အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း

အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း - Property News in Myanmar from iMyanmarHouse.com
29 May 2023 9:57 am တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သာမန်မြင်တွေ့နေကျသမားရိုးကျအရာတွေထဲကကွဲထွက်နေတဲ့ အသွင်သဏ္ဍာန်ရှိအရာတွေကို ထူးဆန်းတယ်လို့သတ်မှတ်လေ့ရှိကြတယ်။အမှန်တကယ်တော့ သူတို့ကထူးဆန်းနေတာမဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝဖြစ်တည်မှုအတိုင်းတည်ရှိနေရုံပါ။

အိန္ဒိယသမုဒ္ဒရာထဲကဆိုမားနီးယားကမ်းရိုးတန်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းဟာဆိုရင်လည်း ဒီလိုပါပဲ။ သူ့ရဲ့ဖြစ်တည်မှုကြောင့် ထူးခြားတဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရပြီး အဲဒီထူးခြားမှုကပဲ လူတွေကိုစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်တဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။

Yemen နိုင်ငံရဲ့ အရှေ့တောင်ဘက် မိုင် (၂၁၀) အကွာ၊ အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိတဲ့ Socotra ကျွန်းဟာဆိုရင် သမ္မာကျမ်းစာထဲမှာပါတဲ့ ဧဒင်ဥယျာဉ်လို့ထင်မှတ်ရလောက်အောင် ကမ္ဘာပေါ်မှာဘယ်နေရာမှမှမတွေ့နိုင်တဲ့ ရှားပါးအပင်မျိုးစိတ်၊ သက်ရှိမျိုးစိတ်ပေါင်း (၈၀၀) ကျော်နဲ့ပြည့်နှက်နေတဲ့ကျွန်းတစ်ကျွန်းပါ။

Dragon Blood Tree(နဂါးသွေးပင်)

ကျွန်းရဲ့ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကြောင့် ထူးဆန်းတဲ့အသွင်အပြင်ဖြစ်ပေါ်နေတဲ့အပင်မျိုးစိတ်အများကြီးထဲမှာမှ လူသိအများဆုံးနဲ့ရေပန်းအစားဆုံးမျိုးစိတ်တစ်ခုကတော့ Dragon Blood Tree(နဂါးသွေးပင်) လို့အမည်ရတဲ့ ကြီးမားတဲ့ထီးသဏ္ဍာန်အပင်ကြီးတွေပါ။

Dragon Blood Tree(နဂါးသွေးပင်) 

သူတို့ရဲ့ပင်စည်ဟာ ပုံမှန်သစ်ပင်တွေရဲ့ပင်စည်နဲ့ဆင်တူပေမဲ့ ထိပ်ဖျားမှာ ကျပ်ကျပ်သိပ်သိပ် ညီညီညာညာ ဖြာထွက်နေတဲ့ အကိုင်းအခက်တွေကြောင့် သစ်ပင်တစ်ပင်ဆိုတာထက် မှိုပွင့်အကြီးကြီးတစ်ပွင့်(သို့မဟုတ်) သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ထီးအကြီးကြီးတစ်ခုနဲ့ပိုတူပါတယ်။

Dragon Blood Tree(နဂါးသွေးပင်) 

နဂါးသွေးပင်လို့မှည့်ခေါ်ရတဲ့ အကြောင်းရင်းကတော့ သူတို့ရဲ့ ပင်စည်ကထွက်တဲ့ အနီရောင်အစေးဟာ နဂါးသွေးနဲ့ဆင်တူတာကြောင့် ၎င်းကို အစွဲပြုပြီး ခေါ်ဆိုခြင်းဖြစ်ပါတယ်။

Desert Rose (ကန္တာရနှင်းဆီ)

Socotra ကျွန်းမှာ နောက်ထပ်တွေ့မြင်ရမယ့် ထူးဆန်းတဲ့အပင်တစ်မျိုးကတော့ ရုတ်တရက်ကြည့်လိုက်ရင် သစ်ဥသစ်ဖုကြီးတစ်ခုလို့အမြင်မှားစေမယ့် ဥလုံးပုံစံအပင်တွေပါ။သာမန်သစ်ပင် ပင်စည်နဲ့လုံးဝမတူဘဲ ပုလုံးလုံးပင်စည်ကိုပိုင်ဆိုင်ထားပြီး သစ်ပင်ထိပ်ဖျားမှာတော့ တွန့်လိမ်ရှုပ်ထွေးတဲ့ အကိုင်းအခက်လေးတွေကိုတွေ့နိုင်ပါတယ်။

