နယူးယောက်တွင် အမျိုးသမီးတစ်ဦး အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေရာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော် တန်ကြေးရှိနေသည်ဟု တွေ့ရ

နယူးယောက်တွင် အမျိုးသမီးတစ်ဦး အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေရာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော် တန်ကြေးရှိနေသည်ဟု တွေ့ရ - Property News in Myanmar from iMyanmarHouse.com
26 May 2023 10:45 am တွင် တင်ခဲ့သည်
1841 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့တွင် အမျိုးသမီးတစ်ဦးသည် ကယ်တင်ခြင်းတပ်တော်က ရန်ပုံငွေအဖြစ်ရောင်းချသော အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ထိုအမျိုးသမီးက အဆိုပါ ပန်းကန်ပြားများကို ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော်ဖြင့် ရောင်းချခဲ့သည်။

ထိုပန်းကန်ပြားများ တွေ့ရှိခဲ့သူ နန်စီ ကာဗာလီယာ (Nancy Cavaliere) အမည်ရှိ အမျိုးသမီးသည် သူ၏ အတွေ့အကြုံကို TikTok မှတဆင့် မကြာသေးမီက ထုတ်ဖော်ပြောကြားမှု ပြုလုပ်ခဲ့သည်။

သူ၏ ဗွီဒီယိုကို TikTok တွင် ပြန်လည်ဝေမျှမှု ထောင်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။

ကာဗာလီယာ၏ ပြောကြားချက်အရ ၂၀၁၇ ခုနှစ် ၊ နွေရာသီတွင် အလုပ်မှ အိမ်သို့ အပြန်လမ်းတွင် ကယ်တင်ခြင်းတပ်တော်မှ ရန်ပုံငွေအဟောင်းဆိုင်သို့ ဝင်ရောက်ကြည့်ရှုခဲ့သည်။

ကနဦးတွင် စိတ်ဝင်စားဖွယ် ဝယ်ယူလိုသောပစ္စည်း မတွေ့သောကြောင့် ဆိုင်ထဲမှ ပြန်ထွက်ရန် ပြင်ခဲ့သည်။

သို့သော် တစ်နေရာတွင်မူ ဂဲသြမေထရီဟန်မျက်နှာပုံလက်ဖြင့် ပန်းချီဆွဲထားသော အမဲရောင် တရုတ်ကြွေပန်းကန်ပြား ၄ ချပ်ကို တွေ့ခဲ့သည်။

တန်ဖိုးသတ်မှတ်ထားသည်မှာ တစ်ချပ်လျှင် ၁ ဒသမ ၉၉ ဒေါ်လာ (မြန်မာငွေ ၄၁၀၀ ကျပ်) ဖြစ်သည်။

ကာဗာလီယာက ထိုပန်းကန်ပြားများကို ဝယ်ယူခဲ့ပြီးနောက် အွန်လိုင်းတွင် ရှာဖွေလေ့လာမှုများ ပြုလုပ်ခဲ့ရာ များစွာတန်ကြေးရှိသော ပန်းကန်ပြားဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

ကမ္ဘာကျော်ပန်းချီဆရာကြီး ပါဘလို ပီကာဆိုသည် ပြင်သစ်နိုင်ငံတောင်ပိုင်း ၊ Madoura မြို့တွင် ၁၉၄၀ ပြည့်လွန်ကာလများအတွင်း အိုးခွက် ပန်းကန် စတူဒီယိုတစ်ခု၌ ကြွေပန်းကန်ပြားများ၌ ပန်းချီရေးဆွဲကာ Visage Noir ဟူသော ကြွေပန်းကန်ပန်းချီများကို ထုတ်လုပ်ခဲ့သည်။

ယင်းနောက် ကာဗာလီယာက နယူးယောက်မှ လေလံကုမ္ပဏီများဖြစ်သော Sotheby’s ၊ Christies နှင့် အခြားသော ကုမ္ပဏီများထံ သွားရောက်ကာ ပီကာဆို၏ လက်ရာအစစ်ဟုတ်မဟုတ် စစ်ဆေးကာ တန်ဖိုးခန့်မှန်းခဲ့သည်။

