ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
နေ့စား
ကျွန်တော့်အဖေက ဝန်ထမ်း။ ကျန်တဲ့မိသားစုတွေက မှီခိုတွေ။ဒီတော့ အရာရာခြိုးခြံရသလို မကုန်သင့်တာတွေ မကုန်ရအောင်နဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေဖို့ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေက ကိုယ်နိုင်တဲ့ အလုပ်တွေကို လုပ်ရပါတယ်။
ကျွန်တော် လေးတန်းငါးတန်း အရွယ်လောက်မှာ မေမေနဲ့ ‘နေ့စားအလုပ်’ လိုက်လုပ်ခဲ့ရဖူးတယ်။ မြေပဲပေါ်ချိန်မှာ မြေပဲလိုက်နှုတ်ရတယ်။ပဲတီပေါ်ချိန် ပဲတီကောက်ရတယ်။နှမ်းရိတ်ချိန် နှမ်းလိုက်ရိတ်ရတယ်။ အဲဒီတုန်းက နေ့စားခကို ပိုက်ဆံနဲ့ပေးတာရယ်၊အခြား သီးနှံပေးတာရယ်ဆိုပြီးရှိတယ်ထင်ပါတယ်။ အမှန်ပဲ ကိုယ့်နေ့စားခ ဘယ်လောက်ရတယ်ဆိုတာကို အဲဒီတုန်းက ကျွန်တော်မသိခဲ့ပါဘူး။မေမေပဲသိပါတယ်။
မြေပဲနုတ်ချိန် နေ့စားလိုက်ပြီဆိုရင် မနက်လေးနာရီကတည်းက အိပ်ရာကထရတယ်။ကလေးသာသာဘဝ သိပ်ကို အိပ်ချင်ခဲ့တာပေါ့ဗျာ။
မေမေဆိုရင် နောက်ရက်နေ့စားလိုက်တဲ့အခါ စားဖို့အတွက် ညနေကတည်းက အိမ်ကလူတွေစားဖို့နဲ့ တောကို လိုက်မယ့်သူတွေစားဖို့အတွက် ဟင်းတွေကိုကြိုတင်ပြီး ချက်ပြုတ်ထားရတယ်။ နေ့စားလိုက်မယ့်နေ့ မနက်ကျမှ စောစောထပြီး ထမင်းချက်ရတယ်။
တောကိုထည့်မယ့် ထမင်းကို ဒန်အိုးလတ်လတ်တစ်လုံးနဲ့ထည့် ၊ ဟင်းတွေကိုလည်း ဒန်အိုးအသေးလေးတွေနဲ့ ဆင့်ထည့်ပြီး၊ ထမင်းအိုးရော ဟင်းအိုးတွေရောကို ဖြန့်ခင်းထားတဲ့ ပုဆိုးတစ်ထည်ရဲ့ အလယ်ပေါ်မှာ ထပ်တင်လိုက်တယ်။ ပြီးရင် ပုဆိုးရဲ့ ဟိုဘက်ဒီဘက် အနားစွန်းတွေကို ဆင့်ထားတဲ့ အိုးတွေပေါ်ကနေ ကန့်လန့်ဖြတ်ကျော်ပြီး ချည်လိုက်တော့ အိုးတွေငြိမ်သွားတော့တာပေါ့။ လျှောထွက်မှာတွေ၊ပွင့်သွားမှာတွေ၊ မရှိတော့ဘူးပေါ့။ပြီးရင် ယူစရာရှိတာတွေ ခွဲဝေယူလို့ မေမေနဲ့ကျွန်တော် အိမ်ကနေထွက်ခဲ့ကြတယ်။
