အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဂျွန်တယ်ရီ လွန်ခဲ့သော ၄ နှစ်ကမှ ဝယ်ယူထားသော စံအိမ်ကို ပြန်လည်ရောင်းချရာ ပေါင်သန်း ၂၀ အထိ အမြတ်ရ

အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဂျွန်တယ်ရီ လွန်ခဲ့သော ၄ နှစ်ကမှ ဝယ်ယူထားသော စံအိမ်ကို ပြန်လည်ရောင်းချရာ ပေါင်သန်း ၂၀ အထိ အမြတ်ရ - Property News in Myanmar from iMyanmarHouse.com
5 Jun 2023 11:23 am တွင် တင်ခဲ့သည်
556 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဂျွန်တယ်ရီ (John Terry) သည် အင်္ဂလန်နိုင်ငံ ၊ ဆာရေးခရိုင်တွင် လွန်ခဲ့သော ၄ နှစ်ကမှ ဝယ်ယူထားသော အိပ်ခန်း ၇ ခန်းပါ စံအိမ်ကို ပြန်လည်ရောင်းချရာ ပေါင်သန်း ၂၀ အထိ အမြတ်ရခဲ့သည်။

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်သော ဂျွန်တယ်ရီသည် ၁၈ ရာစုနှစ်က ဆောက်လုပ်ခဲ့သော အဆိုပါ စံအိမ်ကို ၂၀၁၉ ခုနှစ်က ပေါင် ၄ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ်များအတွင်း ချယ်လ်ဆီးကြယ်ပွင့်ဟောင်း ဂျွန်တယ်ရီသည် အဆိုပါ စံအိမ်ကို ဇနီးဖြစ်သူ တိုနီနှင့်အတူ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

သူ၏ ဇနီးမှာလည်း အသက် ၄၂ အရွယ်ပင်ဖြစ်သည်။ တယ်ရီသည် သူ၏ အထွတ်အထိပ်ကာလများက ကမ္ဘာပေါ်တွင် အကောင်းဆုံးခံစစ်မှူးအဖြစ် သတ်မှတ်ခံရပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး ခံစစ်မှူးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

ဂျွန်တယ်ရီသည် လက်ရှိအားဖြင့် လက်စ်တာစီးတီး (Leicester city) အသင်း၏ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

တယ်ရီသည် ယခုအခါ ထိုစံအိမ်ကို ပေါင် ၂၃ သန်းဖြင့် ရောင်းချခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက The Sun သတင်းဌာနသို့ ပြောသည်။

အဆိုပါ စံအိမ်တွင် တယ်ရီတို့စုံတွဲက အရက်ဘားတစ်ခုပါကာ ပါတီပွဲများ ကျင်းပရန် ကောင်းမွန်သော Outdoor ရေကူးကန်ကြီးတစ်ခု ဖြည့်စွက် ဆောက်လုပ်ခဲ့ကြကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

(ဂျွန်တယ်ရီနှင့် ဇနီးဖြစ်သူ တိုနီ)

(တယ်ရီက ဤစံအိမ်ကို ပေါင် ၄ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

(တယ်ရီက ဤစံအိမ်ကို ပြီးခဲ့သောနှစ်များအတွင်း ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။)

“သူတို့က အားကစားလေ့ကျင့်ခန်းမ တစ်ခုဖြည့်သွင်းဆောက်လုပ်ခဲ့တဲ့အပြင် တန်ဖိုးကြီး ပြိုင်ကားတွေ အများကြီးထားနိုင်ဖို့ ကားဂိုဒေါင်တွေလဲ ပြန်ဆောက်ခဲ့ပါတယ်။”

တယ်ရီက အဆိုပါ စံအိမ်တွင် ဝန်ထမ်းအဆောင်များလည်း ဖြည့်စွက် ဆောက်လုပ်ခဲ့သည်။

တယ်ရီသည် ယခုအခါ အနီးရှိ အခြားအိမ်တစ်လုံးကို ပေါင် ၈ သန်းဖြင့် ဝယ်ယူခဲ့သည်။

ရောင်းချလိုက်သော စံအိမ်သည် ၈ ဧကကျယ်ဝန်းသော တောအုပ်ခြံဝန်းအတွင်း တည်ရှိပြီး စံအိမ်မှာ ၁၇၅၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(တယ်ရီက ဤစံအိမ်ကို ပေါင် ၂၃ သန်းဖြင့် ရောင်းချခဲ့သည်။)

(တယ်ရီ မပြုပြင်မီက စံအိမ်တွင် မီးဖိုဆောင် ၊ ညစာစားခန်း ၊ Master Bedroom ၊ ဧည့်သည်အခန်းများနှင့် အခြား အိပ်ခန်း ၅ ခန်းပါဝင်ခဲ့သည်။)

