင်မှာ နွားကို ခိုင်းဖက်ကျောင်းတဲ့ ခြံတွေနဲ့၊နွားနဲ့ ထွန်ယက်စိုက်ပျိုးတဲ့ လယ်သမားတွေ အများအပြား ရှိတယ်။ နို့စားနွားတွေကို ကျယ်ကျယ်ပြန့်ပြန့် မွေးတာမျိုး အဲဒီတုန်းက မတွေ့ခဲ့ရဖူးပေမယ့် အနဲအကျဉ်းတော့ ရှိကောင်းရှိပါလိမ့်မယ်။ခိုင်းနွားတွေကတော့ မြို့ပေါ်ကတောင်သူတွေဆီမှာရော နယ်ရွာတွေက တောင်သူတိုင်းမှာ ရှိနေပါတယ်။
သားကျထားတဲ့ နွားတွေလည်း ရှိတော့ နွားနို့ကောင်းကောင်းရတဲ့မြို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီနွားနို့တွေကို သမက နို့ဆီချက်တဲ့နေရာမှာ လာသွင်းကြပါတယ်။ချင့်ခွက်လေးတွေနဲ့ ချိန်ပြီးယူကြပါတယ်။
စုဆောင်းရသမျှ နွားနို့တွေကို အဲနေ့မှာ နို့ဆီဖြစ်အောင် အပြီးချက်ကြရတယ်။နို့ဆီချက်တဲ့ ကန်ကြီးတွေက မြို့ကလူကုံထံတွေ အိမ်ခန်းထဲမှာ လုပ်ထားတဲ့ ရေချိုးကန်တွေနဲ့တူပါတယ်။အဲဒီလို အလျားရှည်တဲ့ ကန်ကြီးထဲ နို့နဲ့ သကြားကို သူ့နည်းစနစ် အချိုးအစားအတိုင်းထည့်ပြီး လှော်တက်လို ယောင်းမကြီးတွေနဲ့ မပြတ်မွှေပေးကြရတယ်။တဖြည်းဖြည်းနဲ့ နွားနို့တွေထဲရှိတဲ့ ရေတွေဟာအငွေ့တွေပြန်ပြီး နို့ဆီဖြစ်လာပါတယ်။
ကျွန်တော်ရယ် အရက်ချက်ရောင်းတဲ့ ဦးထွန်းရီရဲ့သား သန်းနိုင်ထွန်းရယ် ထမင်းစားချိန် ကျောင်းလွှတ်ပြီဆိုရင် ထမင်းစားပြီးတာနဲ့ သမခြံစည်းရိုးရဲ့ ခွေးတိုးပေါက်ကနေတိုးပြီး နို့ဆီချက်တဲ့နေရာ သွားကူပေးကြတယ်။
အရင်ဆုံး ကန်ထဲမှာ သကြားရောထားပြီး ဆူနေပြီဖြစ်တဲ့ နွားနို့ကို မတ်ခွက်ကြီးတစ်ခွက်နဲ့ ခပ်ပြီး ဘေးမှာထားလို့ ကန်ထဲကနို့တွေကို မွှေပေးပါတယ်။သန်းနိုင်ထွန်းနဲ့ ကျွန်တော် တစ်လှည့်စီ မွှေကြပါတယ်။ သူမွှေနေတဲ့ အချိန်မတ်ခွက်နဲ့ ခပ်ထားတဲ့ နို့ကို ကျွန်တော်သောက်လိုက်၊ကျွန်တော်မွှေနေတဲ့အချိန် သူသောက်လိုက်လုပ်ရင်း