လရောင်မရှိတဲ့နေ့ဖြစ်နေပေမယ့် ကောင်းကင်ဟာ ကြယ်တွေနဲ့ကြီးစိုးပြီး အလင်းရောင်တို့ရှိနေပါတယ်။ အမှောင်ထဲမှာ ကောင်းကင်ရဲ့ အလင်းရောင်ပျပျလေးနဲ့ နုတ်ရမယ့် မြေပဲခင်းဆီ ကျွန်တော်တို့ လာခဲ့ကြတယ်။
နုတ်ရမယ့် မြေပဲခင်းခြင်း မတူပေမယ့် လမ်းခြင်းတူနေတဲ့သူတွေနဲ့ လမ်းမှာဆုံကြတယ်။ သိသူတွေနဲ့ကြုံရင် စကားတွေပြောရင်း လျှောက်ကြတော့ အိပ်ချင်စိတ်နဲ့ မှိန်းပြီးလိုက်လာတဲ့ကျွန်တော် မျက်စိတွေကျယ်လို့ပေါ့။ သွက်သွက်လျှောက်တော့ ပဲခင်းကို စောစောရောက်တာပေါ့။မိုးတောင်မလင်းသေးပါဘူး။
ရောက်တာနဲ့ ကိုယ်နုတ်မယ့် ငန်းကို အရင်ဦးထားကြရတယ်။မေမေနဲ့ ကျွန်တော် လက်တွေဖြန့်ကားပြီး လက်တစ်ဖောင်စီ ငန်းယူကြတယ်။မြေပဲခင်းဘက် မျက်နှာမူလို့ လက်နှစ်ဖက်ကိုဖြန့်ကားပြီး အဲဒီအကျယ်လိုက်ကို တစ်ငန်းလို့ ခေါ်ပါတယ်။အရွယ်အရ ကျွန်တော့်လက်တံက လူကြီးလောက်မရှိသေးတော့၊ မေမေက နှစ်ငန်းစာတိုင်းပြီး ယူထားလိုက်တယ်။ဒါပေမဲ့ မြေပဲကို ‘နုတ်မယ်ကွ’ဆိုပြီး နုတ်ချင်တိုင်း နုတ်လို့မရပါဘူး။
မနုတ်ခင်မှာ အခင်းရှင်က တင်းတောင်းနဲ့ထည့်ယူလာတဲ့ ဆီးဖြူသီးတွေကို မြေပဲခင်းထဲ အရင်ကြဲထား ရပါတယ်။ခဏနေမှ နုတ်ရပါတယ်။
မြေပဲနုတ်တဲ့ အခါမှာလည်း အခင်းရဲ့တစ်ဖက်ခြမ်းကနေပဲ ငန်းတိုက်နုတ်ရပါတယ်။မျက်နှာချင်းဆိုင် အနေအထား ဟိုဘက်ဒီဘက် နုတ်လို့မရပါဘူး။မြွေတွေဟာ မြေပဲခင်းထဲမှာ ခိုအောင်းနေတတ်ပါတယ်။ မြေပဲနုတ်တဲ့အခါ ထိပ်တိုက်နုတ်ရင် သူတို့ပြေးမိတဲ့ဘက်က သူတွေကို ကိုက်တတ်ပါတယ်။ ဒါကြောင့် တစ်ဖက်ထဲကနေ ငန်းတိုက်နုတ်ရပါတယ်။
