တစ်ခါတုန်းက အဖြစ်လေးတွေ (၂၂)

တစ်ခါတုန်းက အဖြစ်လေးတွေ (၂၂) - Property Knowledge in Myanmar from iMyanmarHouse.com
1 Jun 2023 2:35 pm တွင် တင်ခဲ့သည်
788 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

 

“လူကြီးများသိတဲ့ပုံပြင်များ”

 

ဦးအောင်သိန်းဆိုတာ ထွန်းစက်မောင်သမားတွေထဲက စီနီယာတစ်ယောက်ပေါ့။သူက ကျွန်တော်တို့ကို ပုံပြင်တွေပြောတတ်တယ်။ ခုလည်းသက်ရှိထင်ရှား ရှိနေပါသေးတယ်။ဖေဖေ့ထက်ငယ်ပေမယ့် အခုအခါ သူလည်း အသက်တွေကြီးပြီပေါ့။

သူကဗေဒင်တွေလည်းလိုက်စားတဲ့သူဖြစ်ပါတယ်။ တစ်ခါတစ်ရံ အချင်းချင်းထဲက မေးတဲ့သူရှိရင် ဗေဒင်လည်းဟောတတ်သေးတယ်။

ကျွန်တော်တို့လို လူငယ်တတ်သစ်စတွေကတော့ လူကြီးတွေဖတ်တဲ့ ပုံပြင်တွေ၊အခုခေတ်လိုဆိုရင် ‘အိတ်တင်းပလက်’ ပုံပြင်တွေကို သူ့ဆီက နားထောင်ခဲ့ရဖူးပါတယ်။

အခုကာလတော့ မသိပါဘူး။ရန်ကုန်ရောက်စတုန်းကတော့ တိတ်တိတ်ပုန်းရောင်းတဲ့ လက်တစ်ဝါးစာ သီချင်းစာအုပ်မျိုးလို အပြာစာအုပ်မျိုးတွေထဲက ဇာတ်လမ်းတွေလိုတော့ မဟုတ်ပါဘူး။အဲဒီစာအုပ်တွေထဲက ဇာတ်လမ်းတွေကတော့ ရိုင်းလှပါတယ်။

ဒီလိုပါပဲ သူပြောတဲ့ ပါးစပ်ပုံပြင်တွေကလည်း တွေးစရာ အတွေးတွေပါပေမယ့် ရိုင်းတဲ့ထဲကို ထည့်ရမှာပါပဲ။ စာပေအနေနဲ့ ယဉ်ကျေးအောင်ပြန်ရေးဖို့ တယ်ပြီးမလွယ်လှတဲ့ ပုံပြင်တွေပေါ့။သူပြောတဲ့ ခေါင်းစဉ်တွေကိုက ဆွဲဆောင်မှုရှိတယ်။ခေါင်းစဉ် ပြောင်းလိုက်ရင် ပေါ့သွားမှာပါ။

သူပြောတဲ့ လူကြီးများသိတဲ့ ပုံပြင်တွေက စာအုပ်စာပေအနေနဲ့ စာမတင်ခဲ့ကြဘူးထင်ပါတယ်။ပါးစပ်နဲ့ပဲ ဆင့်ကမ်း သယ်ဆောင်လာကြပုံရပါတယ်။သူ့ဆီကနေ ကျွန်တော်တို့လည်း ကြားခဲ့ရပြီ။သူ့ဆီကပဲ နောက်ထပ် ဘယ်သူတွေဆီ ရောက်ဦးမလဲ။ရောက်ဦးမှာပါပဲ။

သူငယ်ချင်းချင်းတွေ့ရင် ကိုယ်မှတ်ထားတာ၊ ကိုယ်သိထားတာလေးတွေကို လူငယ်ဘဝ အရင်ဦးဆုံး လက်ဆင့်ကမ်း ပြောချင်ကြတယ်မို့လား။ ကောင်းလား၊ ဆိုးလားဘယ်ခွဲခြားမိမှာလည်း။ကိုယ်ပြောတာကို ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရင်ပဲ ကျေနပ်နေတာပေါ့။အဲဒီလိုနဲ့ လူကြီးများသိတဲ့ ပုံပြင်တွေက ကျွန်တော်ဆီကလည်း တခြားသူတွေဆီရောက်၊ တခြားသူတွေဆီကလည်း နောက်အခြားသူတွေဆီ ရောက်ကုန်တော့တာပေါ့။တားလို့မရနိုင်တဲ့ ကိစ္စတွေပါပဲ။အခုတော့ လူကြီးတွေတင် ဘယ်ကတော့မလည်း လူငယ်တွေပါ သိကုန်ပြီပေါ့။

