ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဝန်ထမ်းဆန်
ကျွန်တော်ငယ်ငယ်တုန်းက (၁၉၇၀နဲ့ ၈၀ ကြားထဲကကာလကို ပြောတာပါ)အစိုးရဝန်ထမ်းတွေအတွက် ဝန်ထမ်းဆန်တွေနဲ့ အခြားပစ္စည်းတွေကို ခွဲတမ်းအရ ပေးဝေတာ တွေ့ခဲ့ရဖူးပါတယ်။
ဝန်ထမ်းဆန်တွေကို ဘယ်ကနေ သွားသယ်တာလဲတော့မသိပါဘူး။ထွေလာကြီးနဲ့ ဆန်အိတ်တွေ သွားသယ်လာကြတယ်။ ရုံးရောက်ရင် ဝန်ထမ်းတွေက ထည့်စရာတွေ အသီးသီးနဲ့ ကိုယ့်ခွဲတမ်း၊ကိုယ့်ဝေစုကို လာပြီးထုတ်ယူကြရတယ်။
ဆန်ကို ပြည်တောင်းနဲ့ ချင့်ပြီးထည့်ပေးပါတယ်။ မှတ်မိသေးတယ် နို့ဆီဘူးတစ်ဘူးနဲ့ သကြားလည်းပါပါသေး တယ်။ ရွှေဝါဆပ်ပြာတွေလည်း ပါခဲ့သေးတယ်လို့ထင်ပါတယ်။
ရုံးကို ဆန်တွေရောက်ပြီဆိုရင် လိုင်းခန်းကနေ ရုံးထဲကို မေမေနဲ့ဆန်သယ်ဖို့လိုက်သွားရတယ်။အဓိကကတော့ ဆန်သယ်ဖို့ပါပဲ။ဝန်ထမ်းတစ်ဦးကိုဆန်၊သကြား၊နို့ဆီနဲ့ တခြားဘာတွေပေးသေးလဲတော့ ကောင်းကောင်း မမှတ်မိတော့ပါဘူး။
အဲဒီတုန်းက ဝန်ထမ်းတွေအတွက် ခွဲတမ်းဆန်တွေရပြီဟေ့ ဆိုတာနဲ့ ရပ်ကွက်ထဲက ပစ္စည်းကောက်တဲ့သူတွေပါ စက်ဘီးလေးတွေနဲ့ ရောက်လာတတ်ကြတယ်။ကိုယ့်အတွက် ရတဲ့ခွဲတမ်းထဲက မိသားစုအတွက် အဓိက လိုအပ်တဲ့ ဆန်ကိုသာယူကြပြီး ကျန်တဲ့ပစ္စည်းတွေကို ပစ္စည်းကောက်တဲ့သူတွေဆီ ရောင်းလိုက်ကြရတာ များတယ်။ တစ်ခါတစ်ရံ ဝန်ထမ်းအချင်းချင်းထဲကပဲ ပြေလည်တဲ့သူက သူဆီက အကြွေးယူထားတဲ့ သူရဲ့ ခွဲတမ်းကို သိမ်းယူပါတယ်။
အစိုးရကပေးတဲ့ တခြားပစ္စည်းတွေလည်း မလိုအပ်တာတွေတော့ မဟုတ်ပါဘူး။မိသားစုအတွက် အဓိက တခြားဖြည့်ဆည်းစရာတွေက ရှိနေသေးတော့ သိပ်အရေးမကြီးတာတွေကို ရောင်းလိုက်ကြရပါတယ်။
သကြားဆိုရင် မြင်သာမြင်လိုက်ရတယ် မစားရတာက များပါတယ်။တစ်ခါတစ်ရံတော့ သကြားတွေ ချင့်ပေးနေတုန်း လက်ညှိုးကို တံတွေးဆွတ်ပြီး သကြားပုံထဲထိုးလို့ ပါလာတဲ့ သိကြားလေးလောက်တော့ စားခဲ့ရဖူးပါရဲ့ဗျာ။
