သိမှတ်ဖွယ်ရာ ဥပဒေရေးရာ ဂရန်မြေကွက်များအကြောင်း

သိမှတ်ဖွယ်ရာ ဥပဒေရေးရာ ဂရန်မြေကွက်များအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Jun 2023 2:53 pm တွင် တင်ခဲ့သည်
1586 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ နှစ်(၃၀) ဂရန် မိတ္တူက ခိုင်မာမှုရှိပါသလား ...... ဆိုတဲ့ မေးခွန်းအပါအဝင် ဂရန်နဲ့ ပတ်သတ်တဲ့ အမေးအဖြေ (၃)ခုကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) - ဂရန်မြေမိတ္တူခြမ်းကို ဝယ်ယူမည်ဆိုလျှင် ဘာစာရွက်စာတမ်းတွေ လိုအပ်ပါသလဲ။

ဂရန်မြေဆိုသည်မှာ လူနေထိုင်ရန်အတွက်ဖြစ်စေ၊စီးပွားရေး၊ကျန်းမာရေး၊ဖွံ့ဖြိုးရေးအတွက်ဖြစ်စေ၊အစိုးရထံမှ မြေငှားစာချုပ်ရရှိသောစာချုပ်ကို မြေငှားဂရန်ဟု ခေါ်ဆိုပါသည်။ နိုင်ငံတော်မှ လူနေထိုင်ရန်အတွက် နှစ်၃၀၊ နှစ်၆၀၊ နှစ်၉၀ဟူ၍ မြေငှားဂရန်များ ချပေးထားပါသည်။ မြေကွက်ပေါ်မှာ တည်တံ့ခိုင်မာသော အဆောက်အအုံတည်ရှိနေမယ်ဆိုရင် နှစ်ရှည်မြေငှားဂရန် အစိုးရက သက်တမ်းအားဖြင့်တစ်ကြိမ်လျှင် နှစ်(၃၀)ချပေးပါတယ်။နှစ်(၃၀)ကို(၃)ကြိမ်လှယ်လဲခွင့်ရှိပြီး သက်တမ်းတိုးနိုင်ပါသည်။မြေပေါ်တွင် အတော်အတင့်သာအဆောက်အအုံရှိပြီး ယခုမှစတင်ချထားပေးသောဂရန်ဖြစ်ပါက (၁၀)/ (၁၅)နှစ်သာ ချထားပေးပါသည်။သက်တမ်းကုန်ဆုံးလျှင် အသစ်ပြန်လည်လျှောက်ထားရပါမယ်။

ဂရန်မြေမှာပေါ်မှာနေထိုင်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်အလက်များရှိပြီး ထိုစည်းကမ်းချက် များ၊ပြဋ္ဌာန်းချက်များမှာ ဂရန်တွင် ပါရှိပြီးဖြစ်ပါတယ်။ ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်အတိုင်း အတာ သည် မျက်နှာစာအနည်းဆုံး ပေ၂၀ရှိရမယ်။ကျန်ရှိမြေကွက် မျက်နှာစာ မှာ လည်း အနည်းဆုံးပေ၂၀ရှိရမည်။ စုစုပေါင်းဧရိယာ အနည်းဆုံး စတုရန်ပေ-၁၂၀၀ရှိရမည်။ မြေကွက် ခွဲစိတ် စည်းမျဉ်းနှင့် အဆောက်အဦး မြေပြင်တွင် ကင်းလွတ်ရမည်။ထို့ကြောင့် မြေကွက်ခွဲစိတ်နိုင်မှ ဝယ်ယူသင့်ပါတယ်။