Desert Rose (ကန္တာရနှင်းဆီ)

ပုံစံကသာမလှပပေမဲ့ ပန်းရောင်အပွင့်လှလှလေးတွေပွင့် တတ်တဲ့သူ့ကိုတော့ Desert Rose (ကန္တာရနှင်းဆီ) လို့မှည့်ခေါ်ထားကြပါတယ်။

Desert Rose (ကန္တာရနှင်းဆီ)

Desert Rose (ကန္တာရနှင်းဆီ)

ထူးထူးဆန်းဆန်းအပင်တွေကြောင့် နာမည်ကျော်တဲ့ Socotra ကျွန်းဟာ ရှားပါးငှက်မျိုးစိတ်တွေဖြစ်တဲ့ Socotra Sunbird၊ Socotra Grosbeak၊ Sunbird Starling စတဲ့ ငှက်မျိုးရင်းတွေ ကျက်စားနေထိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

(Socotra Sunbird)

Socotra Sunbird

Socotra Sunbird ဆိုတာကတော့ အညိုရောင်ခန္ဓာကိုယ်ရှိပြီး ဦးခေါင်းမှာအစင်းတောက်တောက်လေး ပါတဲ့ ငှက်တစ်မျိုးပါ။ စိုစွတ်တဲ့အပူပိုင်းဒေသနဲ့ ချုံပုတ်ထူတဲ့ နေရာတွေမှာ ကျင်လည်ကျက်စားပြီး ဇန်နဝါရီလကနေမေလအတွင်းမှာ သားပေါက်လေ့ရှိပါတယ်။

(Socotra Grosbeak)

Socotra Grosbeak

Socotra ကျွန်းမှာသာ သီးသန့်တွေ့နိုင်တဲ့ ငှက်မျိုးစိတ်တစ်ခုဖြစ်ပြီး အထီး၊ အမအလိုက် အသွင်အပြင်အနည်းငယ်ကွဲပြားတတ်ပါတယ်။ပုံမှန်အားဖြင့် အထီးတွေမှာ နက်မှောင်တဲ့နှုတ်သီးနဲ့ဦးခေါင်းရှိပြီး ချောကလက်ရောင်ခန္ဓာကိုယ်၊ အဝါရောင်အစင်းရှိတောင်ပံနဲ့ ပါးပေါ်မှာ အဖြူရောင်အစက်အပြောက်လေးပါရှိပါတယ်။များသောအားဖြင့် အမတွေဟာ အထီးတွေထက်အရောင်ပိုရင့်ပြီး သစ်တော၊ တောင်ကုန်း၊ ပင်လယ် အရပ်ဒေသမရွေးရှင်သန်နိုင်တဲ့ မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။

(Socotra Starling)

Socotra Starling

ယဉ်ပါးပြီး လိုက်လျောညီထွေနေထိုင်တတ်တဲ့ Starling ငှက်ကလေးတွေကတော့ ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ အမြီးရှည်လေးတွေကိုပိုင်ဆိုင်ထားကြပါတယ်။၎င်းတို့ရဲ့အမွေးဟာ နက်မှောင်စိုလဲ့နေပြီး အင်းဆက်နဲ့သစ်သီးဝလံတွေကိုစားသုံးရင်းရှင်သန်ကြပါတယ်။အပူပိုင်းဒေ၊ အပူပိုင်းခြောက်သွေ့သစ်တောတွေနဲ့ ချုံပုတ်ကုန်းမြေတွေမှာ နေထိုင်ကြပြီး ဒီဇင်ဘာလကနေ မတ်လအတွင်းမှာ သားပေါက်တတ်ကြပါတယ်။

သဘာဝကဖန်ဆင်းထားတဲ့ အံ့အားသင့်ဖွယ်အရာတွေကို တစ်စုတစ်စည်းတည်းတွေ့မြင်နိုင်တဲ့ Socotra ကျွန်းကို (၂၀၀၈) ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပြီး လက်ရှိမှာ လူဦးရေ (၆၀,၀၀၀) ကျော်နေထိုင်လျက်ရှိပါတယ်။