ဖေဖေ အကြွေးကင်းတဲ့လမျိုးဆိုရင်တော့ ခွဲတမ်းပေးသမျှ အကုန်ရတတ်ပါတယ်။ ခေါက်ဆွဲခြောက် အချောင်းရှည် အစည်းလိုက်တွေတောင် ပါသေးတယ်ထင်ပါတယ်။
ခေါက်ဆွဲခြောက်တွေကို ပြုတ်ပြီး ထွေးကပ်မနေအောင် ပဲဆီလေးဆမ်းထားတုန်း နှိုက်စားခဲ့ဖူးတော့ ဝန်ထမ်းတွေအတွက် ပေးဝေတဲ့ ခွဲတမ်းထဲ တစ်ခါတစ်ရံ ခေါက်ဆွဲခြောက်လည်းပါခဲ့တယ်ထင်ပါတယ်။
ဆန်အပါအဝင် ဝန်ထမ်းတွေအတွက် ခွဲတမ်းရခဲ့ဖူးတာကို နောက်ပေါက်ဝန်ထမ်းတွေတော့ သိချင်မှသိတော့ မှာပါ။ရန်ကုန်ရောက်တဲ့ ၁၉၉၀ ကျော်လောက်ထိ ပေးနေပါသေးတယ်။နယ်မှာပေးတဲ့ ဆန်ထက်တော့ ရန်ကုန်က ဝန်ထမ်းတွေကိုပေးတဲ့ ဆန်တွေက နဲနဲပိုကောင်းပါသေးတယ်။ နောက်တော့ မပေးတော့ပါဘူး။ အရင်တုန်းက ဝန်ထမ်းတိုင်း ဝန်ထမ်းဆန်တော့ ရခဲ့ဖူးကြရမှာပါ။ အစိုးရကပေးတဲ့ ဝန်ထမ်းဆန်ကို စား မစား ဆိုတာတော့ မသိပါဘူး။
ရွေးချယ်ခွင့်မရတဲ့ ကျွန်တော်တို့ကတော့ ဝန်ထမ်းဆန်နဲ့ ချက်ခဲ့တဲ့ ထမင်းကို ကြိတ်မှိတ်ပြီး မျိုခဲ့ကြရတာပေါ့။ ဘာဖြစ်လို့ ကြိတ်မှိတ်ပြီးလို့ ပြောရသလဲဆိုရင်။မချော မမွေ့လို့ပေါ့။မချို မမွှေးလို့ပေါ့လို့ ပြောရင် လွန်မယ် မထင်ပါဘူး။ ဆန်ဟာ ဆန်နံ့လေးတော့ထွက်ရမှာပေါ့။အစီးဓာတ်လေးနဲ့ ချောမွေ့နေရမှာ။အခုတော့ အဲလိုမဟုတ်ဘူး။ ခြောက်သွေ့၊ကွဲအက်၊နံစော်နေလိုက်တာများ။
သမဆိုင်မှာ သွားတန်းစီလို့ ရတဲ့ဆန်ရော၊ဝန်ထမ်းတွေ အတွက် ခွဲတမ်းဆန်ရောဟာ အဲဒီတုန်းက လူဖြစ်ခဲ့ဖူးတဲ့သူတွေ သိကြပါတယ်။စားချင်လို့ စားခဲ့ကြရတာ မဟုတ်ပါဘူး။မဖြစ်လို့သာ စားခဲ့ကြရတဲ့ သူတွေချည်းပါပဲ။
