မှတ်သားသင့်တဲ့ အိမ်ခြံမြေဥပဒေအကြောင်းအရာ မြေကွက်ရောင်းတဲ့အခါ

မှတ်သားသင့်တဲ့ အိမ်ခြံမြေဥပဒေအကြောင်းအရာ မြေကွက်ရောင်းတဲ့အခါ - Property Knowledge in Myanmar from iMyanmarHouse.com
28 May 2023 2:06 pm တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ။ ဒီကနေ့ညမှာတော့ မြေကွက်ရောင်းတဲ့အခါသိမှတ်ထားသင့်တဲ့ အိမ်ခြံမြေဥပဒေဗဟုသုတ အပါအဝင် အိမ်ခြံမြေဥပဒေအမေးအဖြေသုံးခုကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) -  အိမ်ခြံမြေအား မေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လိုအပ်ချက်များကို ဖော်ပြပေးပါရှင့်။

 

မေတ္ကာဖြင့်ပေးကမ်းခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်က မိမိပိုင်ပစ္စည်းအားအခြား သူတစ်ဦးတစ်ယောက် အား အဖိုးစားနားမပါဘဲ လွှဲပြောင်းပေးခြင်းပင်ဖြစ်သည်။အိမ်ခြံမြေမရွှေ့မပြောင်းနိုင်သော ပစ္စည်းအား ပေးကမ်းရာတွင် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ ပဋ္ဋိညာဉ်ဥပဒေတို့နှင့်အညီ လွှဲပြောင်းပေးအပ်ရပါတယ်။ ပစ္စည်း လွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၂၃အရ မည်သည့်ပေးကမ်း ခြင်းမဆို စာချုပ်ချုပ်ဆို၍ မှတ်ပုံတင်ရန်လိုအပ်ပါသည်။

ဘိုးဘွားများက မြေးအား ပေးကမ်းခြင်းပြုလုပ်ပြီး ပစ္စည်းအား လွှဲပြောင်းပေးခြင်းသည် ခိုင်မာပါသည်။ ပေးကမ်းခြင်းမှာ အမွေပေးနည်းတစ်မျိုးပင်ဖြစ်ပြီး မြေးဖြစ်သူမှ ဦးကြီး၊ဦးလေးများနှင့်ယှဉ်ပြိုင်အမွေခွဲသောအခါ မနစ်နာစေရန် ဘိုးဘွားများမှ ဆောင်ရွက်ပေးကမ်း ခြင်း တမျိုးသာဖြစ်သည်။ ထို့ပြင် အထောက်အထားခိုင်မာစေရန်အတွက် ဂရန်မြေ၊မြေပိုင်မြေ၊မြေများကို မေတ္တာဖြင့် ပေးကမ်း မြေပုံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံတွင် လျှောက်ထားကူးယူရပါသည်။

အခွန်ရုံးတွင် တန်ဖိုးဖြတ်သတ်မှတ်ရန်လဲ လိုအပ်ပါတယ်။ ထို့သို့ကူးယူပြီး - တော်စပ်မှုကျမ်းကျိန်လွှာ၊ပေးသူမှ မိမိပိုင် စီမံခန့်ခွဲမှုရှိကြောင်း ကျမ်းကျိန်လွှာ၊ကျန်သူများမှ သဘောတူကြောင်း ကျမ်းကျိန်လွှာလဲလိုအပ်ပါတယ်၊အိမ်ဓာတ်ပုံ၊ပေးကမ်းသည့်စာချုပ်၊မြေပုံမြေရာဇဝင်၊ပိုင်ဆိုင်မှုအထောက်အထားဂရန် (သို့) မြေပိုင်မြေ၊မှတ်ပုံတင်၊သန်းခေါင်စာရင်း၊ပေးသူနှင့်လက်ခံသူခံဝန်ချက်၊သက်သေနှစ်ဦးတို့ဖြင့်ပူးတွဲတင်ပြကာ တံဆိပ်ခေါင်းခွန်(၄%) အခွန်ရုံးတွင်ယူပြီး ဘဏ်တွင်ငွေသွင်းချလံပြန်လည် ထုတ်ယူကာ အခွန်ခေါင်း ထုတ်ယူရပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခ(၀.၅%)ကျသင့်ပါတယ်။