အဆိုပါ ဂရန်မြေမှာ ဂရန်ခွဲလျှောက်ထားရန် ပေပြည့်မှီပါက အရပ်ကတိစာချုပ်ချုပ်ဆို ဝယ်ယူပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ရောင်းချသူ၏ (SP)ရယူထားပါ။ဂရန်မူရင်းများ ပြသရမည် အချိန်တွင် ဂရန်မူရင်းကိုင်ဆောင်ထားသူမှ လိုက်လံ့ပြသဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သဘောတူမှုလဲ ကြိုတင် ရယူထားရန်လိုပါတယ်။ထို့နောက် အရောင်းအဝယ်အတွက် အခွန်ဆောင်၊ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး ၊ မှတ်ပုံတင်၊ မြေငှားကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံစာ၊ တစ်နှစ်အတွင်း သက်သေခံနိုင်သည့် မြေကွက် ခွဲစိတ်မြေပုံ၊ မြေရာဇဝင်၊အတိုင်းအတာ မြေပုံ၊ အင်ဂျင်နီယာရေးဆွဲထားသည့် မြေကွက် ခွဲစိတ် အတည်ပြု ပုံစံ(၃)စုံမူရင်းတို့ဖြင့် မြေကွက်ခွဲစိတ်ဂရန်လျှောက်ထားရပါမယ်။

အဆိုပါမြေမှာ ဂရန်ခွဲစိတ်ပေမပြည့်ပါက ခွဲစိတ်ဂရန်လျှောက်ထားခြင်းမပြုနိုင်သလို မြေကွက် နေထိုင်ခွင့်သာရရှိမည်ဖြစ်ပါတယ်။ တရားဝင် ပိုင်ဆိုင်ခွင့်အထောက်အထားမရှိသဖြင့်၊အမွေဆက်ခံခွင့်အတွက်လဲ တရားဝင်လွှဲပြောင်း ပေးအပ်နိုင်ခြင်းရှိမည် မဟုတ်ပါ။ထို့ကြောင့် ဝယ်ယူသူအနေဖြင့် ရေရှည်အတွက် အကျိုး ကျေးဇူးများသော ဂရန်မူရင်းရရှိနိုင်မည့်ခွဲစိတ်ပေပြည့်မီသောမြေကိုသာ ဝယ်ယူပါ။ထို့ပြ င်စာချုပ်တွင် မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်ပြီး အငြင်းပွှားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ရောင်းချသူမှ အာမခံဖြေရှင်းပေးမည် ကြောင်း ဖော်ပြထားသော်လည်း အရေးကြုံလာလျှင် အမှုအခင်းဖြင့်သာ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခွဲစိတ်ဂရန် လျှောက်ထားရန် မြေကွက်ပေမပြည့်ပါက ဂရန်မိတ္တူသာ ရရှိတော့မည့်မြေကွက်ကို မဝယ်ယူသင့်ပါကြောင်း စာရွက်စာတမ်းမိတ္တူများမှာ အသုံးမဝင်ပါကြောင်း ဖြေဆိုလိုက်ရပါတယ်။

 

 

မေးခွန်း (၂) - နှစ်(၃၀) ဂရန် မိတ္တူက ခိုင်မာမှုရှိပါသလား။

အစိုးရမှ လူနေထိုင်ရန်အတွက် ဂရန်များ ချထားရာတွင် နှစ်၃၀၊နှစ်၆၀ ၊နှစ်၉၀ဟူ၍ နှစ်ရှည် မြေငှား ဂရန်များကို ကာလအပိုင်းအခြားဖြင့် ချထားပေးပါတယ်။

မြေအားလုံး၏မူလပိုင်ရှင်မှာ နိုင်ငံတော်ပင်ဖြစ်ပြီး ဂရန်မြေပေါ်တွင် နေထိုင်ရာ၌ လိုက်နာရမည့် စည်း ကမ်းချက်သတ်မှတ်ချက်များလဲရှိကာ တနည်းဆိုရသော ဂရန်မြေဆိုသည်မှာ အစိုးရနှင့်နေထိုင် သူကြားချုပ် ဆိုထား သော ပဋ္ဋိညာဉ်တစ်ခုပင်ဖြစ်ပါသည်။