ဆွမ်းမွှေးရွက်တောင် နာမည်ပျက်လောက်အောင် ဆိုးခဲ့တဲ့ ဆန်တွေကို ဝန်ထမ်းတွေကို ခွဲဝေပေးခဲ့တာပါ။ စေတနာကြောင့်တော့ ဟုတ်ဟန်မတူပါဘူး။ ဘယ်လောက်တောင်ကာလရှည်ကြာ သိမ်းထားပြီး၊ပျက်စီးတော့မှ ဝန်ထမ်းတွေအတွက် ဝေခဲ့လည်း မသိပါဘူး။ ဝါကြန့် ညစ်စုတ်နေတဲ့ ဆန်တွေကများပါတယ်။ ဝက်စာကတောင် သာချင် သာပါလိမ့်ဦးမယ်။
အနံ့မကောင်းလို့ ဆွမ်းမွှေးရွက်တွေထည့်ချက်တာတောင် ဆွမ်းမွှေးရွက်အနံ့တောင် ပျောက်သွားပြီး၊ အောက်စော်တွေက ပျောက်မသွားဘဲ နံမြဲ နံနေတော့တာပါပဲ။ဒီအတိုင်းချက်လို့လည်း မရပါဘူး။ မြက်သီးတွေ အပါအဝင်၊စပါးလုံးနဲ့ ဆန်ကွဲ(ဇဂွဲ)ဆိုတာကို ဖယ်ထုတ်ပြီးတော့မှ ချက်ရပါတယ်။
အဲဒီတုန်းက နိုင်ငံ့တာဝန်ထမ်းဆောင်ကြတဲ့ ဝန်ထမ်းချင်း တူတာတောင်မှ ဘယ်လိုဝန်ထမ်းတွေက ကောင်းပေ့ဆိုတဲ့ ဆန်ကောင်းတွေ စားနေပြီး ဘယ်လိုဝန်ထမ်းတွေက “ဝက်စာသာသာ ဝန်ထမ်းဆန်တွေ” စားနေခဲ့ကြရသလဲဆိုတာ သိဖို့ပါပဲ။အခုတော့ရော…..။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၅)
ဝန္ထမ္းဆန္
ကြၽန္ေတာ္ငယ္ငယ္တုန္းက (၁၉၇၀နဲ႔ ၈၀ ၾကားထဲကကာလကို ေျပာတာပါ)အစိုးရဝန္ထမ္းေတြအတြက္ ဝန္ထမ္းဆန္ေတြနဲ႔ အျခားပစၥည္းေတြကို ခြဲတမ္းအရ ေပးေဝတာ ေတြ႕ခဲ့ရဖူးပါတယ္။
ဝန္ထမ္းဆန္ေတြကို ဘယ္ကေန သြားသယ္တာလဲေတာ့မသိပါဘူး။ေထြလာႀကီးနဲ႔ ဆန္အိတ္ေတြ သြားသယ္လာၾကတယ္။ ႐ုံးေရာက္ရင္ ဝန္ထမ္းေတြက ထည့္စရာေတြ အသီးသီးနဲ႔ ကိုယ့္ခြဲတမ္း၊ကိုယ့္ေဝစုကို လာၿပီးထုတ္ယူၾကရတယ္။
ဆန္ကို ျပည္ေတာင္းနဲ႔ ခ်င့္ၿပီးထည့္ေပးပါတယ္။ မွတ္မိေသးတယ္ ႏို႔ဆီဘူးတစ္ဘူးနဲ႔ သၾကားလည္းပါပါေသး တယ္။ ေ႐ႊဝါဆပ္ျပာေတြလည္း ပါခဲ့ေသးတယ္လို႔ထင္ပါတယ္။
႐ုံးကို ဆန္ေတြေရာက္ၿပီဆိုရင္ လိုင္းခန္းကေန ႐ုံးထဲကို ေမေမနဲ႔ဆန္သယ္ဖို႔လိုက္သြားရတယ္။အဓိကကေတာ့ ဆန္သယ္ဖို႔ပါပဲ။ဝန္ထမ္းတစ္ဦးကိုဆန္၊သၾကား၊ႏို႔ဆီနဲ႔ တျခားဘာေတြေပးေသးလဲေတာ့ ေကာင္းေကာင္း မမွတ္မိေတာ့ပါဘူး။