(အမတ်ကြီး Ellesmere ကိုးကွယ်သော ဘုန်းတော်ကြီး သီတင်းသုံးရန် ၁၇၅၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။)

(ဧည့်ခန်း)

(စံအိမ်အတွင်း တစ်နေရာ)

(တယ်ရီ ဝယ်ယူခဲ့စဉ်က ပေါင် ၄ သန်းကျော်သာ ပေးခဲ့ရသည်။)

(တယ်ရီနှင့် ဇနီးဖြစ်သူ တိုနီတို့က ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

(ခြံဝန်းအတွင်း နားနေနေရာတစ်ခု။)

(အလွန်တရာ ကျယ်ဝန်းလှသော မြက်ခင်းစိမ်းကြီး။)

(စံအိမ်အတွင်း ဝိုင်သိုလှောင်ခန်း ၊ ရေကူးကန်နှင့် အထက်တန်းကျသော မီးဖိုဆောင်တို့ ပါဝင်သည်။)

(အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။)

(တယ်ရီသည် သူ၏ စံအိမ်ကို ဗွီဒီယိုရိုက်ကာ အင်စတာဂရမ်တွင် တင်ခဲ့ဖူးသည်။)

(တယ်ရီ၏ ဗွီဒီယိုတွင် ဆောက်လုပ်နေဆဲ ရေကူးကန်တစ်ခုလည်း တွေ့ရသည်။)

(တယ်ရီသည် ဇနီးဖြစ်သူ တိုနီနှင့် ၂၀၀၆ ခုနှစ်တွင် အမြွှာကလေး ၂ ဦးထွန်းကားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: John Terry 'sells sprawling Surrey mansion for a huge £20million profit' after purchasing the seven-bedroom Surrey property just four years ago and adding a wine and cigar room, swimming pool and luxury kitchen (dailymail)

[Zawgyi]

အဂၤလန္ေဘာလံုးၾကယ္ပြင့္ေဟာင္း ဂၽြန္တယ္ရီ လြန္ခဲ့ေသာ ၄ ႏွစ္ကမွ ဝယ္ယူထားေသာ စံအိမ္ကို ျပန္လည္ေရာင္းခ်ရာ ေပါင္သန္း ၂၀ အထိ အျမတ္ရ

အဂၤလန္ေဘာလံုးၾကယ္ပြင့္ေဟာင္း ဂၽြန္တယ္ရီ (John Terry) သည္ အဂၤလန္ႏိုင္ငံ ၊ ဆာေရးခရိုင္တြင္ လြန္ခဲ့ေသာ ၄ ႏွစ္ကမွ ဝယ္ယူထားေသာ အိပ္ခန္း ၇ ခန္းပါ စံအိမ္ကို ျပန္လည္ေရာင္းခ်ရာ ေပါင္သန္း ၂၀ အထိ အျမတ္ရခဲ့သည္။

အသက္ ၄၂ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ ဂၽြန္တယ္ရီသည္ ၁၈ ရာစုႏွစ္က ေဆာက္လုပ္ခဲ့ေသာ အဆိုပါ စံအိမ္ကို ၂၀၁၉ ခုႏွစ္က ေပါင္ ၄ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာႏွစ္မ်ားအတြင္း ခ်ယ္လ္ဆီးၾကယ္ပြင့္ေဟာင္း ဂၽြန္တယ္ရီသည္ အဆိုပါ စံအိမ္ကို ဇနီးျဖစ္သူ တိုနီႏွင့္အတူ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

သူ၏ ဇနီးမွာလည္း အသက္ ၄၂ အရြယ္ပင္ျဖစ္သည္။ တယ္ရီသည္ သူ၏ အထြတ္အထိပ္ကာလမ်ားက ကမၻာေပၚတြင္ အေကာင္းဆံုးခံစစ္မွဴးအျဖစ္ သတ္မွတ္ခံရျပီး သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ခံစစ္မွဴးမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

ဂၽြန္တယ္ရီသည္ လက္ရွိအားျဖင့္ လက္စ္တာစီးတီး (Leicester city) အသင္း၏ လက္ေထာက္နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိသည္။

တယ္ရီသည္ ယခုအခါ ထုိစံအိမ္ကို ေပါင္ ၂၃ သန္းျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း သတင္းရင္းျမစ္တစ္ခုက The Sun သတင္းဌာနသို႔ ေျပာသည္။

အဆိုပါ စံအိမ္တြင္ တယ္ရီတို႔စံုတြဲက အရက္ဘားတစ္ခုပါကာ ပါတီပြဲမ်ား က်င္းပရန္ ေကာင္းမြန္ေသာ Outdoor ေရကူးကန္ၾကီးတစ္ခု ျဖည့္စြက္ ေဆာက္လုပ္ခဲ့ၾကေၾကာင္း အဆိုပါ သတင္းရင္းျမစ္က ေျပာသည္။

