ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“ကျောင်းတက်ခဲ့ရချိန်လေးတွေ”
တစ်ခါတုန်းက အဖြစ်လေးတွေကို နံပါတ်စဉ်ထိုးပြီး အောက်မှာခေါင်းစဉ်ကွဲလေးတွေနဲ့ ရေးခဲ့လိုက်တာ တော်တော်တောင်များလာပါရော့လား။
ဟိုတစ်ရက်က ‘ကျောင်းဖွင့်ချိန်တို့ရောက်ပြန်ပြီ’ဆိုတဲ့ ခေါင်းစဉ်ကွဲလေးနဲ့ရေးခဲ့ပါတယ်။အဲဒီမတိုင်ခင်က လူကြီးများသိတဲ့ပုံပြင်များဆိုတဲ့ခေါင်းစဉ်နဲ့ ရေးနေရင်းကမှ ကျောင်းဖွင့်ရာသီရောက်လာလို့ နောက်ခေါင်းစဉ် တစ်ခုကိုပြောင်းပြီး ရေးလိုက်ရပါတယ်။လူကြီးများသိတဲ့ပုံပြင်များကိုလည်း ဆက်ရေးဖို့ရှိပါသေးတယ်။ အခုတော့ ကျောင်းတက်ခဲ့ရတာလေးတွေကို ဆက်ပြီးပြောချင်ပါသေးတယ်။
ကျွန်တော်တို့ကျောင်းစတက်တော့ ကျောင်းဟောင်းကိုဖျက်ပြီး ကျောင်းသစ်ဆောက်ရာနေရာကို ပြောင်းတက်ခဲ့ရတာကို ဆိုခဲ့ပြီးပါပြီ။ကျောင်းသစ်ကြီးလို့သာဆိုရတယ်၊ နေရာပြောင်းခဲ့ရတာပဲရှိပါတယ်။ ဒီတိုင်၊ဒီအမိုးတွေနဲ့ ဒီထရံတွေပဲ ပြန်သုံးပြီး ဆောက်ခဲ့တာပါ။အဟောင်းကို ဖျက်လို့ အသစ်အသစ်တွေနဲ့ အစားထိုးခဲ့ရတာ မဟုတ်ပါဘူး။အဟောင်းတွေကိုပဲ ပြန်ပြီးသုံးခဲ့ရပါတယ်။
အဲဒီလိုနဲ့ နေရာသစ်မှာ ပြန်ဆောက်ခဲ့တဲ့ကျောင်းကို တက်ခဲ့ရတယ်။မနက်လင်းတာနဲ့ အိမ်ကကျွေးလိုက်တဲ့ ပဲကြော်၊ဗယာကြော်တွေနဲ့ ထမင်းကြော်ကို အဆာပြေစားပြီး ကျောင်းကိုမီအောင် ပြေးရပါတယ်။ ကျောင်းရောက်ရင် အသင်းအလိုက် ကျောင်းကိစ္စတွေကို အရင်လုပ်ရတယ်။ ကျောင်းသန့်ရှင်းရေးနဲ့ သောက်ရေအိုး ရေဖြည့်ရတာတွေ လုပ်ရပါတယ်။ကိုယ်နိုင်ရာ နိုင်ရာတွေကို လုပ်ရတာပေါ့။
ကျွန်တော်တို့တုန်းက ကျောင်းတက်တဲ့အခါ အခုခေတ်ကလေးတွေလို ခဲတံ၊ ခဲဖျက်၊ပေတံ၊ ကွန်ပါဘူးတို့ မစုံခဲ့ပါဘူး။ မိုးရာသီမှာ မိုးကာအင်္ကျီတို့ ထီးတို့ မတတ်နိုင်ပါဘူး။မိုးအခြေအနေကိုကြည့်ပြီး ကျောင်းဆင်း ကျောင်းတက် လုပ်ခဲ့ရတဲ့ဘဝတွေပေါ့။
