အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားမှ Supermarket ငွေကိုင်စာရေးတစ်ဦးက အလုပ်မှထွက်ကာ ဟာဝိုင်အီရှိ တောကြီးထဲတွင် သစ်ပင်အိမ်ဆောက်ကာ နေထိုင်

အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားမှ Supermarket ငွေကိုင်စာရေးတစ်ဦးက အလုပ်မှထွက်ကာ ဟာဝိုင်အီရှိ တောကြီးထဲတွင် သစ်ပင်အိမ်ဆောက်ကာ နေထိုင် - Property News in Myanmar from iMyanmarHouse.com
31 May 2023 11:24 am တွင် တင်ခဲ့သည်
370 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အမျိုးသားတစ်ဦးသည် အလုပ်မှထွက်ကာ လူသူကင်းဝေးရာအရပ်၌ သဘာဝတရားကြီးနှင့် ထိတွေ့နေထိုင်ရန်အတွက် သစ်ပင်အိမ်တစ်လုံးဆောက်ကာ နေထိုင်လျက်ရှိသည်။

ထိုအမျိုးသား၏ အမည်မှာ ရောဘတ် ဘရီတန်ဟု အမည်ရပြီး အသက် ၃၅ နှစ်အရွယ်ရှိကာ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ Supermarket တစ်ခုတွင် ငွေကိုင်စာရေးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

သူသည် ၂၀၁၁ ခုနှစ်ကတည်းက အမေရိကန်ပြည်တစ်ဝန်း ဗန်ကားတစ်စီးဖြင့် ခရီးထွက်ကာ အိမ်တစ်လုံးဆောက်ရန် နေရာ လိုက်လံရှာဖွေခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ဘရီတန်က ဟာဝိုင်အီတွင် အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ဧကမတ် ကျယ်ဝန်းသော တောအုပ်ထဲမှ မြေနေရာနှင့် အိမ်ဆောက်ပစ္စည်းများကို ပေါင် ၄၂၁၂၀ (ကန်ဒေါ်လာ ၅၂၁၂၂) ဖြင့် ဝယ်ယူခဲ့သည်။

မြေအတွက် ၂၉၈၅၀ ဒေါ်လာပေးခဲ့ရသည်။

သူသည် TikTok မှ လစဉ်ရရှိသော ဝင်ငွေများဖြင့် ထိုမြေနေရာကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဘရီတန်သည် စတုရန်းပေ ၂၀၀ ရှိသော သစ်ပင်အိမ်ကို ၂ နှစ်ခန့် အချိန်ယူ ဆောက်လုပ်ခဲ့ရသည်။

ဘရီတန်သည် အဆိုပါအိမ်ကို ၎င်းကိုယ်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး TikTok နှင့် YouTube တို့တွင် သူ၏ သစ်ပင်အိမ်အကြောင်း ဗွီဒီယိုများတင်ခဲ့သည်။

ဘရီတန်၏ အိမ်သည် မြေပြင်မှ ၅ပေခွဲအမြင့်တွင် တည်ရှိပြီး အိမ်၏အမြင့်မှာ ပေ၂၀ ရှိသည်။

သူ၏ သစ်ပင်အိမ်တွင် လက်ဆေးကန် ၊ ရေခဲသေတ္တာငယ် ၊ စင်များ ၊ မွေ့ယာ ၁ ခု ၊ ရေပန်း ၊ အိမ်သာ ၊ အိပ်ခန်းနှင့် ဧည့်ခန်းတို့ ပါဝင်သည်။

ထို့အပြင် စိုက်ခင်းအိမ် (Green House) တစ်လုံးလည်း ဆောက်လုပ်ထားပြီး ဘိုစားပဲ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥနီ ၊ ဆလပ်ရွက်နှင့် မုန်လာဥဝါတို့ စိုက်ပျိုးထားသည်။

တစ်ခါတစ်ရံတွင်မူ အနီးဆုံးရှိမြို့သို့ တစ်နာရီခန့် လမ်းလျှောက်သွားကာ လိုအပ်သော ပစ္စည်းများ သွားရောက်ဝယ်ယူလေ့ရှိသည်။

ဘရီတန်သည် အင်တာနက်ဝိုင်ဖိုင်အတွက် တစ်လလျှင် ပေါင် ၂၀ ခန့် ကုန်ကျခြင်းမှ လွဲပြီး အခြားကုန်ကျစရိတ်မရှိချေ။ သို့သော် ဘရီတန်သည် တစ်ခါတစ်ရံတွင် အစားအသောက်အချို့ဝယ်ယူခြင်းနှင့် ချက်ပြုတ်ရန်အတွက် ဂက်စ်ဝယ်ယူခြင်းများ ပြုလုပ်ရသည်။

