တစ်ခါတုန်းက အဖြစ်လေးတွေ (၂၇)

တစ်ခါတုန်းက အဖြစ်လေးတွေ (၂၇) - Property Knowledge in Myanmar from iMyanmarHouse.com
7 Jun 2023 3:09 pm တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ကျည်းသားရိုက်ဖက်

 

ကျွန်တော်တို့စက်မှုလယ်ယာ ဝန်ထမ်းလိုင်းခန်းထဲကမိသားစုတွေရဲ့ သားသမီးတွေနဲ့တင် အင်အားမနဲလှပါဘူး။ တစ်ခုခု ဆော့ကစားကြမယ်ဆိုလည်း ကိုယ့်အဖွဲ့သားတွေနဲ့တင် အဖွဲ့ခွဲကစားလို့ရတယ်။ကျွန်တော်တို့ အိမ်ကတင် ညီအစ်ကို ခြောက်ယောက်ရှိတယ်။မိန်းကလေးတွေမပါသေးဘူး။ကောင်းကောင်းပြေးလွှား ကစားနိုင်တဲ့သူက လေးယောက်လောက်ရှိတယ်။အခြားအခန်းတွေက တစ်ယောက်နှစ်ယောက်လောက် ပါလာရင် အင်နဲ့အားနဲ့ ဆော့ပါလေရောပေါ့။

ရပ်ကွက်ထဲကကောင်တွေတောင် ကျွန်တော်တို့ဆီ လာပြီးကစားကြရတယ်။ပျော်စရာလည်း ကောင်းလှ ပါတယ်။

ကစားနည်းလည်းစုံပါတယ်။ညမှာကစားကြတဲ့ ကစားနည်းတွေလည်း ညမှာ ကစားလို့၊ နေမှာကစားတဲ့ ကစားနည်းတွေကို နေ့မှာကစားလို့ ကလေးဘဝပျော်စရာကောင်းတဲ့ ကစားနည်းပေါင်းစုံကို ဆော့ကစားခဲ့ကြဖူးပါတယ်။

ညမှာဆိုရင် ဘုတ်တလုတ်တစ္ဆေတို့၊လိပ်ဥဖွက်တမ်းတို့လို ကစားနည်တွေကို ကစားကြပြီး နေ့ခင်းပိုင်းတွေမှာတော့ ကျည်းသားရိုက်တမ်းတို့ သားရေကွင်းပစ်တမ်းတို့၊ကျောက်ဒိုးတွေ ကျင်းစိမ်တမ်းတို့ စုံလို့ပါပဲကစားခဲ့ကြပါတယ်။

ယောက်ျားလေး မိန်းကလေးရောပြီးကစားခဲ့ကြတဲ့ ကစားနည်းတွေကိုလည်း ကစားခဲ့ကြတယ်။ယောက်ျားလေး တွေပဲ သီးသန့်ကစားတာတွေလည်းရှိတာပေါ့။

ဒီထဲက ကျည်းသားရိုက်ကစားတာကတော့ ယောက်ျားလေးတွေပဲ ကစားကြတယ်။ အခုရော ဒီကျည်းသားရိုက် ကစားနည်းကို ကစားကြသေးသလားတော့ မသိတော့ပါဘူး။ခေတ်ကြီးကပြောင်းသွားတော့ ရိုးရာကစားနည်းတွေလည်း တိမ်ကောကုန်ပြီထင်ပါရဲ့။

ကျည်းသားရိုက်ကစားနည်းကလည်းအမျိုးမျိုးရှိတယ်။ဒီအကြောင်းလေးကလည်း ကျွန်တော့် အတွေးထဲမှာ မေ့သလောက်တောင် ဖြစ်ခဲ့ပါပြီ။ကစားနည်းပုံစံတွေကို ရိုးတိုးရိပ်တိတ်သာ မှတ်မိပါတယ်။တချို့နည်းတွေနဲ့ အခေါ်တွေက အတွေးထဲမှာတောင် ထင်ရှားမရှိတော့ပါဘူး။

ဒီကစားနည်းအကြောင်းလေး တစ်ဦးတစ်ယောက်ကများ ရေးထားတာ ရှိလေမလားလို့ ရှာကြည့်တော့ ရေးထားတာရှိတယ်ဗျာ။ ‘မြန်မာစာ မြန်မာစကား’ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရတယ်။ သိချင်တဲ့သူတွေအတွက် လင့်ခ်လေးပါ ထည့်ပေးလိုက်ရပါတယ်။