သေတမ်းစာသဘောသက်ရောက်နေတဲ့ပေးကမ်းခြင်းကတော့ ပျက်ပြယ်ပါတယ်။ မြန်မာလူမျိုးများသည် သေဆုံးသည့်အခါ ရည်ရွယ်၍ သေခါနီးဆဲဆဲတွင် ပေးကမ်းခြင်းသည် သေတမ်းစာသဘောသက်ရောက်သဖြင့် အမှန်တကယ်တော့ ပေးပိုင်ခွင့်မရှိပေ။ထို့ကြောင့် ပေးသူသက်ရှိထင်ရှားရှိချိန် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ပေးဖို့ အထူးလိုအပ်ပါသည်။

မှတ်ပုံတင်စာချုပ်မချုပ်ဆိုပါက တရားမဝင်သလို ပစ္စည်းကို လက်ရောက်ရရှိရန်လဲ တောင်းဆိုပိုင်ခွင့်မရှိပါ။

အမွေစားအမွေခံများ ဆုံရှုံးနစ်နာလောက်အောင် ပစ္စည်းအားလုံးကို ပေးကမ်းခြင်းမပြုနိုင်။ပေးကမ်းခြင်းအား မှတ်ပုံတင်ရှိပြီး အမွေပစ္စည်းအားလုံးအားပေးကမ်းခြင်းမဟုတ်ဘဲ ကျန်ရှိနေသေးလျှင် မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်း သည့် ပစ္စည်းတရားဝင်သည်။

 

 

မေးခွန်း (၂) - မြေကွက်ရောင်းသူက ပေ (၄၀ x ၆၀) မြေကွက်ကို တစ်ပိုင်းပိုင်းပြီး ပေ (၂၀ x ၆၀) ပိုင်းရောင်းပါတယ်၊ ဂရန်ကို မိတ္တူပေးတယ်ဆိုပါက တရားဝင်ပါသလား ။

 

ဂရန်မြေများတွင် စတုရန်းပေ (၁၂၀၀)ပြည့်မီပါက ဂရန်ခွဲစိတ်လို့ရပါတယ်။ထို့ကြောင့် ပေ(၂၀×၆၀)ကို ဂရန်ခွဲ လျှောက်ထားလိုပါက လျှောက်ထားနိုင်ပါတယ်။ဂရန် မိတ္တူပဲ ကိုင်ထားမယ်ဆိုရင်တော့ ရေရှည်မှာ ပိုင်ဆိုင်မှုခိုင်မာမှုမရှိဘဲ အငြင်းပွားမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ မိတ္တူပဲ အမြဲကိုင်ထားခွင့်ရမယ်ဆိုရင်တော့မဝယ်သင့်ပါ။ မြေကွက်အားပိုင်ဆိုင်မှုခိုင်မာစေရန်အတွက် အခွန်ဆောင်၍ အမည်ပြောင်းသင့်ပါတယ်။

ဂရန်မြေ၊မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊Bမြေပိုင်မြေ၊၃(ခ)ရရှိပြီးသော မြေများကို သတ်မှတ်ပေပြည့်မှီပါက မြေကွက်ခွဲစိတ်နိုင်သည်။