ပျော်ခဲ့ကြတာပေါ့။ကျောင်းချိန်နီးရင်တော့ ဝန်ထမ်းအစ်ကိုကြီးကို ယောင်းမကြီးပြန်ပေးပြီးကျောင်းကို အမီပြေးခဲ့ကြရပါတယ်။တစ်နယ်လုံးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေဆိုတာ နို့ဆီလိုရင် အဲဒီမှာလာဝယ်ခဲ့ကြတာပေါ့။နိုင်ငံခြားသားတွေတောင် လာပြီးလေ့လာခဲ့ရတဲ့ သမရုံးကြီးပါ။
နောက်ပိုင်း ကြားရတာကတော့ သမရုံးက ဥက္ကဋ္ဌဆိုတဲ့သူကလည်း အငယ်အနှောင်းတွေထား၊အစိုးရပိုင်ပစ္စည်း ကိုယ့်ပစ္စည်းလုပ်၊ဝန်ထမ်းတွေထဲကလည်း ခေါင်းဆောင်မကောင်းတော့ နောက်လိုက်နောက်ပါတွေပါ ပျက်ကြပြီး သမကြီးကို ဝိုင်းပြီး သမလိုက်ကြတာ နောက်တော့ သမရုံးကြီးလည်း လည်ပတ်မှုတွေ ရပ်ဆိုင်းသွားကြောင်း သိခဲ့ရပါတော့တယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၆)
“သမ”
သမဆိုတာ ဘယ္လိုဘယ္ညာဆိုတာေတြ မသိပါဘူး။ကြၽန္ေတာ္ငယ္ငယ္တုန္းက သမနဲ႔ ပတ္သက္တဲ့ ၾကဳံခဲ့ရတာေလးေတြကို ေျပာခ်င္ခဲ့တာပါ။
ေျမာင္မွာ သမ႐ုံးဆိုတဲ့ ဝင္းႀကီး႐ွိခဲ့တယ္။အေတာ္ကို ႀကီးက်ယ္ခဲ့တဲ့ ေနရာေပါ့။ေျမာင္တစ္နယ္လုံးက႐ွိတဲ့ ထြက္ကုန္ေတြမွန္သမွ် သမကို ပို႔ရတယ္ထင္ပါတယ္။
ေျမာင္တစ္နယ္လုံးကထြက္ခဲ့တဲ့ ထြက္ကုန္ေတြျဖစ္တဲ့ ပဲေျပာင္းႏွမ္းဝါေတြဟာ သမကိုသြင္းၾကရပါတယ္။ မိုးလင္းတာနဲ႔ သမ႐ုံးႀကီးဟာ ဆူညံလႈပ္ခတ္ေနေတာ့တာပါပဲ။လွည္းေတြ ထြန္စက္ေတြနဲ႔ သူတို႔ရဲ႕ လယ္ယာ ထြက္ကုန္ေတြကို လာသြင္းၾကပါတယ္။ ေက်နပ္လို႔သြင္းတာလား၊အစိုးရအမိန္႔ေၾကာင့္လားေတာ့ ငယ္ေသးတာ့ မသိပါဘူး။အမိန္႔ေၾကာင့္လို႔ေတာ့ထင္ပါတယ္။အျပင္ေပါက္ေဈးအတိုင္း ေရာင္းခြင့္မ႐ွိၾကဘူး ထင္ပါတယ္။