(https://www.facebook.com/607094336049994/posts/2206505149442230/)

 

ကျည်းသားရိုက်မယ်ဟေ့ ဆိုတာနဲ့ လိုင်းခန်းထဲက ကလေးတွေအပြင် အနီးနားမှာရှိတဲ့ ရပ်ကွက်ထဲက ကလေးတွေပါ ပြေးလာကြပါတော့တယ်။လိုင်းခန်းရှေ့က မြေပြင်ဟာ ကျည်းသားရိုက်ကစားခဲ့တဲ့ နေရာပေါ့။

 

ကျည်းသားရိုက်တဲ့အခါမှာ ကျည်းသားကော်တဲ့သူနဲ့ ကျည်းသားဖမ်းတဲ့သူဆိုပြီးနှစ်ဖက်ရှိတယ်။ ကျည်းသား ကော်တဲ့သူက တစ်ယောက်ပဲရှိပါတယ်။ဖမ်းတဲ့သူက များပါတယ်။

ကျည်းသားရိုက်ဖို့ ကျည်းသားကော်တဲ့သူရဲ့ မျက်နှာမူရာအတိုင်း တစ်ထွာမရှိတရှိလောက် အလျားလေးကို မြေပြင်မှာ တူးရပါတယ်။အနက်ကြီး မတူးရပါဘူး။တစ်လက်မခွဲ၊နှစ်လက်မလောက်လေးပေါ့။ ပက်လက် ပြေပြေလေးတူးရပါတယ်။

ကျည်းသားကော်ဖို့တုတ်တံနဲ့ ကျည်းသားတို့ကို အဆင်သင့်လုပ်ထားရပါတယ်။ကျည်းသားရိုက်တဲ့တုတ်တံက တစ်တောင်ဝန်းကျင်လောက်ပဲ အရှည်ကရှိပါတယ်။ကျည်းသားကတော့ တစ်မိုက်မရှိတရှိလောက်ပဲရှိရပါမယ်။ ကျွန်တော်တို့ ပြုတ်စားကြတဲ့ ပဲမြစ်တောင့်လေးလောက်ပါပဲ။သူ့ကို ဘေးနှစ်ဖက်ကို ခဲတံချွန်သလို နဲနဲလေးချွန်ပေးထားရတယ်။ အဲလိုချွန်လိုက်တဲ့အတွက် အလယ်က ဖောင်းဖောင်းလေးဖြစ်နေပြီး မြေပြင်ကို ချထားရင် အလယ်ဖောင်းတဲ့ နေရာလေးကပဲ မြေပြင်ကိုထိနေပြီး အဖျားနှစ်ဖက်က လွတ်နေပါတယ်။ မြေပြင်ကနေ နဲနဲလွတ်နေတဲ့ ကျည်းသားထိပ်ဖျားလေးကို ရိုက်တံနဲ့ ရိုက်လိုက်ရင် ကျည်းသားဟာ အပေါ်ကို မြောက်တက်လာပါတယ်။

ကျည်းသားကော်မယ့်သူက ကျည်းသားကော်တော့မယ်ဆိုရင် အဲဒီကျင်းလေးရဲ့ထိပ်မှာ ခြေနှစ်ဖက်ခွရပ်ပြီး ကျည်းသားဆံကို ခုနကတူးထားတဲ့ ကျင်းပေါ်ကန့်လန့်တင်ထားပြီး ကျည်းသားရိုက်တံနဲ့ တစ်ဖက်က ကျည်းသားကို ဖမ်းမယ့်သူတွေဆီ ကလော်တင်လိုက်ရတယ်။ အရှိန်ပြင်းပြင်းနဲ့ ကလော်တာကောင်းရင် ကောင်းသလောက် အဝေးကိုပြေးပါတယ်။တစ်ခါတစ်ရံ ဖမ်းသူဆီတည့်တည့်ပြေးဝင်လာတတ်လို့ ခဲနဲ့ပစ်သလို ထိခိုက်မိတာတွေလည်း ရှိတယ်။