ထိုနှစ်အတွင်း ကာဗာလီယာက ပန်းကန်ပြား ၄ ချပ်အနက်မှ ၃ ချပ်ကို ဒေါ်လာ ၁၂၀၀၀ ၊ ၁၃၀၀၀ နှင့် ၁၆၀၀၀ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချခဲ့သည်။

ပီကာဆို၏ လက်မှတ်ပါသော နောက်ဆုံးပန်းကန်ပြားတစ်ချပ်ကိုမူ ဘဏ်တစ်ခုရှိ Safe deposit box တွင် သိမ်းဆည်းထားသည်။

ထိုပန်းကန်ကို နောက်နှစ်ပေါင်း ၂၀ အကြာတွင် ရောင်းချကာ ရရှိလာသည့်ငွေများကို သမီးဖြစ်သူအားပေးရန် ကာဗာလီယာက စီစဉ်ထားသည်။

ကာဗာလီယာသည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကလည်း အဟောင်းဈေးတစ်ခုတွင် အလက်ဇန်းဒါးမက်ကွင်း၏ ဝတ်စုံတစ်ခုကို ဒေါ်လာ ၂၀ နှင့် ဝယ်ခဲ့ပြီး ပြန်လည်ရောင်းချရာတွင် ဒေါ်လာ ၈၀၀၀ ရရှိခဲ့ကြောင်း ကာဗာလီယာက Newsweek သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Woman Bought Four Ceramic Plates at a Thrift Store for $8. They Turned Out to Be Original Picassos and Worth Over $40,000 (news.artnet, dailymail)

[Zawgyi]

နယူးေယာက္တြင္ အမ်ဳိးသမီးတစ္ဦး အေဟာင္းဆိုင္မွ ေၾကြပန္းကန္ ၄ ခ်ပ္ကို ၈ ေဒၚလာျဖင့္ ဝယ္ယူခဲ့ရာ ေၾကြပန္းကန္ရွိ ပန္းခ်ီလက္ရာမ်ားမွာ ကမၻာေက်ာ္ပန္းခ်ီဆရာၾကီး ပီကာဆို၏ မူရင္းလက္ရာမ်ား ျဖစ္ေနရာ ေဒၚလာ ၄၀၀၀၀ (ျမန္မာေငြ သိန္း ၈၄၀) ေက်ာ္ တန္ေၾကးရွိေနသည္ဟု ေတြ႔ရ

အေမရိကန္ျပည္ေထာင္စု ၊ နယူးေယာက္ျမိဳ႕တြင္ အမ်ဳိးသမီးတစ္ဦးသည္ ကယ္တင္ျခင္းတပ္ေတာ္က ရန္ပံုေငြအျဖစ္ေရာင္းခ်ေသာ အေဟာင္းဆိုင္မွ ေၾကြပန္းကန္ ၄ ခ်ပ္ကို ၈ ေဒၚလာျဖင့္ ဝယ္ယူခဲ့ရာ ေၾကြပန္းကန္ရွိ ပန္းခ်ီလက္ရာမ်ားမွာ ကမၻာေက်ာ္ပန္းခ်ီဆရာၾကီး ပီကာဆို၏ မူရင္းလက္ရာမ်ား ျဖစ္ေနသည္ကုိ ေတြ႔ခဲ့ရသည္။ ထိုအမ်ဳိးသမီးက အဆိုပါ ပန္းကန္ျပားမ်ားကို ေဒၚလာ ၄၀၀၀၀ (ျမန္မာေငြ သိန္း ၈၄၀) ေက်ာ္ျဖင့္ ေရာင္းခ်ခဲ့သည္။