ထို့ကြောင့် ဂရန်မြေသက်တမ်းကုန်ခြင်း၊ မြေခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်း တို့မရှိစေရန်အထူး ဂရုစိုက်ရပါမယ်။ အငှားသက်တမ်းကုန်လွန်ရင် အစိုးရက ဂရန်ကိုပြန်သိမ်းခွင့်ရှိတယ်။ ဂရန်အမည်ပေါက် သူကလဲ၎င်းမြေဖြစ်ကြောင်းငြင်းဆန်ခွင့်မရှိသလို ငှားရမ်းခြင်း သက်တမ်းကုန်သည့် မြေအားအသာတကြည်ပြန်လည်ပေးအပ်ဖို့သာ တာဝန်ရှိတယ်။ထို့ကြောင့် သက်တမ်း မကုန် ခင်(၃)လ အလို တွင် ဂရန်သက် တမ်းတိုး မဖြစ်မနေဆောင်ရွက်ရပါမယ်။

အစိုးရနှင့်ဂရန်စာချုပ်ချုပ်ဆိုသော မူလအမည်ပေါက်သူမှာသာ နေထိုင်ပိုင်ဆိုင်ခွင့်ရှိနေပြီး အဆင့်ဆင့် ဝယ်ယူနေထိုင်သူများမှာလဲ အမည်ပြောင်း ဆောင်ရွက်နိုင်ရန် ခိုင်လုံသည့် အထောက်အထားရှိမှသာ ဝယ်ယူသင့်ပါတယ်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းများတွင် တန်ဖိုးငွေ(၁၀၀)ထက်ပိုပါက မှတ်ပုံတင်စာချုပ် ချုပ်ဆိုရပါမယ်။ အမည်ပေါက်ပိုင်ရှင်ဟုတ်မဟုတ် ဂရန်သက်တမ်းကျန်မကျန် စစ်ဆေးရန် လိုအပ်ပြီး ထိုသို့ စစ်ဆေးရာတွင် ယခုမေးမြန်းထားသော နှစ်(၃၀)ဂရန်မှာ ခွဲစိတ်ဂရန်လျှောက်ထားရန် မျက်နှာစာ (၂၀) ပေ၊ မြေကွက်အကျယ် (၁၂၀၀) စတုရန်းပေပြည့်မှီပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ခွဲစိတ်ဂရန်လျှောက်ထားသင့်ပါသည်။

အကယ်၍မြေကွက်မှာ ခွဲစိတ်ဂရန်လျှောက်ထားရန်ပေမပြည့်မှီခြင်း၊မြေကွက်ကိုဂရန်ခွဲလျှောက်ထားနိုင်သော်လည်း ဂရန်မိတ္တူသာ ဆက်လက်ကိုင်ထားခြင်းတို့မှာ မြေပိုင်ဆိုင်မှုမခိုင်မာပဲ ဝယ်ယူနေထိုင်နေခြင်း သာဖြစ်ပြီး ပြန်လည်ရောင်းချရန်လဲ မလွယ်ကူသလို သားသမီးဆွေမျိုးများအားလဲ အမွေပုံပစ္စည်းအဖြစ် တရားဝင်ဆက်ခံခွင့်မပေးနိုင်ပါ။

ဂရန်အမည်ပေါက်သူမှ မြေခွန်ပြေစာ မပေးဆောင်ခြင်း၊ဂရန်သက်တမ်းတိုးခြင်းများ မဆောင်ရွက်ပါ ကလဲ သိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဂရန်မိတ္တူဖြင့် ဝယ်ယူခြင်းမှာ နေထိုင်ခွင့်သာရရှိပြီး တရားဝင် ပိုင်ဆိုင်ခွင့်မရရှိသောကြောင့် အရောင်းအဝယ် မခိုင်လုံကြောင်း ဖြေကြားပေးလိုက်ပါတယ်။

 

 

မေးခွန်း (၃) - ဆုံးသွားတဲ့အဖေ့အမည်ပေါက်ဂရန်ကို အမေ့နာမည်ပြောင်းရင် ဘာတွေလိုအပ်ပါသလဲ။