ကျည်းသားကို ဖမ်းမိရင် ဖမ်းမိတဲ့သူက ခေါင်းကို တစောင်းထားပြီး ကျည်းသားကို နားရွက်လေးနားမှာ ထိန်းတင်ပြီး ကျင်းရှိရာကို ယူလာရတယ်။ပြီးရင် ကျင်းနားရောက်ရင် တဖြည်းဖြည်းထိုင်လိုက်ပြီး နားရွက်နဲ့ထိမ်းယူလာတဲ့ ကျည်းသားကို ကျင်းထဲကို ကျအောင်ထည့်ရတယ်။

ကျည်းသားကလော်တဲ့သူက ကျည်းသားဆံ ကျင်းထဲမဝင်အောင် ကျည်းသားရိုက်တံကို ကျင်းပေါ်က ဖြတ်ပြီး ရမ်းနေရပါတယ်။ ရိုက်တံနဲ့မထိဘဲ ကျင်းထဲကျလျှင် ကော်သူရှုံးပါတယ်။ကျည်းသားဆံနဲ့ ရိုက်တံတို့ထိမိပြီး ဘေးကိုလွင့်သွားလျှင် စကော်တဲ့သူက ကျည်းသားအဖျားကို ရိုက်လိုက်ပြီး မြောက်တက်လာတဲ့ ကျည်းသားဆံကို အားနဲ့လွှဲပြီး ဖမ်းတဲ့သူတွေဘက် အဝေးဆုံးရောက်အောင် ရိုက်ထည့်လိုက်ရပါတယ်။

ဖမ်းတဲ့သူကလည်း ပြန်ဖမ်းရပါတယ်။ကျည်းသားကို ကော်ထုတ်လိုက်တဲ့ အရှိန်ထက် ရိုက်လိုက်တဲ့ အရှိန်က ပိုပြီးအားပြင်းသလို ရိုက်ချက်မှန်ရင် အဝေးကိုလည်း ပိုရောက်ပါတယ်။ရိုက်ချက်မှန်လို့ ပြေးလာတဲ့ ကျည်းသားဆံကို ဖမ်းရတာဟာ အန္တရာယ် အလွန်ကိုများလှပါတယ်။

ကိုယ့်ခေါင်းအပေါ်က ကျည်းသားဆံ ဖြတ်သွားတာကို ဖမ်းရတာ ကိစ္စမရှိပေမယ့် မျက်နှာဆီလာတဲ့ ကျည်းသားဆံကို ဖမ်းရတာက အလွန်ကို အန္တရာယ်များပါတယ်။ဖမ်းမိရင်တောင်လက်မှာ နာကျန်ခဲ့ပါတယ်။ ဖမ်းမမိလို့ မျက်နှာတို့ ရင်ဘက်တို့မှန်ရင်တော့ အညိုအမည်းစွဲလောက်အောင်ဖြစ်ပါတယ်။ တချို့ ကျည်းသားဆံမှန်လို့ မျက်စိကန်းတဲ့သူတွေတောင် ရှိကြပါတယ်။

အဲဒီတုန်းက ကျွန်တော်တို့ဟာ ကိုယ့်ဟာကို ကစားချင်တာပဲသိတယ်။ကျန်တာဘာမှမသိခဲ့ဘူး။ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာမျိုးလည်း တွေးမထားခဲ့ဘူး။ ဘာမှလည်းစိုးရိမ်ပူပန်မှုမရှိခဲ့ကြဘူး။မိဘဖြစ်တဲ့ သူတွေရဲ့ရင်ထဲ ဝင်ကြည့်ရကောင်းမှန်း မသိတဲ့ အရွယ်တွေပါ။လူကြီးတွေက မကစားဖို့တားလည်း လူစုံရင် ကစားကြတော့ တာပါပဲ။

ကိုယ်ကမိဘဖြစ်လာတော့ ကိုယ့်သားသမီးကို ဒီလို အန္တရာယ်ရှိတဲ့ ကစားနည်းတွေနဲ့ ဆော့များဆော့ခဲ့ရင်ဆိုတဲ့ အတွေးတွေနဲ့ စိုးထိတ်မိလာတယ်၊ စိုးရိမ်စိတ်တွေဖြစ်လာတာပါ။