အစ်ကိုဝတ်ပြီးသား၊အစ်ကိုသုံးပြီးသား အကျကို အောက်က ညီတွေက အသုံးပြုကြရတယ်။ ထမင်းဘူးတွေ၊ ရေဘူးတွေ သိတောင်မသိခဲ့ပါဘူး။ကျောင်းက သောက်ရေအိုးထဲက ရေကိုပဲ သောက်ခဲ့ကြရတဲ့ သူတွေချည်းပါပဲ။
မုန်းဆိုလည်း လေဖောင်းမုန့်တွေ မရှိပါဘူး။ကျောင်းဧရိယာထဲ လာရောင်းကြတဲ့ မုန်းပျားသလက်ပူပူ၊ ဆီယို ပူပူလေးကို ညောင်ရွက်ထဲထည့်ပြီး တစ်ကတော့ ငါးပြားနဲ့ရောင်းတာ စားခဲ့ရပါတယ်၊သဲပူထဲမှာလှော်ပြီး ပြန့်ကားနေတဲ့ မုန့်လေပွေလို မုန့်တွေကိုလည်း ကောင်းကောင်းစားခဲ့ရပါရဲ့။ပဲကိတ်လို ဓားလှီးမုန်းအကြီးကြီး တွေကိုလည်း စားခဲ့ကြရတာပေါ့။
ထမင်းချိုင့်ဆိုရင်လည်း နဖားကွင်းပေါက်တွေပါတဲ့ ကြွေရည်သုတ် လေးဆင့်ချိုင့်တွေပဲ သုံးခဲ့ရတာပေါ့။ တစ်ခါတစ်ရံ ကျောင်းကို ထမင်းထည့်ဖို့ လိုလာရင် တစ်လုံးချိုင့်လို့ခေါ်တဲ့ ဒန်ချိုင့်လေးထဲ ထမင်းတွေ ထိုးသိပ်ပြီး အပေါ်က ဟင်းတွေပုံပြီး ထည့်ခဲ့ရတယ်။ချိုင့်ရဲ့လက်ကိုင်လေးက ထမင်းချိုင့်ကို ဒန်းစီးနေသလိုဖြစ်တာရယ်။ ကလေးဘဝ အပြေးအလွှား သွားရတာရယ်ကြောင့် ရမ်းခါပြီး မကြာခဏ မှောက်ကုန်တတ်ပါတယ်။များသောအားဖြင့်တော့ ထမင်းချိုင့်မယူပါဘူး။ ထမင်းစားချိန် ကျောင်းလွှတ်ရင် အိမ်ပြန်ပြီးထမင်းစားရတာက များပါတယ်။
ဆယ်နှစ်နာရီဆိုရင် ထမင်းစားချိန်လွှတ်ပါတယ်။အိမ်ကို အပြေးပြန်ကြပါတယ်။ထမင်းစားပြီးတာနဲ့ တစ်နာရီခွဲမှာ ကျောင်းကို အမီပြန်တက်ရပါတယ်။အတော်များများကတော့ စောရောက်နေတတ်ကြလို့ ဆော့ချိန်တောင် ရခဲ့ပါသေးတယ်။ခုခေတ်မြို့က ကလေးတွေတောင် ကျောင်းကနေအိမ်ပြန်ရောက်ရင် နေစော်နံတဲ့ အနံ့တစ်မျိုး ရတယ်မို့လား။ နေပူကျဲတဲမှာ ကျွန်တော်တို့လို မျောက်ရှုံးအောင် ဆော့တဲ့ကောင်တွေရဲ့ ခန္ဓာကိုယ်က အနံ့က ဘယ်လိုရှိနေမလဲဆိုတာ မမှတ်မိတော့ပါဘူး။တော်တော်ဆိုးမှာပါပဲ။