ဒါကလည္း ၈၈ ျဖစ္ၿပီးေတာ့ ေက်ာင္းေတြမဖြင့္ခင္ ေကာလင္းဘက္ သြားအလုပ္လုပ္ေတာ့ ေကာလင္းမွာ အစိုးရ စပါးဂိုေထာင္ေတြမွာ ေဒသခံစပါးစိုက္ေတာင္သူေတြဟာ သူတို႔လယ္ေတြကထြက္တဲ့ စပါးေတြကို တစ္ဧက ဆယ့္ႏွစ္တင္း အစိုးရဆီ ျပန္သြင္းၾကရပါတယ္။မေက်နပ္တဲ့အသံေတြ ေတာင္သူေတြဆီက ၾကားခဲ့ရဖူးပါတယ္။ အျပင္ကေပါက္ေဈးထက္ အဆမတန္နိမ့္တဲ့ ေဈးနဲ႔သြင္းခဲ့ၾကရပုံရပါတယ္။အခုလည္း သမကို သြင္းတဲ့ ကိုယ့္ကုန္ပစၥည္းေတြဟာလည္း ေက်နပ္လို႔မွ ဟုတ္ရဲ႕လား။
ကြၽန္ေတာ္တို႔ေနတဲ့ စက္မႈလယ္ယာဝင္းႀကီးက ၿမိဳ႕လယ္ကို ေတာင္ေျမာက္ျဖတ္သြားတဲ့ လမ္းမႀကီးရဲ႕ အေ႐ွ႕ဘက္မွာ႐ွိပါတယ္။ အေနာက္ဘက္ကို မ်က္ႏွာမူထားပါတယ္။စက္မႈလယ္ယာဝင္းရဲ႕ ေျမာက္ဘက္မွာ စိုက္ပ်ိဳးေရး႐ုံးက လမ္းပဲျခားပါတယ္။စိုက္ပ်ိဳးေရး႐ုံးနဲ႔ မ်က္ႏွာခ်င္းဆိုင္ လမ္းမႀကီးရဲ႕ အေနာက္ဘက္မွာ အခုနကေျပာတဲ့ သမ႐ုံးဝင္းႀကီး႐ွိေနပါတယ္။
သမ႐ုံးဝင္ႀကီးထဲမွာ ဆီႀကိတ္တဲ့ စက္႐ုံႀကီး႐ွိတယ္။ႏို႔ဆီခ်က္တဲ့ စက္႐ုံ႐ွိတယ္။စက္႐ုံဆိုတာထက္ ႏို႔ဆီခ်က္တဲ့ ကန္ႀကီးေတြ႐ွိပါတယ္။စပါးေတြ ဆန္ေတြခြဲတဲ့ စက္ေတြလည္း႐ွိပါတယ္။
သမဝင္းႀကီးထဲမွာ အႀကီးဆုံးႀကီးကေတာ့ ဆီႀကိတ္တဲ့ စက္႐ုံႀကီးကေတာ့ အႀကီးဆုံးပါပဲ။စက္ေတြကို ဗြိဳင္လာႀကီးနဲ႔ လည္ပတ္ပါတယ္။ ဗြိဳင္လာကို မီးထိုးဖို႔ လႊစာမႈန္႔အပုံႀကီးေတြကလည္း ဟီးထေနတာေပါ့။ မိုးေလးနဲနဲေလာက္႐ြာၿပီးတာနဲ႔ ပုရစ္သံေတြၾကားလို႔ ပုရစ္ေၾကာ္စားခ်င္ရင္ အဲဒီလႊာစာပုံကို ယက္႐ွာလိုက္ရင္ ပုရစ္ဆိုတာ နဲနဲေနာေနာ ရတာလားဗ်ာ။ပုရစ္ေတြခုန္မထြက္ႏိုင္ေအာင္ သံေခ်ာင္ပုံးထဲ ေရေလးနဲနဲထည့္ၿပီး ဖမ္းထည့္တာေပါ့။ဖမ္းရတဲ့ပုရစ္ေတြ ဗိုက္ေဖာက္ၿပီး ၾကက္သြန္နီ၊ၾကက္သြန္ျဖဴနဲ႔ မဆလာတို႔ ေထာင္းနယ္ထားတဲ့ အစာေတြသိပ္ၿပီးေၾကာ္စားခဲ့ၾကေသးတာေပါ့ဗ်ာ။တကယ္ကို အကုသိုလ္မ်ားတဲ့ အလုပ္ပါပဲ။