အခုနကပြောတဲ့ ဆီးဖြူသီးကြဲတာဟာ မြေပဲခင်းထဲမှာ ခိုအောင်းနေတတ်တဲ့ မြွေတွေရှိလို့ ဆီးဖြူကြဲပြီး အရင်ခြောက်လှန့်တာလို့ထင်ပါတယ်။ တစ်ခြားအကြောင်းတွေ၊ ဗေဒင်သဘောတွေ၊ အစီအရင်သဘောတွေ ရှိလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့။နို့မို့ ကျောက်ခဲတွေပဲ ကောက်လာပြီး ပစ်တော့ ကြဲတော့မှာပေါ့။
အဲဒီလိုတွေ လုပ်ပြီးတော့မှ မြေပဲနုတ်တာကို စလုပ်ရပါတော့တယ်။စပြီးနုတ်တဲ့ အချိန်ဟာ မိုးမလင်းသေးပါဘူး။ မှောင်နေတုန်းပါပဲ။အမှောင်ထဲမှာ အရဲစွန့်ပြီး နုတ်ကြရပါတယ်။
မိုးလင်းတော့မှနုတ်မယ်ဆိုရင် နေပူကြီးထဲမှာနုတ်ရပါလိမ့်မယ်။ မိုးမလင်းခင်နုတ်ထားမှ အလင်းရောင်လေးရပြီး လင်းလင်းချင်းချင်းအချိန်မှာ ကိုယ်နုတ်ရမယ့် ငန်းက တစ်ဝက်ကျော်ေကျာ်ပြီးနေပြီပေါ့။ နေတော်တော် တက်လာ တဲ့ အချိန်လောက်ရောက်ရင်တော့ တစ်ငန်းလုံးပြီးပြီပေါ့။
အဲဒီအချိန်ရောက်ရင် မြေပဲဥတွေ ခြွေဖို့ နုတ်ထားတဲ့မြေပဲပင်တွေကို အပုံကြီးတွေ ပြန်ပြီး ပုံကြရတယ်။ နေပူသက်သာအောင် အပင်ပုံတွေရဲ့ အရိပ်ကျရာထိုင်ပြီး မြေပဲဥတွေကို ခြွေရပါတယ်။ ပဲစင်းငုံပင်တွေရှိရင်၊ ရောပြီးစိုက်ထားတဲ့ အခင်းဆိုရင်တော့ အဲဒီအပင်ရိပ်မှာခြွေနိုင်တာပေါ့။အဲဒီတစ်ငန်းစာ နုတ်ထားတဲ့ အပင်တွေက ဥတွေကို ပြန်ပြီးခြွေရတာဟာလည်း တစ်နေကို ကုန်ရောဆိုပါတော့။
နေ့စားအလုပ်ဆိုတာကို ဘယ်သူလုပ်ချင်မလဲ။အခုခေတ် နေ့စားလုပ်သား လုပ်မယ့်သူတွေ ပိုတောင်ရှားလာလို့ တောင်သူတွေညည်းကြတာ ကြားနေရပါတယ်။နေ့စားတွေအနေနဲ့လည်း မတတ်သာလို့သာလုပ်ရတာ အင်မတန်ပင်ပန်းတာကလား။ဆောင့်ဆောင့်ထိုင်လို့ ခါးကိုညွှတ်ကွေးပြီး နုတ်ရတာဟာလည်း မသက်မသာ အတော်ခံစားခဲ့ရပါတယ်။