ကလေးဘဝ ငယ်ငယ်တုန်းကတော့ အန္တရာယ်ရှိပါတယ်ဆိုတာ သိခဲ့ဦးတော့ စွန့်စားခြင်းတွေနဲ့ သူနိုင်ငါနိုင် အပြိုင်ကြဲကြရတာကို နှစ်သက်ကြတယ်ဆိုတာကို ကျွန်တော်တို့ မေ့ထားလို့တော့ရမှာ မဟုတ်ပါဘူး။ ကလေးတွေဟာ သူတို့ကြီးပြင်းရာ ကာလဒေသ အခြေအနေကိုလိုက်ပြီး အသစ်အသစ်သော ဆော့နည်း အဖုံဖုံ ကြုံနေကြဦးမှာပါပဲ။ဆော့နေကြဦးမှာပဲ။

အန္တရာယ်များတဲ့ ကျည်းသားရိုက် ကစားနည်းလို ကစားနည်းတွေကတော့ ရှိချင်မှ ရှိတော့မှာပါ။ အခုတော့ ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်လာတဲ့ ကစားနည်းတွေအပေါ်မှာသာ ကလေးတွေက အာရုံစိုက်လာနေကြပါပြီ။ ဖုန်းမျက်နှာပြင်ကို စွဲလန်းလွန်းအားကြီးသွားတဲ့ ကလေးတွေရဲ့ အဖြစ်ကရော အန္တရာယ်ကင်းကြပါ့မလား…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၇)

က်ည္းသား႐ိုက္ဖက္

 

ကြၽန္ေတာ္တို႔စက္မႈလယ္ယာ ဝန္ထမ္းလိုင္းခန္းထဲကမိသားစုေတြရဲ႕ သားသမီးေတြနဲ႔တင္ အင္အားမနဲလွပါဘူး။ တစ္ခုခု ေဆာ့ကစားၾကမယ္ဆိုလည္း ကိုယ့္အဖြဲ႕သားေတြနဲ႔တင္ အဖြဲ႕ခြဲကစားလို႔ရတယ္။ကြၽန္ေတာ္တို႔ အိမ္ကတင္ ညီအစ္ကို ေျခာက္ေယာက္႐ွိတယ္။မိန္းကေလးေတြမပါေသးဘူး။ေကာင္းေကာင္းေျပးလႊား ကစားႏိုင္တဲ့သူက ေလးေယာက္ေလာက္႐ွိတယ္။အျခားအခန္းေတြက တစ္ေယာက္ႏွစ္ေယာက္ေလာက္ ပါလာရင္ အင္နဲ႔အားနဲ႔ ေဆာ့ပါေလေရာေပါ့။

ရပ္ကြက္ထဲကေကာင္ေတြေတာင္ ကြၽန္ေတာ္တို႔ဆီ လာၿပီးကစားၾကရတယ္။ေပ်ာ္စရာလည္း ေကာင္းလွ ပါတယ္။

ကစားနည္းလည္းစုံပါတယ္။ညမွာကစားၾကတဲ့ ကစားနည္းေတြလည္း ညမွာ ကစားလို႔၊ ေနမွာကစားတဲ့ ကစားနည္းေတြကို ေန႔မွာကစားလို႔ ကေလးဘဝေပ်ာ္စရာေကာင္းတဲ့ ကစားနည္းေပါင္းစုံကို ေဆာ့ကစားခဲ့ၾကဖူးပါတယ္။

ညမွာဆိုရင္ ဘုတ္တလုတ္တေစၧတို႔၊လိပ္ဥဖြက္တမ္းတို႔လို ကစားနည္ေတြကို ကစားၾကၿပီး ေန႔ခင္းပိုင္းေတြမွာေတာ့ က်ည္းသား႐ိုက္တမ္းတို႔ သားေရကြင္းပစ္တမ္းတို႔၊ေက်ာက္ဒိုးေတြ က်င္းစိမ္တမ္းတို႔ စုံလို႔ပါပဲကစားခဲ့ၾကပါတယ္။

ေယာက်္ားေလး မိန္းကေလးေရာၿပီးကစားခဲ့ၾကတဲ့ ကစားနည္းေတြကိုလည္း ကစားခဲ့ၾကတယ္။ေယာက်္ားေလး ေတြပဲ သီးသန္႔ကစားတာေတြလည္း႐ွိတာေပါ့။