ခွဲစိတ်ရန် လျှောက်ထားသောမြေကွက်သည် မျက်နှာစာ အနည်းဆုံးပေ၂၀ရှိရမည်ဖြစ်ပြီး ကျန် ရှိမြေကွက်မျက်နှာစာမှာလည်း အနည်းဆုံးပေ၂၀ရှိရမည်။အထက်ဖော်ပြပါအတိုင်း အနည်းဆုံးစတုရန်ပေ-၁၂၀၀ရှိရမည်။ လမ်းမရှိပါက အနည်းဆုံး၁၀ပေလမ်းအတွက်ချန်လှပ်ထားရမယ်။ မြေပြင်တွင် အဆောက်အဦးနှင့် ကင်းလွတ်ရပါမယ်။

ဂရန်ခွဲလျှောက်ထားတော့မယ်ဆိုရင်တော့ မြေပိုင်ဆိုင်မှုအထောက်အထား စာချုပ်စာတမ်းမူရင်းများလဲ လိုအပ် လာပါပြီး အဲ့ဒါကြောင့် အရောင်းအဝယ်ပြုစဉ်မှာကတည်းက ရောင်းချသူက ဝယ်ယူသူ အမည်ပြောင်း ဆောင် ရွက်တဲ့အခါ လိုက်ပါဆောင်ရွက်ပေးမဲ့အကြောင်း စာချုပ်မှာ သဘောတူမှုယူထားဖို့လိုပါတယ်။

-မြေဌားကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်ပြေစာများလဲ ဂရန်ခွဲလျှောက်ထားတဲ့အခါ လိုအပ်လာပါပြီ။ -တစ်နှစ်အတွင်း ခွဲစိတ်မြေပုံ၊မြေရာဇဝင်လဲ တင်ပြရပါမယ်။လိုင်စင်ရ အင်ဂျင်နီယာ၏ မြေကွက်ခွဲစိတ်အတည်ပြုမှုလဲ လိုအပ်ပါတယ်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများ အရောင်းအဝယ်ပြုလုပ်တဲ့အခါ စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင်ရန်လဲ လိုအပ်ပါတယ်။

 

 

 

မေးခွန်း (၃) - ငှါးရမ်းထားသော အဆောက်အဦးပေါ်မှာ ငှါးရမ်းသူက ဥပဒေနှင့်ငြိစွန်းသောစီးပွားရေးလုပ်ကိုင်ပါက (လောင်းကစားလုပ်) ပိုင်ရှင်နှင့်အဆောက်အဦး ထိခိုက်ပါသလား။

လောင်းကစားပြုလုပ်ပါက၊လောင်းကစားပြုလုပ်သည့်အိမ်ကို အငှားအိမ်ဖြစ်စေ(သို့) အိမ်ပိုင်အိမ်ဖြစ်စေ၊ လောင်ကစားဥပဒေ-၆(က)၊(ခ)အရ ရဲအရာရှိအပါအဝင်၊ဌာနဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အဖွဲ့အစည်း ပါဝင်က ဝင်ရောက်၍ ဖမ်းဆီးခြင်းပြုနိုင်ပါတယ်။ထို့ပြင် လောင်းကစားရာတွင် အသုံးပြုသည်ဟု ယုံကြည်ရန်ရှိသော ငွေကြေးနှင့် ပစ္စည်းများအား သိမ်းဆည်းနိုင်ပါတယ်။ထိုပစ္စည်းများအား ရဲစခန်းသို့လွှဲအပ်ပြီး အမှုတွင် သက်သေခံ အဖြစ် ပါဝင်ထည့်သွင်းနိုင်ပါတယ်။ထို့ပြင် လောင်ကစားဥပဒေ-၁၀(က)၊(ခ)အရ လောင်ကစားပြုသူများကို အားပေး ကူညီခြင်းမပြုရဟုပြဋ္ဌာန်းထားပါသည်။ထိုလောင်းကစားပြုသူများအား ငွေချေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်း များပြုသူများလဲ အားပေးကူညီမှုမြောက်ပါသည်။

