အပျော်စီး သင်္ဘောကြီးတစ်စင်း၏ ၃ နှစ်တာ ကမ္ဘာပတ်ခရီးစဉ်တွင် လိုက်ပါလိုသော အမျိုးသမီးက တိုက်ခန်းနှင့် ပရိဘောဂများ ရောင်းချကာ ငွေပေးသွင်းခဲ့သော်လည်း သင်္ဘောကုမ္ပဏီ၏ မရေရာမှုများကြောင့် ငွေပြန်တောင်း
အပျော်စီး သင်္ဘောကြီးတစ်စင်း၏ ၃ နှစ်တာ ကမ္ဘာပတ်ခရီးစဉ်တွင် လိုက်ပါလိုသော အမျိုးသမီးက တိုက်ခန်းနှင့် ပရိဘောဂများ ရောင်းချကာ ငွေပေးသွင်းခဲ့သော်လည်း သင်္ဘောကုမ္ပဏီ၏ မရေရာမှုများကြောင့် ငွေပြန်တောင်း - Property News in Myanmar from iMyanmarHouse.com
2 Jun 2023 12:23 pm တွင် တင်ခဲ့သည်
1285 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာ့တိုက်ကြီးများအားလုံးကို နှစ်နှင့်ချီကာ ကမ္ဘာပတ်မည့် ခရီးစဉ်တွင် လိုက်ပါလိုသူများသည် ငွေများစွာ ပေးသွင်းခဲ့ကြသော်လည်း ကုမ္ပဏီ၏ ပြဿနာများကြောင့် ငွေများ ပြန်လည်တောင်းခံလျက်ရှိသည်။
MV Gemini Cruise အမည်ရှိ အပျော်စီးသင်္ဘောကြီးသည် ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက ကြေငြာခဲ့သည်မှာ ကမ္ဘာ့တိုက်ကြီး ၇ ခုနှင့် နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို လည်ပတ်ရန် စီစဉ်ထားကြောင်း ၊ နိုဝင်ဘာလတွင် တူရကီနိုင်ငံ၏ မြို့တော် အစ္စတန်ဘူမြို့မှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ခရီးစဉ်မှာ ယခုအခါ စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေရာ ငွေပေးသွင်းထားသူများမှာ ရတတ်မအေးဖြစ်လာကြသည်။
အဆိုပါ ခရီးစဉ်ကို Miray Cruises ကုမ္ပဏီနှင့် ၎င်း၏ ကုမ္ပဏီခွဲ Life at Sea Cruises တို့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုလအတွင်း အဆိုပါ ကုမ္ပဏီ ၂ ခုအကြား ဆက်ဆံရေးများ ဆိုးရွားခဲ့ကြောင်း Life at Sea Cruises ၏ မန်နေဂျင်းဒါရိုက်တာဟောင်း ပြောကြားချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြသည်။
မတ်လ ၁၀ ရက်တွင် Miray Cruises က ထုတ်ပြန်ခဲ့သည်မှာ ခရီးစဉ်မတိုင်မီ သင်္ဘောကြီးကို အလုံးစုံ ပြန်လည်စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မေလအတွင်း လိုက်ပါမည့် ခရီးသည်များနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာတွင်မူ အဆိုပါ ခရီးစဉ်မှာ အစီအစဉ်မပျက်သေးကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
ထိုခရီးစဉ်တွင် လိုက်ပါရန် ပထမဆုံးစာရင်းပေးသူများတွင် Kimberly Arizzi အပါအဝင်ဖြစ်ပြီး လက်ငင်းပေးချေငွေ ဒေါ်လာ ၅၀၀၀ ပေးချေထားခဲ့သည်။
သို့သော် အဆိုပါ သင်္ဘောကြီး၏ မရရာမှုများနှင့် ဝန်ထမ်းရေးရာ လှုပ်ခတ်မှုများကြောင့် သူမနှင့် အခြားခရီးသည်တို့က လိုက်ပါမည့် အစီအစဉ် ဖျက်သိမ်းရန် ဖြစ်လာစေခဲ့သည်။
Kimberly Arizzi သည် ချီကာဂိုမြို့တွင် နေထိုင်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး အဆိုပါ ခရီးစဉ်တွင် လိုက်ပါရန်အတွက် သူ၏ အဝတ်အစားများ ၊ ပရိဘောဂများနှင့် ရုပ်မြင်သံကြားစက်များကို ရောင်းချခဲ့သည်။
Kimberly Arizzi သည် မကြာသေးမီက အလုပ်မှ အနားယူခဲ့ပြီး သူ၏ တိုက်ခန်းကို ရောင်းကာ နောက်တွဲယာဉ်တစ်ခုထဲတွင် နေထိုင်လျက်ရှိသည်။
အခြားခရီးသည်တစ်ဦးဖြစ်သူ Jim Cremer က Insider သတင်းဌာနသို့ ပြောသည်မှာ ဤခရီးစဉ်မှာ အိပ်မက်ခရီးစဉ်တစ်ခုဖြစ်ကြောင်း သို့သော် ယခုအခါ Miray အနေဖြင့် ဤခရီးစဉ် ထွက်နိုင်မည်ဟု မယုံကြည်တော့ကြောင်း ပြောသည်။
Life at Sea သည် ဖေ့စ်ဘုတ်တွင် ဂရုတစ်ခုရှိပြီး မန်ဘာ ၈၀၀ နီးပါးရှိသည်။
ထိုဂရုတွင် Life at Sea ၏ မန်နေဂျင်းဒါရိုက်တာဟောင်းက ရေးသားခဲ့သည်မှာ Miray နှင့် မသင့်တင့်မှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း မိမိ၏ ကုမ္ပဏီက ပြန်အမ်းငွေများ ထုတ်ပေးခဲ့ကြောင်း ၊ နိုဝင်ဘာလတွင် ခရီးစဉ် ထွက်နိုင်မည့် အလားအလာအပေါ် သံသယဖြစ်ဖွယ်ရှိကြောင်း ရေးသားခဲ့သည်။
Arizzi ၏ ကြိုသွင်းငွေများကို ဧပြီလ ၂၀ ရက်က ပြန်လည် ထုတ်ပေးခဲ့သည်ဟု ဆိုသည်။
Arizzi က ပြောသည်မှာ Miray Cruises ကုမ္ပဏီနှင့် ၎င်း၏ ကုမ္ပဏီခွဲ Life at Sea Cruises တို့အကြား ဆက်ဆံရေး ပျက်ပြားမှုများ ရှိနေကြောင်း ၊ မိခင်ကုမ္ပဏီ Miray သည် ခရီးစဉ်နှင့်ပတ်သက်၍ လိုက်ပါမည့်သူများ၏ စိုးရိမ်မှုများ ဖြေဖျောက်ပေးရန်ဟု ဆိုကာ တစ်ရက်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ အွန်လိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း ပြောသည်။
(ဆက်စပ်သတင်း)
ဖေ့စ်ဘုတ်ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက work from home အလုပ်လုပ်ရန် အပျော်စီးသင်္ဘောကြီးပေါ်မှ ကွန်ဒိုခန်းကို ဒေါ်လာ ၃၀၀၀၀၀ ဖြင့် ၁၂ နှစ် ငှားရမ်း
https://www.imyanmarhouse.com/news/read/1049182
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A woman sold her apartment and furniture to join a much-hyped 3-year cruise. Now, she and others have demanded refunds with the ship's future in flux. (insider)
[Zawgyi]
(ဆက်စပ်သတင်း)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service