(ဂၽြန္တယ္ရီႏွင့္ ဇနီးျဖစ္သူ တုိနီ)

(တယ္ရီက ဤစံအိမ္ကုိ ေပါင္ ၄ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

(တယ္ရီက ဤစံအိမ္ကို ျပီးခဲ့ေသာႏွစ္မ်ားအတြင္း ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။)

“သူတို႔က အားကစားေလ့က်င့္ခန္းမ တစ္ခုျဖည့္သြင္းေဆာက္လုပ္ခဲ့တဲ့အျပင္ တန္ဖုိးၾကီး ျပိဳင္ကားေတြ အမ်ားၾကီးထားႏိုင္ဖို႔ ကားဂိုေဒါင္ေတြလဲ ျပန္ေဆာက္ခဲ့ပါတယ္။”

တယ္ရီက အဆိုပါ စံအိမ္တြင္ ဝန္ထမ္းအေဆာင္မ်ားလည္း ျဖည့္စြက္ ေဆာက္လုပ္ခဲ့သည္။

တယ္ရီသည္ ယခုအခါ အနီးရွိ အျခားအိမ္တစ္လံုးကို ေပါင္ ၈ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ေရာင္းခ်လိုက္ေသာ စံအိမ္သည္ ၈ ဧကက်ယ္ဝန္းေသာ ေတာအုပ္ျခံဝန္းအတြင္း တည္ရွိျပီး စံအိမ္မွာ ၁၇၅၂ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

(တယ္ရီက ဤစံအိမ္ကုိ ေပါင္ ၂၃ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။)

(တယ္ရီ မျပဳျပင္မီက စံအိမ္တြင္ မီးဖုိေဆာင္ ၊ ညစာစားခန္း ၊ Master Bedroom ၊ ဧည့္သည္အခန္းမ်ားႏွင့္ အျခား အိပ္ခန္း ၅ ခန္းပါဝင္ခဲ့သည္။)

(အမတ္ၾကီး Ellesmere ကိုးကြယ္ေသာ ဘုန္းေတာ္ၾကီး သီတင္းသံုးရန္ ၁၇၅၂ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။)

(ဧည့္ခန္း)

(စံအိမ္အတြင္း တစ္ေနရာ)

(တယ္ရီ ဝယ္ယူခဲ့စဥ္က ေပါင္ ၄ သန္းေက်ာ္သာ ေပးခဲ့ရသည္။)

(တယ္ရီႏွင့္ ဇနီးျဖစ္သူ တုိနီတုိ႔က ၂၀၁၉ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

(ျခံဝန္းအတြင္း နားေနေနရာတစ္ခု။)

(အလြန္တရာ က်ယ္ဝန္းလွေသာ ျမက္ခင္းစိမ္းၾကီး။)

(စံအိမ္အတြင္း ဝိုင္သုိေလွာင္ခန္း ၊ ေရကူးကန္ႏွင့္ အထက္တန္းက်ေသာ မီးဖိုေဆာင္တုိ႔ ပါဝင္သည္။)

(အဂၤလန္အသင္းေခါင္းေဆာင္ျဖစ္ခဲ့ဖူးသည္။)

(တယ္ရီသည္ သူ၏ စံအိမ္ကို ဗြီဒီယိုရုိက္ကာ အင္စတာဂရမ္တြင္ တင္ခဲ့ဖူးသည္။)

(ျခံဝန္းအက်ယ္ ၈ ဧကရွိျပီး သူ၏ အသင္းေဟာင္း ခ်ယ္လ္ဆီး၏ ေလ့က်င့္ေရးကြင္းႏွင့္ ခဲတစ္ပစ္စာမွ်သာ ကြာေဝးသည္။)

(ျခံအိမ္အတြင္း စာၾကည့္တုိက္တစ္ခု။)

(ျမင္းေဇာင္းမ်ားႏွင့္ တင္းနစ္ကြင္းတုိ႔ ပါဝင္သည္။)

(တယ္ရီ၏ ဗြီဒီယိုအတြင္း မီးဖုိေဆာင္အား ျပန္လည္ မြမ္းမံေနပံုကိုလည္း ေတြ႔ရသည္။)

(တယ္ရီ၏ ဗြီဒီယိုတြင္ ေဆာက္လုပ္ေနဆဲ ေရကူးကန္တစ္ခုလည္း ေတြ႔ရသည္။)

(တယ္ရီသည္ ဇနီးျဖစ္သူ တိုနီႏွင့္ ၂၀၀၆ ခုႏွစ္တြင္ အျမႊာကေလး ၂ ဦးထြန္းကားခဲ့ျပီး ၂၀၀၇ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကသည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: John Terry 'sells sprawling Surrey mansion for a huge £20million profit' after purchasing the seven-bedroom Surrey property just four years ago and adding a wine and cigar room, swimming pool and luxury kitchen (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service