ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဘေစင်တွင် ပန်းကန်ဆေးနေရင်းနဲ့မှ အလိုလိုနေရင်း ခြေထောက်က မျက်ကနဲဖြစ်သွားသည်။ ထိုခြေထောက် ကြောင့် လမ်းလျှောက်သည့်အခါတွင် အဆင်မပြေဖြစ်လာသည်။ခြေဖဝါးမချဘဲ ခြေဖျားထောက်ပြီး လျှောက်ကြည့်သည့် အခါတွင် သက်သာသဖြင့် ခြေဖျားထောက်ပြီး လမ်းလျှောက်ရ၏။နောက်တော့ပြန်ပြီး သက်သာသွားပြန်သည်။ ခန္ဓာကိုယ်က တရားပြနေပြီလားဟု ခန္ဓာကိုယ်ကို ပြန်လည်ဆင်ခြင်နေရပါပြီ။
လွန်ခဲ့သည့်နှစ်ရက်ကလည်း အိပ်ရာက ထသည့်အခါတွင် ခါးနာသည့်ဒဏ်ကို အလိုလိုခံစားလိုက်ရသည်။ ထိုနေ့တစ်နေ့လုံး ခါးနာသည့်ဒဏ်ကြောင့် အလှည့်အပြုအထိုင်အထတို့ အဆင်မပြေခဲ့။ ‘ခိဟုန်ယူဒဏ်ကြေ လိမ်းဆေး’လေး လိမ်းပြီး အိပ်လိုက်မှ တော်တော်သက်သာသွားသည်။အရှင်းတော့မပျောက်။ ထပ်ပြီး မထိခိုက်အောင် သတိထားနေရသည့် အခြေအနေဖြစ်နေသည်။
ထိုသို့ ခါးနာသည့်အခါမျိုးတွင် လှုပ်ရှားမှုတစ်ခုခုလုပ်တိုင်း ခါးကိုသတိထားပြီးလုပ်နေရသည်။ ခါးနာနေသည့် အချိန်တွင် နှာချေ၊ ချောင်းဆိုး လုပ်သည်ကိုပင် သတိထားပြီးလုပ်ရသည်။နှာချေသည့်အခါတွင် ခါးကို လှုပ်ရှားပြီး ချေရသဖြင့် တစ်ခါတစ်ရံ ကောင်းနေသည့်ခါးပင် နာသွားတတ်သည်ကို ကြုံရဖူး၏။ ထိုအဖြစ်မျိုး ကြုံရဖူးတဲ့သူတွေလည်း ရှိကြပါလိမ့်မည်။
ခါးနာနေသည့်အချိန်တွင် နှာချေလိုပါက ဘာမှမကိုင်ဘဲ နှာမချေရဲပါ။ ခါးအပေါ်လှုပ်ရှားမှုတို့ မသက်ရောက်အောင် တိုင်တို့၊နံရံတို့ကိုကိုင်ထားပြီးမှ နှာချေရဲသည်။
ယခုအခါ လှေခါးအတက်အဆင်းပင် သတိထားလာရသည်။အရင်ကတော့ လှေကားတက်သည်ကိုပင် တစ်ထစ်ကျော်ပြီး တလွှားလွှားနဲ့တက်ခဲ့သည်။တစ်ဖြောင်းဖြောင်းနဲ့ အထစ်ကျော်ပြီး ခုန်ဆင်းခဲ့သည်။ မောရကောင်းမှန်း နာရကောင်းမှန်း မသိခဲ့လောက်အောင် ခန္ဓာကိုယ်က ကြံ့ခိုင်နေခဲ့သည်။ အလွဲအမှားဖြစ်လည်း ဖုတ်ဖက်ခါပြီးဆက်လုပ်နိုင်သည်။