ထို့ကြောင့် အရေးကြီးသည်မှာ မိမိပိုင်အိမ်အဆောက်အအုံ၊တိုက်ခန်း၊ခြံများအား ငှားရမ်းသည့်အခါတိုင်း ငှားရမ်းခြင်းစာချုပ်တွင် တဆင့်လွှဲပြောင်းခြင်း၊ဥပဒေနှင့်မလွတ်ကင်းသော လောင်းကစားကို ငှားရမ်းသူမှ ပြုလုပ်ခွင့် မရှိကြောင်း ပဋ္ဋိညာဉ်ဥပဒေအရ ထုတ်ဖော်ချုပ်ဆိုထားဖို့လဲ လိုအပ်ပြီး အခြားသူများအား ထပ်မံ ငှားရမ်း ခွင့်မရှိ ကြောင်းလဲ စာချုပ်တွင်ပါရှိရပါမယ်။

ထို့ပြင် ဥပဒေနှင့်မညီညွတ်သော ကိစ္စရပ်များအသုံးပြုပါက ဖြစ်ပေါ်လာသောကိစ္စအ၀၀ကို ငှားရမ်းသူမှ ပြီးဆုံးပြေလည်သည်အထိ တာဝန်ယူဖြေရှင်းပေးရမည့်အချက်လဲ စာချူပ်တွင် ထည့်သွင်းချုပ်ဆိုရပါမည်။ ထိုစာချုပ် အား မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေနှင့်အညီ မှတ်ပုံတင်လျှင်ပိုမို ကောင်းပါသည်။

မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ-၁၂(၁)(က)အရ အိမ်ငှားသည် အိမ်ရှင်နှင့်ချုပ်ဆိုထားသော စာချုပ်ကိုတစ်ကြိမ်သာ ဖောက်ဖျက်ယုံဖြင့် ပဋ္ဋိညာဉ်ဥပဒေအရ အိမ်ငှားတာဝန်ကိုဖောက်ဖျက်ရာ ရောက်ပါသည်။ ထိုကြောင့် လောင်ကစားပြုလုပ်ပါက စာချုပ်ကို ဖောက်ဖျက်သဖြင့် အိမ်ရှင်မှ နို့တစ်စာပေးပို့ပြီး အိမ်ငှားအား နှင်ခွင့်ရှိသလို၊အိမ်ငှားအား လောင်းကစားမူဖြင့် အရေးယူခြင်းခံရပါက အိမ်ရှင်မှာ မိမိပိုင်ဆိုင်သော အိမ်ခြံမြေ၏ ပိုင်ဆိုင်မှုစာရွက်စာတမ်း အထောက်အထားများပြသပြီး သက်ဆိုင်ရာဌာနတွင် ရှင်းလင်းမှုပြုနိုင်ပါတယ်။ အိမ်ရှင်မှာ အိမ်နီးပတ်ဝန်းကျင်နှင့်လောင်းကစားမှုတွင်ပါဝင်ခြင်းမရှိပါက ထိခိုက်ခြင်းမရှိပါ။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

မွတ္သားသင့္တဲ့ အိမ္ျခံေျမဥပေဒအေၾကာင္းအရာ ေျမကြက္ေရာင္းတဲ့အခါ

 

အပတ္စဥ္တင္ဆက္ေပးေနတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖက႑ေလးတစ္ဖန္ျပန္လည္ေရာက္႐ွိလာပါၿပီ။ ဒီကေန႔ညမွာေတာ့ ေျမကြက္ေရာင္းတဲ့အခါသိမွတ္ထားသင့္တဲ့ အိမ္ျခံေျမဥပေဒဗဟုသုတ အပါအဝင္ အိမ္ျခံေျမဥပေဒအေမးအေျဖသုံးခုကို တင္ဆက္ေပးသြားမွာပဲျဖစ္ပါတယ္။

 

ေမးခြန္း (၁) - အိမ္ျခံေျမအား ေမတၱာျဖင့္ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း လုပ္ငန္းစဥ္ အဆင့္ဆင့္ႏွင့္ လိုအပ္ခ်က္မ်ားကို ေဖာ္ျပေပးပါ႐ွင့္။

