ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
“နေညိုရီ တယ်ပြီး လက်တွန့်သကိုး”
မနေ့ညက ကာရန်လွဲမေတ္တာ အပိုင်း(၁၈)ကို ကြည့်ဖြစ်လိုက်သည်။နေညိုရီဆိုတဲ့ အမျိုးသမီးဇာတ်ကောင်က ဦးဆိုတဲ့ကောင်ကို ဓားနဲ့ထိုးသည်။သူ့ကို ကိုယ်ထိလက်ရောက်လုပ်လို့ ထိုးလိုက်တာဖြစ်သည်။ ဒီအထိ ဟုတ်နေသေးသည်။
ထိုးရမည်။သေအောင်ကို ထိုးလိုက်ရမည်။
မိန်းကလေးဆိုသည် ယောကျ်ားနဲ့ယှဉ်လိုက် နဂိုကတည်းကိုက ခွန်အားနည်းသည်။အားချင်းမယှဉ်နိုင်လျှင် လက်နက်နှင့်ယှဉ်ရမည်။လက်နက်နှင့်ယှဉ်သည့်အခါလည်း ချက်ကောင်းထိအောင်လုပ်ရမည်။
ဓားနှင့်အထိုးခံလိုက်ရသည့်ကောင်က နဂိုကတည်းကိုက စိတ်ချရသည့် လူစားမျိုးမဟုတ်။စိတ်မချရသူကို အိမ်ထဲဧည့်ခံမိလျှင် ဒီလိုမျိုးတွေ ဖြစ်လာမည်။ ဒီလိုမျိုးတွေဖြစ်လာလျှင် တန်ပြန်ခုခံနိုင်ဖို့ လုပ်ရမည်။ တန်ပြန်ခုခံဖို့ မလုပ်ဝံ့လျှင်လည်း တံခါးဖွင့်မပေးဘဲနေလိုက်ရမည်။
လေကြီးမိုးကြီးအပြောတွေနှင့် နှစ်လက်မလောက်ရှိတဲ့ ဓားလေးနဲ့ မဖြစ်စလောက်လေးလုပ်လိုက်တော့ ဟိုကခြောက်လက်မလောက်ပြန်ထည့်သွားပုံရသည်။ (ရိုင်းရင်လည်းခွင့်လွှတ်ပါ)
“ကျွန်မကို မခြိမ်းခြောက်ပါနဲ့… တစ်ချိန်ကလည်း… ကြောက်တဲ့စိတ်ကြောင့်… ဘဝပျက်ပြီးသွားပြီ… နောက်တစ်ခါ အပျက်မခံနိုင်တော့ဘူး…”။ဒါက ဟန်ကိုယ့်ဖို့စကား။ မဖြစ်သေးခင် ဒီစကားနှင့် တားရမှာ ဖြစ်သည်။
အသားစားကျားကို တားမရလျှင် ရရာလက်နက်နှင့် ခုခံသတ်ဖြတ်ရမည်။အလိုရမ္မက်ကြီးသူက ခွန်အားကြီးသည်။ဗလအားနှင့်တင်မဟုတ် မာယာအားနှင့်ပါလုပ်ပြသွားသည်။
ရိုးရိုးရန်ပြုသည်မဟုတ် တဏှာရမ္မက်ကိုလို၍ ရန်ပြုသည်။ ဒီလိုလူကို ပြန်ပြီး သနားရမည်လား။ အပြတ်ရှင်းရမည်။
နေညိုရီ ရိုးတယ်,အတယ် ဆိုရအောင်ကလည်း အဲလောက်ကြီးရိုးပြရသလား။
ကိုယ့်ကိုယ် လာမဖက်ခင်ကတည်းက ဓားထုတ်ပြီး တွက်လိုက်ရမှာဖြစ်သည်။လာဖက်လို့တွန်းထုတ်ပြီး ဓားထုတ်လို့ ‘ရှေ့တိုးမလာနဲ့နော်’လုပ်နေလို့မရဘူး။
တွန်းပြီးကတည်းက ဓားနဲ့လိုက်ထိုးရမှာဖြစ်သည်။ဟန်ချက်ပျက်သူကို ပြန်မတ်ခွင့် ပေးလို့မရ။
အခုတော့ ကျားရဲက ပြန်မတ်ပြီး ရှေ့ကိုတိုးခဲ့သည်။ရှေ့တိုးတော့ တစ်ချက်ထိုးသည်။ထိထိမိမိ… လက်မောင်း..လက်မောင်း။ကျွန်တော့်စိတ်ထဲက ထပ်ထိုးဟ၊သေအောင်ထပ်ထိုးဟလို့ ပြောနေတုန်း…။
သွေးမြင်လို့ကြောက်သည်လား။ဒါကို ဓားနဲ့ ဆက်မထိုးဘဲ ‘ဦး..ဦး…ရရဲ့လားဟင်… ကျွန်မဘာလုပ်ပေးရမလဲ …’တဲ့။ သေဟဲ့လို့သာ ပြောလိုက်ချင်သည်။
စားနေကြကြောင်ဖားက အခြေအနေနပ်သွားတော့သည်။မူယာမာယာတွေ လုပ်ကုန်သည်။
‘ရဲကိုတော့…မတိုင်ပါနဲ့နော်’တဲ့။နေညိုရီရေ ဒီစကားက နင်ပြောရမယ့် စကားမဟုတ်ဘူး ဆိုတာလောက်တော့ သိဖို့ကောင်းသည်။
‘..ထမင်းစားသွားမလားဟင်..’