အဲဒီတုန္းက ဝန္ထမ္းေတြအတြက္ ခြဲတမ္းဆန္ေတြရၿပီေဟ့ ဆိုတာနဲ႔ ရပ္ကြက္ထဲက ပစၥည္းေကာက္တဲ့သူေတြပါ စက္ဘီးေလးေတြနဲ႔ ေရာက္လာတတ္ၾကတယ္။ကိုယ့္အတြက္ ရတဲ့ခြဲတမ္းထဲက မိသားစုအတြက္ အဓိက လိုအပ္တဲ့ ဆန္ကိုသာယူၾကၿပီး က်န္တဲ့ပစၥည္းေတြကို ပစၥည္းေကာက္တဲ့သူေတြဆီ ေရာင္းလိုက္ၾကရတာ မ်ားတယ္။ တစ္ခါတစ္ရံ ဝန္ထမ္းအခ်င္းခ်င္းထဲကပဲ ေျပလည္တဲ့သူက သူဆီက အေႂကြးယူထားတဲ့ သူရဲ႕ ခြဲတမ္းကို သိမ္းယူပါတယ္။
အစိုးရကေပးတဲ့ တျခားပစၥည္းေတြလည္း မလိုအပ္တာေတြေတာ့ မဟုတ္ပါဘူး။မိသားစုအတြက္ အဓိက တျခားျဖည့္ဆည္းစရာေတြက ႐ွိေနေသးေတာ့ သိပ္အေရးမႀကီးတာေတြကို ေရာင္းလိုက္ၾကရပါတယ္။
သၾကားဆိုရင္ ျမင္သာျမင္လိုက္ရတယ္ မစားရတာက မ်ားပါတယ္။တစ္ခါတစ္ရံေတာ့ သၾကားေတြ ခ်င့္ေပးေနတုန္း လက္ညိႇဳးကို တံေတြးဆြတ္ၿပီး သၾကားပုံထဲထိုးလို႔ ပါလာတဲ့ သိၾကားေလးေလာက္ေတာ့ စားခဲ့ရဖူးပါရဲ႕ဗ်ာ။
ေဖေဖ အေႂကြးကင္းတဲ့လမ်ိဳးဆိုရင္ေတာ့ ခြဲတမ္းေပးသမွ် အကုန္ရတတ္ပါတယ္။ ေခါက္ဆြဲေျခာက္ အေခ်ာင္း႐ွည္ အစည္းလိုက္ေတြေတာင္ ပါေသးတယ္ထင္ပါတယ္။
ေခါက္ဆြဲေျခာက္ေတြကို ျပဳတ္ၿပီး ေထြးကပ္မေနေအာင္ ပဲဆီေလးဆမ္းထားတုန္း ႏိႈက္စားခဲ့ဖူးေတာ့ ဝန္ထမ္းေတြအတြက္ ေပးေဝတဲ့ ခြဲတမ္းထဲ တစ္ခါတစ္ရံ ေခါက္ဆြဲေျခာက္လည္းပါခဲ့တယ္ထင္ပါတယ္။
ဆန္အပါအဝင္ ဝန္ထမ္းေတြအတြက္ ခြဲတမ္းရခဲ့ဖူးတာကို ေနာက္ေပါက္ဝန္ထမ္းေတြေတာ့ သိခ်င္မွသိေတာ့ မွာပါ။ရန္ကုန္ေရာက္တဲ့ ၁၉၉၀ ေက်ာ္ေလာက္ထိ ေပးေနပါေသးတယ္။နယ္မွာေပးတဲ့ ဆန္ထက္ေတာ့ ရန္ကုန္က ဝန္ထမ္းေတြကိုေပးတဲ့ ဆန္ေတြက နဲနဲပိုေကာင္းပါေသးတယ္။ ေနာက္ေတာ့ မေပးေတာ့ပါဘူး။ အရင္တုန္းက ဝန္ထမ္းတိုင္း ဝန္ထမ္းဆန္ေတာ့ ရခဲ့ဖူးၾကရမွာပါ။ အစိုးရကေပးတဲ့ ဝန္ထမ္းဆန္ကို စား မစား ဆိုတာေတာ့ မသိပါဘူး။