အဲဒီတုန်းက လူ့အသုံးအဆောင်တွေဆိုတာ သမဝါယမစနစ်ရဲ့လက်အောက်ကနေ ပစ္စည်းတွေကို ဖြန့်ဖြူးတာကြောင့်ထင်ပါရဲ့ ဝယ်နိုင်ကြဦးတော့ ပစ္စည်းမရှိတာနဲ့ ဝယ်ခွင့်မရကြတာတွေလည်းရှိပါတယ်။
အဲဒီတုန်းက ကျောင်းသုံး ပစ္စည်းကိရိယာတွေဆိုတာ ခုခေတ်လို ဝယ်ချင်တာကို ဝယ်ချင်တိုင်း ဝယ်လို့မရခဲ့တာ လည်း ပါကောင်းပါမှာပေါ့လေ။အစိုးရကပေးတဲ့ ရှားရှားပါးပါး အင်္ကျီပိတ်စအဖြူ ပုဆိုးပိတ်စအစိမ်းလေးရရင်ကိုပဲ ပျော်ခဲ့ရတဲ့ ဘဝတွေပေါ့။အဲဒီတုန်းက ပိတ်စအဖြူလေးရဲ့ အနံ့လေးက ဘယ်လိုအနံ့လေးမှန်းမသိဘူး။ မွှေးသလိုထင်တော့ နမ်းလိုက်ရတာကိုက တမောပါပဲ။ ချုပ်ပြီးသားတော့ မဟုတ်ပါဘူး။ပြီးမှ ကိုယ်တိုင်းနဲ့ ချုပ်ရတယ်။ ခုခေတ်လို ချုပ်ပြီးသား အဆင်သင့်ဆိုတာ မရှိခဲ့သေးဘူး ထင်ပါရဲ့။
စာရေးဖို့ ခဲတံဆိုရင် အခုခေတ်လို ပါကင်ဘူးလိုက်နေနေသာသာ အသစ်အရှည် တစ်ချောင်းရရင်ကိုပဲ ပျော်လို့။ အကျိုးအပြုနဲအောင် သတိထားရေးခဲ့ရတယ်။လက်ကကိုင်လို့ မကောင်းလောက်အောင် တိုတဲ့အထိရေးကြရတယ်။ ကိုင်လို့မကောင်းတော့ရင် ခဲတံကို စွပ်လို့ရတဲ့ အရာတစ်ခုနဲ့ စွပ်ပြီး ကုန်အောင်သုံးကြရတဲ့ ဘဝတွေပေါ့။ ခုကလေးတွေကတော့ နဲနဲတိုသွားရင် အသစ်ထုတ်ပြီးကိုင်လိုက်တာ တွေ့ရတယ်။တစ်ချောင်းမကောင်း တစ်ချောင်းပြောင်း သုံးနိုင်ခဲ့ကြတယ်။ခဲသားတောင် HBက ဘယ်လို 2Bကဘယ်လိုနဲ့။ ဟိုအရောင်မကြိုက်လို့၊ ဒီအရောင်မကြိုက်လို့နဲ့ ရွေးချယ်စရာတွေက သိပ်ကိုများလှသပေါ့။