ဘရီတန်သည် သူ၏ သမားရိုးကျမဟုတ်သော ဘဝနေထိုင်မှုအကြောင်းကို TikTok တွင် ဗွီဒီယိုဖိုင် လွှင့်တင်ကာ အခြားသူတို့အနေဖြင့်လည်း သဘာဝတရားနှင့် ထိတွေ့နေထိုင်ကြရန် အားပေးခဲ့သည်။

သူ၏ TikTok အကောင့်မှာ Follower ၈၄၀၀၀၀ ဦးကျော်ရှိသည်။

(Supermarket ငွေကိုင်စာရေးဘဝကို စွန့်လွှတ်ခဲ့သူ ဘရီတန်။ ဓာတ်ပုံ- PA Real Life)

(၂၀၁၁ ခုနှစ်ကတည်းက အမေရိကန်ပြည်တစ်ဝန်း ဗန်ကားတစ်စီးဖြင့် ခရီးထွက်ကာ အိမ်တစ်လုံးဆောက်ရန် နေရာ လိုက်လံရှာဖွေခဲ့သည်။ ဓာတ်ပုံ- PA Real Life )

ဘရီတန်သည် TikTok မှရရှိသော ဝင်ငွေအပြင် အော်ဂဲနစ်ဖြည့်စွက်စာ လုပ်ငန်းဖြစ်သည့် New Earth Organic မှရသော ဝင်ငွေတို့ဖြင့် ရပ်တည်ခြင်းဖြစ်သည်။

ဘရီတန်သည် သောက်သုံးရန် ၊ ချက်ပြုတ်ရန်နှင့် ရေချိုးရန်တို့အတွက် မိုးရေကိုသာ ၁၀၀ ရာခိုင်နှုန်း မှီခိုအားထားသည်။ “လျှပ်စစ်ကို ဆိုလာပြားတွေကနေ ရပါတယ်။ လျှပ်စစ်ကို မီးဖိုဆောင်အတွက်နဲ့ TikTok ဗွီဒီယိုတွေတင်ဖို့ ဝိုင်ဖိုင်အတွက် သုံးပါတယ်။ အရင်ဘဝဟောင်းက ဘယ်ဟာကိုမှ ကျွန်တော် မလွမ်းပါဘူး။”

(ဘရီတန်က Follower ၈၄၀၀၀၀ ရှိသော TikTok အကောင့်တွင် သူ၏ သစ်ပင်အကြောင်း ချပြခဲ့သည်။ ဓာတ်ပုံ- PA Real Life)

(ဟာဝိုင်အီတွင် အခြေချရန် ဆုံးဖြတ်ကာ ဧကမတ်ကျယ်ဝန်းသော မြေနေရာကို ၂၀၂၀ တွင် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- PA Real Life)

(ဘရီတန်သည် ပြီးခဲ့သော ၁၅ နှစ်တာအတွင်း ယောဂကျင့်ခြင်း ၊ တရားထိုင်ခြင်းများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ- PA Real Life)

ဘရီတန်သည် တောအုပ်ကို မြေနေရာရှင်းရာတွင် မြေတူးစက် (သို့မဟုတ်) အခြားစက်ယန္တရားကြီးများ မသုံးဘဲ ရှင်းလင်းခဲ့ပြီးဖြစ်ပြီး ပေါင် ၁၂၀၀၀ ခန့် ကုန်ကျခဲ့သည်။

(ဘရီတန်၏ အိမ်တွင်းမြင်ကွင်း။ ဓာတ်ပုံ- PA Real Life)

(ဘရီတန်၏ စိုက်ခင်း။ ဓာတ်ပုံ- PA Real Life)

ဘရီတန်သည် ခေါင်မိုးမှကျသောမိုးရေကို ဂါလံ ၃၀၀ ဆန့် ကန်ကြီးဖြင့် စုဆောင်းကာ အိမ်ထဲရှိ ရေပိုက်ခေါင်းများရှိရာသို့ ပို့လွှတ်သည်။

ဘရီတန်သည် ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းများဖြစ်သော ရုပ်မြင်သံကြား ၊ Laptop နှင့် ဖုန်းတို့အသုံးပြုပြီး အိမ်အပြင်ဘက်ရှိ ဆိုလာပြား ၂ ခုမှရသော ဓာတ်အားဖြင့် သုံးခြင်းဖြစ်သည်။