ရန်ကုန်ရောက်စတုန်းကတော့ ‘လူကြီးများဖတ်ဖို့ပုံပြင်များ’ဆိုတဲ့ စာအုပ်ဟောင်းတစ်အုပ်ကို ဝယ်ယူရရှိခဲ့ဖူး ပါတယ်။တချို့ခေါင်းစဉ်လေးတွေတောင် မှတ်မိနေပါသေးရဲ့။စာရေးဆရာက မောင်လင်းလတ်လို့ ထင်ပါတယ်။မှားခဲ့ရင်လည်းခွင့်လွှတ်ပါ။

အဲဒီစာအုပ်ထဲက ဇာတ်လမ်းတွေက အတွေးပါတဲ့ ဟာသကွက်လေးတွေနဲ့ ဖန်တီးထားတော့ ရိုင်းတယ်လို့ မခေါ်နိုင်ပဲ ဖတ်လို့တောင် ကောင်းနေပါသေးတယ်။ဖတ်မိလို့အတွေးပေါက်ရင် အဟားဟားရယ်ရတာထက် တဟိဟိနဲ့ ကြိတ်ပြုံးပြုံးပြီး သဘောကျရတဲ့ အပေါက်တွေပေါ့။ အဲဒီစာအုပ်လေးကို ပြန်ထုတ်ဝေတာတော့ မတွေ့မိသေးသလိုပါပဲ။

အဲဒီစာအုပ်ထဲမှာ‘ကွာလှလက်တစ်လုံးနှစ်လုံး’၊ ‘တစ်မတ်ဖိုး’၊ ‘တစ်တုံးစားတော့မသိ နှစ်တုံးစားမှ လူမိ’ ဆိုတဲ့ ခေါင်းစဉ်မျိုးတွေလည်း ပါပါရဲ့။တချို့တော့ မေ့ကုန်ပါပြီ။

ဦးအောင်သိန်းကလည်း အဲဒီလို ဇာတ်လမ်းတွေကို ပြောရမယ်ဆိုရင် သိပ်ကိုအပြောကောင်းတယ်။သူလည်း ဒီလို ‘လူကြီးများသိတဲ့ ပုံပြင်’တွေကို ဘယ်ကနေသိခဲ့တာလဲ။စာအုပ်တွေရှိလို့ ဖတ်ခဲ့ရလို့လား။ဒါမှမဟုတ် ကျွန်တော်တို့ကို လက်ဆင့်ကမ်းသလို သူလည်း ငယ်ငယ်တုန်းက အချင်းချင်းလက်ဆင့်ကမ်းခဲ့ကြလို့လား၊ သူ့ထက်အသက်ကြီးတဲ့သူတွေက ပို့ချခဲ့လို့လားလို့ အတွေးတွေဖြစ်မိပါရဲ့။

သူပြောပြီးသားတွေပေမယ့် တစ်ခါနှစ်ခါထက် သုံးလေးခါဆိုပိုမှတ်မိအောင် သူနဲ့တွေ့ရင် ပြန်ပြောခိုင်းမိတယ်။ ကျွန်တော်တစ်ဦးထဲတော့မဟုတ်ပါဘူး။တခြားကောင်တွေရော ပါတာပေါ့။သူနဲ့တွေ့ရင်လို့သာ ပြောရတာ သူလည်း ခြောက်ခန်းတွဲလိုင်းခန်းထဲမှာနေတာပါပဲ။နေ့စဉ်တွေ့နေရတဲ့ သူတွေပါ။

ဒီပုံပြင်တွေကို နားထောင်လိုပေမယ့် ပြောချင်တိုင်းပြောလို့ ကောင်းတာမဟုတ်ဘူး ဆိုတာကိုတော့ သိတာပေါ့။အခြားနေရာတွေ၊ ယောကျ်ားလေးတွေချည်း ရှိတဲ့အချိန်မှ ပြောလို့ကောင်းတာမဟုတ်လား။ နို့မို့လူကြီးဖြစ်ပြီး ကလေးတွေကို မဟုတ်တမ်းတရားတွေ ပြောရမလား ဆိုတာမျိုး သူလည်းအပြောခံရမှာပေါ့။

