Jay-Z နှင့် Beyonce ကယ်လီဖိုးနီးယားပြည်နယ် ၊ မာလီဘူးကမ်းခြေဒေသရှိ စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ သန်း ၂၀၀ အထိ စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူ

Jay-Z နှင့် Beyonce ကယ်လီဖိုးနီးယားပြည်နယ် ၊ မာလီဘူးကမ်းခြေဒေသရှိ စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ သန်း ၂၀၀ အထိ စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2 Jun 2023 11:33 am တွင် တင်ခဲ့သည်
581 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျေးဇက် (Jay-Z) နှင့် ဘီယွန်းစေး (Beyonce) တို့စုံတွဲသည် အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ မာလီဘူးကမ်းခြေဒေသတွင် ပင်လယ်ပြင်ကို စီးမိုးတွေ့မြင်နေရသော စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ သန်း ၂၀၀ အထိ စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူလိုက်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ သတင်းထောက်သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်သွားသည်။

ယခင်က ကယ်လီဖိုးနီးယား၏ ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့သည်မှာ ၎င်းတို့စုံတွဲ ယခုဝယ်ယူလိုက်သော စံအိမ်နှင့် ကပ်လျက်တွင် တည်ရှိသော အိမ်နီးချင်းနေအိမ်ဖြစ်သည်။

ထိုကပ်လျက်အိမ်ကို ဘီလျံနာကြီး Marc Andreessen က ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဘီယွန်းစေးတို့ စုံတွဲ ဝယ်ယူလိုက်သော စံအိမ်မှာ မှန်နှင့်ကွန်ကရစ်ကို အသားပေးဆောက်လုပ်ထားပြီး အနုပညာပစ္စည်းများ ဝယ်ယူစုဆောင်းသူ William Bell က ၂၀၀၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

စံအိမ်ကို ဒီဇိုင်းရေးဆွဲခဲ့သူမှာ Pritzker ဆုရ ဂျပန်ဗိသုကာပညာရှင် Tadao Ando ဖြစ်သည်။

Ando သည် အာရှ ၊ ဥရောပနှင့် မြောက်အမေရိက တလွှားရှိ အထင်ကရ ကွန်ကရစ် အဆောက်အအုံကြီးများကို ဒီဇိုင်းဆွဲခဲ့သူ ဖြစ်သည်။

ယခုစံအိမ်ကို အင်္ဂလိပ်အက္ခရာ L ပုံသဏ္ဍန်ဆောက်လုပ်ထားပြီး ကွန်ကရစ်စင်္ကြန်လမ်းများ ၊ ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော မှန်နံရံများဖြင့် ဖွဲ့စည်းထားသည်။

စံအိမ်နောက်ဘက်တွင် ရေကူးကန် ၊ ရေကူးကန်ဘေး နားနေဆောင်နှင့် စိမ်းလန်းသော မြက်ခင်းတို့ရှိပြီး ထိုမြက်ခင်းမှာ ချောက်ကမ်းပါးကြီးတစ်ခုထိပ်တွင် တည်ရှိကာ အောက်ဘက်ဆီတွင် ပင်လယ်ကမ်းခြေကို တွေ့မြင်နေရသည်။

(ဘီယွန်းစေး ဝယ်ယူလိုက်သောစံအိမ်။ ဓာတ်ပုံ- Google Earth)

ထိုစံအိမ်ကြီးကို ဆောက်လုပ်ပေးခဲ့သည့် ကန်ထရိုက်တာကုမ္ပဏီ Morley Construction ၏ ပြောကြားချက်အရ စံအိမ်အကျယ်မှာ စတုရန်းပေ ၄၀၀၀၀ နီးပါးရှိပြီး ကွန်ကရစ် ကုဗကိုက် ၇၆၄၅ ထိ သုံးစွဲကာ ဆောက်လုပ်ခဲ့ရသည်ဟု ဆိုသည်။

ဤစံအိမ်ကြီးသည် အရောင်းဈေးကွက်သို့ လုံးဝ ရောက်ရှိမလာဖူးခဲ့သောကြောင့် ဓာတ်ပုံများ ရှားပါးသည်။

ထိုစံအိမ်ကို ဒေါ်လာ ၂၉၅ သန်း တိတ်တဆိတ်ဈေးခေါ် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဝယ်ယူမည့် အလားအလာရှိသည့် ဝယ်လက်များကိုသာ ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။