အခုတော့ လူငယ်တစ်ယောက်လို ပြေးတက်ပြေးဆင်း၊အကျော်အလွှားတွေကို မလုပ်နိုင်တော့။ အဆင်း အတက်ကို သတိထားပြီး ဆင်းတက်နေရသည်။မိမိအဆင်းအတက်လုပ်နေကြ လှေကားထစ်၏ အရေအတွက်ကို မှတ်ထားရသည်။ မှောင်နေသည့်အခါ၊မီးပျက်နေသည့်အခါမျိုးတွင် မမြင်ရသော လှေကားထစ်များကို မှတ်ထားသည့် အရေအတွက်အတိုင်း ရေတွက်ပြီးမှ ဖြည်းဖြည်းဆင်းရသည်။ သို့မဟုတ်ပါက ခန္ဓာကိုယ်က လှေကားထစ် တစ်ထစ်ကိုပင် အမှားမခံတော့ပါ။မှားသည်နှင့် ခြေမျက်စေ့တို့ ဒူးတို့က ပညာပေးပေတော့သည်။
ခန္ဓာကိုယ်တွင် ဘာမှ ထိခိုက်မှုမရှိသေးသည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ် လူငယ်လေးတစ်ယောက်လို နုပျိုသည့်စိတ်ထားများနှင့် လုပ်ကိုင်နေနိုင်သေးသည်ဟု အတွေးတို့ကဖြစ်နေသည်။ကိုယ့်ရှေ့မှာ လူငယ်တစ်ယောက် ကျားကနဲ လွှားကနဲလုပ်တာတွေ့ရင် ကိုယ်လည်း ကျားကနဲ လွှားကနဲလုပ်နိုင်လိမ့်မည် ထင်နေသေးသည်။
တစ်ခါတော့ ကုမ္ပဏီနှစ်ပတ်လည်အတွက် ပျော်ပွဲရွှင်ပွဲကို ရုံးမှာပင်လုပ်ကြသည်။ပြိုင်ပွဲလေးငါးမျိုး ကစားရသည်။တခြားပြိုင်ပွဲတွေက ခွန်အားထုတ်သုံးပြီး ပြိုင်ရသည့် ပြိုင်ပွဲများ မဟုတ်သဖြင့် အမှတ်မရသော်လည်း ကောင်းကောင်းယှဉ်ပြိုင်နိုင်ကြသည်။
ထိုကစားပွဲများတွင် လက်မောင်းလှဲယှဉ်ပြိုင်ရသည့် ကစားပွဲလည်းပါသည်။ ကျွန်တော်ပျော်သည်ပေါ့။ဘယ်သူနဲ့ ပြိုင်ပြိုင် ကျွန်တော်ပင် အနိုင်ရလိမ့်မည်ဟုထင်ခဲ့သည်။ လက်မောင်းလှဲ ကစားခြင်းကို ကျွန်တော်နုပျိုစဉ်က အရွယ်တူ နှစ်ယောက် သုံးယောက်ပေးပြီး ကစားခဲ့ရာတွင် အနိုင်များခဲ့သည်။ တစ်ယောက်ခြင်းကစားရာတွင် လူကြီးရော ရွယ်တူပါ ကျွန်တော့်ကိုနိုင်သည့်သူ မရှိသလောက်ပင် ဖြစ်သည်။ ထိုစဉ်က အလေးမခြင်း အပါအဝင် အားကစားမျိုးစုံလုပ်ထားသဖြင့် ခန္ဓာကိုယ်က ကျွန်တော့်အလိုကို ကောင်ကောင်းလိုက်နိုင်ခဲ့သည်။
လက်မောင်းလှဲ ကစားနည်းယှဉ်ပြိုင်၍ ကျွန်တော့်အလှည့်ရောက်လျှင် နှစ်ယောက်တော့ပေးပြီး ကစားမည်ဟု စိတ်မှာဖြစ်နေသည်။ ကျွန်တော်က အားကစားလုပ်ထားဖူးသဖြင့် ခန္ဓာကိုယ်က ကြွက်သားတို့ဖြင့် ရှိနေသေးသည်။ ဝန်ထမ်းအားလုံးနှင့် ယှဉ်သည့်အခါ မိမိခန္ဓာကိုယ်ထက် ကြီးသည့်သူမရှိပေ။ အေးအေးဆေးဆေးပေါ့ အမှတ်ပြည့်ရမှာပဲဟုနေလိုက်သည်။