Socotra ကျွန်းကို သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်ကတော့ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဖေဖော်ဝါရီလတွေဖြစ်ပြီး အဲဒီလတွေဟာ အရမ်းလည်းမပူ၊ မိုးလည်းမများတာကြောင့် ခြေလျင်တောင်တက်ခြင်းနဲ့ ကျွန်းပေါ်ကိုလှည့်ပတ်ကြည့်ရှုဖို့အသင့်တော်ဆုံးလတွေဖြစ်ပါတယ်။

မြင်မြင်သမျှအဆန်းတွေနဲ့ပြည့်နှက်နေတဲ့ Socotra ကျွန်းဟာ တကယ်ပဲအခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုခံစားစေရမလားမသိပေမဲ့ သူ့ရဲ့အံ့မခန်းဖြစ်တည်မှုကတော့ လူသားတွေအတွက် စူးစမ်းစရာတစ်ခုအနေနဲ့ အမြဲတမ်းတည်ရှိနေဦးမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : worldatlas.com

[Zawgyi]

အျခားကမ႓ာတစ္ခုအလားထင္မွတ္မွားေစမယ့္ ထူးျခားဆန္းျပားသက္႐ွိမ်ိဳးစိတ္မ်ား႐ွင္သန္ရာ ဆိုကိုထရာကြၽန္း

သာမန္ျမင္ေတြ႕ေနက်သမား႐ိုးက်အရာေတြထဲကကြဲထြက္ေနတဲ့ အသြင္သ႑ာန္႐ွိအရာေတြကို ထူးဆန္းတယ္လို႔သတ္မွတ္ေလ့႐ွိၾကတယ္။အမွန္တကယ္ေတာ့ သူတို႔ကထူးဆန္းေနတာမဟုတ္ပါဘူး။ သူတို႔ရဲ႕ သဘာဝျဖစ္တည္မႈအတိုင္းတည္႐ွိေန႐ုံပါ။

အိႏၵိယသမုဒၵရာထဲကဆိုမားနီးယားကမ္း႐ိုးတန္းမွာ႐ွိတဲ့ ကြၽန္းတစ္ကြၽန္းဟာဆိုရင္လည္း ဒီလိုပါပဲ။ သူ႕ရဲ႕ျဖစ္တည္မႈေၾကာင့္ ထူးျခားတဲ့ေနရာတစ္ခုအျဖစ္သတ္မွတ္ျခင္းခံရၿပီး အဲဒီထူးျခားမႈကပဲ လူေတြကိုစိတ္ဝင္စားလာေအာင္ ဆြဲေဆာင္ႏိုင္တဲ့အရာတစ္ခုျဖစ္လာခဲ့ပါတယ္။

Yemen ႏိုင္ငံရဲ႕ အေ႐ွ႕ေတာင္ဘက္ မိုင္ (၂၁၀) အကြာ၊ အိႏၵိယသမုဒၵရာထဲမွာတည္႐ွိတဲ့ Socotra ကြၽန္းဟာဆိုရင္ သမၼာက်မ္းစာထဲမွာပါတဲ့ ဧဒင္ဥယ်ာဥ္လို႔ထင္မွတ္ရေလာက္ေအာင္ ကမ႓ာေပၚမွာဘယ္ေနရာမွမွမေတြ႕ႏိုင္တဲ့ ႐ွားပါးအပင္မ်ိဳးစိတ္၊ သက္႐ွိမ်ိဳးစိတ္ေပါင္း (၈၀၀) ေက်ာ္နဲ႔ျပည့္ႏွက္ေနတဲ့ကြၽန္းတစ္ကြၽန္းပါ။

ကြၽန္းရဲ႕ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီဥတုအေျခအေနေၾကာင့္ ထူးဆန္းတဲ့အသြင္အျပင္ျဖစ္ေပၚေနတဲ့ အပင္မ်ိဳးစိတ္အမ်ားႀကီးထဲမွာမွ လူသိအမ်ားဆုံးနဲ႔ေရပန္းအစားဆုံးမ်ိဳးစိတ္တစ္ခုကေတာ့ Dragon Blood Tree(နဂါးေသြးပင္) လို႔အမည္ရတဲ့ ႀကီးမားတဲ့ထီးသ႑ာန္အပင္ႀကီးေတြပါ။