‘နင်က ငါ့ကိုထမင်းကြွေးမယ့်ပေါ့..’
‘..ကြက်ဥတော့ရှိတယ်…ထမင်းကြော်လိုက်ရင်..ဦးစားလို့အဆင်ပြေမယ် ထင်တယ်…’။
‘ေ…ပရိသတ်ကြီးရေ နေညိုရီက ကြက်ဥတောင် ထည့်ကြွေးလိုက်သေးသဗျ..’ဟု ကုန်းပြီးတော့သာ အော်လိုက်ချင်သည်။
အဲဒီနောက်တော့ မာယာရှင်ကြီး ညွှတ်ကွင်းတွင်ဝင်သွားသလား၊မဝင်သွားသလား။ အိပ်ယာထဲရောက် သူ့ယောကျ်ား အင်္ကျီတောင်ထုတ်ဝတ်ပေး။ပြီးတော့တစ်ခန်းပြောင်းသွားသည်။
ဦးဆိုတဲ့ကောင်က ဇွန်းခရင်းကို ပန်းကန်ထဲချရင်း..
‘သိပ်…ကို..စားလို့..ကောင်းတာပဲ…ပြန်လိုက်ဦးမယ်…နောက်လည်းလာခဲ့ဦးမယ်…’တဲ့။မည်ကဲ့သို့ နေညိုရီ လုပ်ပေးလိုက်သည် မသိတော့ပါ။
ဦးဆိုတဲ့ကောင် ပြန်ကာနီး နေညိုရီ ရှိုက်ကာငိုရင်း ပြောလိုက်သည်က…
‘…ဦး…ဓားလေးတော့ ပြန်ပေးခဲ့ပါ…အဲဒါ အစ်ကို့ရဲ့ဓားလေး မို့လို့ပါ…’။
ကျွန်တော်ကြည့်နေရင်း သနားရမှာလား၊ပြေးပြီး ဆောင့်ကန်ရမလား၊ငိုရမှာလား၊ရီရမှာလားဗျို့လို့သာ အော်လိုက်ချင်သည်။
ဦးဆိုတဲ့ကောင်ကို သူ့ယောကျ်ား အင်္ကျီလည်း ဝတ်ပေးလိုက်သည်။စောင့်ထိန်းရမည့် အရှက်တရားကိုလည်း ပေးခဲ့လိုက်သည်။ ကိုယ့်ကိုယ် မကာကွယ်နိုင်တဲ့ဓားကိုမှ ဘာလို့ပြန်တောင်းနေရတော့တာလဲမသိ။ကြည့်ရင်းနဲ့ ဘာလဲဟလို့တောင် ပါးစပ်ကပြောမိသေးတယ်။ရိုးလိုက်တာ၊သိပ်ကိုရိုးလိုက်တာလို့ပဲပြောရမှာလား။
မိအေးက ပုံပြင်ထဲမှာ နှစ်ခါပဲနာသည်။နေညိုရီက မည်မျှနာဦးမည်မသိ။ဒီဇာတ်ဝင်ခန်းက ဝမ်းနည်း စာနာရမှုမပေးနိုင်ခဲ့ဘဲ ထရိုက်ချင်စိတ်တို့သာ စိတ်မှာဖြစ်ခဲ့ပါတော့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit to Photo
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“ေနညိဳရီ တယ္ၿပီး လက္တြန္႔သကိုး”
မေန႔ညက ကာရန္လြဲေမတၱာ အပိုင္း(၁၈)ကို ၾကည့္ျဖစ္လိုက္သည္။ေနညိဳရီဆိုတဲ့ အမ်ိဳးသမီးဇာတ္ေကာင္က ဦးဆိုတဲ့ေကာင္ကို ဓားနဲ႔ထိုးသည္။သူ႕ကို ကိုယ္ထိလက္ေရာက္လုပ္လို႔ ထိုးလိုက္တာျဖစ္သည္။ ဒီအထိ ဟုတ္ေနေသးသည္။
ထိုးရမည္။ေသေအာင္ကို ထိုးလိုက္ရမည္။
မိန္းကေလးဆိုသည္ ေယာက်္ားနဲ႔ယွဥ္လိုက္ နဂိုကတည္းကိုက ခြန္အားနည္းသည္။အားခ်င္းမယွဥ္ႏိုင္လွ်င္ လက္နက္ႏွင့္ယွဥ္ရမည္။လက္နက္ႏွင့္ယွဥ္သည့္အခါလည္း ခ်က္ေကာင္းထိေအာင္လုပ္ရမည္။