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်မယားနှစ်ဦးမှာ နှစ်ဦးပိုင်ပစ္စည်းအား ပူးတွဲပိုင်ဆိုင်သူများ အ နေဖြင့် ခွဲဝေယူခြင်းမဟုတ်ဘဲ အတူပိုင်ဆိုင်သူများအနေဖြင့် ဥပဒေအရ အကျိုးခံစားခွင့်ရှိနေသူများသာဖြစ်သည်။

အိမ်နှင့်မြေကို လင်တစ်ဦးထဲ၏ အမည်ဖြင့်ဖြစ်စေ၊မယားတစ်ဦးထဲအမည်ဖြင့်ဖြစ်စေ၊ဝယ်ယူစေကာမှု ပိုင်ဆိုင်ခွင့်မှာ အတူတူပိုင်ဆိုင်ခြင်းပဲဖြစ်ပါတယ်။ဥပဒေအရ ပါရင်းပစ္စည်း နှင့်လက်ထပ်ပွားပစ္စည်း ၊ခန်းဝင်း ပစ္စည်းဆိုသည်မှာလဲရှိပါတယ်။တစ်ဦးသေဆုံးသည့်အခါ ကျန်တစ်ဦးမှာ ကွယ်လွန်သူ၏ ကျန်ရှိပစ္စည်းအား ဆက်ခံခွင့်ရှိပါတယ်။

ထို့ကြောင့် သေဆုံးသူအမည်ပေါက်မြေပိုင်ရှင်၏ ဇနီးဖြစ်သူမှ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူးယူရပါမယ်။မြေပုံကူးရာတွင် သေစာရင်း၊သန်းခေါင်းစာရင်းမူရင်း၊မြေခွန်ပြေစာ (ဘိုးဘွားပိုင်မြေတွင် မလိုပါ)၊ ဂရန်(သို့)ပိုင်ဆိုင်ကြောင်းစာချုပ်စာတမ်းမူရင်း များနှင့်အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ တို့ဖြင့် ပူးတွဲ လျှောက်ထားရပါမယ်။

အရောင်းအဝယ်တစ်ခါထဲပြုလုပ်မည်ဆိုပါက ပိုင်ဆိုင်ကြောင်းမြေပုံနှင့် အရောင်းမြေပုံပူးတွဲ ကူးယူနိုုင်ပါတယ်။ဌာနညွှန်ကြားချက်ဖြင့် သတင်းစာကြေညာပြုလုပ်ရပြီး ကန့်ကွက်မှုမရှိလျှင် မြေပုံထုတ်ယူနိုင်ပါတယ်။

ထို့နောက် မှတ်ပုံတင်ရုံးတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ပြီး ပိုင်ဆိုင်မှုအ ထောက်အထားမူရင်းများ၊သေစာရင်းမူရင်း၊မှတ်ပုံတင်၊ကျမ်းကျိန်လွှာ၊အထက်ဖော်ပြပါမြေပုံတို့ ပူးတွဲယူဆောင် သွားရပါမယ်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

သိမွတ္ဖြယ္ရာ ဥပေဒေရးရာ ဂရန္ေျမကြက္မ်ားအေၾကာင္း

 

အပတ္စဥ္တင္ဆက္ေပးေနတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖက႑ေလးတစ္ဖန္ျပန္လည္ေရာက္႐ွိလို႕လာပါၿပီ။ ႏွစ္(၃၀) ဂရန္ မိတၱဴက ခိုင္မာမႈရွိပါသလား ...... ဆိုတဲ့ ေမးခြန္းအပါအဝင္ ဂရန္နဲ႕ ပတ္သတ္တဲ့ အေမးအေျဖ (၃)ခုကို ဒီတစ္ပတ္အတြက္ တင္ဆက္ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ေမးခြန္း (၁) - ဂရန္ေျမမိတၱဴျခမ္းကို ၀ယ္ယူမည္ဆိုလွ်င္ ဘာစာရြက္စာတမ္းေတြ လိုအပ္ပါသလဲ။