 

ေမတၠာျဖင့္ေပးကမ္းျခင္းဆိုသည္မွာ တစ္စုံတစ္ေယာက္က မိမိပိုင္ပစၥည္းအားအျခား သူတစ္ဦးတစ္ေယာက္ အား အဖိုးစားနားမပါဘဲ လႊဲေျပာင္းေပးျခင္းပင္ျဖစ္သည္။အိမ္ျခံေျမမေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား ေပးကမ္းရာတြင္ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ၊ ပ႗ိညာဥ္ဥပေဒတို႔ႏွင့္အညီ လႊဲေျပာင္းေပးအပ္ရပါတယ္။ ပစၥည္း လႊဲေျပာင္းျခင္းဥပေဒပုဒ္မ-၁၂၃အရ မည္သည့္ေပးကမ္း ျခင္းမဆို စာခ်ဳပ္ခ်ဳပ္ဆို၍ မွတ္ပုံတင္ရန္လိုအပ္ပါသည္။

ဘိုးဘြားမ်ားက ေျမးအား ေပးကမ္းျခင္းျပဳလုပ္ၿပီး ပစၥည္းအား လႊဲေျပာင္းေပးျခင္းသည္ ခိုင္မာပါသည္။ ေပးကမ္းျခင္းမွာ အေမြေပးနည္းတစ္မ်ိဳးပင္ျဖစ္ၿပီး ေျမးျဖစ္သူမွ ဦးႀကီး၊ဦးေလးမ်ားႏွင့္ယွဥ္ၿပိဳင္အေမြခြဲေသာအခါ မနစ္နာေစရန္ ဘိုးဘြားမ်ားမွ ေဆာင္႐ြက္ေပးကမ္း ျခင္း တမ်ိဳးသာျဖစ္သည္။ ထို႔ျပင္ အေထာက္အထားခိုင္မာေစရန္အတြက္ ဂရန္ေျမ၊ေျမပိုင္ေျမ၊ေျမမ်ားကို ေမတၱာျဖင့္ ေပးကမ္း ေျမပုံ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံတြင္ ေလွ်ာက္ထားကူးယူရပါသည္။

အခြန္႐ုံးတြင္ တန္ဖိုးျဖတ္သတ္မွတ္ရန္လဲ လိုအပ္ပါတယ္။ ထို႔သို႔ကူးယူၿပီး - ေတာ္စပ္မႈက်မ္းက်ိန္လႊာ၊ေပးသူမွ မိမိပိုင္ စီမံခန္႔ခြဲမႈ႐ွိေၾကာင္း က်မ္းက်ိန္လႊာ၊က်န္သူမ်ားမွ သေဘာတူေၾကာင္း က်မ္းက်ိန္လႊာလဲလိုအပ္ပါတယ္၊အိမ္ဓာတ္ပုံ၊ေပးကမ္းသည့္စာခ်ဳပ္၊ေျမပုံေျမရာဇဝင္၊ပိုင္ဆိုင္မႈအေထာက္အထားဂရန္ (သို႔) ေျမပိုင္ေျမ၊မွတ္ပုံတင္၊သန္းေခါင္စာရင္း၊ေပးသူႏွင့္လက္ခံသူခံဝန္ခ်က္၊သက္ေသႏွစ္ဦးတို႔ျဖင့္ပူးတြဲတင္ျပကာ တံဆိပ္ေခါင္းခြန္(၄%) အခြန္႐ုံးတြင္ယူၿပီး ဘဏ္တြင္ေငြသြင္းခ်လံျပန္လည္ ထုတ္ယူကာ အခြန္ေခါင္း ထုတ္ယူရပါသည္။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္မွတ္ပုံတင္ခ(၀.၅%)က်သင့္ပါတယ္။