နုတ်ပြီးလို့ မွန်းမလွဲသေးဘဲ စောနေသေးရင် ဥတွေဆက်ခြွေကြတဲ့သူက ခြွေပေါ့။ဒီလိုမဟုတ်ဘဲ ‘ဗိုက်စာလို့ စားကြမယ်ဟေ့’ ဆိုလည်း ဒူးချင်းတိုက်ပြီး ဝိုင်းဖွဲ့စားကြတော့တာပါပဲ။ ဘယ်သူ့ ဘယ်သူမှတော့ ဟင်းတွေဟာ ကွဲပြားလှတယ် မရှိပါဘူး။ငါးခြောက်လေးကို ကြက်သွန်နီပါးပါး၊ငရုတ်သီးအကြမ်းဖက်နဲ့ကြော်ထားတာရယ်၊ ကင်ပွန်းချဉ်ရွက်ကို စိမ်းစားငပိလေးနဲ့ ခြောက်ခြောက်လေးကြော်ထားတာနဲ့ ပဲကြီးနပ်လေးနဲ့ပေါ့။
သူ့ဟင်းကိုကိုယ်နှိုက်၊ကိုယ့်ဟင်းကိုလည်း သူနှိုက်လို့ နေ့စားတို့ရဲ့ ထမင်းဝိုင်းကလေးကလည်း အဲဒီအချိန်က အရသာကို သိပ်ပြီးရှိလှတာပေါ့။ဆာနေတဲ့ အချိန်စားလိုက်ရခြင်းကလည်း ဘာဟင်းညာဟင်းတွေ တောင့်တရွေးချယ် နေစရာမလိုတော့ပါဘူး။
ထမင်းစားပြီးတော့ တောင်သူချထားတဲ့ နဘက်အိုးထဲကရေကို တစ်ဝသောက်လိုက်ရခြင်းကလည်း ရေခဲရေမဟုတ်ပေမယ့် အတော်ကိုအေးမြနေတာပေါ့။
ထမင်းစားဝမို့ မနားနိုင်ပါဘူး။ကိုယ်နုတ်ထားတဲ့ တစ်ငန်းစာကို နေမဝင်ခင် အပြီးခြွေနိုင်ဖို့ လုပ်ရပါတယ်။ တချို့မိန်းမကြီးတွေများ မြန်ချက်ဗျာ။ဗြုတ်ဗြုတ်နဲ့ခြွေလိုက်ကြတာများ မြေပဲပုံကြီးတွေတစ်ပုံပြီးတစ်ပုံကုန်နေတဲ့ အချိန် ကိုယ့်အပုံကိုကြည့်ပြီး ကုန်နိုင်ခဲလှပါလား၊ မိုးချုပ်တဲ့အထိ မကုန်ရင်တော့ ဒုက္ခပေါ့လို့ စိတ်မှာဖြစ်နေမိတယ်။ နေမဝင်ခင်တော့ နုတ်ထားသမျှဟာကုန်သွားပါတယ်။
ခြွေထားသမျှကို တင်းတောင်းနဲ့ချင့်ပြီး လှည်းပေါ်မှာယိုင်ပတ်ထားတဲ့ထဲ သွားထည့်ရတယ်။ကိုယ့်ငန်းက ဘယ်နှစ်တင်းရတယ်ဆိုတာ မှတ်ထားရတယ်ထင်ပါတယ်။ လူတစ်ယာက်ဘယ်နှစ်တင်းနဲဆိုပြီးမှတ်ထားပြီးမှ လုပ်အားခကို တင်းအရေအတွက်ပေါ်လိုက်ပြီး ပေးသလား ကျွန်တော်မသိခဲ့ရပါဘူး။
နေ့စားတစ်ယောက်ရဲ့ ညနေအိမ်ပြန်ချိန်မှာတော့ ခုခေတ်သီချင်းထဲကလို ဂျုံးဂျုံးကျနေပြီလို့ပဲ ပြောရမလိုပါပဲ။ ပင်ပန်းလို့ လေးလံညောင်းညာတဲ့ ခြေလှမ်းတွေနဲ့အိမ်ပြန်ခဲ့ရပေမယ့် အလုပ်နားလို့ မဖြစ်တဲ့ နေ့စားတွေအတွက် မနက်ဖြန် ဘယ်သူ့အခင်းဝင်ရမလဲ ဆိုတာကို စုံစမ်းရင်း……။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၀)