ကျွန်တော်တို့တုန်းကတော့ မိဘကို ဂျီတိုက်ပြီး ဘာမှ မဝယ်ခိုင်းခဲ့ဖူးပါဘူး။မိဘက သင့်သလိုလုပ်ပေးခဲ့တာကို မငြင်းမဆန် သုံးခဲ့ကြရပါတယ်။ခဲတံကပါတဲ့ ခဲဖျက်ကုန်သွားရင် တရုတ်ခဲဖျက် မွှေးမွှေးလေးတွေကို သုံးခဲ့ကြတယ်။ အဲဒီခဲဖျက်လေးတွေက သိပ်ကို မွှေးလွန်းလှတယ်။တစ်ခါတစ်ရံ စိတ်ထဲကမထိန်းနိုင်ဘဲ ကိုက်ချင်ဝါးချင်စိတ်တွေ ပေါက်လောက်အောင်ဖြစ်လို့ ဝါးမိခဲ့ကြဖူးပါတယ်။
ကျွန်တော်တို့ညီအစ်ကိုယ်တွေက နှစ်နှစ်ကြီး နှစ်နှစ်ငယ်တွေဖြစ်တော့ ကျောင်းသုံးသင်ကြားရေး စာအုပ်တွေ ကိုတော့ အစ်ကိုစာအုပ်တွေကိုပဲ ဆက်ကိုင်ရတယ်။ ဗလာစာအုပ်ဆိုကတော့ အသစ်ရော၊ အစ်ကိုရေးထားလို့ မကုန်တဲ့ စာရွက်လွတ်တွေကို ပြန်ချုပ်ပြီး သုံးခဲ့ရတာတွေလည်းရှိခဲ့တာပေါ့။
အင်း…တစ်ခါတုန်းက မူလတန်း ကျောင်းသားလေးအဖြစ်နဲ့ ကျင်လည်ခဲ့ရတဲ့ အဖြစ်လေးတွေကလည်း လူတိုင်းရဲ့ ဘဝမှာ ရှိခဲ့ကြဖူးပါတယ်။ ယခင်နဲ့ ယခုကနှိုင်းယှဉ်ကြည့်တာ့ အတော်လေးတွေကို ကွာခြားသွားပါပြီ။ကလေးတစ်ယောက်ရဲ့ ကျောင်းစရိတ်တွေကလည်း မနဲမနောပါပဲလားဗျာ…။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၄)
“ေက်ာင္းတက္ခဲ့ရခ်ိန္ေလးေတြ”
တစ္ခါတုန္းက အျဖစ္ေလးေတြကို နံပါတ္စဥ္ထိုးၿပီး ေအာက္မွာေခါင္းစဥ္ကြဲေလးေတြနဲ႔ ေရးခဲ့လိုက္တာ ေတာ္ေတာ္ေတာင္မ်ားလာပါေရာ့လား။
ဟိုတစ္ရက္က ‘ေက်ာင္းဖြင့္ခ်ိန္တို႔ေရာက္ျပန္ၿပီ’ဆိုတဲ့ ေခါင္းစဥ္ကြဲေလးနဲ႔ေရးခဲ့ပါတယ္။အဲဒီမတိုင္ခင္က လူႀကီးမ်ားသိတဲ႔ပုံျပင္မ်ားဆိုတဲ့ေခါင္းစဥ္နဲ႔ ေရးေနရင္းကမွ ေက်ာင္းဖြင့္ရာသီေရာက္လာလို႔ ေနာက္ေခါင္းစဥ္ တစ္ခုကိုေျပာင္းၿပီး ေရးလိုက္ရပါတယ္။လူႀကီးမ်ားသိတဲ့ပုံျပင္မ်ားကိုလည္း ဆက္ေရးဖို႔ရွိပါေသးတယ္။ အခုေတာ့ ေက်ာင္းတက္ခဲ့ရတာေလးေတြကို ဆက္ၿပီးေျပာခ်င္ပါေသးတယ္။