ေ႐ြးခ်ယ္ခြင့္မရတဲ့ ကြၽန္ေတာ္တို႔ကေတာ့ ဝန္ထမ္းဆန္နဲ႔ ခ်က္ခဲ့တဲ့ ထမင္းကို ႀကိတ္မွိတ္ၿပီး မ်ိဳခဲ့ၾကရတာေပါ့။ ဘာျဖစ္လို႔ ႀကိတ္မွိတ္ၿပီးလို႔ ေျပာရသလဲဆိုရင္။မေခ်ာ မေမြ႕လို႔ေပါ့။မခ်ိဳ မေမႊးလို႔ေပါ့လို႔ ေျပာရင္ လြန္မယ္ မထင္ပါဘူး။ ဆန္ဟာ ဆန္နံ႔ေလးေတာ့ထြက္ရမွာေပါ့။အစီးဓာတ္ေလးနဲ႔ ေခ်ာေမြ႕ေနရမွာ။အခုေတာ့ အဲလိုမဟုတ္ဘူး။ ေျခာက္ေသြ႕၊ကြဲအက္၊နံေစာ္ေနလိုက္တာမ်ား။
သမဆိုင္မွာ သြားတန္းစီလို႔ ရတဲ့ဆန္ေရာ၊ဝန္ထမ္းေတြ အတြက္ ခြဲတမ္းဆန္ေရာဟာ အဲဒီတုန္းက လူျဖစ္ခဲ့ဖူးတဲ့သူေတြ သိၾကပါတယ္။စားခ်င္လို႔ စားခဲ့ၾကရတာ မဟုတ္ပါဘူး။မျဖစ္လို႔သာ စားခဲ့ၾကရတဲ့ သူေတြခ်ည္းပါပဲ။
ဆြမ္းေမႊး႐ြက္ေတာင္ နာမည္ပ်က္ေလာက္ေအာင္ ဆိုးခဲ့တဲ့ ဆန္ေတြကို ဝန္ထမ္းေတြကို ခြဲေဝေပးခဲ့တာပါ။ ေစတနာေၾကာင့္ေတာ့ ဟုတ္ဟန္မတူပါဘူး။ ဘယ္ေလာက္ေတာင္ကာလ႐ွည္ၾကာ သိမ္းထားၿပီး၊ပ်က္စီးေတာ့မွ ဝန္ထမ္းေတြအတြက္ ေဝခဲ့လည္း မသိပါဘူး။ ဝါၾကန္႔ ညစ္စုတ္ေနတဲ့ ဆန္ေတြကမ်ားပါတယ္။ ဝက္စာကေတာင္ သာခ်င္ သာပါလိမ့္ဦးမယ္။
အနံ႔မေကာင္းလို႔ ဆြမ္းေမႊး႐ြက္ေတြထည့္ခ်က္တာေတာင္ ဆြမ္းေမႊး႐ြက္အနံ႔ေတာင္ ေပ်ာက္သြားၿပီး၊ ေအာက္ေစာ္ေတြက ေပ်ာက္မသြားဘဲ နံၿမဲ နံေနေတာ့တာပါပဲ။ဒီအတိုင္းခ်က္လို႔လည္း မရပါဘူး။ ျမက္သီးေတြ အပါအဝင္၊စပါးလုံးနဲ႔ ဆန္ကြဲ(ဇဂြဲ)ဆိုတာကို ဖယ္ထုတ္ၿပီးေတာ့မွ ခ်က္ရပါတယ္။
အဲဒီတုန္းက ႏိုင္ငံ့တာဝန္ထမ္းေဆာင္ၾကတဲ့ ဝန္ထမ္းခ်င္း တူတာေတာင္မွ ဘယ္လိုဝန္ထမ္းေတြက ေကာင္းေပ့ဆိုတဲ့ ဆန္ေကာင္းေတြ စားေနၿပီး ဘယ္လိုဝန္ထမ္းေတြက “ဝက္စာသာသာ ဝန္ထမ္းဆန္ေတြ” စားေနခဲ့ၾကရသလဲဆိုတာ သိဖို႔ပါပဲ။အခုေတာ့ေရာ…..။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com