ေန႔စား
ကြၽန္ေတာ္႕အေဖက ဝန္ထမ္း။ က်န္တဲ့မိသားစုေတြက မွီခိုေတြ။ဒီေတာ့ အရာရာၿခိဳးျခံရသလို မကုန္သင့္တာေတြ မကုန္ရေအာင္နဲ႔ မိသားစုစားဝတ္ေနေရး အဆင္ေျပဖို႔ အလုပ္လုပ္ႏိုင္တဲ့ အ႐ြယ္ေတြက ကိုယ္ႏိုင္တဲ့ အလုပ္ေတြကို လုပ္ရပါတယ္။
ကြၽန္ေတာ္ ေလးတန္းငါးတန္း အ႐ြယ္ေလာက္မွာ ေမေမနဲ႔ ‘ေန႔စားအလုပ္’ လိုက္လုပ္ခဲ့ရဖူးတယ္။ ေျမပဲေပၚခ်ိန္မွာ ေျမပဲလိုက္ႏႈတ္ရတယ္။ပဲတီေပၚခ်ိန္ ပဲတီေကာက္ရတယ္။ႏွမ္းရိတ္ခ်ိန္ ႏွမ္းလိုက္ရိတ္ရတယ္။ အဲဒီတုန္းက ေန႔စားခကို ပိုက္ဆံနဲ႔ေပးတာရယ္၊အျခား သီးႏွံေပးတာရယ္ဆိုၿပီး႐ွိတယ္ထင္ပါတယ္။ အမွန္ပဲ ကိုယ့္ေန႔စားခ ဘယ္ေလာက္ရတယ္ဆိုတာကို အဲဒီတုန္းက ကြၽန္ေတာ္မသိခဲ့ပါဘူး။ေမေမပဲသိပါတယ္။
ေျမပဲႏုတ္ခ်ိန္ ေန႔စားလိုက္ၿပီဆိုရင္ မနက္ေလးနာရီကတည္းက အိပ္ရာကထရတယ္။ကေလးသာသာဘဝ သိပ္ကို အိပ္ခ်င္ခဲ့တာေပါ့ဗ်ာ။
ေမေမဆိုရင္ ေနာက္ရက္ေန႔စားလိုက္တဲ့အခါ စားဖို႔အတြက္ ညေနကတည္းက အိမ္ကလူေတြစားဖို႔နဲ႔ ေတာကို လိုက္မယ့္သူေတြစားဖို႔အတြက္ ဟင္းေတြကိုႀကိဳတင္ၿပီး ခ်က္ျပဳတ္ထားရတယ္။ ေန႔စားလိုက္မယ့္ေန႔ မနက္က်မွ ေစာေစာထၿပီး ထမင္းခ်က္ရတယ္။
ေတာကိုထည့္မယ့္ ထမင္းကို ဒန္အိုးလတ္လတ္တစ္လုံးနဲ႔ထည့္ ၊ ဟင္းေတြကိုလည္း ဒန္အိုးအေသးေလးေတြနဲ႔ ဆင့္ထည့္ၿပီး၊ ထမင္းအိုးေရာ ဟင္းအိုးေတြေရာကို ျဖန္႔ခင္းထားတဲ့ ပုဆိုးတစ္ထည္ရဲ႕ အလယ္ေပၚမွာ ထပ္တင္လိုက္တယ္။ ၿပီးရင္ ပုဆိုးရဲ႕ ဟိုဘက္ဒီဘက္ အနားစြန္းေတြကို ဆင့္ထားတဲ့ အိုးေတြေပၚကေန ကန္႔လန္႔ျဖတ္ေက်ာ္ၿပီး ခ်ည္လိုက္ေတာ့ အိုးေတြၿငိမ္သြားေတာ့တာေပါ့။ ေလွ်ာထြက္မွာေတြ၊ပြင့္သြားမွာေတြ၊ မ႐ွိေတာ့ဘူးေပါ့။ၿပီးရင္ ယူစရာ႐ွိတာေတြ ခြဲေဝယူလို႔ ေမေမနဲ႔ကြၽန္ေတာ္ အိမ္ကေနထြက္ခဲ့ၾကတယ္။