ဓားႏွင့္အထိုးခံလိုက္ရသည့္ေကာင္က နဂိုကတည္းကိုက စိတ္ခ်ရသည့္ လူစားမ်ိဳးမဟုတ္။စိတ္မခ်ရသူကို အိမ္ထဲဧည့္ခံမိလွ်င္ ဒီလိုမ်ိဳးေတြ ျဖစ္လာမည္။ ဒီလိုမ်ိဳးေတြျဖစ္လာလွ်င္ တန္ျပန္ခုခံႏိုင္ဖို႔ လုပ္ရမည္။ တန္ျပန္ခုခံဖို႔ မလုပ္ဝံ့လွ်င္လည္း တံခါးဖြင့္မေပးဘဲေနလိုက္ရမည္။
ေလႀကီးမိုးႀကီးအေျပာေတြႏွင့္ ႏွစ္လက္မေလာက္႐ွိတဲ့ ဓားေလးနဲ႔ မျဖစ္စေလာက္ေလးလုပ္လိုက္ေတာ့ ဟိုကေျခာက္လက္မေလာက္ျပန္ထည့္သြားပုံရသည္။ (႐ိုင္းရင္လည္းခြင့္လႊတ္ပါ)
“ကြၽန္မကို မၿခိမ္းေျခာက္ပါနဲ႔… တစ္ခ်ိန္ကလည္း… ေၾကာက္တဲ့စိတ္ေၾကာင့္… ဘဝပ်က္ၿပီးသြားၿပီ… ေနာက္တစ္ခါ အပ်က္မခံႏိုင္ေတာ့ဘူး…”။ဒါက ဟန္ကိုယ့္ဖို႔စကား။ မျဖစ္ေသးခင္ ဒီစကားႏွင့္ တားရမွာ ျဖစ္သည္။
အသားစားက်ားကို တားမရလွ်င္ ရရာလက္နက္ႏွင့္ ခုခံသတ္ျဖတ္ရမည္။အလိုရမၼက္ႀကီးသူက ခြန္အားႀကီးသည္။ဗလအားႏွင့္တင္မဟုတ္ မာယာအားႏွင့္ပါလုပ္ျပသြားသည္။
႐ိုး႐ိုးရန္ျပဳသည္မဟုတ္ တဏွာရမၼက္ကိုလို၍ ရန္ျပဳသည္။ ဒီလိုလူကို ျပန္ၿပီး သနားရမည္လား။ အျပတ္႐ွင္းရမည္။
ေနညိဳရီ ႐ိုးတယ္,အတယ္ ဆိုရေအာင္ကလည္း အဲေလာက္ႀကီး႐ိုးျပရသလား။
ကိုယ့္ကိုယ္ လာမဖက္ခင္ကတည္းက ဓားထုတ္ၿပီး တြက္လိုက္ရမွာျဖစ္သည္။လာဖက္လို႔တြန္းထုတ္ၿပီး ဓားထုတ္လို႔ ‘ေ႐ွ႕တိုးမလာနဲ႔ေနာ္’လုပ္ေနလို႔မရဘူး။
တြန္းၿပီးကတည္းက ဓားနဲ႔လိုက္ထိုးရမွာျဖစ္သည္။ဟန္ခ်က္ပ်က္သူကို ျပန္မတ္ခြင့္ ေပးလို႔မရ။
အခုေတာ့ က်ားရဲက ျပန္မတ္ၿပီး ေ႐ွ႕ကိုတိုးခဲ့သည္။ေ႐ွ႕တိုးေတာ့ တစ္ခ်က္ထိုးသည္။ထိထိမိမိ… လက္ေမာင္း..လက္ေမာင္း။ကြၽန္ေတာ့္စိတ္ထဲက ထပ္ထိုးဟ၊ေသေအာင္ထပ္ထိုးဟလို႔ ေျပာေနတုန္း…။
ေသြးျမင္လို႔ေၾကာက္သည္လား။ဒါကို ဓားနဲ႔ ဆက္မထိုးဘဲ ‘ဦး..ဦး…ရရဲ႕လားဟင္… ကြၽန္မဘာလုပ္ေပးရမလဲ …’တဲ့။ ေသဟဲ့လို႔သာ ေျပာလိုက္ခ်င္သည္။
စားေနၾကေၾကာင္ဖားက အေျခအေနနပ္သြားေတာ့သည္။မူယာမာယာေတြ လုပ္ကုန္သည္။
‘ရဲကိုေတာ့…မတိုင္ပါနဲ႔ေနာ္’တဲ့။ေနညိဳရီေရ ဒီစကားက နင္ေျပာရမယ့္ စကားမဟုတ္ဘူး ဆိုတာေလာက္ေတာ့ သိဖို႔ေကာင္းသည္။
‘..ထမင္းစားသြားမလားဟင္..’