ဒီထဲက က်ည္းသား႐ိုက္ကစားတာကေတာ့ ေယာက်္ားေလးေတြပဲ ကစားၾကတယ္။ အခုေရာ ဒီက်ည္းသား႐ိုက္ ကစားနည္းကို ကစားၾကေသးသလားေတာ့ မသိေတာ့ပါဘူး။ေခတ္ႀကီးကေျပာင္းသြားေတာ့ ႐ိုးရာကစားနည္းေတြလည္း တိမ္ေကာကုန္ၿပီထင္ပါရဲ႕။

က်ည္းသား႐ိုက္ကစားနည္းကလည္းအမ်ိဳးမ်ိဳး႐ွိတယ္။ဒီအေၾကာင္းေလးကလည္း ကြၽန္ေတာ့္ အေတြးထဲမွာ ေမ့သေလာက္ေတာင္ ျဖစ္ခဲ့ပါၿပီ။ကစားနည္းပုံစံေတြကို ႐ိုးတိုးရိပ္တိတ္သာ မွတ္မိပါတယ္။တခ်ိဳ႕နည္းေတြနဲ႔ အေခၚေတြက အေတြးထဲမွာေတာင္ ထင္႐ွားမ႐ွိေတာ့ပါဘူး။

ဒီကစားနည္းအေၾကာင္းေလး တစ္ဦးတစ္ေယာက္ကမ်ား ေရးထားတာ ႐ွိေလမလားလို႔ ႐ွာၾကည့္ေတာ့ ေရးထားတာ႐ွိတယ္ဗ်ာ။ ‘ျမန္မာစာ ျမန္မာစကား’ဆိုတဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပထားတာေတြ႕ရတယ္။ သိခ်င္တဲ့သူေတြအတြက္ လင့္ခ္ေလးပါ ထည့္ေပးလိုက္ရပါတယ္။ (https://www.facebook.com/607094336049994/posts/2206505149442230/)

က်ည္းသား႐ိုက္မယ္ေဟ့ ဆိုတာနဲ႔ လိုင္းခန္းထဲက ကေလးေတြအျပင္ အနီးနားမွာ႐ွိတဲ့ ရပ္ကြက္ထဲက ကေလးေတြပါ ေျပးလာၾကပါေတာ့တယ္။လိုင္းခန္းေ႐ွ႕က ေျမျပင္ဟာ က်ည္းသား႐ိုက္ကစားခဲ့တဲ့ ေနရာေပါ့။

 

က်ည္းသား႐ိုက္တဲ့အခါမွာ က်ည္းသားေကာ္တဲ့သူနဲ႔ က်ည္းသားဖမ္းတဲ့သူဆိုၿပီးႏွစ္ဖက္႐ွိတယ္။ က်ည္းသား ေကာ္တဲ့သူက တစ္ေယာက္ပဲ႐ွိပါတယ္။ဖမ္းတဲ့သူက မ်ားပါတယ္။

က်ည္းသား႐ိုက္ဖို႔ က်ည္းသားေကာ္တဲ့သူရဲ႕ မ်က္ႏွာမူရာအတိုင္း တစ္ထြာမ႐ွိတ႐ွိေလာက္ အလ်ားေလးကို ေျမျပင္မွာ တူးရပါတယ္။အနက္ႀကီး မတူးရပါဘူး။တစ္လက္မခြဲ၊ႏွစ္လက္မေလာက္ေလးေပါ့။ ပက္လက္ ေျပေျပေလးတူးရပါတယ္။