လေရာင္မ႐ွိတဲ့ေန႔ျဖစ္ေနေပမယ့္ ေကာင္းကင္ဟာ ၾကယ္ေတြနဲ႔ႀကီးစိုးၿပီး အလင္းေရာင္တို႔႐ွိေနပါတယ္။ အေမွာင္ထဲမွာ ေကာင္းကင္ရဲ႕ အလင္းေရာင္ပ်ပ်ေလးနဲ႔ ႏုတ္ရမယ့္ ေျမပဲခင္းဆီ ကြၽန္ေတာ္တို႔ လာခဲ့ၾကတယ္။
ႏုတ္ရမယ့္ ေျမပဲခင္းျခင္း မတူေပမယ့္ လမ္းျခင္းတူေနတဲ့သူေတြနဲ႔ လမ္းမွာဆုံၾကတယ္။ သိသူေတြနဲ႔ၾကဳံရင္ စကားေတြေျပာရင္း ေလွ်ာက္ၾကေတာ့ အိပ္ခ်င္စိတ္နဲ႔ မွိန္းၿပီးလိုက္လာတဲ့ကြၽန္ေတာ္ မ်က္စိေတြက်ယ္လို႔ေပါ့။ သြက္သြက္ေလွ်ာက္ေတာ့ ပဲခင္းကို ေစာေစာေရာက္တာေပါ့။မိုးေတာင္မလင္းေသးပါဘူး။
ေရာက္တာနဲ႔ ကိုယ္ႏုတ္မယ့္ ငန္းကို အရင္ဦးထားၾကရတယ္။ေမေမနဲ႔ ကြၽန္ေတာ္ လက္ေတြျဖန္႔ကားၿပီး လက္တစ္ေဖာင္စီ ငန္းယူၾကတယ္။ေျမပဲခင္းဘက္ မ်က္ႏွာမူလို႔ လက္ႏွစ္ဖက္ကိုျဖန္႔ကားၿပီး အဲဒီအက်ယ္လိုက္ကို တစ္ငန္းလို႔ ေခၚပါတယ္။အ႐ြယ္အရ ကြၽန္ေတာ့္လက္တံက လူႀကီးေလာက္မ႐ွိေသးေတာ့၊ ေမေမက ႏွစ္ငန္းစာတိုင္းၿပီး ယူထားလိုက္တယ္။ဒါေပမဲ့ ေျမပဲကို ‘ႏုတ္မယ္ကြ’ဆိုၿပီး ႏုတ္ခ်င္တိုင္း ႏုတ္လို႔မရပါဘူး။
မႏုတ္ခင္မွာ အခင္း႐ွင္က တင္းေတာင္းနဲ႔ထည့္ယူလာတဲ့ ဆီးျဖဴသီးေတြကို ေျမပဲခင္းထဲ အရင္ႀကဲထား ရပါတယ္။ခဏေနမွ ႏုတ္ရပါတယ္။
ေျမပဲႏုတ္တဲ့ အခါမွာလည္း အခင္းရဲ႕တစ္ဖက္ျခမ္းကေနပဲ ငန္းတိုက္ႏုတ္ရပါတယ္။မ်က္ႏွာခ်င္းဆိုင္ အေနအထား ဟိုဘက္ဒီဘက္ ႏုတ္လို႔မရပါဘူး။ေႁမြေတြဟာ ေျမပဲခင္းထဲမွာ ခိုေအာင္းေနတတ္ပါတယ္။ ေျမပဲႏုတ္တဲ့အခါ ထိပ္တိုက္ႏုတ္ရင္ သူတို႔ေျပးမိတဲ့ဘက္က သူေတြကို ကိုက္တတ္ပါတယ္။ ဒါေၾကာင့္ တစ္ဖက္ထဲကေန ငန္းတိုက္ႏုတ္ရပါတယ္။
အခုနကေျပာတဲ့ ဆီးျဖဴသီးႀကဲတာဟာ ေျမပဲခင္းထဲမွာ ခိုေအာင္းေနတတ္တဲ့ ေႁမြေတြ႐ွိလို႔ ဆီးျဖဴႀကဲၿပီး အရင္ေျခာက္လွန္႔တာလို႔ထင္ပါတယ္။ တစ္ျခားအေၾကာင္းေတြ၊ ေဗဒင္သေဘာေတြ၊ အစီအရင္သေဘာေတြ ႐ွိလို႔လည္း ျဖစ္ရင္ျဖစ္မွာေပါ့။ႏို႔မို႔ ေက်ာက္ခဲေတြပဲ ေကာက္လာၿပီး ပစ္ေတာ့ ႀကဲေတာ့မွာေပါ့။
