ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
29 May 2023 12:40 pm တွင် တင်ခဲ့သည်
513 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂီတဂန္ထဝင်ကြယ်ပွင့် Tina Turner ကို ရော့ခ်အင်ရိုးလ်ဂီတ၏ ဘုရင်မဟုလည်း လူသိများသည်။
နယူးယောက်တိုင်းမ် သတင်းဌာန၏ ဖော်ပြချက်အရ Tina Turner သည် မေလ ၂၄ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အနီးရှိ သူ၏စံအိမ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ကြောင်း ဖော်ပြသည်။
Tina Turner ကွယ်လွန်ရခြင်း၏ အကြောင်းအရင်းကို မသိရချေ။
Tina Turner သည် အမေရိကန်ဖွား ၊ ဆွစ်ဇာလန်နိုင်ငံသူ အဆိုတော်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ရှိပြီ ဖြစ်သည်။
သူ၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း ကျန်းမာရေးချို့ယွင်းမှု များစွာရင်ဆိုင်ခဲ့ရသည်။
၂၀၁၃ ခုနှစ်အတွင်း လေဖြတ်ခဲ့ပြီး သွေးတိုးရောဂါကြောင့် ကျောက်ကပ်ပျက်စီးမှု ဖြစ်ပွားခဲ့ရာ ကျောက်ကပ် အစားထိုးရန် လိုအပ်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။
ထို့အပြင် Tina Turner သည် အူမကြီးကင်ဆာရောဂါလည်း ခံစားခဲ့ရသည်။
(Tina Turner နှင့် ပထမခင်ပွန်း)
Tina Turner သည် ဂရမ်မီဆု ၁၂ ဆုထိ ရရှိထားပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၈၀ ကျော် ရောင်းချထားရပြီး ဖြစ်ကာ ဂီတဖျော်ဖြေပွဲများ မရေမတွက်နိုင်အောင် တင်ဆက်ဖျော်ဖြေခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရော့ခ်အင်ရိုး၏ ဘုရင်မ ကွယ်လွန်ခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့ရာ Tina Turner သည် မျိုးဆက်တစ်ခုတွင် တစ်ဦးတည်းသာရှိသော အရည်အသွေး ရှိသူတစ်ဦးဖြစ်ပြီး အမေရိကန်ဂီတကို ပြောင်းလဲစေခဲ့သူဖြစ်ကြောင်း၊ သူ၏ ကြံ့ခိုင်မှုမှာလည်း အံ့ဖွယ်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။
Tina Turner ၏ မိသားစု ၊ မိတ်ဆွေများ ၊ သူ၏ပရိသတ်များနှင့်အတူ imyanmarhouse.com မှ ထပ်တူဝမ်းနည်းရပါသည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
Tina Turner ၏ သီချင်းများမှာ မြန်မာနိုင်ငံတွင် လူသိများသည်။
Tina Turner ၏ It Takes Two သီချင်းကို ခရစ္စတိုဖာနှင့် သီရိဂျေမောင်မောင်တို့က မနေခဲ့ဘူးဘေဘီ ၊ I Don’t Wanna Lose You ကို တင်ဇာမော်က အမြန်ဆုံး ၊ Don’t Turn Around ကို ပိုးဒါလီသိန်းတန်က အသဲကွဲခြေလှမ်း ၊ Tina Turner နှင့် Bryan Adams တို့ ပူးတွဲသီဆိုထားသော It’s Only Love ကို ဘိုဘိုနှင့် တင်ဇာမော်တို့က အချစ်ကမ်းမဲ့လက် အစရှိသဖြင့် ပြန်လည်သီဆိုခဲ့ကြရာတွင် လူကြိုက်များခဲ့သည်။
(အခြားသီချင်းများစွာ ပြန်လည်သီဆိုထားမှု ရှိပါသေးသည်။)