ကၽြန္ေတာ္တို႔ေက်ာင္းစတက္ေတာ့ ေက်ာင္းေဟာင္းကိုဖ်က္ၿပီး ေက်ာင္းသစ္ေဆာက္ရာေနရာကို ေျပာင္းတက္ခဲ့ရတာကို ဆိုခဲ့ၿပီးပါၿပီ။ေက်ာင္းသစ္ႀကီးလို႔သာဆိုရတယ္၊ ေနရာေျပာင္းခဲ့ရတာပဲရွိပါတယ္။ ဒီတိုင္၊ဒီအမိုးေတြနဲ႔ ဒီထရံေတြပဲ ျပန္သုံးၿပီး ေဆာက္ခဲ့တာပါ။အေဟာင္းကို ဖ်က္လို႔ အသစ္အသစ္ေတြနဲ႔ အစားထိုးခဲ့ရတာ မဟုတ္ပါဘူး။အေဟာင္းေတြကိုပဲ ျပန္ၿပီးသုံးခဲ့ရပါတယ္။
အဲဒီလိုနဲ႔ ေနရာသစ္မွာ ျပန္ေဆာက္ခဲ့တဲ့ေက်ာင္းကို တက္ခဲ့ရတယ္။မနက္လင္းတာနဲ႔ အိမ္ကေကၽြးလိုက္တဲ့ ပဲေၾကာ္၊ဗယာေၾကာ္ေတြနဲ႔ ထမင္းေၾကာ္ကို အဆာေျပစားၿပီး ေက်ာင္းကိုမီေအာင္ ေျပးရပါတယ္။ ေက်ာင္းေရာက္ရင္ အသင္းအလိုက္ ေက်ာင္းကိစၥေတြကို အရင္လုပ္ရတယ္။ ေက်ာင္းသန္႔႐ွင္းေရးနဲ႔ ေသာက္ေရအိုး ေရျဖည့္ရတာေတြ လုပ္ရပါတယ္။ကိုယ္ႏိုင္ရာ ႏိုင္ရာေတြကို လုပ္ရတာေပါ့။
ကၽြန္ေတာ္တို႔တုန္းက ေက်ာင္းတက္တဲ့အခါ အခုေခတ္ကေလးေတြလို ခဲတံ၊ ခဲဖ်က္၊ေပတံ၊ ကြန္ပါဘူးတို႔ မစုံခဲ့ပါဘူး။ မိုးရာသီမွာ မိုးကာအကႌ်တို႔ ထီးတို႔ မတတ္ႏိုင္ပါဘူး။မိုးအေျခအေနကိုၾကည့္ၿပီး ေက်ာင္းဆင္း ေက်ာင္းတက္ လုပ္ခဲ့ရတဲ့ဘဝေတြေပါ့။
အစ္ကိုဝတ္ၿပီးသား၊အစ္ကိုသုံးၿပီးသား အက်ကို ေအာက္က ညီေတြက အသုံးျပဳၾကရတယ္။ ထမင္းဘူးေတြ၊ ေရဘူးေတြ သိေတာင္မသိခဲ့ပါဘူး။ေက်ာင္းက ေသာက္ေရအိုးထဲက ေရကိုပဲ ေသာက္ခဲ့ၾကရတဲ့ သူေတြခ်ည္းပါပဲ။
မုန္းဆိုလည္း ေလေဖာင္းမုန္႔ေတြ မရွိပါဘူး။ေက်ာင္းဧရိယာထဲ လာေရာင္းၾကတဲ့ မုန္းပ်ားသလက္ပူပူ၊ ဆီယို ပူပူေလးကို ေညာင္ရြက္ထဲထည့္ၿပီး တစ္ကေတာ့ ငါးျပားနဲ႔ေရာင္းတာ စားခဲ့ရပါတယ္၊သဲပူထဲမွာေလွာ္ၿပီး ျပန္႔ကားေနတဲ့ မုန္႔ေလေပြလို မုန္႔ေတြကိုလည္း ေကာင္းေကာင္းစားခဲ့ရပါရဲ႕။ပဲကိတ္လို ဓားလွီးမုန္းအႀကီးႀကီး ေတြကိုလည္း စားခဲ့ၾကရတာေပါ့။