အဲဒီလိုေတြ လုပ္ၿပီးေတာ့မွ ေျမပဲႏုတ္တာကို စလုပ္ရပါေတာ့တယ္။စၿပီးႏုတ္တဲ့ အခ်ိန္ဟာ မိုးမလင္းေသးပါဘူး။ ေမွာင္ေနတုန္းပါပဲ။အေမွာင္ထဲမွာ အရဲစြန္႔ၿပီး ႏုတ္ၾကရပါတယ္။
မိုးလင္းေတာ့မွႏုတ္မယ္ဆိုရင္ ေနပူႀကီးထဲမွာႏုတ္ရပါလိမ့္မယ္။ မိုးမလင္းခင္ႏုတ္ထားမွ အလင္းေရာင္ေလးရၿပီး လင္းလင္းခ်င္းခ်င္းအခ်ိန္မွာ ကိုယ္ႏုတ္ရမယ့္ ငန္းက တစ္ဝက္ေက်ာ္ေက်ာ္ၿပီးေနၿပီေပါ့။ ေနေတာ္ေတာ္ တက္လာ တဲ့ အခ်ိန္ေလာက္ေရာက္ရင္ေတာ့ တစ္ငန္းလုံးၿပီးၿပီေပါ့။
အဲဒီအခ်ိန္ေရာက္ရင္ ေျမပဲဥေတြ ေႁခြဖို႔ ႏုတ္ထားတဲ့ေျမပဲပင္ေတြကို အပုံႀကီးေတြ ျပန္ၿပီး ပုံၾကရတယ္။ ေနပူသက္သာေအာင္ အပင္ပုံေတြရဲ႕ အရိပ္က်ရာထိုင္ၿပီး ေျမပဲဥေတြကို ေႁခြရပါတယ္။ ပဲစင္းငုံပင္ေတြ႐ွိရင္၊ ေရာၿပီးစိုက္ထားတဲ့ အခင္းဆိုရင္ေတာ့ အဲဒီအပင္ရိပ္မွာေႁခြႏိုင္တာေပါ့။အဲဒီတစ္ငန္းစာ ႏုတ္ထားတဲ့ အပင္ေတြက ဥေတြကို ျပန္ၿပီးေႁခြရတာဟာလည္း တစ္ေနကို ကုန္ေရာဆိုပါေတာ့။
ေန႔စားအလုပ္ဆိုတာကို ဘယ္သူလုပ္ခ်င္မလဲ။အခုေခတ္ ေန႔စားလုပ္သား လုပ္မယ့္သူေတြ ပိုေတာင္႐ွားလာလို႔ ေတာင္သူေတြညည္းၾကတာ ၾကားေနရပါတယ္။ေန႔စားေတြအေနနဲ႔လည္း မတတ္သာလို႔သာလုပ္ရတာ အင္မတန္ပင္ပန္းတာကလား။ေဆာင့္ေဆာင့္ထိုင္လို႔ ခါးကိုၫႊတ္ေကြးၿပီး ႏုတ္ရတာဟာလည္း မသက္မသာ အေတာ္ခံစားခဲ့ရပါတယ္။
ႏုတ္ၿပီးလို႔ မြန္းမလြဲေသးဘဲ ေစာေနေသးရင္ ဥေတြဆက္ေႁခြၾကတဲ့သူက ေႁခြေပါ့။ဒီလိုမဟုတ္ဘဲ ‘ဗိုက္စာလို႔ စားၾကမယ္ေဟ့’ ဆိုလည္း ဒူးခ်င္းတိုက္ၿပီး ဝိုင္းဖြဲ႕စားၾကေတာ့တာပါပဲ။ ဘယ္သူ႕ ဘယ္သူမွေတာ့ ဟင္းေတြဟာ ကြဲျပားလွတယ္ မ႐ွိပါဘူး။ငါးေျခာက္ေလးကို ၾကက္သြန္နီပါးပါး၊င႐ုတ္သီးအၾကမ္းဖက္နဲ႔ေၾကာ္ထားတာရယ္၊ ကင္ပြန္းခ်ဥ္႐ြက္ကို စိမ္းစားငပိေလးနဲ႔ ေျခာက္ေျခာက္ေလးေၾကာ္ထားတာနဲ႔ ပဲႀကီးနပ္ေလးနဲ႔ေပါ့။