တကယ်ယှဉ်ပြိုင်သည့်အခါတွင်လည်း ကျွန်တော်ကနှစ်ယောက်ပေးမည်ဟု ပြောလိုက်သေးသည်။ပြိုင်ရသူက ကျွန်တော်နှင့် တစ်ခုံကျော်က ညီငယ်တစ်ယောက်နှင့် လက်လှဲပြိုင်ရဖို့ဖြစ်လာသည်။ကျွန်တော့်လောက် ခန္ဓာကိုယ်မရှိသဖြင့် သူ့အပေါ် အထင်သေးလိုက်မိသေးသည်။
တကယ်ယှဉ်ပြိုင်ကြသည့်အခါ သူကပင် ကျွန်တော့်ကို အသာစီးနှင့်ဖိထားသည်။ ကျွန်တော်မထင်ခဲ့။ သူ့အရိုးထဲတွင် အားတို့ရှိနေခဲ့သည်။အရွယ်ကလည်း ကျွန်တော့်ထက် ထက်ချိုးငယ်ပေမည်။သူ့ရဲ့ဖိအားကို ကျွန်တော်မလှန်နိုင်ခဲ့သော်လည်း ကြမ်းကိုမထိအောင်တော့ အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်ခဲ့သည်။သူ့မျက်နှာလည်း ဖြူရော်ရော်ဖြစ်လာသည်။ကျွန်တော်မျက်နှာလည်း သူကဲ့သို့ပင်ရှိနေချေမည်။ ကျွန်တော့်တတောင်ဆစ်တို့သည်လည်း နာကျင်လာခဲ့သည်။ ဘာပဲပြောပြော ကျွန်တော့်အရွယ်က ထင်သလောက်မမာနိုင်တော့ကြောင်း အရွယ်ကပြလာသည်။နောက်တော့ လက်ချပြီး အရှုံးပေးလိုက်ရသည်။
ကျွန်တော်မေ့နေသည်က ကျွန်တော့်အရွယ်။ လက်ခမောင်းတွေ သိပ်ခတ်လို့ မကောင်းတော့။အသိသတိတွေနဲ့ ခန္ဓာကိုပြုစုရင်း ဆက်ပြီးရှင်သန်သွားရတော့မယ့် အရွယ်ဖြစ်နေပါရောလား။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အ႐ြယ္ေျပာင္းလာၿပီမို႔ လက္ခေမာင္းခတ္ဝံ့ေသးရဲ႕လား
ေဘစင္တြင္ ပန္းကန္ေဆးေနရင္းနဲ႔မွ အလိုလိုေနရင္း ေျခေထာက္က မ်က္ကနဲျဖစ္သြားသည္။ ထိုေျခေထာက္ ေၾကာင့္ လမ္းေလွ်ာက္သည့္အခါတြင္ အဆင္မေျပျဖစ္လာသည္။ေျခဖဝါးမခ်ဘဲ ေျခဖ်ားေထာက္ၿပီး ေလွ်ာက္ၾကည့္သည့္ အခါတြင္ သက္သာသျဖင့္ ေျခဖ်ားေထာက္ၿပီး လမ္းေလွ်ာက္ရ၏။ေနာက္ေတာ့ျပန္ၿပီး သက္သာသြားျပန္သည္။ ခႏၶာကိုယ္က တရားျပေနၿပီလားဟု ခႏၶာကိုယ္ကို ျပန္လည္ဆင္ျခင္ေနရပါၿပီ။
လြန္ခဲ့သည့္ႏွစ္ရက္ကလည္း အိပ္ရာက ထသည့္အခါတြင္ ခါးနာသည့္ဒဏ္ကို အလိုလိုခံစားလိုက္ရသည္။ ထိုေန႔တစ္ေန႔လုံး ခါးနာသည့္ဒဏ္ေၾကာင့္ အလွည့္အျပဳအထိုင္အထတို႔ အဆင္မေျပခဲ့။ ‘ခိဟုန္ယူဒဏ္ေၾက လိမ္းေဆး’ေလး လိမ္းၿပီး အိပ္လိုက္မွ ေတာ္ေတာ္သက္သာသြားသည္။အ႐ွင္းေတာ့မေပ်ာက္။ ထပ္ၿပီး မထိခိုက္ေအာင္ သတိထားေနရသည့္ အေျခအေနျဖစ္ေနသည္။