ဆီႀကိတ္စက္က ႀကိတ္လို႔ရတဲ့ ဆီေတြကိုထည့္ဖို႔ သံပိုက္လုံးလိုလို ဆီေလွာင္ကန္ အႀကီးႀကီးႏွစ္ကန္ကိုလည္း ေဆာက္ထားၿပီး ေဘာဂနဲ႔ ဗလဆိုၿပီး နာမည္ေတာင္ ေပးထားပါေသးတယ္။
အဲဒီဆီစက္က ဗြိဳင္လာႀကီးက အာဇာနည္ေန႔ေရာက္လို႔ ဥဩဆြဲရင္ တစ္ၿမိဳ႕လုံးအျပင္ အနီးအနားက႐ြာေတြ အထိေတာင္ ၾကားရပါတယ္။အာဇာနည္ေန႔ေရာက္လို႔ ဥဩဆြဲၿပီဆိုရင္ ကြၽန္ေတာ္တို႔ကေလးေတြ ေရာက္တဲ့ ေနရာမွာမတ္တတ္ရပ္ၿပီး ၿငိမ္ၿငိမ္သက္သက္ အေလးျပဳခဲ့ၾကဖူးပါတယ္။ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို အဲဒီလိုခ်စ္ၾကည္ညိဳခဲ့ၾကတာေပါ့။အဲဒီလိုလုပ္ရတာကိုက ၾကက္သီးေမြးညင္းထေလာက္ေအာင္ ခံစားရပါတယ္။
သမစက္႐ုံမွာသုံးဖို႔ လိုအပ္တဲ့ ေရအတြက္ အဝီဇိတြင္းတူးထားၿပီး အုတ္ေရကန္ အႀကီးႀကီးတစ္ခုထဲ ေမာင္းထည့္ထားပါတယ္။အုတ္ေရကန္က ေတာ္ေတာ္ႀကီးပါတယ္။ေျမျပင္ကေန ဝါးတစ္႐ိုက္ေလာက္ အျမင့္႐ွိပါတယ္။ကန္႐ိုးထုထည္ကလည္းထူပါတယ္။ကန္ေပၚတက္ၾကည့္ဖို႔ ကပ္ရပ္ေဘးမွာ အုတ္ေလွကားေတာင္ လုပ္ေပးထားရပါတယ္။ကန္ရဲ႕ အေျခမွာလည္း ဝန္ထမ္းေတြေရခ်ိဳးဖို႔ အုတ္ကန္အေသးေလးတစ္ခုကို လုပ္ေပးထားပါေသးတယ္။ ေနာက္ေတာ့ ဝန္ထမ္းေတြအျပင္ အနီးအနားက ကြၽန္ေတာ္တို႔လို လူေတြကလည္း သြားခ်ိဳးတဲ့အခါလည္း ခ်ိဳးၾကတာေပါ့။
ဆီႀကိတ္စက္ႀကီးအေၾကာင္း ျပန္ေကာက္ရရင္ ကြၽန္ေတာ္တိုေျမာင္က ဆီထြက္သီးႏွံျဖစ္တဲ့ ေျမပဲတို႔ ႏွမ္းတို႔ ထြက္ပါတယ္။ဆီႀကိတ္တဲ့စက္႐ုံႀကီးရဲ႕ေ႐ွ႕မွာ တာလပတ္ အခင္းႀကီးေတြနဲ႔ ေျမပဲေတြကိုလွမ္းထားၿပီး အမိႈက္သ႐ိုက္ေတြကိုလည္း႐ွင္လင္းၾကပါတယ္။ ၿပီးရင္ တင္းေတာင္းနဲ႔ထမ္းၿပီး စက္ရဲ႕ ဇလားထဲ သြားၿပီး ေလာင္းထည့္ရပါတယ္။ႀကိတ္ၿပီးလို႔ထြက္လာတဲ့ ပဲဖတ္ေတြဆိုတာ ပါးလႊာေျခာက္ေသြ႕သေလာက္ကို အစိုဓာတ္ နဲပါးသြားပါတယ္။