လွန်ခဲ့သောနှစ်များစွာအတွင်း စံအိမ်ကြီးနှင့် ပတ်သက်သည့် ကောလာဟလများ ထွက်ပေါ်ခဲ့ရာ စံအိမ်ကြီးမှာ ထုထည်အလွန်ခိုင်မာ ဆောက်လုပ်ထားသောကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦး ခိုလှုံရာနေရာအဖြစ် မှတ်ထင်ရကြောင်း ပြောကြသည်။

၂၀၂၁ ခုနှစ်အတွင်းကလည်း WhatsApp ပူးတွဲတည်ထောင်သူ Jan Koum က ကယ်လီဖိုးနီးယားပြည်နယ် ၊ Paradise Cove အရပ်ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၈၇ သန်းပေးကာ ဝယ်ယူခဲ့သည်။

ဘီလျံနာ Tamara Gustavson ကလည်း ၂၀၂၂ ခုနှစ်အတွင်း သူမ၏ စံအိမ်ကို ကန်ဒေါ်လာ ၁၂၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

ဘီယွန်းစေးတို့စုံတွဲသည် ၂၀၁၇ ခုနှစ်အတွင်းကလည်း လော့စ်အိန်ဂျလိမြို့ ၊ Bel-Air အရပ်ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။

ယခုအရောင်းအဝယ်တွင် ရောင်းသူဝယ်သူနှစ်ဖက်လုံးကို Westside Estate Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်Kurt Rappaport က ကိုယ်စားပြုခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jay-Z and Beyoncé drop $200 million on Malibu mansion, setting a record in California (latimes, tmz )

[Zawgyi]

Jay-Z ႏွင့္ Beyonce ကယ္လီဖုိးနီးယားျပည္နယ္ ၊ မာလီဘူးကမ္းေျခေဒသရွိ စံအိမ္ၾကီးတစ္လံုးကို ေဒၚလာ သန္း ၂၀၀ အထိ စံခ်ိန္တင္ေစ်းႏႈန္းေပးကာ ဝယ္ယူ

ေဂ်းဇက္ (Jay-Z) ႏွင့္ ဘီယြန္းေစး (Beyonce) တို႔စံုတြဲသည္ အေမရိကန္ျပည္ ၊ ကယ္လီဖုိးနီးယားျပည္နယ္ ၊ မာလီဘူးကမ္းေျခေဒသတြင္ ပင္လယ္ျပင္ကို စီးမုိးေတြ႔ျမင္ေနရေသာ စံအိမ္ၾကီးတစ္လံုးကို ေဒၚလာ သန္း ၂၀၀ အထိ စံခ်ိန္တင္ေစ်းႏႈန္းေပးကာ ဝယ္ယူလုိက္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါ သတင္းေထာက္သည္ ကယ္လီဖုိးနီးယားျပည္နယ္တြင္ ေစ်းအၾကီးဆံုး အိမ္ျခံေျမအေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္သြားသည္။

ယခင္က ကယ္လီဖုိးနီးယား၏ ေစ်းအၾကီးဆံုးအျဖစ္ စံခ်ိန္တင္ခဲ့သည္မွာ ၎တို႔စံုတြဲ ယခုဝယ္ယူလုိက္ေသာ စံအိမ္ႏွင့္ ကပ္လ်က္တြင္ တည္ရွိေသာ အိမ္နီးခ်င္းေနအိမ္ျဖစ္သည္။

ထိုကပ္လ်က္အိမ္ကို ဘီလ်ံနာၾကီး Marc Andreessen က ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၇၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ဘီယြန္းေစးတို႔ စံုတြဲ ဝယ္ယူလုိက္ေသာ စံအိမ္မွာ မွန္ႏွင့္ကြန္ကရစ္ကို အသားေပးေဆာက္လုပ္ထားျပီး အႏုပညာပစၥည္းမ်ား ဝယ္ယူစုေဆာင္းသူ William Bell က ၂၀၀၃ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၄ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

စံအိမ္ကုိ ဒီဇိုင္းေရးဆြဲခဲ့သူမွာ Pritzker ဆုရ ဂ်ပန္ဗိသုကာပညာရွင္ Tadao Ando ျဖစ္သည္။