ထိုသို႔ ခါးနာသည့္အခါမ်ိဳးတြင္ လႈပ္႐ွားမႈတစ္ခုခုလုပ္တိုင္း ခါးကိုသတိထားၿပီးလုပ္ေနရသည္။ ခါးနာေနသည့္ အခ်ိန္တြင္ ႏွာေခ်၊ ေခ်ာင္းဆိုး လုပ္သည္ကိုပင္ သတိထားၿပီးလုပ္ရသည္။ႏွာေခ်သည့္အခါတြင္ ခါးကို လႈပ္႐ွားၿပီး ေခ်ရသျဖင့္ တစ္ခါတစ္ရံ ေကာင္းေနသည့္ခါးပင္ နာသြားတတ္သည္ကို ၾကဳံရဖူး၏။ ထိုအျဖစ္မ်ိဳး ၾကဳံရဖူးတဲ့သူေတြလည္း ႐ွိၾကပါလိမ့္မည္။
ခါးနာေနသည့္အခ်ိန္တြင္ ႏွာေခ်လိုပါက ဘာမွမကိုင္ဘဲ ႏွာမေခ်ရဲပါ။ ခါးအေပၚလႈပ္႐ွားမႈတို႔ မသက္ေရာက္ေအာင္ တိုင္တို႔၊နံရံတို႔ကိုကိုင္ထားၿပီးမွ ႏွာေခ်ရဲသည္။
ယခုအခါ ေလွခါးအတက္အဆင္းပင္ သတိထားလာရသည္။အရင္ကေတာ့ ေလွကားတက္သည္ကိုပင္ တစ္ထစ္ေက်ာ္ၿပီး တလႊားလႊားနဲ႔တက္ခဲ့သည္။တစ္ေျဖာင္းေျဖာင္းနဲ႔ အထစ္ေက်ာ္ၿပီး ခုန္ဆင္းခဲ့သည္။ ေမာရေကာင္းမွန္း နာရေကာင္းမွန္း မသိခဲ့ေလာက္ေအာင္ ခႏၶာကိုယ္က ၾကံ့ခိုင္ေနခဲ့သည္။ အလြဲအမွားျဖစ္လည္း ဖုတ္ဖက္ခါၿပီးဆက္လုပ္ႏိုင္သည္။
အခုေတာ့ လူငယ္တစ္ေယာက္လို ေျပးတက္ေျပးဆင္း၊အေက်ာ္အလႊားေတြကို မလုပ္ႏိုင္ေတာ့။ အဆင္း အတက္ကို သတိထားၿပီး ဆင္းတက္ေနရသည္။မိမိအဆင္းအတက္လုပ္ေနၾက ေလွကားထစ္၏ အေရအတြက္ကို မွတ္ထားရသည္။ ေမွာင္ေနသည့္အခါ၊မီးပ်က္ေနသည့္အခါမ်ိဳးတြင္ မျမင္ရေသာ ေလွကားထစ္မ်ားကို မွတ္ထားသည့္ အေရအတြက္အတိုင္း ေရတြက္ၿပီးမွ ျဖည္းျဖည္းဆင္းရသည္။ သို႔မဟုတ္ပါက ခႏၶာကိုယ္က ေလွကားထစ္ တစ္ထစ္ကိုပင္ အမွားမခံေတာ့ပါ။မွားသည္ႏွင့္ ေျခမ်က္ေစ့တို႔ ဒူးတို႔က ပညာေပးေပေတာ့သည္။
ခႏၶာကိုယ္တြင္ ဘာမွ ထိခိုက္မႈမ႐ွိေသးသည့္အခ်ိန္တြင္ ကိုယ့္ကိုယ္ကိုယ္ လူငယ္ေလးတစ္ေယာက္လို ႏုပ်ိဳသည့္စိတ္ထားမ်ားႏွင့္ လုပ္ကိုင္ေနႏိုင္ေသးသည္ဟု အေတြးတို႔ကျဖစ္ေနသည္။ကိုယ့္ေ႐ွ႕မွာ လူငယ္တစ္ေယာက္ က်ားကနဲ လႊားကနဲလုပ္တာေတြ႕ရင္ ကိုယ္လည္း က်ားကနဲ လႊားကနဲလုပ္ႏိုင္လိမ့္မည္ ထင္ေနေသးသည္။
တစ္ခါေတာ့ ကုမၸဏီႏွစ္ပတ္လည္အတြက္ ေပ်ာ္ပြဲ႐ႊင္ပြဲကို ႐ုံးမွာပင္လုပ္ၾကသည္။ၿပိဳင္ပြဲေလးငါးမ်ိဳး ကစားရသည္။တျခားၿပိဳင္ပြဲေတြက ခြန္အားထုတ္သုံးၿပီး ၿပိဳင္ရသည့္ ၿပိဳင္ပြဲမ်ား မဟုတ္သျဖင့္ အမွတ္မရေသာ္လည္း ေကာင္းေကာင္းယွဥ္ၿပိဳင္ႏိုင္ၾကသည္။