ဆီေတြဆိုတာဟာလည္း ေျမာင္းထဲမွာ ကန္႔လန္႔ခံထားတဲ့ ကင္းဗတ္ပိတ္စေတြကို တျဖည္းျဖည္းနဲ႔ တေ႐ြ႕ေ႐ြ႕ျဖတ္စီးၿပီး ေဘာဂနဲ႔ ဗလဆိုတဲ့ ဆီေလွာင္ကန္ႀကီးဆီကို ေရာက္သြားၾကပါတယ္။ အဲဒီကန္ႀကီးေတြ ကမွ စားသုံးဆီသယ္တဲ့ကားႀကီးေတြနဲ႔ လာၿပီးသယ္ၾကတယ္ထင္ပါတယ္။
ငယ္ငယ္တုန္းက ေျမာင္မွာေနခဲ့တဲ့တစ္ေလွ်ာက္လုံး ႏွမ္းဆီနဲ႔ ေျမပဲဆီသာသိခဲ့ သုံးခဲ့တဲ့ကြၽန္ေတာ္ ရန္ကုန္ေရာက္ၿပီးတဲ့ေနာက္ ႏွမ္းဆီပဲဆီဟာ ေမ့သေလာက္ေတာင္ျဖစ္ကုန္ပါၿပီ။ၿမိဳ႕ႀကီးေရာက္လို႔ က်န္းမာေရး အသိအျမင္ေတြတိုးခဲ့ရေပမယ့္ ႏွမ္းေတြ ေျမပဲေတြထြက္ခဲ့တဲ့ ကြၽန္ေတာ္အညာသား ရန္ကုန္မွာ ဘာမွန္းမသိတဲ့ ဆီေတြကိုလည္း မစားခ်င္ဘဲ စားေနခဲ့ရတဲ့ဘဝ အခုေတာ့ေရာက္ေနပါေရာလား။
သမ႐ုံးဝင္းႀကီးထဲမွာ ႏို႔ဆီခ်က္တဲ့ ကန္ႀကီးေတြ႐ွိတယ္ဆိုတာ အထက္မွာဆိုခဲ့ၿပီးၿပီ။ေျမာင္ဟာ ၿမိဳ႕ဆိုေပမယ့္ ေတာင္သူေတြအမ်ားအျပားေနထိုင္တဲ့ ၿမိဳ႕ပါ။ဆိုင္ေတြ ကနားေတြနဲ႔ ေရာင္းဝယ္ေဖာက္ကားတဲ့သူဟာ ၿမိဳ႕လူဦးေရရဲ႕ မျဖစ္သေလာက္ပဲ႐ွိပါတယ္။
ေျမာင္မွာ ႏြားကို ခိုင္းဖက္ေက်ာင္းတဲ့ ျခံေတြနဲ႔၊ႏြားနဲ႔ ထြန္ယက္စိုက္ပ်ိဳးတဲ့ လယ္သမားေတြ အမ်ားအျပား ႐ွိတယ္။ ႏို႔စားႏြားေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ေမြးတာမ်ိဳး အဲဒီတုန္းက မေတြ႕ခဲ့ရဖူးေပမယ့္ အနဲအက်ဥ္းေတာ့ ႐ွိေကာင္း႐ွိပါလိမ့္မယ္။ခိုင္းႏြားေတြကေတာ့ ၿမိဳ႕ေပၚကေတာင္သူေတြဆီမွာေရာ နယ္႐ြာေတြက ေတာင္သူတိုင္းမွာ ႐ွိေနပါတယ္။
သားက်ထားတဲ့ ႏြားေတြလည္း ႐ွိေတာ့ ႏြားႏို႔ေကာင္းေကာင္းရတဲ့ၿမိဳ႕ဆိုရင္လည္း မွားမယ္မထင္ပါဘူး။ အဲဒီႏြားႏို႔ေတြကို သမက ႏို႔ဆီခ်က္တဲ့ေနရာမွာ လာသြင္းၾကပါတယ္။ခ်င့္ခြက္ေလးေတြနဲ႔ ခ်ိန္ၿပီးယူၾကပါတယ္။
