Google ကုမ္ပဏီ၏ CEO ဆွန်ဒါ ပီချာအီ မွေးဖွားကြီးပြင်းရာ အိန္ဒိယမှ နေအိမ်ကို တမီလ်ရုပ်ရှင်မင်းသားက ဝယ်ယူ

Google ကုမ္ပဏီ၏ CEO ဆွန်ဒါ ပီချာအီ မွေးဖွားကြီးပြင်းရာ အိန္ဒိယမှ နေအိမ်ကို တမီလ်ရုပ်ရှင်မင်းသားက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
30 May 2023 10:40 am တွင် တင်ခဲ့သည်
404 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Google ကုမ္ပဏီ၏ CEO ဆွန်ဒါ ပီချာအီ (Sundar Pichai) မွေးဖွားကြီးပြင်းရာ အိန္ဒိယနိုင်ငံတောင်ပိုင်း ၊ တမီလ်နာဒူးပြည်နယ် ၊ ချင်နိုင်းမြို့ရှိ ဘိုးဘွားစဉ်ဆက်နေထိုင်ခဲ့သော နေအိမ်ရောင်းထွက်သွားကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြသည်။

နေအိမ်တည်နေရာမှာ ချင်နိုင်းမြို့ ၊ Ashok Nagar အရပ်တွင် တည်ရှိပြီး တမီလ်ရုပ်ရှင်မင်းသား ၊ ရုပ်ရှင်ထုတ်လုပ်သူ စီ မာနီးကန်ဒန်က ဆွန်ဒါ၏ ဖခင်ထံမှ ဝယ်ယူသွားခြင်း ဖြစ်သည်။

အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ ရုပ်ရှင်မင်းသား မာနီးကန်ဒန်သည် အိမ်ဝယ်ရန် အိမ်ရှာနေစဉ် Google ၏ CEO ဖြစ်သူ ဆွန်ဒါ မွေးဖွားကြီးပြင်းခဲ့သော နေအိမ် ရောင်းရန်ရှိကြောင်း သတင်းရလာကာ ထိုအိမ်ကို ဝယ်ရန် ချက်ချင်းဆုံးဖြတ်ချက်ချခဲ့သည်။

“ဆွန်ဒါဟာ ကျွန်တော်တို့တိုင်းပြည်ကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးခဲ့သူပါ။ သူနေထိုင်ခဲ့တဲ့အိမ်ကို ဝယ်ယူတာဟာ ကျွန်တော့ဘဝရဲ့ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုပါပဲ”ဟု မာနီးကန်ဒန်က ပြောသည်။

အဆိုပါ အရောင်းအဝယ်အပြီးသတ်ရန်မူ အချိန်ယူခဲ့ရသည်။

ဆွန်ဒါ၏ ဖခင် RS Pichai သည် ထိုအချိန်က အမေရိကန်ပြည်သို့ ရောက်ရှိနေသောကြောင့် မာနီးကန်ဒန်မှာ အိမ်ဝယ်ရန် ၄ လစောင့်ခဲ့ရသည်။

မာနီးကန်ဒန်သည် ရုပ်ရှင်မင်းသားဖြစ်သည့်အပြင် အိမ်ခြံမြေ Developer တစ်ဦးလည်းဖြစ်ပြီး အိမ်အလုံး ၃၀၀ ခန့် ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ဆွန်ဒါ၏ မိဘများ နှိမ့်ချမှုရှိခြင်းက မိမိအားဖမ်းစားခဲ့ကြောင်း မာနီးကန်ဒန်က ပြောသည်

“ဆွန်ဒါရဲ့မိခင်က ကိုယ်တိုင်ကော်ဖီဖျော်ပေးတယ်။ သူ့အဖေက စတွေ့တဲ့အချိန်မှာပဲ ကျွန်တော့်ကို စာရွက်စာတမ်းတွေ ထုတ်ပြတယ်။ သူတို့ရဲ့ ထောင်လွှားမှုမရှိခြင်းက ကျွန်တော့ကို ဖမ်းစားခဲ့ပါတယ်။”

အိမ်အမြန် ရောင်းထွက်စေရေးအတွက် ဆွန်ဒါ၏ ဖခင်က သားဖြစ်သူ၏ နာမည်ထုတ်ပြောခြင်းမျိုး လုံးဝမလုပ်ခဲ့ကြောင်း မာနီးကန်ဒန်က ပြောသည်။

“သူ့အဖေက မှတ်ပုံတင်ရုံးမှာ အကြာကြီးစောင့်ဆိုင်းပြီး အခွန်အခတွေ အကုန်ပေးဆောင်ပြီးမှ ကျွန်တော့်ကို စာရွက်စာတမ်းတွေ အကုန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။”