‘နင္က ငါ့ကိုထမင္းေႂကြးမယ့္ေပါ့..’
‘..ၾကက္ဥေတာ့႐ွိတယ္…ထမင္းေၾကာ္လိုက္ရင္..ဦးစားလို႔အဆင္ေျပမယ္ ထင္တယ္…’။
‘ေ…ပရိသတ္ႀကီးေရ ေနညိဳရီက ၾကက္ဥေတာင္ ထည့္ေႂကြးလိုက္ေသးသဗ်..’ဟု ကုန္းၿပီးေတာ့သာ ေအာ္လိုက္ခ်င္သည္။
အဲဒီေနာက္ေတာ့ မာယာ႐ွင္ႀကီး ၫႊတ္ကြင္းတြင္ဝင္သြားသလား၊မဝင္သြားသလား။ အိပ္ယာထဲေရာက္ သူ႕ေယာက်္ား အက်ႌေတာင္ထုတ္ဝတ္ေပး။ၿပီးေတာ့တစ္ခန္းေျပာင္းသြားသည္။
ဦးဆိုတဲ့ေကာင္က ဇြန္းခရင္းကို ပန္းကန္ထဲခ်ရင္း..
‘သိပ္…ကို..စားလို႔..ေကာင္းတာပဲ…ျပန္လိုက္ဦးမယ္…ေနာက္လည္းလာခဲ့ဦးမယ္…’တဲ့။မည္ကဲ့သို႔ ေနညိဳရီ လုပ္ေပးလိုက္သည္ မသိေတာ့ပါ။
ဦးဆိုတဲ့ေကာင္ ျပန္ကာနီး ေနညိဳရီ ႐ိႈက္ကာငိုရင္း ေျပာလိုက္သည္က…
‘…ဦး…ဓားေလးေတာ့ ျပန္ေပးခဲ့ပါ…အဲဒါ အစ္ကို႔ရဲ႕ဓားေလး မို႔လို႔ပါ…’။
ကြၽန္ေတာ္ၾကည့္ေနရင္း သနားရမွာလား၊ေျပးၿပီး ေဆာင့္ကန္ရမလား၊ငိုရမွာလား၊ရီရမွာလားဗ်ိဳ႕လို႔သာ ေအာ္လိုက္ခ်င္သည္။
ဦးဆိုတဲ့ေကာင္ကို သူ႕ေယာက်္ား အက်ႌလည္း ဝတ္ေပးလိုက္သည္။ေစာင့္ထိန္းရမည့္ အ႐ွက္တရားကိုလည္း ေပးခဲ့လိုက္သည္။ ကိုယ့္ကိုယ္ မကာကြယ္ႏိုင္တဲ့ဓားကိုမွ ဘာလို႔ျပန္ေတာင္းေနရေတာ့တာလဲမသိ။ၾကည့္ရင္းနဲ႔ ဘာလဲဟလို႔ေတာင္ ပါးစပ္ကေျပာမိေသးတယ္။႐ိုးလိုက္တာ၊သိပ္ကို႐ိုးလိုက္တာလို႔ပဲေျပာရမွာလား။
မိေအးက ပုံျပင္ထဲမွာ ႏွစ္ခါပဲနာသည္။ေနညိဳရီက မည္မွ်နာဦးမည္မသိ။ဒီဇာတ္ဝင္ခန္းက ဝမ္းနည္း စာနာရမႈမေပးႏိုင္ခဲ့ဘဲ ထ႐ိုက္ခ်င္စိတ္တို႔သာ စိတ္မွာျဖစ္ခဲ့ပါေတာ့သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit to Photo
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com