က်ည္းသားေကာ္ဖို႔တုတ္တံနဲ႔ က်ည္းသားတို႔ကို အဆင္သင့္လုပ္ထားရပါတယ္။က်ည္းသား႐ိုက္တဲ့တုတ္တံက တစ္ေတာင္ဝန္းက်င္ေလာက္ပဲ အ႐ွည္က႐ွိပါတယ္။က်ည္းသားကေတာ့ တစ္မိုက္မ႐ွိတ႐ွိေလာက္ပဲ႐ွိရပါမယ္။ ကြၽန္ေတာ္တို႔ ျပဳတ္စားၾကတဲ့ ပဲျမစ္ေတာင့္ေလးေလာက္ပါပဲ။သူ႕ကို ေဘးႏွစ္ဖက္ကို ခဲတံခြၽန္သလို နဲနဲေလးခြၽန္ေပးထားရတယ္။ အဲလိုခြၽန္လိုက္တဲ့အတြက္ အလယ္က ေဖာင္းေဖာင္းေလးျဖစ္ေနၿပီး ေျမျပင္ကို ခ်ထားရင္ အလယ္ေဖာင္းတဲ့ ေနရာေလးကပဲ ေျမျပင္ကိုထိေနၿပီး အဖ်ားႏွစ္ဖက္က လြတ္ေနပါတယ္။ ေျမျပင္ကေန နဲနဲလြတ္ေနတဲ့ က်ည္းသားထိပ္ဖ်ားေလးကို ႐ိုက္တံနဲ႔ ႐ိုက္လိုက္ရင္ က်ည္းသားဟာ အေပၚကို ေျမာက္တက္လာပါတယ္။

က်ည္းသားေကာ္မယ့္သူက က်ည္းသားေကာ္ေတာ့မယ္ဆိုရင္ အဲဒီက်င္းေလးရဲ႕ထိပ္မွာ ေျခႏွစ္ဖက္ခြရပ္ၿပီး က်ည္းသားဆံကို ခုနကတူးထားတဲ့ က်င္းေပၚကန္႔လန္႔တင္ထားၿပီး က်ည္းသား႐ိုက္တံနဲ႔ တစ္ဖက္က က်ည္းသားကို ဖမ္းမယ့္သူေတြဆီ ကေလာ္တင္လိုက္ရတယ္။ အ႐ွိန္ျပင္းျပင္းနဲ႔ ကေလာ္တာေကာင္းရင္ ေကာင္းသေလာက္ အေဝးကိုေျပးပါတယ္။တစ္ခါတစ္ရံ ဖမ္းသူဆီတည့္တည့္ေျပးဝင္လာတတ္လို႔ ခဲနဲ႔ပစ္သလို ထိခိုက္မိတာေတြလည္း ႐ွိတယ္။

က်ည္းသားကို ဖမ္းမိရင္ ဖမ္းမိတဲ့သူက ေခါင္းကို တေစာင္းထားၿပီး က်ည္းသားကို နား႐ြက္ေလးနားမွာ ထိန္းတင္ၿပီး က်င္း႐ွိရာကို ယူလာရတယ္။ၿပီးရင္ က်င္းနားေရာက္ရင္ တျဖည္းျဖည္းထိုင္လိုက္ၿပီး နား႐ြက္နဲ႔ထိမ္းယူလာတဲ့ က်ည္းသားကို က်င္းထဲကို က်ေအာင္ထည့္ရတယ္။

က်ည္းသားကေလာ္တဲ့သူက က်ည္းသားဆံ က်င္းထဲမဝင္ေအာင္ က်ည္းသား႐ိုက္တံကို က်င္းေပၚက ျဖတ္ၿပီး ရမ္းေနရပါတယ္။ ႐ိုက္တံနဲ႔မထိဘဲ က်င္းထဲက်လွ်င္ ေကာ္သူ႐ႈံးပါတယ္။က်ည္းသားဆံနဲ႔ ႐ိုက္တံတို႔ထိမိၿပီး ေဘးကိုလြင့္သြားလွ်င္ စေကာ္တဲ့သူက က်ည္းသားအဖ်ားကို ႐ိုက္လိုက္ၿပီး ေျမာက္တက္လာတဲ့ က်ည္းသားဆံကို အားနဲ႔လႊဲၿပီး ဖမ္းတဲ့သူေတြဘက္ အေဝးဆုံးေရာက္ေအာင္ ႐ိုက္ထည့္လိုက္ရပါတယ္။

ဖမ္းတဲ့သူကလည္း ျပန္ဖမ္းရပါတယ္။က်ည္းသားကို ေကာ္ထုတ္လိုက္တဲ့ အ႐ွိန္ထက္ ႐ိုက္လိုက္တဲ့ အ႐ွိန္က ပိုၿပီးအားျပင္းသလို ႐ိုက္ခ်က္မွန္ရင္ အေဝးကိုလည္း ပိုေရာက္ပါတယ္။႐ိုက္ခ်က္မွန္လို႔ ေျပးလာတဲ့ က်ည္းသားဆံကို ဖမ္းရတာဟာ အႏၲရာယ္ အလြန္ကိုမ်ားလွပါတယ္။