စုေဆာင္းရသမွ် ႏြားႏို႔ေတြကို အဲေန႔မွာ ႏို႔ဆီျဖစ္ေအာင္ အၿပီးခ်က္ၾကရတယ္။ႏို႔ဆီခ်က္တဲ့ ကန္ႀကီးေတြက ၿမိဳ႕ကလူကုံထံေတြ အိမ္ခန္းထဲမွာ လုပ္ထားတဲ့ ေရခ်ိဳးကန္ေတြနဲ႔တူပါတယ္။အဲဒီလို အလ်ား႐ွည္တဲ့ ကန္ႀကီးထဲ ႏို႔နဲ႔ သၾကားကို သူ႕နည္းစနစ္ အခ်ိဳးအစားအတိုင္းထည့္ၿပီး ေလွာ္တက္လို ေယာင္းမႀကီးေတြနဲ႔ မျပတ္ေမႊေပးၾကရတယ္။တျဖည္းျဖည္းနဲ႔ ႏြားႏို႔ေတြထဲ႐ွိတဲ့ ေရေတြဟာအေငြ႕ေတြျပန္ၿပီး ႏို႔ဆီျဖစ္လာပါတယ္။
ကြၽန္ေတာ္ရယ္ အရက္ခ်က္ေရာင္းတဲ့ ဦးထြန္းရီရဲ႕သား သန္းႏိုင္ထြန္းရယ္ ထမင္းစားခ်ိန္ ေက်ာင္းလႊတ္ၿပီဆိုရင္ ထမင္းစားၿပီးတာနဲ႔ သမျခံစည္း႐ိုးရဲ႕ ေခြးတိုးေပါက္ကေနတိုးၿပီး ႏို႔ဆီခ်က္တဲ့ေနရာ သြားကူေပးၾကတယ္။
အရင္ဆုံး ကန္ထဲမွာ သၾကားေရာထားၿပီး ဆူေနၿပီျဖစ္တဲ့ ႏြားႏို႔ကို မတ္ခြက္ႀကီးတစ္ခြက္နဲ႔ ခပ္ၿပီး ေဘးမွာထားလို႔ ကန္ထဲကႏို႔ေတြကို ေမႊေပးပါတယ္။သန္းႏိုင္ထြန္းနဲ႔ ကြၽန္ေတာ္ တစ္လွည့္စီ ေမႊၾကပါတယ္။ သူေမႊေနတဲ့ အခ်ိန္မတ္ခြက္နဲ႔ ခပ္ထားတဲ့ ႏို႔ကို ကြၽန္ေတာ္ေသာက္လိုက္၊ကြၽန္ေတာ္ေမႊေနတဲ့အခ်ိန္ သူေသာက္လိုက္လုပ္ရင္း ေပ်ာ္ခဲ့ၾကတာေပါ့။ေက်ာင္းခ်ိန္နီးရင္ေတာ့ ဝန္ထမ္းအစ္ကိုႀကီးကို ေယာင္းမႀကီးျပန္ေပးၿပီးေက်ာင္းကို အမီေျပးခဲ့ၾကရပါတယ္။တစ္နယ္လုံးမွာ႐ွိတဲ့ လက္ဖက္ရည္ဆိုင္ေတြဆိုတာ ႏို႔ဆီလိုရင္ အဲဒီမွာလာဝယ္ခဲ့ၾကတာေပါ့။ႏိုင္ငံျခားသားေတြေတာင္ လာၿပီးေလ့လာခဲ့ရတဲ့ သမ႐ုံးႀကီးပါ။
ေနာက္ပိုင္း ၾကားရတာကေတာ့ သမ႐ုံးက ဥကၠ႒ဆိုတဲ့သူကလည္း အငယ္အေႏွာင္းေတြထား၊အစိုးရပိုင္ပစၥည္း ကိုယ့္ပစၥည္းလုပ္၊ဝန္ထမ္းေတြထဲကလည္း ေခါင္းေဆာင္မေကာင္းေတာ့ ေနာက္လိုက္ေနာက္ပါေတြပါ ပ်က္ၾကၿပီး သမႀကီးကို ဝိုင္းၿပီး သမလိုက္ၾကတာ ေနာက္ေတာ့ သမ႐ုံးႀကီးလည္း လည္ပတ္မႈေတြ ရပ္ဆိုင္းသြားေၾကာင္း သိခဲ့ရပါေတာ့တယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com