ဆိုလာပြားများမှ ဝပ် ၄၀၀ ထွက်သည်ဟု ဆိုသည်။

(မိုးရေကိုသာ အသုံးပြုပြီး စားသောက်ရန် သီးနှံများ ကိုယ်တိုင်စိုက်ပျိုးထားသည်။ ဓာတ်ပုံ- The Infinitycup)

(မြေနေရာအတွက် ၂၉၈၅၀ ဒေါ်လာပေးခဲ့ရသည်။ ဓာတ်ပုံ- The Infinitycup)

(စတုရန်းပေ ၂၀၀ ကျယ်ဝန်းသောအိမ်ကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ရသည်။ ဓာတ်ပုံ- The Infinitycup)

(တောရိုင်းတိရ စ္ဆာန်များ ၊ ပန်းများကြားတွင် နေထိုင်ခဲ့သောကြောင့် တောထဲတွင် အိမ်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဘရီတန်က ပြောသည်။ ဓာတ်ပုံ- The Infinitycup)

(အိမ်ပေါ်သို့ တက်သည့်လှေကား။ ဓာတ်ပုံ- The Infinitycup)

(အိမ်သာနှင့် ရေပန်းတို့ရှိသော နေရာ။ ဓာတ်ပုံ- The Infinitycup)

(စိုက်ခင်းအိမ်။ ဓာတ်ပုံ- The Infinitycup)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: California man quits job and moves into treehouse in Hawaii jungle: ‘Off-grid Tarzan’ (nypost, metro )

[Zawgyi]

အေမရိကန္ျပည္ ၊ ကယ္လီဖုိးနီးယားမွ Supermarket ေငြကိုင္စာေရးတစ္ဦးက အလုပ္မွထြက္ကာ ဟာဝိုင္အီရွိ ေတာၾကီးထဲတြင္ သစ္ပင္အိမ္ေဆာက္ကာ ေနထိုင္

အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ အမ်ဳိးသားတစ္ဦးသည္ အလုပ္မွထြက္ကာ လူသူကင္းေဝးရာအရပ္၌ သဘာဝတရားၾကီးႏွင့္ ထိေတြ႔ေနထိုင္ရန္အတြက္ သစ္ပင္အိမ္တစ္လုံးေဆာက္ကာ ေနထုိင္လ်က္ရွိသည္။

ထုိအမ်ဳိးသား၏ အမည္မွာ ေရာဘတ္ ဘရီတန္ဟု အမည္ရျပီး အသက္ ၃၅ ႏွစ္အရြယ္ရွိကာ ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္းရွိ Supermarket တစ္ခုတြင္ ေငြကိုင္စာေရးအျဖစ္ လုပ္ကိုင္ခဲ့သူ ျဖစ္သည္။

သူသည္ ၂၀၁၁ ခုႏွစ္ကတည္းက အေမရိကန္ျပည္တစ္ဝန္း ဗန္ကားတစ္စီးျဖင့္ ခရီးထြက္ကာ အိမ္တစ္လံုးေဆာက္ရန္ ေနရာ လိုက္လံရွာေဖြခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္တြင္ ဘရီတန္က ဟာဝိုင္အီတြင္ အေျခခ်ေနထုိင္ရန္ ဆံုးျဖတ္ခဲ့ျပီး ဧကမတ္ က်ယ္ဝန္းေသာ ေတာအုပ္ထဲမွ ေျမေနရာႏွင့္ အိမ္ေဆာက္ပစၥည္းမ်ားကို ေပါင္ ၄၂၁၂၀ (ကန္ေဒၚလာ ၅၂၁၂၂) ျဖင့္ ဝယ္ယူခဲ့သည္။

ေျမအတြက္ ၂၉၈၅၀ ေဒၚလာေပးခဲ့ရသည္။

သူသည္ TikTok မွ လစဥ္ရရွိေသာ ဝင္ေငြမ်ားျဖင့္ ထိုေျမေနရာကို ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဘရီတန္သည္ စတုရန္းေပ ၂၀၀ ရွိေသာ သစ္ပင္အိမ္ကို ၂ ႏွစ္ခန္႔ အခ်ိန္ယူ ေဆာက္လုပ္ခဲ့ရသည္။