သူ႕ဟင္းကိုကိုယ္ႏိႈက္၊ကိုယ့္ဟင္းကိုလည္း သူႏိႈက္လို႔ ေန႔စားတို႔ရဲ႕ ထမင္းဝိုင္းကေလးကလည္း အဲဒီအခ်ိန္က အရသာကို သိပ္ၿပီး႐ွိလွတာေပါ့။ဆာေနတဲ့ အခ်ိန္စားလိုက္ရျခင္းကလည္း ဘာဟင္းညာဟင္းေတြ ေတာင့္တေ႐ြးခ်ယ္ ေနစရာမလိုေတာ့ပါဘူး။
ထမင္းစားၿပီးေတာ့ ေတာင္သူခ်ထားတဲ့ နဘက္အိုးထဲကေရကို တစ္ဝေသာက္လိုက္ရျခင္းကလည္း ေရခဲေရမဟုတ္ေပမယ့္ အေတာ္ကိုေအးျမေနတာေပါ့။
ထမင္းစားဝမို႔ မနားႏိုင္ပါဘူး။ကိုယ္ႏုတ္ထားတဲ့ တစ္ငန္းစာကို ေနမဝင္ခင္ အၿပီးေႁခြႏိုင္ဖို႔ လုပ္ရပါတယ္။ တခ်ိဳ႕မိန္းမႀကီးေတြမ်ား ျမန္ခ်က္ဗ်ာ။ျဗဳတ္ျဗဳတ္နဲ႔ေႁခြလိုက္ၾကတာမ်ား ေျမပဲပုံႀကီးေတြတစ္ပုံၿပီးတစ္ပုံကုန္ေနတဲ့ အခ်ိန္ ကိုယ့္အပုံကိုၾကည့္ၿပီး ကုန္ႏိုင္ခဲလွပါလား၊ မိုးခ်ဳပ္တဲ့အထိ မကုန္ရင္ေတာ့ ဒုကၡေပါ့လို႔ စိတ္မွာျဖစ္ေနမိတယ္။ ေနမဝင္ခင္ေတာ့ ႏုတ္ထားသမွ်ဟာကုန္သြားပါတယ္။
ေႁခြထားသမွ်ကို တင္းေတာင္းနဲ႔ခ်င့္ၿပီး လွည္းေပၚမွာယိုင္ပတ္ထားတဲ့ထဲ သြားထည့္ရတယ္။ကိုယ့္ငန္းက ဘယ္ႏွစ္တင္းရတယ္ဆိုတာ မွတ္ထားရတယ္ထင္ပါတယ္။ လူတစ္ယာက္ဘယ္ႏွစ္တင္းနဲဆိုၿပီးမွတ္ထားၿပီးမွ လုပ္အားခကို တင္းအေရအတြက္ေပၚလိုက္ၿပီး ေပးသလား ကြၽန္ေတာ္မသိခဲ့ရပါဘူး။
ေန႔စားတစ္ေယာက္ရဲ႕ ညေနအိမ္ျပန္ခ်ိန္မွာေတာ့ ခုေခတ္သီခ်င္းထဲကလို ဂ်ံဳးဂ်ံဳးက်ေနၿပီလို႔ပဲ ေျပာရမလိုပါပဲ။ ပင္ပန္းလို႔ ေလးလံေညာင္းညာတဲ့ ေျခလွမ္းေတြနဲ႔အိမ္ျပန္ခဲ့ရေပမယ့္ အလုပ္နားလို႔ မျဖစ္တဲ့ ေန႔စားေတြအတြက္ မနက္ျဖန္ ဘယ္သူ႕အခင္းဝင္ရမလဲ ဆိုတာကို စုံစမ္းရင္း……။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com