ကိုယ့္ေခါင္းအေပၚက က်ည္းသားဆံ ျဖတ္သြားတာကို ဖမ္းရတာ ကိစၥမ႐ွိေပမယ့္ မ်က္ႏွာဆီလာတဲ့ က်ည္းသားဆံကို ဖမ္းရတာက အလြန္ကို အႏၲရာယ္မ်ားပါတယ္။ဖမ္းမိရင္ေတာင္လက္မွာ နာက်န္ခဲ့ပါတယ္။ ဖမ္းမမိလို႔ မ်က္ႏွာတို႔ ရင္ဘက္တို႔မွန္ရင္ေတာ့ အညိဳအမည္းစြဲေလာက္ေအာင္ျဖစ္ပါတယ္။ တခ်ိဳ႕ က်ည္းသားဆံမွန္လို႔ မ်က္စိကန္းတဲ့သူေတြေတာင္ ႐ွိၾကပါတယ္။

အဲဒီတုန္းက ကြၽန္ေတာ္တို႔ဟာ ကိုယ့္ဟာကို ကစားခ်င္တာပဲသိတယ္။က်န္တာဘာမွမသိခဲ့ဘူး။ဘာလုပ္ရင္ ဘာျဖစ္မယ္ဆိုတာမ်ိဳးလည္း ေတြးမထားခဲ့ဘူး။ ဘာမွလည္းစိုးရိမ္ပူပန္မႈမ႐ွိခဲ့ၾကဘူး။မိဘျဖစ္တဲ့ သူေတြရဲ႕ရင္ထဲ ဝင္ၾကည့္ရေကာင္းမွန္း မသိတဲ့ အ႐ြယ္ေတြပါ။လူႀကီးေတြက မကစားဖို႔တားလည္း လူစုံရင္ ကစားၾကေတာ့ တာပါပဲ။

ကိုယ္ကမိဘျဖစ္လာေတာ့ ကိုယ့္သားသမီးကို ဒီလို အႏၲရာယ္႐ွိတဲ့ ကစားနည္းေတြနဲ႔ ေဆာ့မ်ားေဆာ့ခဲ့ရင္ဆိုတဲ့ အေတြးေတြနဲ႔ စိုးထိတ္မိလာတယ္၊ စိုးရိမ္စိတ္ေတြျဖစ္လာတာပါ။

ကေလးဘဝ ငယ္ငယ္တုန္းကေတာ့ အႏၲရာယ္႐ွိပါတယ္ဆိုတာ သိခဲ့ဦးေတာ့ စြန္႔စားျခင္းေတြနဲ႔ သူႏိုင္ငါႏိုင္ အၿပိဳင္ႀကဲၾကရတာကို ႏွစ္သက္ၾကတယ္ဆိုတာကို ကြၽန္ေတာ္တို႔ ေမ့ထားလို႔ေတာ့ရမွာ မဟုတ္ပါဘူး။ ကေလးေတြဟာ သူတို႔ႀကီးျပင္းရာ ကာလေဒသ အေျခအေနကိုလိုက္ၿပီး အသစ္အသစ္ေသာ ေဆာ့နည္း အဖုံဖုံ ၾကဳံေနၾကဦးမွာပါပဲ။ေဆာ့ေနၾကဦးမွာပဲ။

အႏၲရာယ္မ်ားတဲ့ က်ည္းသား႐ိုက္ ကစားနည္းလို ကစားနည္းေတြကေတာ့ ႐ွိခ်င္မွ ႐ွိေတာ့မွာပါ။ အခုေတာ့ ဖုန္းမ်က္ႏွာျပင္ေပၚမွာ ေပၚလာတဲ့ ကစားနည္းေတြအေပၚမွာသာ ကေလးေတြက အာ႐ုံစိုက္လာေနၾကပါၿပီ။ ဖုန္းမ်က္ႏွာျပင္ကို စြဲလန္းလြန္းအားႀကီးသြားတဲ့ ကေလးေတြရဲ႕ အျဖစ္ကေရာ အႏၲရာယ္ကင္းၾကပါ့မလား…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service