သူကလည်း ကျွန်တော်တို့နဲ့ကြုံလို့ ‘လူကြီးများသိတဲ့ ပုံပြင်တွေ’ ပြောရမယ်ဆိုရင် ပြုံးပြုံးကြီးနဲ့ နှာခေါင်းကြီးရှုံ့တဲ့ပြီး အားရပါးရပြောပါတော့တယ်။သူပြောတဲ့ ‘လူကြီးများသိတဲ့ ပုံပြင်’တွေက များသားကလား။ ပြန်ရေးပြဖို့တောင် မဝံ့တဲ့ခေါင်းစဉ်တွေက များပါတယ်။

ဒါပေမဲ့ အဲဒီထဲက လူတိုင်းသုံးနေတတ်တဲ့ ခေါင်းစဉ်လေးတစ်ခုရှိတယ်။ရိုင်းလည်း မရိုင်းတဲ့ အတွက် ဖော်ပြလိုက်ပါရဲ့။ခေါင်းစဉ်သိသလိုပုံပြင်လည်းသိခဲ့ရင်တော့ သင်လည်း မခေတဲ့ထဲက လူတစ်ယောက်ဖြစ်မှာပဲ။

အဲဒီပုံပြင်ထဲက ဖိုးသူတော်ကပဲ စွမ်းသလား၊ငှက်ပျောသီးကပဲ စွမ်းသလားတော့ မသိပါ။စိမ်ခေါ်ဝံ့တဲ့စကားပါ။ ‘မကျေနပ်တစ်ကပြန်စ’တဲ့ဗျာ။မသိသေးရင်လည်း ရှေ့မီနောက်မီ ရှေးလူကြီးတွေကိုသာ ပြန်မေးပါတော့လို့…။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၂)

 

“လူႀကီးမ်ားသိတဲ့ပုံျပင္မ်ား”

 

“လူႀကီးမ်ားသိတဲ့ပုံျပင္မ်ား”

ဦးေအာင္သိန္းဆိုတာ ထြန္းစက္ေမာင္သမားေတြထဲက စီနီယာတစ္ေယာက္ေပါ့။သူက ကြၽန္ေတာ္တို႔ကို ပုံျပင္ေတြေျပာတတ္တယ္။ ခုလည္းသက္႐ွိထင္႐ွား ႐ွိေနပါေသးတယ္။ေဖေဖ့ထက္ငယ္ေပမယ့္ အခုအခါ သူလည္း အသက္ေတြႀကီးၿပီေပါ့။

သူကေဗဒင္ေတြလည္းလိုက္စားတဲ့သူျဖစ္ပါတယ္။ တစ္ခါတစ္ရံ အခ်င္းခ်င္းထဲက ေမးတဲ့သူ႐ွိရင္ ေဗဒင္လည္းေဟာတတ္ေသးတယ္။

ကြၽန္ေတာ္တို႔လို လူငယ္တတ္သစ္စေတြကေတာ့ လူႀကီးေတြဖတ္တဲ့ ပုံျပင္ေတြ၊အခုေခတ္လိုဆိုရင္ ‘အိတ္တင္းပလက္’ ပုံျပင္ေတြကို သူ႕ဆီက နားေထာင္ခဲ့ရဖူးပါတယ္။

အခုကာလေတာ့ မသိပါဘူး။ရန္ကုန္ေရာက္စတုန္းကေတာ့ တိတ္တိတ္ပုန္းေရာင္းတဲ့ လက္တစ္ဝါးစာ သီခ်င္းစာအုပ္မ်ိဳးလို အျပာစာအုပ္မ်ိဳးေတြထဲက ဇာတ္လမ္းေတြလိုေတာ့ မဟုတ္ပါဘူး။အဲဒီစာအုပ္ေတြထဲက ဇာတ္လမ္းေတြကေတာ့ ႐ိုင္းလွပါတယ္။

ဒီလိုပါပဲ သူေျပာတဲ့ ပါးစပ္ပုံျပင္ေတြကလည္း ေတြးစရာ အေတြးေတြပါေပမယ့္ ႐ိုင္းတဲ့ထဲကို ထည့္ရမွာပါပဲ။ စာေပအေနနဲ႔ ယဥ္ေက်းေအာင္ျပန္ေရးဖို႔ တယ္ၿပီးမလြယ္လွတဲ့ ပုံျပင္ေတြေပါ့။သူေျပာတဲ့ ေခါင္းစဥ္ေတြကိုက ဆြဲေဆာင္မႈ႐ွိတယ္။ေခါင္းစဥ္ ေျပာင္းလိုက္ရင္ ေပါ့သြားမွာပါ။