((Tina Turner ၏ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ ဆွစ်ဇာလန်မှ စံအိမ်))
Tina Turner သည် မကွယ်လွန်မီ ၂ နှစ်အလိုတွင် ဆွစ်ဇာလန်နိုင်ငံ ၊ ဇူးရစ်မြို့ရှိ Lake Zurich ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသော ကန်စပ်စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ ၇၆ သန်းဖြင့် ခင်ပွန်းဖြစ်သူ Erwin Bach နှင့်အတူ ဝယ်ယူခဲ့သည်။ ခြံဝန်းအတွင်း အဆောက်အအုံ ၁၀ လုံးပါဝင်ပြီး Tina Turner တို့စုံတွဲက အားလပ်ရက်အပန်းဖြေရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
စံအိမ်အကျယ်အဝန်း စတုရန်းပေ ၂၆၀၀၀၀ ရှိပြီး သဘာဝရေကန် ၊ စမ်းချောင်း ၊ ရေကူးကန်နှင့် လှေဆိပ်တို့ ပါဝင်သည်။
(Tina Turner ၏ ဒေါ်လာ ၇၆ သန်းတန်စံအိမ်)
(Tina Turner သည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က နှစ်ပေါင်း ၃၀ နီးပါး နေထိုင်ခဲ့သော စံအိမ်တွင် ကွယ်လွန်သွားခဲ့သည်။)
ဆွစ်ဇာလန်တွင် နိုင်ငံသားမဟုတ်ပါက အိမ်ခြံမြေ ဝယ်ယူခွင့်မရှိသောကြောင့် Tina Turner တို့စုံတွဲသည် ယခုစံအိမ်ကို ဝယ်ရန် ဆွစ်ဇာလန်နိုင်ငံသားများအဖြစ် တရားဝင် ခွင့်ပြုချက်ရချိန်အထိ စောင့်ဆိုင်းခဲ့ရသည်။
ဆွစ်ဇာလန် သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Tina Turner က ယခုစံအိမ်ကို ဝယ်ယူချိန်တွင် တင်းနစ်ကြယ်ပွင့် Roger Federer ကလည်း ဤစံအိမ်ကို ဝယ်ယူရန် စဉ်းစားခဲ့သည်ဟု ဆိုသည်။
နောက်ပိုင်းတွင်မူ Roger Federer က ထိုဒေသရှိ အခြားအိမ်တစ်လုံးကို ဝယ်ယူခဲ့သည်။
“ကျွန်မ အမေရိကကို ကျောခိုင်းရတဲ့ အကြောင်းအရင်းက ကျွန်မရဲ့အောင်မြင်မှုက တခြားနိုင်ငံတွင် ရှိပြီး ကျွန်မချစ်သူကလည်း တခြားနိုင်ငံမှာ ရှိတာကြောင့်ပါ။”
(စံအိမ်ကြီး၏ ကောင်းကင်မြင်ကွင်း။)
(စံအိမ်ကြီးအတွင်း သဘာဝရေကန် ၊ စမ်းချောင်း ၊ ရေကူးကန်နှင့် လှေဆိပ်တို့ ရှိသည်။)
(ဤအိမ်ကို အားလပ်ရက် အပန်းဖြေရန် ဝယ်ခဲ့ခြင်း ဖြစ်ပြီး အဓိက နေထိုင်သောအိမ်နှင့် မဝေးလှ။)
(Tina Turner မဝယ်မီက ဤအိမ်ကို တင်းနစ်ကြယ်ပွင့် Roger Federer စဉ်းစားခဲ့ဖူးသည်။ )
(Tina Turner သည် ၂၀၀၉ ခုနှစ်တွင် စင်မြင့်ဖျော်ဖြေပွဲများမှ တရားဝင် ရပ်နားခဲ့သည်။)
အနုပညာသက်တမ်းတလျှောက် ဂရမ်မီဆု ၈ ဆု ရရှိခဲ့ကာ တစ်သက်တာ ဂရမ်မီဆု ၃ ကြိမ် ရရှိခဲ့သည်။
Tina Turner ၏ နောက်ဆုံးဂီတ ဖျော်ဖြေပွဲမှာ အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့တွင် ၂၀၀၉ ခုနှစ်က ဖျော်ဖြေခဲ့သောပွဲ ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Tina Turner, "Queen of Rock 'n' Roll," dies at 83 (cbsnews, dailymail)
[Zawgyi]
(စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။)
(စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service