ထိုကစားပြဲမ်ားတြင္ လက္ေမာင္းလွဲယွဥ္ၿပိဳင္ရသည့္ ကစားပြဲလည္းပါသည္။ ကြၽန္ေတာ္ေပ်ာ္သည္ေပါ့။ဘယ္သူနဲ႔ ၿပိဳင္ၿပိဳင္ ကြၽန္ေတာ္ပင္ အႏိုင္ရလိမ့္မည္ဟုထင္ခဲ့သည္။ လက္ေမာင္းလွဲ ကစားျခင္းကို ကြၽန္ေတာ္ႏုပ်ိဳစဥ္က အ႐ြယ္တူ ႏွစ္ေယာက္ သုံးေယာက္ေပးၿပီး ကစားခဲ့ရာတြင္ အႏိုင္မ်ားခဲ့သည္။ တစ္ေယာက္ျခင္းကစားရာတြင္ လူႀကီးေရာ ႐ြယ္တူပါ ကြၽန္ေတာ့္ကိုႏိုင္သည့္သူ မ႐ွိသေလာက္ပင္ ျဖစ္သည္။ ထိုစဥ္က အေလးမျခင္း အပါအဝင္ အားကစားမ်ိဳးစုံလုပ္ထားသျဖင့္ ခႏၶာကိုယ္က ကြၽန္ေတာ့္အလိုကို ေကာင္ေကာင္းလိုက္ႏိုင္ခဲ့သည္။
လက္ေမာင္းလွဲ ကစားနည္းယွဥ္ၿပိဳင္၍ ကြၽန္ေတာ့္အလွည့္ေရာက္လွ်င္ ႏွစ္ေယာက္ေတာ့ေပးၿပီး ကစားမည္ဟု စိတ္မွာျဖစ္ေနသည္။ ကြၽန္ေတာ္က အားကစားလုပ္ထားဖူးသျဖင့္ ခႏၶာကိုယ္က ႂကြက္သားတို႔ျဖင့္ ႐ွိေနေသးသည္။ ဝန္ထမ္းအားလုံးႏွင့္ ယွဥ္သည့္အခါ မိမိခႏၶာကိုယ္ထက္ ႀကီးသည့္သူမ႐ွိေပ။ ေအးေအးေဆးေဆးေပါ့ အမွတ္ျပည့္ရမွာပဲဟုေနလိုက္သည္။
တကယ္ယွဥ္ၿပိဳင္သည့္အခါတြင္လည္း ကြၽန္ေတာ္ကႏွစ္ေယာက္ေပးမည္ဟု ေျပာလိုက္ေသးသည္။ၿပိဳင္ရသူက ကြၽန္ေတာ္ႏွင့္ တစ္ခုံေက်ာ္က ညီငယ္တစ္ေယာက္ႏွင့္ လက္လွဲၿပိဳင္ရဖို႔ျဖစ္လာသည္။ကြၽန္ေတာ့္ေလာက္ ခႏၶာကိုယ္မ႐ွိသျဖင့္ သူ႕အေပၚ အထင္ေသးလိုက္မိေသးသည္။
တကယ္ယွဥ္ၿပိဳင္ၾကသည့္အခါ သူကပင္ ကြၽန္ေတာ့္ကို အသာစီးႏွင့္ဖိထားသည္။ ကြၽန္ေတာ္မထင္ခဲ့။ သူ႕အ႐ိုးထဲတြင္ အားတို႔႐ွိေနခဲ့သည္။အ႐ြယ္ကလည္း ကြၽန္ေတာ့္ထက္ ထက္ခ်ိဳးငယ္ေပမည္။သူ႕ရဲ႕ဖိအားကို ကြၽန္ေတာ္မလွန္ႏိုင္ခဲ့ေသာ္လည္း ၾကမ္းကိုမထိေအာင္ေတာ့ အခ်ိန္အေတာ္ၾကာေအာင္ ေတာင့္ခံထားႏိုင္ခဲ့သည္။သူ႕မ်က္ႏွာလည္း ျဖဴေရာ္ေရာ္ျဖစ္လာသည္။ကြၽန္ေတာ္မ်က္ႏွာလည္း သူကဲ့သို႔ပင္႐ွိေနေခ်မည္။ ကြၽန္ေတာ့္တေတာင္ဆစ္တို႔သည္လည္း နာက်င္လာခဲ့သည္။ ဘာပဲေျပာေျပာ ကြၽန္ေတာ္႕အ႐ြယ္က ထင္သေလာက္မမာႏိုင္ေတာ့ေၾကာင္း အ႐ြယ္ကျပလာသည္။ေနာက္ေတာ့ လက္ခ်ၿပီး အ႐ႈံးေပးလိုက္ရသည္။
ကြၽန္ေတာ္ေမ့ေနသည္က ကြၽန္ေတာ့္အ႐ြယ္။ လက္ခေမာင္းေတြ သိပ္ခတ္လို႔ မေကာင္းေတာ့။အသိသတိေတြနဲ႔ ခႏၶာကိုျပဳစုရင္း ဆက္ၿပီး႐ွင္သန္သြားရေတာ့မယ့္ အ႐ြယ္ျဖစ္ေနပါေရာလား။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com