ေသတမ္းစာသေဘာသက္ေရာက္ေနတဲ့ေပးကမ္းျခင္းကေတာ့ ပ်က္ျပယ္ပါတယ္။ ျမန္မာလူမ်ိဳးမ်ားသည္ ေသဆုံးသည့္အခါ ရည္႐ြယ္၍ ေသခါနီးဆဲဆဲတြင္ ေပးကမ္းျခင္းသည္ ေသတမ္းစာသေဘာသက္ေရာက္သျဖင့္ အမွန္တကယ္ေတာ့ ေပးပိုင္ခြင့္မ႐ွိေပ။ထို႔ေၾကာင့္ ေပးသူသက္႐ွိထင္႐ွား႐ွိခ်ိန္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေပးဖို႔ အထူးလိုအပ္ပါသည္။

မွတ္ပုံတင္စာခ်ဳပ္မခ်ဳပ္ဆိုပါက တရားမဝင္သလို ပစၥည္းကို လက္ေရာက္ရ႐ွိရန္လဲ ေတာင္းဆိုပိုင္ခြင့္မ႐ွိပါ။

အေမြစားအေမြခံမ်ား ဆုံ႐ႈံးနစ္နာေလာက္ေအာင္ ပစၥည္းအားလုံးကို ေပးကမ္းျခင္းမျပဳႏိုင္။ေပးကမ္းျခင္းအား မွတ္ပုံတင္႐ွိၿပီး အေမြပစၥည္းအားလုံးအားေပးကမ္းျခင္းမဟုတ္ဘဲ က်န္႐ွိေနေသးလွ်င္ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ေပးကမ္း သည့္ ပစၥည္းတရားဝင္သည္။

 

 

ေမးခြန္း (၂) - ေျမကြက္ေရာင္းသူက ေပ (၄၀ x ၆၀) ေျမကြက္ကို တစ္ပိုင္းပိုင္းၿပီး ေပ (၂၀ x ၆၀) ပိုင္းေရာင္းပါတယ္၊ ဂရန္ကို မိတၱဴေပးတယ္ဆိုပါက တရားဝင္ပါသလား ။

ဂရန္ေျမမ်ားတြင္ စတုရန္းေပ (၁၂၀၀)ျပည့္မီပါက ဂရန္ခြဲစိတ္လို႔ရပါတယ္။ထို႔ေၾကာင့္ ေပ(၂၀×၆၀)ကို ဂရန္ခြဲ ေလွ်ာက္ထားလိုပါက ေလွ်ာက္ထားႏိုင္ပါတယ္။ဂရန္ မိတၱဴပဲ ကိုင္ထားမယ္ဆိုရင္ေတာ့ ေရ႐ွည္မွာ ပိုင္ဆိုင္မႈခိုင္မာမႈမ႐ွိဘဲ အျငင္းပြားမႈေတြျဖစ္ေပၚႏိုင္ပါတယ္။ မိတၱဴပဲ အၿမဲကိုင္ထားခြင့္ရမယ္ဆိုရင္ေတာ့မဝယ္သင့္ပါ။ ေျမကြက္အားပိုင္ဆိုင္မႈခိုင္မာေစရန္အတြက္ အခြန္ေဆာင္၍ အမည္ေျပာင္းသင့္ပါတယ္။

ဂရန္ေျမ၊ေျမပိုင္ေျမ၊ ဂရန္႐ွိေျမပိုင္ေျမ၊Bေျမပိုင္ေျမ၊၃(ခ)ရ႐ွိၿပီးေသာ ေျမမ်ားကို သတ္မွတ္ေပျပည့္မွီပါက ေျမကြက္ခြဲစိတ္ႏိုင္သည္။