“စာရွက်စာတမ်းတွေ လွှဲပေးပြီးနောက် ဆွန်ဒါရဲ့ ဖခင်ကြီးဟာ အချိန်အတော်ကြာ မလှုပ်မယှက်တွေတွေကြီး ဖြစ်နေခဲ့တယ်။ ဒီအိမ်က သူ့ရဲ့ ပထမဆုံးအိမ်လေ”ဟု မာနီးကန်ဒန်က ပြောသည်။

ဆွန်ဒါသည် ချင်နိုင်းမြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် အနောက်ဘင်ဂေါပြည်နယ် ၊ Kharagpur မြို့ရှိ အိန္ဒိယနည်းပညာတက္ကသိုလ် IIT Kharagpur တွင် သတ္တုအင်ဂျင်နီယာပညာ သင်ယူခဲ့သည်။

အိမ်နီးချင်းများ၏ ပြောကြားချက်အရ ဆွန်ဒါသည် ယခုအရောင်းအဝယ်ဖြစ်သောအိမ်တွင် အသက် ၂၀ အရွယ်အထိ နေထိုင်ခဲ့ကြောင်း ပြောသည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလက Google ၏ CEO ဆွန်ဒါသည် ချင်နိုင်းမြို့သို့ လာရောက်လည်ပတ်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းများကို ငွေသားနှင့် အိမ်သုံးပစ္စည်းအချို့ပေးဝေခဲ့သည်။

“သူက ဒီအိမ်မှာ အသက် ၂၀ အရွယ်အထိ နေသွားပါတယ်။ သူ့မိသားစုဝင်တွေနဲ့ ဒီအိမ်ဝရန်တာမှာ ဓာတ်ပုံတွေ ရိုက်သွားတယ်”ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Google CEO Sundar Pichai’s ancestral home sold. Father breaks down during property transfer (wionews)

[Zawgyi]

Google ကုမၸဏီ၏ CEO ဆြန္ဒါ ပီခ်ာအီ ေမြးဖြားၾကီးျပင္းရာ အိႏိၵယမွ ေနအိမ္ကို တမီလ္ရုပ္ရွင္မင္းသားက ဝယ္ယူ

Google ကုမၸဏီ၏ CEO ဆြန္ဒါ ပီခ်ာအီ (Sundar Pichai) ေမြးဖြားၾကီးျပင္းရာ အိႏိၵယႏိုင္ငံေတာင္ပိုင္း ၊ တမီလ္နာဒူးျပည္နယ္ ၊ ခ်င္ႏိုင္းျမိဳ႕ရွိ ဘိုးဘြားစဥ္ဆက္ေနထိုင္ခဲ့ေသာ ေနအိမ္ေရာင္းထြက္သြားေၾကာင္း Hindu Business Line သတင္းဌာနက ေဖာ္ျပသည္။

ေနအိမ္တည္ေနရာမွာ ခ်င္ႏိုင္းျမဳိ႕ ၊ Ashok Nagar အရပ္တြင္ တည္ရွိျပီး တမီလ္ရုပ္ရွင္မင္းသား ၊ ရုပ္ရွင္ထုတ္လုပ္သူ စီ မာနီးကန္ဒန္က ဆြန္ဒါ၏ ဖခင္ထံမွ ဝယ္ယူသြားျခင္း ျဖစ္သည္။

အဆိုပါ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ရုပ္ရွင္မင္းသား မာနီးကန္ဒန္သည္ အိမ္ဝယ္ရန္ အိမ္ရွာေနစဥ္ Google ၏ CEO ျဖစ္သူ ဆြန္ဒါ ေမြးဖြားၾကီးျပင္းခဲ့ေသာ ေနအိမ္ ေရာင္းရန္ရွိေၾကာင္း သတင္းရလာကာ ထိုအိမ္ကုိ ဝယ္ရန္ ခ်က္ခ်င္းဆံုးျဖတ္ခ်က္ခ်ခဲ့သည္။

“ဆြန္ဒါဟာ ကၽြန္ေတာ္တို႔တိုင္းျပည္ကို ဂုဏ္တက္ေအာင္ လုပ္ေဆာင္ေပးခဲ့သူပါ။ သူေနထိုင္ခဲ့တဲ့အိမ္ကို ဝယ္ယူတာဟာ ကၽြန္ေတာ့ဘဝရဲ႕ ဂုဏ္ယူဖြယ္ရာ ေအာင္ျမင္မႈတစ္ခုပါပဲ”ဟု မာနီးကန္ဒန္က ေျပာသည္။