သူေျပာတဲ့ လူႀကီးမ်ားသိတဲ့ ပုံျပင္ေတြက စာအုပ္စာေပအေနနဲ႔ စာမတင္ခဲ့ၾကဘူးထင္ပါတယ္။ပါးစပ္နဲ႔ပဲ ဆင့္ကမ္း သယ္ေဆာင္လာၾကပုံရပါတယ္။သူ႕ဆီကေန ကြၽန္ေတာ္တို႔လည္း ၾကားခဲ့ရၿပီ။သူ႕ဆီကပဲ ေနာက္ထပ္ ဘယ္သူေတြဆီ ေရာက္ဦးမလဲ။ေရာက္ဦးမွာပါပဲ။

သူငယ္ခ်င္းခ်င္းေတြ႕ရင္ ကိုယ္မွတ္ထားတာ၊ ကိုယ္သိထားတာေလးေတြကို လူငယ္ဘဝ အရင္ဦးဆုံး လက္ဆင့္ကမ္း ေျပာခ်င္ၾကတယ္မို႔လား။ ေကာင္းလား၊ ဆိုးလားဘယ္ခြဲျခားမိမွာလည္း။ကိုယ္ေျပာတာကို ပါးစပ္အေဟာင္းသားနဲ႔ နားေထာင္ေနရင္ပဲ ေက်နပ္ေနတာေပါ့။အဲဒီလိုနဲ႔ လူႀကီးမ်ားသိတဲ့ ပုံျပင္ေတြက ကြၽန္ေတာ္ဆီကလည္း တျခားသူေတြဆီေရာက္၊ တျခားသူေတြဆီကလည္း ေနာက္အျခားသူေတြဆီ ေရာက္ကုန္ေတာ့တာေပါ့။တားလို႔မရႏိုင္တဲ့ ကိစၥေတြပါပဲ။အခုေတာ့ လူႀကီးေတြတင္ ဘယ္ကေတာ့မလည္း လူငယ္ေတြပါ သိကုန္ၿပီေပါ့။

ရန္ကုန္ေရာက္စတုန္းကေတာ့ ‘လူႀကီးမ်ားဖတ္ဖို႔ပုံျပင္မ်ား’ဆိုတဲ့ စာအုပ္ေဟာင္းတစ္အုပ္ကို ဝယ္ယူရ႐ွိခဲ့ဖူး ပါတယ္။တခ်ိဳ႕ေခါင္းစဥ္ေလးေတြေတာင္ မွတ္မိေနပါေသးရဲ႕။စာေရးဆရာက ေမာင္လင္းလတ္လို႔ ထင္ပါတယ္။မွားခဲ့ရင္လည္းခြင့္လႊတ္ပါ။

အဲဒီစာအုပ္ထဲက ဇာတ္လမ္းေတြက အေတြးပါတဲ့ ဟာသကြက္ေလးေတြနဲ႔ ဖန္တီးထားေတာ့ ႐ိုင္းတယ္လို႔ မေခၚႏိုင္ပဲ ဖတ္လို႔ေတာင္ ေကာင္းေနပါေသးတယ္။ဖတ္မိလို႔အေတြးေပါက္ရင္ အဟားဟားရယ္ရတာထက္ တဟိဟိနဲ႔ ႀကိတ္ျပဳံးျပဳံးၿပီး သေဘာက်ရတဲ့ အေပါက္ေတြေပါ့။ အဲဒီစာအုပ္ေလးကို ျပန္ထုတ္ေဝတာေတာ့ မေတြ႕မိေသးသလိုပါပဲ။

အဲဒီစာအုပ္ထဲမွာ‘ကြာလွလက္တစ္လုံးႏွစ္လုံး’၊ ‘တစ္မတ္ဖိုး’၊ ‘တစ္တုံးစားေတာ့မသိ ႏွစ္တုံးစားမွ လူမိ’ ဆိုတဲ့ ေခါင္းစဥ္မ်ိဳးေတြလည္း ပါပါရဲ႕။တခ်ိဳ႕ေတာ့ ေမ့ကုန္ပါၿပီ။