ခြဲစိတ္ရန္ ေလွ်ာက္ထားေသာေျမကြက္သည္ မ်က္ႏွာစာ အနည္းဆုံးေပ၂၀႐ွိရမည္ျဖစ္ၿပီး က်န္ ႐ွိေျမကြက္မ်က္ႏွာစာမွာလည္း အနည္းဆုံးေပ၂၀႐ွိရမည္။အထက္ေဖာ္ျပပါအတိုင္း အနည္းဆုံးစတုရန္ေပ-၁၂၀၀႐ွိရမည္။ လမ္းမ႐ွိပါက အနည္းဆုံး၁၀ေပလမ္းအတြက္ခ်န္လွပ္ထားရမယ္။ ေျမျပင္တြင္ အေဆာက္အဦးႏွင့္ ကင္းလြတ္ရပါမယ္။

ဂရန္ခြဲေလွ်ာက္ထားေတာ့မယ္ဆိုရင္ေတာ့ ေျမပိုင္ဆိုင္မႈအေထာက္အထား စာခ်ဳပ္စာတမ္းမူရင္းမ်ားလဲ လိုအပ္ လာပါၿပီး အဲ့ဒါေၾကာင့္ အေရာင္းအဝယ္ျပဳစဥ္မွာကတည္းက ေရာင္းခ်သူက ဝယ္ယူသူ အမည္ေျပာင္း ေဆာင္ ႐ြက္တဲ့အခါ လိုက္ပါေဆာင္႐ြက္ေပးမဲ့အေၾကာင္း စာခ်ဳပ္မွာ သေဘာတူမႈယူထားဖို႔လိုပါတယ္။

-ေျမဌားေႂကြးက်န္ကင္း႐ွင္းေၾကာင္းေထာက္ခံခ်က္ေျပစာမ်ားလဲ ဂရန္ခြဲေလွ်ာက္ထားတဲ့အခါ လိုအပ္လာပါၿပီ။ -တစ္ႏွစ္အတြင္း ခြဲစိတ္ေျမပုံ၊ေျမရာဇဝင္လဲ တင္ျပရပါမယ္။လိုင္စင္ရ အင္ဂ်င္နီယာ၏ ေျမကြက္ခြဲစိတ္အတည္ျပဳမႈလဲ လိုအပ္ပါတယ္။

မေ႐ြႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ား အေရာင္းအဝယ္ျပဳလုပ္တဲ့အခါ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ရက္ေပါင္း(၁၂၀)အတြင္း မွတ္ပုံတင္ရန္လဲ လိုအပ္ပါတယ္။

 

 

ေမးခြန္း (၃) - ငွါးရမ္းထားေသာ အေဆာက္အဦးေပၚမွာ ငွါးရမ္းသူက ဥပေဒႏွင့္ၿငိစြန္းေသာစီးပြားေရးလုပ္ကိုင္ပါက (ေလာင္းကစားလုပ္) ပိုင္႐ွင္ႏွင့္အေဆာက္အဦး ထိခိုက္ပါသလား။

ေလာင္းကစားျပဳလုပ္ပါက၊ေလာင္းကစားျပဳလုပ္သည့္အိမ္ကို အငွားအိမ္ျဖစ္ေစ(သို႔) အိမ္ပိုင္အိမ္ျဖစ္ေစ၊ ေလာင္ကစားဥပေဒ-၆(က)၊(ခ)အရ ရဲအရာ႐ွိအပါအဝင္၊ဌာနဆိုင္ရာ ရပ္ကြက္၊ေက်း႐ြာ အဖြဲ႕အစည္း ပါဝင္က ဝင္ေရာက္၍ ဖမ္းဆီးျခင္းျပဳႏိုင္ပါတယ္။ထို႔ျပင္ ေလာင္းကစားရာတြင္ အသုံးျပဳသည္ဟု ယုံၾကည္ရန္႐ွိေသာ ေငြေၾကးႏွင့္ ပစၥည္းမ်ားအား သိမ္းဆည္းႏိုင္ပါတယ္။ထိုပစၥည္းမ်ားအား ရဲစခန္းသို႔လႊဲအပ္ၿပီး အမႈတြင္ သက္ေသခံ အျဖစ္ ပါဝင္ထည့္သြင္းႏိုင္ပါတယ္။ထို႔ျပင္ ေလာင္ကစားဥပေဒ-၁၀(က)၊(ခ)အရ ေလာင္ကစားျပဳသူမ်ားကို အားေပး ကူညီျခင္းမျပဳရဟုျပ႒ာန္းထားပါသည္။ထိုေလာင္းကစားျပဳသူမ်ားအား ေငြေခ်းျခင္း၊ ေငြေၾကးေထာက္ပံ့ျခင္း မ်ားျပဳသူမ်ားလဲ အားေပးကူညီမႈေျမာက္ပါသည္။