သူတို႔ရဲ႕ပင္စည္ဟာ ပုံမွန္သစ္ပင္ေတြရဲ႕ပင္စည္နဲ႔ဆင္တူေပမဲ့ ထိပ္ဖ်ားမွာ က်ပ္က်ပ္သိပ္သိပ္ ညီညီညာညာ ျဖာထြက္ေနတဲ့ အကိုင္းအခက္ေတြေၾကာင့္ သစ္ပင္တစ္ပင္ဆိုတာထက္ မိႈပြင့္အႀကီးႀကီးတစ္ပြင့္(သို႔မဟုတ္) သဘာဝအတိုင္းျဖစ္ေပၚေနတဲ့ ထီးအႀကီးႀကီးတစ္ခုနဲ႔ပိုတူပါတယ္။ နဂါးေသြးပင္လို႔မွည့္ေခၚရတဲ့ အေၾကာင္းရင္းကေတာ့ သူတို႔ရဲ႕ ပင္စည္ကထြက္တဲ့ အနီေရာင္အေစးဟာ နဂါးေသြးနဲ႔ဆင္တူတာေၾကာင့္ ၎ကို အစြဲျပဳၿပီး ေခၚဆိုျခင္းျဖစ္ပါတယ္။

Socotra ကြၽန္းမွာ ေနာက္ထပ္ေတြ႕ျမင္ရမယ့္ ထူးဆန္းတဲ့အပင္တစ္မ်ိဳးကေတာ့ ႐ုတ္တရက္ၾကည့္လိုက္ရင္ သစ္ဥသစ္ဖုႀကီးတစ္ခုလို႔အျမင္မွားေစမယ့္ ဥလုံးပုံစံအပင္ေတြပါ။သာမန္သစ္ပင္ ပင္စည္နဲ႔လုံးဝမတူဘဲ ပုလုံးလုံးပင္စည္ကိုပိုင္ဆိုင္ထားၿပီး သစ္ပင္ထိပ္ဖ်ားမွာေတာ့ တြန္႔လိမ္႐ႈပ္ေထြးတဲ့ အကိုင္းအခက္ေလးေတြကိုေတြ႕ႏိုင္ပါတယ္။ပုံစံကသာမလွပေပမဲ့ ပန္းေရာင္အပြင့္လွလွေလးေတြပြင့္ တတ္တဲ့သူ႕ကိုေတာ့ Desert Rose (ကႏၲာရႏွင္းဆီ) လို႔မွည့္ေခၚထားၾကပါတယ္။

ထူးထူးဆန္းဆန္းအပင္ေတြေၾကာင့္ နာမည္ေက်ာ္တဲ့ Socotra ကြၽန္းဟာ ႐ွားပါးငွက္မ်ိဳးစိတ္ေတြျဖစ္တဲ့ Socotra Sunbird၊ Socotra Grosbeak၊ Sunbird Starling စတဲ့ ငွက္မ်ိဳးရင္းေတြ က်က္စားေနထိုင္တဲ့ ေနရာတစ္ခုလည္း ျဖစ္ေနျပန္ပါတယ္။

Socotra Sunbird

Socotra Sunbird ဆိုတာကေတာ့ အညိဳေရာင္ခႏၶာကိုယ္႐ွိၿပီး ဦးေခါင္းမွာအစင္းေတာက္ေတာက္ေလး ပါတဲ့ ငွက္တစ္မ်ိဳးပါ။ စိုစြတ္တဲ့အပူပိုင္းေဒသနဲ႔ ခ်ံဳပုတ္ထူတဲ့ ေနရာေတြမွာ က်င္လည္က်က္စားၿပီး ဇန္နဝါရီလကေနေမလအတြင္းမွာ သားေပါက္ေလ့႐ွိပါတယ္။