ထမင္းခ်ိဳင့္ဆိုရင္လည္း နဖားကြင္းေပါက္ေတြပါတဲ့ ေၾကြရည္သုတ္ ေလးဆင့္ခ်ိဳင့္ေတြပဲ သုံးခဲ့ရတာေပါ့။ တစ္ခါတစ္ရံ ေက်ာင္းကို ထမင္းထည့္ဖို႔ လိုလာရင္ တစ္လုံးခ်ိဳင့္လို႔ေခၚတဲ့ ဒန္ခ်ိဳင့္ေလးထဲ ထမင္းေတြ ထိုးသိပ္ၿပီး အေပၚက ဟင္းေတြပုံၿပီး ထည့္ခဲ့ရတယ္။ခ်ိဳင့္ရဲ႕လက္ကိုင္ေလးက ထမင္းခ်ိဳင့္ကို ဒန္းစီးေနသလိုျဖစ္တာရယ္။ ကေလးဘဝ အေျပးအလႊား သြားရတာရယ္ေၾကာင့္ ရမ္းခါၿပီး မၾကာခဏ ေမွာက္ကုန္တတ္ပါတယ္။မ်ားေသာအားျဖင့္ေတာ့ ထမင္းခ်ိဳင့္မယူပါဘူး။ ထမင္းစားခ်ိန္ ေက်ာင္းလႊတ္ရင္ အိမ္ျပန္ၿပီးထမင္းစားရတာက မ်ားပါတယ္။
ဆယ္ႏွစ္နာရီဆိုရင္ ထမင္းစားခ်ိန္လႊတ္ပါတယ္။အိမ္ကို အေျပးျပန္ၾကပါတယ္။ထမင္းစားၿပီးတာနဲ႔ တစ္နာရီခြဲမွာ ေက်ာင္းကို အမီျပန္တက္ရပါတယ္။အေတာ္မ်ားမ်ားကေတာ့ ေစာေရာက္ေနတတ္ၾကလို႔ ေဆာ့ခ်ိန္ေတာင္ ရခဲ့ပါေသးတယ္။ခုေခတ္ၿမိဳ႕က ကေလးေတြေတာင္ ေက်ာင္းကေနအိမ္ျပန္ေရာက္ရင္ ေနေစာ္နံတဲ့ အနံ႔တစ္မ်ိဳး ရတယ္မို႔လား။ ေနပူက်ဲတဲမွာ ကၽြန္ေတာ္တို႔လို ေမ်ာက္ရႈံးေအာင္ ေဆာ့တဲ့ေကာင္ေတြရဲ႕ ခႏၶာကိုယ္က အနံ႔က ဘယ္လိုရွိေနမလဲဆိုတာ မမွတ္မိေတာ့ပါဘူး။ေတာ္ေတာ္ဆိုးမွာပါပဲ။
အဲဒီတုန္းက လူ႔အသုံးအေဆာင္ေတြဆိုတာ သမဝါယမစနစ္ရဲ႕လက္ေအာက္ကေန ပစၥည္းေတြကို ျဖန္႔ျဖဴးတာေၾကာင့္ထင္ပါရဲ႕ ဝယ္ႏိုင္ၾကဦးေတာ့ ပစၥည္းမရွိတာနဲ႔ ဝယ္ခြင့္မရၾကတာေတြလည္းရွိပါတယ္။
အဲဒီတုန္းက ေက်ာင္းသုံး ပစၥည္းကိရိယာေတြဆိုတာ ခုေခတ္လို ဝယ္ခ်င္တာကို ဝယ္ခ်င္တိုင္း ဝယ္လို႔မရခဲ့တာ လည္း ပါေကာင္းပါမွာေပါ့ေလ။အစိုးရကေပးတဲ့ ရွားရွားပါးပါး အက်ႌပိတ္စအျဖဴ ပုဆိုးပိတ္စအစိမ္းေလးရရင္ကိုပဲ ေပ်ာ္ခဲ့ရတဲ့ ဘဝေတြေပါ့။အဲဒီတုန္းက ပိတ္စအျဖဴေလးရဲ႕ အနံ႔ေလးက ဘယ္လိုအနံ႔ေလးမွန္းမသိဘူး။ ေမႊးသလိုထင္ေတာ့ နမ္းလိုက္ရတာကိုက တေမာပါပဲ။ ခ်ဳပ္ၿပီးသားေတာ့ မဟုတ္ပါဘူး။ၿပီးမွ ကိုယ္တိုင္းနဲ႔ ခ်ဳပ္ရတယ္။ ခုေခတ္လို ခ်ဳပ္ၿပီးသား အဆင္သင့္ဆိုတာ မရွိခဲ့ေသးဘူး ထင္ပါရဲ႕။