ထို႔ေၾကာင့္ အေရးႀကီးသည္မွာ မိမိပိုင္အိမ္အေဆာက္အအုံ၊တိုက္ခန္း၊ျခံမ်ားအား ငွားရမ္းသည့္အခါတိုင္း ငွားရမ္းျခင္းစာခ်ဳပ္တြင္ တဆင့္လႊဲေျပာင္းျခင္း၊ဥပေဒႏွင့္မလြတ္ကင္းေသာ ေလာင္းကစားကို ငွားရမ္းသူမွ ျပဳလုပ္ခြင့္ မ႐ွိေၾကာင္း ပ႗ိညာဥ္ဥပေဒအရ ထုတ္ေဖာ္ခ်ဳပ္ဆိုထားဖို႔လဲ လိုအပ္ၿပီး အျခားသူမ်ားအား ထပ္မံ ငွားရမ္း ခြင့္မ႐ွိ ေၾကာင္းလဲ စာခ်ဳပ္တြင္ပါ႐ွိရပါမယ္။ ထို႔ျပင္ ဥပေဒႏွင့္မညီၫြတ္ေသာ ကိစၥရပ္မ်ားအသုံးျပဳပါက ျဖစ္ေပၚလာေသာကိစၥအ၀၀ကို ငွားရမ္းသူမွ ၿပီးဆုံးေျပလည္သည္အထိ တာဝန္ယူေျဖ႐ွင္းေပးရမည့္အခ်က္လဲ စာခ်ဴပ္တြင္ ထည့္သြင္းခ်ဳပ္ဆိုရပါမည္။ ထိုစာခ်ဳပ္ အား ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးဥပေဒႏွင့္အညီ မွတ္ပုံတင္လွ်င္ပိုမို ေကာင္းပါသည္။

ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးဥပေဒပုဒ္မ-၁၂(၁)(က)အရ အိမ္ငွားသည္ အိမ္႐ွင္ႏွင့္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ကိုတစ္ႀကိမ္သာ ေဖာက္ဖ်က္ယုံျဖင့္ ပ႗ိညာဥ္ဥပေဒအရ အိမ္ငွားတာဝန္ကိုေဖာက္ဖ်က္ရာ ေရာက္ပါသည္။ ထိုေၾကာင့္ ေလာင္ကစားျပဳလုပ္ပါက စာခ်ဳပ္ကို ေဖာက္ဖ်က္သျဖင့္ အိမ္႐ွင္မွ ႏို႔တစ္စာေပးပို႔ၿပီး အိမ္ငွားအား ႏွင္ခြင့္႐ွိသလို၊အိမ္ငွားအား ေလာင္းကစားမူျဖင့္ အေရးယူျခင္းခံရပါက အိမ္႐ွင္မွာ မိမိပိုင္ဆိုင္ေသာ အိမ္ျခံေျမ၏ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္း အေထာက္အထားမ်ားျပသၿပီး သက္ဆိုင္ရာဌာနတြင္ ႐ွင္းလင္းမႈျပဳႏိုင္ပါတယ္။ အိမ္႐ွင္မွာ အိမ္နီးပတ္ဝန္းက်င္ႏွင့္ေလာင္းကစားမႈတြင္ပါဝင္ျခင္းမ႐ွိပါက ထိခိုက္ျခင္းမ႐ွိပါ။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

 

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service