ဂရန္ေျမဆိုသည္မွာ လူေနထိုင္ရန္အတြက္ျဖစ္ေစ၊စီးပြားေရး၊က်န္းမာေရး၊ဖြံ႕ျဖိဳးေရးအတြက္ျဖစ္ေစ၊အစိုးရထံမွ ေျမငွားစာခ်ဳပ္ရရွိေသာစာခ်ဳပ္ကို ေျမငွားဂရန္ဟု ေခၚဆိုပါသည္။ ႏိုင္ငံေတာ္မွ လူေနထိုင္ရန္အတြက္ ႏွစ္၃၀၊ ႏွစ္၆၀၊ ႏွစ္၉၀ဟူ၍ ေျမငွားဂရန္မ်ား ခ်ေပးထားပါသည္။ ေျမကြက္ေပၚမွာ တည္တံ႔ခိုင္မာေသာ အေဆာက္အအံုတည္ရွိေနမယ္ဆိုရင္ ႏွစ္ရွည္ေျမငွားဂရန္ အစိုးရက သက္တမ္းအားျဖင့္တစ္ၾကိမ္လွ်င္ ႏွစ္(၃၀)ခ်ေပးပါတယ္။ႏွစ္(၃၀)ကို(၃)ၾကိမ္လွယ္လဲခြင့္ရွိၿပီး သက္တမ္းတိုးႏိုင္ပါသည္။ေျမေပၚတြင္ အေတာ္အတင့္သာအေဆာက္အအံုရွိၿပီး ယခုမွစတင္ခ်ထားေပးေသာဂရန္ျဖစ္ပါက (၁၀)/ (၁၅)ႏွစ္သာ ခ်ထားေပးပါသည္။သက္တမ္းကုန္ဆံုးလွ်င္ အသစ္ျပန္လည္ေလွ်ာက္ထားရပါမယ္။

ဂရန္ေျမမွာေပၚမွာေနထိုင္ရာတြင္ လိုက္နာေဆာင္ရြက္ရန္အခ်က္အလက္မ်ားရွိၿပီး ထိုစည္းကမ္းခ်က္ မ်ား၊ျပ႒ာန္းခ်က္မ်ားမွာ ဂရန္တြင္ ပါရွိၿပီးျဖစ္ပါတယ္။ ခြဲစိတ္ရန္ ေလွ်ာက္ထားေသာ ေျမကြက္အတိုင္း အတာ သည္ မ်က္ႏွာစာအနည္းဆုံး ေပ၂၀ရွိရမယ္။က်န္ရွိေျမကြက္ မ်က္ႏွာစာ မွာ လည္း အနည္းဆုံးေပ၂၀ရွိရမည္။ စုစုေပါင္းဧရိယာ အနည္းဆုံး စတုရန္ေပ-၁၂၀၀ရွိရမည္။ ေျမကြက္ ခြဲစိတ္ စည္းမ်ဥ္းႏွင့္ အေဆာက္အဦး ေျမျပင္တြင္ ကင္းလြတ္ရမည္။ထို႔ေၾကာင့္ ေျမကြက္ခြဲစိတ္ႏိုင္မွ ၀ယ္ယူသင့္ပါတယ္။

အဆိုပါ ဂရန္ေျမမွာ ဂရန္ခြဲေလွ်ာက္ထားရန္ ေပျပည့္မွီပါက အရပ္ကတိစာခ်ဳပ္ခ်ဳပ္ဆို ၀ယ္ယူၿပီး စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ ေရာင္းခ်သူ၏ (SP)ရယူထားပါ။ဂရန္မူရင္းမ်ား ျပသရမည္ အခ်ိန္တြင္ ဂရန္မူရင္းကိုင္ေဆာင္ထားသူမွ လိုက္လံ႔ျပသေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သေဘာတူမႈလဲ ၾကိဳတင္ ရယူထားရန္လိုပါတယ္။ထို႔ေနာက္ အေရာင္းအ၀ယ္အတြက္ အခြန္ေဆာင္၊ မွတ္ပံုတင္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ၊ မွတ္ပံုတင္၊ ေျမငွားေၾကြးက်န္ကင္းရွင္းေၾကာင္းေထာက္ခံစာ၊ တစ္ႏွစ္အတြင္း သက္ေသခံႏိုင္သည့္ ေျမကြက္ ခြဲစိတ္ေျမပံု၊ ေျမရာဇ၀င္၊အတိုင္းအတာ ေျမပံု၊ အင္ဂ်င္နီယာေရးဆြဲထားသည့္ ေျမကြက္ ခြဲစိတ္ အတည္ျပဳ ပုံစံ(၃)စုံမူရင္းတို႔ျဖင့္ ေျမကြက္္ခြဲစိတ္ဂရန္ေလွ်ာက္ထားရပါမယ္။