Socotra Grosbeak

Socotra ကြၽန္းမွာသာ သီးသန္႔ေတြ႕ႏိုင္တဲ့ ငွက္မ်ိဳးစိတ္တစ္ခုျဖစ္ၿပီး အထီး၊ အမအလိုက္ အသြင္အျပင္အနည္းငယ္ကြဲျပားတတ္ပါတယ္။ပုံမွန္အားျဖင့္ အထီးေတြမွာ နက္ေမွာင္တဲ့ႏႈတ္သီးနဲ႔ဦးေခါင္း႐ွိၿပီး ေခ်ာကလက္ေရာင္ခႏၶာကိုယ္၊ အဝါေရာင္အစင္း႐ွိေတာင္ပံနဲ႔ ပါးေပၚမွာ အျဖဴေရာင္အစက္အေျပာက္ေလးပါ႐ွိပါတယ္။မ်ားေသာအားျဖင့္ အမေတြဟာ အထီးေတြထက္အေရာင္ပိုရင့္ၿပီး သစ္ေတာ၊ ေတာင္ကုန္း၊ ပင္လယ္ အရပ္ေဒသမေ႐ြး႐ွင္သန္ႏိုင္တဲ့ မ်ိဳးစိတ္တစ္ခုလည္းျဖစ္ပါတယ္။

Socotra Starling

ယဥ္ပါးၿပီး လိုက္ေလ်ာညီေထြေနထိုင္တတ္တဲ့ Starling ငွက္ကေလးေတြကေတာ့ ႀကီးမားတဲ့ခႏၶာကိုယ္နဲ႔ အၿမီး႐ွည္ေလးေတြကိုပိုင္ဆိုင္ထားၾကပါတယ္။၎တို႔ရဲ႕အေမြးဟာ နက္ေမွာင္စိုလဲ့ေနၿပီး အင္းဆက္နဲ႔သစ္သီးဝလံေတြကိုစားသုံးရင္း႐ွင္သန္ၾကပါတယ္။အပူပိုင္းေဒ၊ အပူပိုင္းေျခာက္ေသြ႕သစ္ေတာေတြနဲ႔ ခ်ံဳပုတ္ကုန္းေျမေတြမွာ ေနထိုင္ၾကၿပီး ဒီဇင္ဘာလကေန မတ္လအတြင္းမွာ သားေပါက္တတ္ၾကပါတယ္။

သဘာဝကဖန္ဆင္းထားတဲ့ အံ့အားသင့္ဖြယ္အရာေတြကို တစ္စုတစ္စည္းတည္းေတြ႕ျမင္ႏိုင္တဲ့ Socotra ကြၽန္းကို (၂၀၀၈) ခုႏွစ္မွာ ယူနက္စကိုက ကမ႓ာ့အေမြအႏွစ္ေနရာတစ္ခုအျဖစ္သတ္မွတ္ခဲ့ၿပီး လက္႐ွိမွာ လူဦးေရ (၆၀,၀၀၀) ေက်ာ္ေနထိုင္လ်က္႐ွိပါတယ္။

Socotra ကြၽန္းကို သြားေရာက္လည္ပတ္ဖို႔အေကာင္းဆုံးအခ်ိန္ကေတာ့ ေအာက္တိုဘာ၊ ႏိုဝင္ဘာနဲ႔ ေဖေဖာ္ဝါရီလေတြျဖစ္ၿပီး အဲဒီလေတြဟာ အရမ္းလည္းမပူ၊ မိုးလည္းမမ်ားတာေၾကာင့္ ေျခလ်င္ေတာင္တက္ျခင္းနဲ႔ ကြၽန္းေပၚကိုလွည့္ပတ္ၾကည့္႐ႈဖို႔အသင့္ေတာ္ဆုံးလေတြျဖစ္ပါတယ္။

ျမင္ျမင္သမွ်အဆန္းေတြနဲ႔ျပည့္ႏွက္ေနတဲ့ Socotra ကြၽန္းဟာ တကယ္ပဲအျခားကမ႓ာတစ္ခုကို ေရာက္သြားသလိုခံစားေစရမလားမသိေပမဲ့ သူ႕ရဲ႕အံ့မခန္းျဖစ္တည္မႈကေတာ့ လူသားေတြအတြက္ စူးစမ္းစရာတစ္ခုအေနနဲ႔ အၿမဲတမ္းတည္႐ွိေနဦးမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : worldatlas.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service