လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
29 May 2023 12:01 pm တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ယခုမေလကုန်တွင် Beyonce ၏ ဂီတပွဲများ ကျင်းပချိန်သို့ရောက်လျှင် လန်ဒန်မြောက်ပိုင်းရှိ Travelodge ဟိုတယ်တစ်ခုတွင် နေထိုင်ခွင့်ပြုထားသည့် အိမ်ယာမဲ့မိသားစုများ ရွှေ့ပြောင်းပေးရမည်ဟုဆိုသည်။
လန်ဒန်မြောက်ပိုင်း Enfield အရပ်ရှိ Travelodge ဟိုတယ်အုပ်စု၏ ဟိုတယ်တစ်လုံးတွင် နေထိုင်လျက်ရှိသော အိမ်ယာမဲ့မိသားစု ၃၀ နှင့်အထက်မှာ ရွှေ့ပြောင်းပေးရမည်ဖြစ်ပြီး ၎င်းတို့ကို ယာယီနေရာတစ်ခုတွင် နေထိုင်စေမည်ဖြစ်သည်။
၎င်းတို့ လက်ရှိနေထိုင်လျက်ရှိသော ဟိုတယ်ခန်းများမှာ ကမ္ဘာကျော်အဆိုတော် Beyonce ၏ Renaissance world tour အမည်ရှိ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲကို လန်ဒန်မြို့တွင် လာရောက်အားပေးရန်အတွက် သူ၏ ပရိသတ်များက ငှားရမ်းထားခဲ့ပြီဖြစ်သည်။
Beyonce သည် ယခုဟိုတယ်အနီးရှိ တော့တမ်ဟမ် ဟော့စပါး ဘောလုံးအသင်း၏ ကစားကွင်းတွင် မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်အကြား ၅ ညတာဖျော်ဖြေရန် စီစဉ်ထားသည်။
အဆိုပါ ဟိုတယ်ရှိ အခန်းစုစုပေါင်းမှ ၃ ပုံ ၂ ပုံဖြစ်သော အခန်း ၁၀၀ ခန့်ကို Enfield ဒေသအုပ်ချုပ်ရေး ကောင်စီက ငှားရမ်းကာ အိမ်ယာမဲ့အဖြစ် တင်ပြထားသူများကို နေထိုင်ခွင့်ပေးထားခဲ့ခြင်းဖြစ်ပြီး တစ်ခန်းလျှင် ၄ ဦးမှ ၅ ဦးနေထိုင်ကြသည်။
Beyonce ၏ ပွဲတော်ကာလတွင် ဒေသကောင်စီက အိမ်ယာမဲ့များအတွက် ဟိုတယ်ခန်းများ ငှားရမ်းပေးထား သည့် သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ဆက်လက်ငှားရမ်းမပေးသောကြောင့် Beyonce ၏ ပရိသတ်များက ဟိုတယ်ခန်းများငှားရမ်းခွင့် ရရှိသွားခြင်းလည်း ဖြစ်သည်။
Travelodge ၏ အခန်းများမှာ တစ်ကြိမ်လျှင် ၂၈ ရက်အထိသာ ငှားရမ်းနိုင်သည်။
အိမ်ယာမဲ့မိသားစုတို့က The Guardian သတင်းဌာနသို့ ပြောသည်မှာ အာဏာပိုင်အဖွဲ့သည် ဟိုတယ်ခန်းများ ငှားရမ်းထားသည့်ရက် ကုန်ဆုံးသည့် နောက်ဆုံးနေ့အထိ ထပ်မံမငှားဘဲ နေလေ့ရှိသည်ကို မကြာခဏကြုံရ ကြောင်း ပြောသည်။
ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်းမှာ အလွန်ဒုက္ခရောက်ကြောင်း ၊ မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံးကို သယ်ယူရဦးမည်ဖြစ်ကြောင်း ၊ ကလေးများ ကျောင်းတက်ရေးမှာလည်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အိမ်ယာမဲ့ မိသားစုတို့က ပြောသည်။
Collette Collington အမည်ရှိ အသက် ၄၂ နှစ်အရွယ် အိမ်ယာမဲ့အမျိုးသမီးသည် Enfiled ရှိ Travelodge ဟိုတယ်တစ်လုံးတွင် ယခုလအစပိုင်းကတည်းက စတင်နေထိုင်ခဲ့သည်။
ဟိုတယ်ရှိ အခန်းတစ်ခန်းတွင် ၄ နှစ်အရွယ်သမီးတစ်ဦး ၊ ၂ နှစ်အရွယ် အမြွှာသား ၂ ဦးတို့နှင့်အတူ နေထိုင်ပြီး အမြွှာသားများမှာ အာရုံကြောချို့ယွင်းရောဂါ (Autism) ခံစားနေရသူများ ဖြစ်ကြသည်။
သူတို့မိသားစုကို Hertfordshire အရပ်ရှိ Travelodge ဟိုတယ်တစ်လုံးသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားခဲ့ပြီး ဇွန်လ ၄ ရက်အထိ Enfield သို့ ပြန်လာရမည်မဟုတ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Homeless families to be moved out of London hotel during Beyoncé tour (theguardian)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
Shwe Wutt Hmone
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service