အဆိုပါေျမမွာ ဂရန္ခြဲစိတ္ေပမျပည့္ပါက ခြဲစိတ္ဂရန္ေလွ်ာက္ထားျခင္းမျပဳႏိုင္သလို ေျမကြက္ ေနထိုင္ခြင့္သာရရွိမည္ျဖစ္ပါတယ္။ တရား၀င္ ပိုင္ဆိုင္ခြင့္အေထာက္အထားမရွိသျဖင့္၊အေမြဆက္ခံခြင့္အတြက္လဲ တရား၀င္လႊဲေျပာင္း ေပးအပ္ႏိုင္ျခင္းရွိမည္ မဟုတ္ပါ။ထို႔ေၾကာင့္ ၀ယ္ယူသူအေနျဖင့္ ေရရွည္အတြက္ အက်ိဳး ေက်းဇူးမ်ားေသာ ဂရန္မူရင္းရရွိႏိုင္မည့္ခြဲစိတ္ေပျပည့္မီေသာေျမကိုသာ ၀ယ္ယူပါ။ထို႔ျပ င္စာခ်ဳပ္တြင္ ေျမပိုင္ဆိုင္မႈႏွင့္ပတ္သတ္ၿပီး အျငင္းပႊားမႈ တစ္စံုတစ္ရာေပၚေပါက္လာပါက ေရာင္းခ်သူမွ အာမခံေျဖရွင္းေပးမည္ ေၾကာင္း ေဖာ္ျပထားေသာ္လည္း အေရးၾကံဳလာလွ်င္ အမႈအခင္းျဖင့္သာ ရင္ဆိုင္ေျဖရွင္းရမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ခြဲစိတ္ဂရန္ ေလွ်ာက္ထားရန္ ေျမကြက္ေပမျပည့္ပါက ဂရန္မိတၲဴသာ ရရွိေတာ့မည့္ေျမကြက္ကို မ၀ယ္ယူသင့္ပါေၾကာင္း စာရြက္စာတမ္းမိတၱဴမ်ားမွာ အသံုးမ၀င္ပါေၾကာင္း ေျဖဆိုလိုက္ရပါတယ္။

 

ေမးခြန္း (၂) - ႏွစ္(၃၀) ဂရန္ မိတၱဴက ခိုင္မာမႈရွိပါသလား။

အစိုးရမွ လူေနထိုင္ရန္အတြက္ ဂရန္မ်ား ခ်ထားရာတြင္ ႏွစ္၃၀၊ႏွစ္၆၀ ၊ႏွစ္၉၀ဟူ၍ ႏွစ္ရွည္ ေျမငွား ဂရန္မ်ားကို ကာလအပိုင္းအျခားျဖင့္ ခ်ထားေပးပါတယ္။

ေျမအားလံုး၏မူလပိုင္ရွင္မွာ ႏိုင္ငံေတာ္ပင္ျဖစ္ၿပီး ဂရန္ေျမေပၚတြင္ ေနထိုင္ရာ၌ လိုက္နာရမည့္ စည္း ကမ္းခ်က္သတ္မွတ္ခ်က္မ်ားလဲရွိကာ တနည္းဆိုရေသာ ဂရန္ေျမဆိုသည္မွာ အစိုးရႏွင့္ေနထိုင္ သူၾကားခ်ဳပ္ ဆိုထား ေသာ ပ႗ိညာဥ္တစ္ခုပင္ျဖစ္ပါသည္။