စာေရးဖို႔ ခဲတံဆိုရင္ အခုေခတ္လို ပါကင္ဘူးလိုက္ေနေနသာသာ အသစ္အရွည္ တစ္ေခ်ာင္းရရင္ကိုပဲ ေပ်ာ္လို႔။ အက်ိဳးအျပဳနဲေအာင္ သတိထားေရးခဲ့ရတယ္။လက္ကကိုင္လို႔ မေကာင္းေလာက္ေအာင္ တိုတဲ့အထိေရးၾကရတယ္။ ကိုင္လို႔မေကာင္းေတာ့ရင္ ခဲတံကို စြပ္လို႔ရတဲ့ အရာတစ္ခုနဲ႔ စြပ္ၿပီး ကုန္ေအာင္သုံးၾကရတဲ့ ဘဝေတြေပါ့။ ခုကေလးေတြကေတာ့ နဲနဲတိုသြားရင္ အသစ္ထုတ္ၿပီးကိုင္လိုက္တာ ေတြ႔ရတယ္။တစ္ေခ်ာင္းမေကာင္း တစ္ေခ်ာင္းေျပာင္း သုံးႏိုင္ခဲ့ၾကတယ္။ခဲသားေတာင္ HBက ဘယ္လို 2Bကဘယ္လိုနဲ႔။ ဟိုအေရာင္မႀကိဳက္လို႔၊ ဒီအေရာင္မႀကိဳက္လို႔နဲ႔ ေရြးခ်ယ္စရာေတြက သိပ္ကိုမ်ားလွသေပါ့။
ကၽြန္ေတာ္တို႔တုန္းကေတာ့ မိဘကို ဂ်ီတိုက္ၿပီး ဘာမွ မဝယ္ခိုင္းခဲ့ဖူးပါဘူး။မိဘက သင့္သလိုလုပ္ေပးခဲ့တာကို မျငင္းမဆန္ သုံးခဲ့ၾကရပါတယ္။ခဲတံကပါတဲ့ ခဲဖ်က္ကုန္သြားရင္ တရုတ္ခဲဖ်က္ ေမႊးေမႊးေလးေတြကို သုံးခဲ့ၾကတယ္။ အဲဒီခဲဖ်က္ေလးေတြက သိပ္ကို ေမႊးလြန္းလွတယ္။တစ္ခါတစ္ရံ စိတ္ထဲကမထိန္းႏိုင္ဘဲ ကိုက္ခ်င္ဝါးခ်င္စိတ္ေတြ ေပါက္ေလာက္ေအာင္ျဖစ္လို႔ ဝါးမိခဲ့ၾကဖူးပါတယ္။
ကၽြန္ေတာ္တို႔ညီအစ္ကိုယ္ေတြက ႏွစ္ႏွစ္ႀကီး ႏွစ္ႏွစ္ငယ္ေတြျဖစ္ေတာ့ ေက်ာင္းသုံးသင္ၾကားေရး စာအုပ္ေတြ ကိုေတာ့ အစ္ကိုစာအုပ္ေတြကိုပဲ ဆက္ကိုင္ရတယ္။ ဗလာစာအုပ္ဆိုကေတာ့ အသစ္ေရာ၊ အစ္ကိုေရးထားလို႔ မကုန္တဲ့ စာရြက္လြတ္ေတြကို ျပန္ခ်ဳပ္ၿပီး သုံးခဲ့ရတာေတြလည္းရွိခဲ့တာေပါ့။
အင္း…တစ္ခါတုန္းက မူလတန္း ေက်ာင္းသားေလးအျဖစ္နဲ႔ က်င္လည္ခဲ့ရတဲ့ အျဖစ္ေလးေတြကလည္း လူတိုင္းရဲ႕ ဘဝမွာ ရွိခဲ့ၾကဖူးပါတယ္။ ယခင္နဲ႕ ယခုကႏိႈင္းယွဥ္ၾကည့္တာ့ အေတာ္ေလးေတြကို ကြာျခားသြားပါၿပီ။ကေလးတစ္ေယာက္ရဲ႕ ေက်ာင္းစရိတ္ေတြကလည္း မနဲမေနာပါပဲလားဗ်ာ…။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com