အင်္ဂလန်တွင် ရွာထဲရှိ အခြားအိမ်များသို့ လျှို့ဝှက်မြေအောက်ဥမင်လှိုဏ်ခေါင်းဖြင့် ဆက်သွယ်ထားသော ထူးဆန်းသည့် နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာ
အင်္ဂလန်တွင် ရွာထဲရှိ အခြားအိမ်များသို့ လျှို့ဝှက်မြေအောက်ဥမင်လှိုဏ်ခေါင်းဖြင့် ဆက်သွယ်ထားသော ထူးဆန်းသည့် နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 May 2023 10:59 am တွင် တင်ခဲ့သည်
358 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်တွင် လျှို့ဝှက်မြေအောက်ဥမင် တစ်ခုပါသည့် ထူးခြားသော ကျေးလက်နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။
ကိန်းဘရစ်မြို့တောင်ပိုင်းတွင် တည်ရှိပြီး ပထမကမ္ဘာစစ်ကြီးမတိုင်မီက ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်ကာ နေအိမ်အောက်တွင် ရွာထဲရှိ အခြားအဆောက်အအုံများရှိရာသို့ ဆက်သွယ်ထားသော လျှို့ဝှက်မြေအောက်ဥမင်တစ်ခု ရှိသည်။
ထိုသို့ မြေအောက်ဥမင်ကြီးရှိနေသည်မှာ အိပ်မက်ဆန်လှပြီး လျှို့ဝှက်သဲဖိုရုပ်ရှင်ကားများတွင်သာ တွေ့ရနိုင်သည့် အရာမျိုးဖြစ်သည်။
Hill View Cottage ဟု အမည်ပေးထားသော အိမ်တွင် အိပ်ခန်း ၄ ခန်း ၊ ဧည့်ခန်း ၂ ခန်းပါဝင်ပြီး ၂ ထပ်အိမ်ဖြစ်ကာ ပေါင် ၄၂၅၀၀၀ ဈေးခေါ်ထားသည်။
ထို့အပြင် သီးသန့်ပန်းဥယျာဉ်တစ်ခုနှင့် မြေအောက်ခန်းလည်း ပါသည်။
(အပြင်မှ ကြည့်ပါက သာမန်အိမ်တစ်လုံးသာ ဖြစ်သည်။ ဓာတ်ပုံ- Ensum Brown)
(ခြောက်ခြားဖွယ်ရာ မြေအောက်ဥမင်။ ဓာတ်ပုံ- Ensum Brown)
(မူရင်းလက်ရာမပျက် ရှိနေဆဲဖြစ်သော နေအိမ်အတွင်းပိုင်း။ ဓာတ်ပုံ- Ensum Brown)
(ဥမင်သို့ ဝင်ရောက်သည့် မြေအောက်ခန်း။ ဓာတ်ပုံ- Ensum Brown)
Church of England ကို အင်္ဂလန်ပြည့်ရှင် Henry VIII က တည်ထောင်ခဲ့သည့် ကာလအတွင်း ယခုအိမ်နှင့် မြေအောက်ဥမင်များ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။
ဤနေအိမ်နှင့် မြေအောက်ဥမင်ကို ကက်သလစ်နှင့် ပရိုတက်စတင့်တို့က အသုံးပြုခဲ့ဖွယ်ရာ ရှိပြီး အာဏာပိုင်တို့ လာရောက်စစ်ဆေးပါက ဖမ်းဆီးနှိပ်စက်ခြင်းမှ ထွက်ပြေးနိုင်ရန် လမ်းကြောင်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် အဆိုပါ မြေအောက်ဥမင်သို့ ယခုအိမ်ရှိ မြေအောက်ခန်းမှသာလျှင် ဝင်ရောက်နိုင်ပြီး အခြားအိမ်တို့မှ ဝင်ပေါက်များ ပိတ်ထားကြသည်။
(ဧည့်ခန်း ၂ ခန်းပါသည်။ ဓာတ်ပုံ- Ensum Brown)
(ကျယ်ပြောသော ပန်းဥယျာဉ်။ ဓာတ်ပုံ- Ensum Brown)
(ပေါင် ၄၂၅၀၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ- Ensum Brown)
(ဝယ်ယူရန် စိတ်ဝင်စားသူ များစွာရှိနေသည်။ ဓာတ်ပုံ- Ensum Brown)
(နေအိမ်၏ Floor Plan။ ဓာတ်ပုံ- Ensum Brown)
နေအိမ်ကို ဈေးကွက်တင်ပေးသော Ensum Brown အိမ်ခြံမြေကုမ္ပဏီက အကျိုးဆောင်တစ်ဦးက ပြောသည်မှာ ယခုအိမ်ကို စိတ်ဝင်စားသူ အလွန်များနေကြောင်း ပြောသည်။
“Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်မှာ တင်ထားတဲ့နေအိမ်အများစုဟာ တစ်နေ့ကို ဝင်ကြည့်သူ ၆၀ လောက်ပဲ ရှိပေမဲ့ ဒီအိမ်ကတော့ တစ်နေ့ထဲနဲ့ ဝင်ကြည့်မှု ၁၀၀၀၀ ကျော်ရှိခဲ့တယ်။”
နေအိမ်တည်ရှိရာ Fowlmere ကျေးရွာသည် ကိန်းဘရစ်ရှိုင်းယား၏ တောင်ဘက်ဖျားတွင် တည်ရှိပြီး Royston မြို့မှ ၆ မိုင်ခန့်အကွာတွင် တည်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This quaint little country cottage for sale has a secret tunnel to other properties in the village (metro)
[Zawgyi]
(ဧည့်ခန်း ၂ ခန်းပါသည်။ ဓာတ်ပုံ- Ensum Brown)
(နေအိမ်၏ Floor Plan။ ဓာတ်ပုံ- Ensum Brown)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service