ဦးေအာင္သိန္းကလည္း အဲဒီလို ဇာတ္လမ္းေတြကို ေျပာရမယ္ဆိုရင္ သိပ္ကိုအေျပာေကာင္းတယ္။သူလည္း ဒီလို ‘လူႀကီးမ်ားသိတဲ့ ပုံျပင္’ေတြကို ဘယ္ကေနသိခဲ့တာလဲ။စာအုပ္ေတြ႐ွိလို႔ ဖတ္ခဲ့ရလို႔လား။ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ကို လက္ဆင့္ကမ္းသလို သူလည္း ငယ္ငယ္တုန္းက အခ်င္းခ်င္းလက္ဆင့္ကမ္းခဲ့ၾကလို႔လား၊ သူ႕ထက္အသက္ႀကီးတဲ့သူေတြက ပို႔ခ်ခဲ့လို႔လားလို႔ အေတြးေတြျဖစ္မိပါရဲ႕။

သူေျပာၿပီးသားေတြေပမယ့္ တစ္ခါႏွစ္ခါထက္ သုံးေလးခါဆိုပိုမွတ္မိေအာင္ သူနဲ႔ေတြ႕ရင္ ျပန္ေျပာခိုင္းမိတယ္။ ကြၽန္ေတာ္တစ္ဦးထဲေတာ့မဟုတ္ပါဘူး။တျခားေကာင္ေတြေရာ ပါတာေပါ့။သူနဲ႔ေတြ႕ရင္လို႔သာ ေျပာရတာ သူလည္း ေျခာက္ခန္းတြဲလိုင္းခန္းထဲမွာေနတာပါပဲ။ေန႔စဥ္ေတြ႕ေနရတဲ့ သူေတြပါ။

ဒီပုံျပင္ေတြကို နားေထာင္လိုေပမယ့္ ေျပာခ်င္တိုင္းေျပာလို႔ ေကာင္းတာမဟုတ္ဘူး ဆိုတာကိုေတာ့ သိတာေပါ့။အျခားေနရာေတြ၊ ေယာက်္ားေလးေတြခ်ည္း ႐ွိတဲ့အခ်ိန္မွ ေျပာလို႔ေကာင္းတာမဟုတ္လား။ ႏို႔မို႔လူႀကီးျဖစ္ၿပီး ကေလးေတြကို မဟုတ္တမ္းတရားေတြ ေျပာရမလား ဆိုတာမ်ိဳး သူလည္းအေျပာခံရမွာေပါ့။

သူကလည္း ကြၽန္ေတာ္တို႔နဲ႔ၾကဳံလို႔ ‘လူႀကီးမ်ားသိတဲ့ ပုံျပင္ေတြ’ ေျပာရမယ္ဆိုရင္ ျပဳံးျပဳံးႀကီးနဲ႔ ႏွာေခါင္းႀကီး႐ႈံ႕တဲ့ၿပီး အားရပါးရေျပာပါေတာ့တယ္။သူေျပာတဲ့ ‘လူႀကီးမ်ားသိတဲ့ ပုံျပင္’ေတြက မ်ားသားကလား။ ျပန္ေရးျပဖို႔ေတာင္ မဝံ့တဲ့ေခါင္းစဥ္ေတြက မ်ားပါတယ္။

ဒါေပမဲ့ အဲဒီထဲက လူတိုင္းသုံးေနတတ္တဲ့ ေခါင္းစဥ္ေလးတစ္ခု႐ွိတယ္။႐ိုင္းလည္း မ႐ိုင္းတဲ့ အတြက္ ေဖာ္ျပလိုက္ပါရဲ႕။ေခါင္းစဥ္သိသလိုပုံျပင္လည္းသိခဲ့ရင္ေတာ့ သင္လည္း မေခတဲ့ထဲက လူတစ္ေယာက္ျဖစ္မွာပဲ။

အဲဒီပုံျပင္ထဲက ဖိုးသူေတာ္ကပဲ စြမ္းသလား၊ငွက္ေပ်ာသီးကပဲ စြမ္းသလားေတာ့ မသိပါ။စိမ္ေခၚဝံ့တဲ့စကားပါ။ ‘မေက်နပ္တစ္ကျပန္စ’တဲ့ဗ်ာ။မသိေသးရင္လည္း ေ႐ွ႕မီေနာက္မီ ေ႐ွးလူႀကီးေတြကိုသာ ျပန္ေမးပါေတာ့လို႔…။

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service