ထို႔ေၾကာင့္ ဂရန္ေျမသက္တမ္းကုန္ျခင္း၊ ေျမခြန္ေပးေဆာင္ရန္ ပ်က္ကြက္ျခင္း တို႔မရွိေစရန္အထူး ဂရုစိုက္ရပါမယ္။ အငွားသက္တမ္းကုန္လြန္ရင္ အစိုးရက ဂရန္ကိုျပန္သိမ္းခြင့္ရွိတယ္။ ဂရန္အမည္ေပါက္ သူကလဲ၄င္းေျမျဖစ္ေၾကာင္းျငင္းဆန္ခြင့္မရွိသလို ငွားရမ္းျခင္း သက္တမ္းကုန္သည့္ ေျမအားအသာတၾကည္ျပန္လည္ေပးအပ္ဖို႔သာ တာ၀န္ရွိတယ္။ထို႔ေၾကာင္႔ သက္တမ္း မကုန္ ခင္(၃)လ အလို တြင္ ဂရန္သက္ တမ္းတိုး မျဖစ္မေနေဆာင္ရြက္ရပါမယ္။

အစိုးရႏွင့္ဂရန္စာခ်ဳပ္ခ်ဳပ္ဆိုေသာ မူလအမည္ေပါက္သူမွာသာ ေနထိုင္ပိုင္ဆိုင္ခြင့္ရွိေနၿပီး အဆင့္ဆင့္ ၀ယ္ယူေနထိုင္သူမ်ားမွာလဲ အမည္ေျပာင္း ေဆာင္ရြက္ႏိုင္ရန္ ခိုင္လံုသည့္ အေထာက္အထားရွိမွသာ ၀ယ္ယူသင့္ပါတယ္။

မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားတြင္ တန္ဖိုးေငြ(၁၀၀)ထက္ပိုပါက မွတ္ပံုတင္စာခ်ဳပ္ ခ်ဳပ္ဆိုရပါမယ္။ အမည္ေပါက္ပိုင္ရွင္ဟုတ္မဟုတ္ ဂရန္သက္တမ္းက်န္မက်န္ စစ္ေဆးရန္ လိုအပ္ၿပီး ထိုသို႔ စစ္ေဆးရာတြင္ ယခုေမးျမန္းထားေသာ ႏွစ္(၃၀)ဂရန္မွာ ခြဲစိတ္ဂရန္ေလွ်ာက္ထားရန္ မ်က္ႏွာစာ (၂၀) ေပ၊ ေျမကြက္အက်ယ္ (၁၂၀၀) စတုရန္းေပျပည့္မွီပါက မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ခြဲစိတ္ဂရန္ေလွ်ာက္ထားသင့္ပါသည္။

အကယ္၍ေျမကြက္မွာ ခြဲစိတ္ဂရန္ေလွ်ာက္ထားရန္ေပမျပည့္မွီျခင္း၊ေျမကြက္ကိုဂရန္ခြဲေလွ်ာက္ထားႏိုင္ေသာ္လည္း ဂရန္မိတၲဴသာ ဆက္လက္ကိုင္ထားျခင္းတို႔မွာ ေျမပိုင္ဆိုင္မႈမခိုင္မာပဲ ၀ယ္ယူေနထိုင္ေနျခင္း သာျဖစ္ၿပီး ျပန္လည္ေရာင္းခ်ရန္လဲ မလြယ္ကူသလို သားသမီးေဆြမ်ိဳးမ်ားအားလဲ အေမြပံုပစၥည္းအျဖစ္ တရား၀င္ဆက္ခံခြင့္မေပးႏိုင္ပါ။