အဆိုပါ အေရာင္းအဝယ္အျပီးသတ္ရန္မူ အခ်ိန္ယူခဲ့ရသည္။

ဆြန္ဒါ၏ ဖခင္ RS Pichai သည္ ထိုအခ်ိန္က အေမရိကန္ျပည္သို႔ ေရာက္ရွိေနေသာေၾကာင့္ မာနီးကန္ဒန္မွာ အိမ္ဝယ္ရန္ ၄ လေစာင့္ခဲ့ရသည္။

မာနီးကန္ဒန္သည္ ရုပ္ရွင္မင္းသားျဖစ္သည့္အျပင္ အိမ္ျခံေျမ Developer တစ္ဦးလည္းျဖစ္ျပီး အိမ္အလံုး ၃၀၀ ခန္႔ ေဆာက္လုပ္ေပးခဲ့ျပီးျဖစ္ေၾကာင္း ၎ကေျပာသည္။

ဆြန္ဒါ၏ မိဘမ်ား ႏွိမ့္ခ်မႈရွိျခင္းက မိမိအားဖမ္းစားခဲ့ေၾကာင္း မာနီးကန္ဒန္က ေျပာသည္။

“ဆြန္ဒါရဲ႕မိခင္က ကိုယ္တိုင္ေကာ္ဖီေဖ်ာ္ေပးတယ္။ သူ႔အေဖက စေတြ႔တဲ့အခ်ိန္မွာပဲ ကၽြန္ေတာ့္ကို စာရြက္စာတမ္းေတြ ထုတ္ျပတယ္။ သူတု႔ိရဲ႕ ေထာင္လႊားမႈမရွိျခင္းက ကၽြန္ေတာ့ကို ဖမ္းစားခဲ့ပါတယ္။”

အိမ္အျမန္ ေရာင္းထြက္ေစေရးအတြက္ ဆြန္ဒါ၏ ဖခင္က သားျဖစ္သူ၏ နာမည္ထုတ္ေျပာျခင္းမ်ဳိး လံုးဝမလုပ္ခဲ့ေၾကာင္း မာနီးကန္ဒန္က ေျပာသည္။

“သူ႔အေဖက မွတ္ပံုတင္ရံုးမွာ အၾကာၾကီးေစာင့္ဆုိင္းျပီး အခြန္အခေတြ အကုန္ေပးေဆာင္ျပီးမွ ကၽြန္ေတာ့္ကို စာရြက္စာတမ္းေတြ အကုန္လႊဲေပးခဲ့တာ ျဖစ္ပါတယ္။”

“စာရြက္စာတမ္းေတြ လႊဲေပးျပီးေနာက္ ဆြန္ဒါရဲ႕ ဖခင္ၾကီးဟာ အခ်ိန္အေတာ္ၾကာ မလႈပ္မယွက္ေတြေတြၾကီး ျဖစ္ေနခဲ့တယ္။ ဒီအိမ္က သူ႔ရဲ႕ ပထမဆံုးအိမ္ေလ”ဟု မာနီးကန္ဒန္က ေျပာသည္။

ဆြန္ဒါသည္ ခ်င္ႏိုင္းျမိဳ႕တြင္ ေမြးဖြားၾကီးျပင္းခဲ့ျပီး ၁၉၈၉ ခုႏွစ္တြင္ အေနာက္ဘင္ေဂါျပည္နယ္ ၊ Kharagpur ျမိဳ႕ရွိ အိႏိၵယနည္းပညာတကၠသိုလ္ IIT Kharagpur တြင္ သတၱဳအင္ဂ်င္နီယာပညာ သင္ယူခဲ့သည္။

အိမ္နီးခ်င္းမ်ား၏ ေျပာၾကားခ်က္အရ ဆြန္ဒါသည္ ယခုအေရာင္းအဝယ္ျဖစ္ေသာအိမ္တြင္ အသက္ ၂၀ အရြယ္အထိ ေနထိုင္ခဲ့ေၾကာင္း ေျပာသည္။

ျပီးခဲ့ေသာႏွစ္ ဒီဇင္ဘာလက Google ၏ CEO ဆြန္ဒါသည္ ခ်င္ႏုိင္းျမိဳ႕သုိ႔ လာေရာက္လည္ပတ္ခဲ့ျပီး လံုျခံဳေရးဝန္ထမ္းမ်ားကို ေငြသားႏွင့္ အိမ္သံုးပစၥည္းအခ်ဳိ႕ေပးေဝခဲ့သည္။

“သူက ဒီအိမ္မွာ အသက္ ၂၀ အရြယ္အထိ ေနသြားပါတယ္။ သူ႔မိသားစုဝင္ေတြနဲ႔ ဒီအိမ္ဝရန္တာမွာ ဓာတ္ပံုေတြ ရုိက္သြားတယ္”ဟု အိမ္နီးခ်င္းတစ္ဦးက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Google CEO Sundar Pichai’s ancestral home sold. Father breaks down during property transfer (wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service