Ando သည္ အာရွ ၊ ဥေရာပႏွင့္ ေျမာက္အေမရိက တလႊားရွိ အထင္ကရ ကြန္ကရစ္ အေဆာက္အအုံၾကီးမ်ားကို ဒီဇိုင္းဆြဲခဲ့သူ ျဖစ္သည္။

ယခုစံအိမ္ကုိ အဂၤလိပ္အကၡရာ L ပံုသ႑န္ေဆာက္လုပ္ထားျပီး ကြန္ကရစ္စၾကၤန္လမ္းမ်ား ၊ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ မွန္နံရံမ်ားျဖင့္ ဖြဲ႔စည္းထားသည္။

စံအိမ္ေနာက္ဘက္တြင္ ေရကူးကန္ ၊ ေရကူးကန္ေဘး နားေနေဆာင္ႏွင့္ စိမ္းလန္းေသာ ျမက္ခင္းတို႔ရွိျပီး ထိုျမက္ခင္းမွာ ေခ်ာက္ကမ္းပါးၾကီးတစ္ခုထိပ္တြင္ တည္ရွိကာ ေအာက္ဘက္ဆီတြင္ ပင္လယ္ကမ္းေျခကို ေတြ႔ျမင္ေနရသည္။

(ဘီယြန္းေစး ဝယ္ယူလုိက္ေသာစံအိမ္။ ဓာတ္ပံု- Google Earth)

ထိုစံအိမ္ၾကီးကို ေဆာက္လုပ္ေပးခဲ့သည့္ ကန္ထရိုက္တာကုမၸဏီ Morley Construction ၏ ေျပာၾကားခ်က္အရ စံအိမ္အက်ယ္မွာ စတုရန္းေပ ၄၀၀၀၀ နီးပါးရွိျပီး ကြန္ကရစ္ ကုဗကိုက္ ၇၆၄၅ ထိ သံုးစြဲကာ ေဆာက္လုပ္ခဲ့ရသည္ဟု ဆိုသည္။

ဤစံအိမ္ၾကီးသည္ အေရာင္းေစ်းကြက္သို႔ လံုးဝ ေရာက္ရွိမလာဖူးခဲ့ေသာေၾကာင့္ ဓာတ္ပံုမ်ား ရွားပါးသည္။

ထိုစံအိမ္ကို ေဒၚလာ ၂၉၅ သန္း တိတ္တဆိတ္ေစ်းေခၚ ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ဝယ္ယူမည့္ အလားအလာရွိသည့္ ဝယ္လက္မ်ားကိုသာ ဝင္ေရာက္ၾကည့္ရႈခြင့္ေပးခဲ့သည္။

လြန္ခဲ့ေသာႏွစ္မ်ားစြာအတြင္း စံအိမ္ၾကီးႏွင့္ ပတ္သက္သည့္ ေကာလာဟလမ်ား ထြက္ေပၚခဲ့ရာ စံအိမ္ၾကီးမွာ ထုထည္အလြန္ခုိင္မာ ေဆာက္လုပ္ထားေသာေၾကာင့္ လူဆိုးဂိုဏ္းေခါင္းေဆာင္ၾကီးတစ္ဦး ခိုလံႈရာေနရာအျဖစ္ မွတ္ထင္ရေၾကာင္း ေျပာၾကသည္။

၂၀၂၁ ခုႏွစ္အတြင္းကလည္း WhatsApp ပူးတြဲတည္ေထာင္သူ Jan Koum က ကယ္လီဖုိးနီးယားျပည္နယ္ ၊ Paradise Cove အရပ္ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၈၇ သန္းေပးကာ ဝယ္ယူခဲ့သည္။

ဘီလ်ံနာ Tamara Gustavson ကလည္း ၂၀၂၂ ခုႏွစ္အတြင္း သူမ၏ စံအိမ္ကို ကန္ေဒၚလာ ၁၂၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။

ဘီယြန္းေစးတို႔စံုတြဲသည္ ၂၀၁၇ ခုႏွစ္အတြင္းကလည္း ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Bel-Air အရပ္ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၈၈ သန္းျဖင့္ ဝယ္ယူခဲ့ေသးသည္။

ယခုအေရာင္းအဝယ္တြင္ ေရာင္းသူဝယ္သူႏွစ္ဖက္လံုးကို Westside Estate Agency အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္Kurt Rappaport က ကိုယ္စားျပဳခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jay-Z and Beyoncé drop $200 million on Malibu mansion, setting a record in California (latimes, tmz )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service