ဂရန္အမည္ေပါက္သူမွ ေျမခြန္ေျပစာ မေပးေဆာင္ျခင္း၊ဂရန္သက္တမ္းတိုးျခင္းမ်ား မေဆာင္ရြက္ပါ ကလဲ သိႏိုင္မည္မဟုတ္ပါ။ ထို႔ေၾကာင့္ ဂရန္မိတၲဴျဖင့္ ၀ယ္ယူျခင္းမွာ ေနထုိင္ခြင့္သာရရွိၿပီး တရား၀င္ ပိုင္ဆိုင္ခြင့္မရရွိေသာေၾကာင့္ အေရာင္းအ၀ယ္ မခိုင္လံုေၾကာင္း ေျဖၾကားေပးလိုက္ပါတယ္။

 

ေမးခြန္း (၃) - ဆံုးသြားတဲ့အေဖ႔အမည္ေပါက္ဂရန္ကို အေမ႔နာမည္ေျပာင္းရင္ ဘာေတြလိုအပ္ပါသလဲ။

ျမန္မာဓေလ႔ထံုးတမ္းဥပေဒအရ လင္မယားႏွစ္ဦးမွာ ႏွစ္ဦးပိုင္ပစၥည္းအား ပူးတြဲပိုင္ဆိုင္သူမ်ား အ ေနျဖင့္ ခြဲေ၀ယူျခင္းမဟုတ္ဘဲ အတူပိုင္ဆိုင္သူမ်ားအေနျဖင့္ ဥပေဒအရ အက်ိဳးခံစားခြင့္ရွိေနသူမ်ားသာျဖစ္သည္။

အိမ္ႏွင့္ေျမကုိ လင္တစ္ဦးထဲ၏ အမည္ျဖင့္ျဖစ္ေစ၊မယားတစ္ဦးထဲအမည္ျဖင့္ျဖစ္ေစ၊၀ယ္ယူေစကာမႈ ပိုင္ဆိုင္ခြင့္မွာ အတူတူပိုင္ဆိုင္ျခင္းပဲျဖစ္ပါတယ္။ဥပေဒအရ ပါရင္းပစၥည္း ႏွင့္လက္ထပ္ပြားပစၥည္း ၊ခန္း၀င္း ပစၥည္းဆိုသည္မွာလဲရွိပါတယ္။တစ္ဦးေသဆံုးသည့္အခါ က်န္တစ္ဦးမွာ ကြယ္လြန္သူ၏ က်န္ရွိပစၥည္းအား ဆက္ခံခြင့္ရွိပါတယ္။

ထို႔ေၾကာင့္ ေသဆံုးသူအမည္ေပါက္ေျမပိုင္ရွင္၏ ဇနီးျဖစ္သူမွ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေျမပံုုကူးယူရပါမယ္။ေျမပံုကူးရာတြင္ ေသစာရင္း၊သန္းေခါင္းစာရင္းမူရင္း၊ေျမခြန္ေျပစာ (ဘိုးဘြားပိုင္ေျမတြင္ မလိုပါ)၊ ဂရန္(သို႔)ပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္စာတမ္းမူရင္း မ်ားႏွင့္အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္လႊာ တို႔ျဖင့္ ပူးတြဲ ေလွ်ာက္ထားရပါမယ္။

အေရာင္းအ၀ယ္တစ္ခါထဲျပဳလုပ္မည္ဆိုပါက ပိုင္ဆိုင္ေၾကာင္းေျမပံုႏွင့္ အေရာင္းေျမပံုပူးတြဲ ကူးယူႏုိုင္ပါတယ္။ဌာနညႊန္ၾကားခ်က္ျဖင့္ သတင္းစာေၾကညာျပဳလုပ္ရၿပီး ကန္႔ကြက္မႈမရွိလွ်င္ ေျမပံုထုတ္ယူႏိုင္ပါတယ္။

ထို႔ေနာက္ မွတ္ပံုတင္ရံုးတြင္ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းမွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ၿပီး ပိုင္ဆိုင္မႈအ ေထာက္အထားမူရင္းမ်ား၊ေသစာရင္းမူရင္း၊မွတ္ပံုတင္၊က်မ္းက်ိန္လႊာ၊အထက္ေဖာ္ျပပါေျမပံုတို႔ ပူးတြဲယူေဆာင္ သြားရပါမယ္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service