ဘရီတန္သည္ အဆိုပါအိမ္ကို ၎ကိုယ္တုိင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး TikTok ႏွင့္ YouTube တို႔တြင္ သူ၏ သစ္ပင္အိမ္အေၾကာင္း ဗြီဒီယိုမ်ားတင္ခဲ့သည္။

ဘရီတန္၏ အိမ္သည္ ေျမျပင္မွ ၅ေပခြဲအျမင့္တြင္ တည္ရွိျပီး အိမ္၏အျမင့္မွာ ေပ၂၀ ရွိသည္။

သူ၏ သစ္ပင္အိမ္တြင္ လက္ေဆးကန္ ၊ ေရခဲေသတၱာငယ္ ၊ စင္မ်ား ၊ ေမြ႔ယာ ၁ ခု ၊ ေရပန္း ၊ အိမ္သာ ၊ အိပ္ခန္းႏွင့္ ဧည့္ခန္းတို႔ ပါဝင္သည္။

ထို႔အျပင္ စိုက္ခင္းအိမ္ (Green House) တစ္လံုးလည္း ေဆာက္လုပ္ထားျပီး ဘိုစားပဲ ၊ ပန္းေဂၚဖီစိမ္း ၊ မုန္လာဥနီ ၊ ဆလပ္ရြက္ႏွင့္ မုန္လာဥဝါတို႔ စိုက္ပ်ဳိးထားသည္။

တစ္ခါတစ္ရံတြင္မူ အနီးဆံုးရွိျမိဳ႕သို႔ တစ္နာရီခန္႔ လမ္းေလွ်ာက္သြားကာ လုိအပ္ေသာ ပစၥည္းမ်ား သြားေရာက္ဝယ္ယူေလ့ရွိသည္။

ဘရီတန္သည္ အင္တာနက္ဝိုင္ဖုိင္အတြက္ တစ္လလွ်င္ ေပါင္ ၂၀ ခန္႔ ကုန္က်ျခင္းမွ လြဲျပီး အျခားကုန္က်စရိတ္မရွိေခ်။ သို႔ေသာ္ ဘရီတန္သည္ တစ္ခါတစ္ရံတြင္ အစားအေသာက္အခ်ဳိ႕ဝယ္ယူျခင္းႏွင့္ ခ်က္ျပဳတ္ရန္အတြက္ ဂက္စ္ဝယ္ယူျခင္းမ်ား ျပဳလုပ္ရသည္။

ဘရီတန္သည္ သူ၏ သမားရုိးက်မဟုတ္ေသာ ဘဝေနထိုင္မႈအေၾကာင္းကို TikTok တြင္ ဗြီဒီယိုဖိုင္ လႊင့္တင္ကာ အျခားသူတို႔အေနျဖင့္လည္း သဘာဝတရားႏွင့္ ထိေတြ႔ေနထုိင္ၾကရန္ အားေပးခဲ့သည္။

သူ၏ TikTok အေကာင့္မွာ Follower ၈၄၀၀၀၀ ဦးေက်ာ္ရွိသည္။

(Supermarket ေငြကိုင္စာေရးဘဝကို စြန္႔လႊတ္ခဲ့သူ ဘရီတန္။ ဓာတ္ပံု- PA Real Life)

(၂၀၁၁ ခုႏွစ္ကတည္းက အေမရိကန္ျပည္တစ္ဝန္း ဗန္ကားတစ္စီးျဖင့္ ခရီးထြက္ကာ အိမ္တစ္လံုးေဆာက္ရန္ ေနရာ လိုက္လံရွာေဖြခဲ့သည္။ ဓာတ္ပံု- PA Real Life )

ဘရီတန္သည္ TikTok မွရရွိေသာ ဝင္ေငြအျပင္ ေအာ္ဂဲနစ္ျဖည့္စြက္စာ လုပ္ငန္းျဖစ္သည့္ New Earth Organic မွရေသာ ဝင္ေငြတို႔ျဖင့္ ရပ္တည္ျခင္းျဖစ္သည္။

ဘရီတန္သည္ ေသာက္သံုးရန္ ၊ ခ်က္ျပဳတ္ရန္ႏွင့္ ေရခ်ဳိးရန္တို႔အတြက္ မိုးေရကိုသာ ၁၀၀ ရာခုိင္ႏႈန္း မွီခုိအားထားသည္။ “လွ်ပ္စစ္ကို ဆိုလာျပားေတြကေန ရပါတယ္။ လွ်ပ္စစ္ကို မီးဖိုေဆာင္အတြက္နဲ႔ TikTok ဗြီဒီယိုေတြတင္ဖုိ႔ ဝိုင္ဖုိင္အတြက္ သံုးပါတယ္။ အရင္ဘဝေဟာင္းက ဘယ္ဟာကိုမွ ကၽြန္ေတာ္ မလြမ္းပါဘူး။”

(ဘရီတန္က Follower ၈၄၀၀၀၀ ရွိေသာ TikTok အေကာင့္တြင္ သူ၏ သစ္ပင္အေၾကာင္း ခ်ျပခဲ့သည္။ ဓာတ္ပံု- PA Real Life)

(ဟာဝိုင္အီတြင္ အေျခခ်ရန္ ဆံုးျဖတ္ကာ ဧကမတ္က်ယ္ဝန္းေသာ ေျမေနရာကို ၂၀၂၀ တြင္ ဝယ္ယူခဲ့သည္။ ဓာတ္ပံု- PA Real Life)

(ဘရီတန္သည္ ျပီးခဲ့ေသာ ၁၅ ႏွစ္တာအတြင္း ေယာဂက်င့္ျခင္း ၊ တရားထိုင္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု- PA Real Life)

ဘရီတန္သည္ ေတာအုပ္ကို ေျမေနရာရွင္းရာတြင္ ေျမတူးစက္ (သို႔မဟုတ္) အျခားစက္ယႏၱရားၾကီးမ်ား မသံုးဘဲ ရွင္းလင္းခဲ့ျပီးျဖစ္ျပီး ေပါင္ ၁၂၀၀၀ ခန္႔ ကုန္က်ခဲ့သည္။

(ဘရီတန္၏ အိမ္တြင္းျမင္ကြင္း။ ဓာတ္ပံု- PA Real Life)

(ဘရီတန္၏ စိုက္ခင္း။ ဓာတ္ပံု- PA Real Life)

ဘရီတန္သည္ ေခါင္မိုးမွက်ေသာမိုးေရကို ဂါလံ ၃၀၀ ဆန္႔ ကန္ၾကီးျဖင့္ စုေဆာင္းကာ အိမ္ထဲရွိ ေရပိုက္ေခါင္းမ်ားရွိရာသို႔ ပို႔လႊတ္သည္။

ဘရီတန္သည္ ေခတ္ေပၚအသံုးအေဆာင္ပစၥည္းမ်ားျဖစ္ေသာ ရုပ္ျမင္သံၾကား ၊ Laptop ႏွင့္ ဖုန္းတုိ႔အသံုးျပဳျပီး အိမ္အျပင္ဘက္ရွိ ဆိုလာျပား ၂ ခုမွရေသာ ဓာတ္အားျဖင့္ သံုးျခင္းျဖစ္သည္။

ဆိုလာျပားမ်ားမွ ဝပ္ ၄၀၀ ထြက္သည္ဟု ဆိုသည္။

(မိုးေရကိုသာ အသံုးျပဳျပီး စားေသာက္ရန္ သီးႏွံမ်ား ကိုယ္တုိင္စိုက္ပ်ဳိးထားသည္။ ဓာတ္ပံု- The Infinitycup)

(ေျမေနရာအတြက္ ၂၉၈၅၀ ေဒၚလာေပးခဲ့ရသည္။ ဓာတ္ပံု- The Infinitycup)

(စတုရန္းေပ ၂၀၀ က်ယ္ဝန္းေသာအိမ္ကို ၂ ႏွစ္ၾကာ အခ်ိန္ယူ ေဆာက္လုပ္ခဲ့ရသည္။ ဓာတ္ပံု- The Infinitycup)

(ေတာရိုင္းတိရ စၦာန္မ်ား ၊ ပန္းမ်ားၾကားတြင္ ေနထိုင္ခဲ့ေသာေၾကာင့္ ေတာထဲတြင္ အိမ္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း ဘရီတန္က ေျပာသည္။ ဓာတ္ပံု- The Infinitycup)

(အိမ္ေပၚသုိ႔ တက္သည့္ေလွကား။ ဓာတ္ပံု- The Infinitycup)

(လက္ေဆးကန္။ ဓာတ္ပံု- The Infinitycup)

(အိမ္သာႏွင့္ ေရပန္းတို႔ရွိေသာ ေနရာ။ ဓာတ္ပံု- The Infinitycup)

(စိုက္ခင္းအိမ္။ ဓာတ္ပံု- The Infinitycup)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: California man quits job and moves into treehouse in Hawaii jungle: ‘Off-grid Tarzan’ (nypost, metro )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service