ထိုပန္းကန္ျပားမ်ား ေတြ႔ရွိခဲ့သူ နန္စီ ကာဗာလီယာ (Nancy Cavaliere) အမည္ရွိ အမ်ဳိးသမီးသည္ သူ၏ အေတြ႔အၾကံဳကို TikTok မွတဆင့္ မၾကာေသးမီက ထုတ္ေဖာ္ေျပာၾကားမႈ ျပဳလုပ္ခဲ့သည္။

သူ၏ ဗြီဒီယိုကို TikTok တြင္ ျပန္လည္ေဝမွ်မႈ ေထာင္ေပါင္းမ်ားစြာ ရွိေနျပီ ျဖစ္သည္။

ကာဗာလီယာ၏ ေျပာၾကားခ်က္အရ ၂၀၁၇ ခုႏွစ္ ၊ ေႏြရာသီတြင္ အလုပ္မွ အိမ္သို႔ အျပန္လမ္းတြင္ ကယ္တင္ျခင္းတပ္ေတာ္မွ ရန္ပံုေငြအေဟာင္းဆိုင္သို႔ ဝင္ေရာက္ၾကည့္ရႈခဲ့သည္။

ကနဦးတြင္ စိတ္ဝင္စားဖြယ္ ဝယ္ယူလိုေသာပစၥည္း မေတြ႔ေသာေၾကာင့္ ဆိုင္ထဲမွ ျပန္ထြက္ရန္ ျပင္ခဲ့သည္။

သို႔ေသာ္ တစ္ေနရာတြင္မူ ဂဲၾသေမထရီဟန္မ်က္ႏွာပံုလက္ျဖင့္ ပန္းခ်ီဆြဲထားေသာ အမဲေရာင္ တရုတ္ေၾကြပန္းကန္ျပား ၄ ခ်ပ္ကို ေတြ႔ခဲ့သည္။ တန္ဖိုးသတ္မွတ္ထားသည္မွာ တစ္ခ်ပ္လွ်င္ ၁ ဒသမ ၉၉ ေဒၚလာ (ျမန္မာေငြ ၄၁၀၀ က်ပ္) ျဖစ္သည္။

ကာဗာလီယာက ထိုပန္းကန္ျပားမ်ားကို ဝယ္ယူခဲ့ျပီးေနာက္ အြန္လိုင္းတြင္ ရွာေဖြေလ့လာမႈမ်ား ျပဳလုပ္ခဲ့ရာ မ်ားစြာတန္ေၾကးရွိေသာ ပန္းကန္ျပားျဖစ္ေနသည္ကို ေတြ႔ခဲ့ရသည္။

ကမၻာေက်ာ္ပန္းခ်ီဆရာၾကီး ပါဘလို ပီကာဆိုသည္ ျပင္သစ္ႏိုင္ငံေတာင္ပိုင္း ၊ Madoura ျမိဳ႕တြင္ ၁၉၄၀ ျပည့္လြန္ကာလမ်ားအတြင္း အိုးခြက္ ပန္းကန္ စတူဒီယိုတစ္ခု၌ ေၾကြပန္းကန္ျပားမ်ား၌ ပန္းခ်ီေရးဆြဲကာ Visage Noir ဟူေသာ ေၾကြပန္းကန္ပန္းခ်ီမ်ားကို ထုတ္လုပ္ခဲ့သည္။

ယင္းေနာက္ ကာဗာလီယာက နယူးေယာက္မွ ေလလံကုမၸဏီမ်ားျဖစ္ေသာ Sotheby’s ၊ Christies ႏွင့္ အျခားေသာ ကုမၸဏီမ်ားထံ သြားေရာက္ကာ ပီကာဆို၏ လက္ရာအစစ္ဟုတ္မဟုတ္ စစ္ေဆးကာ တန္ဖုိးခန္႔မွန္းခဲ့သည္။

ထိုႏွစ္အတြင္း ကာဗာလီယာက ပန္းကန္ျပား ၄ ခ်ပ္အနက္မွ ၃ ခ်ပ္ကို ေဒၚလာ ၁၂၀၀၀ ၊ ၁၃၀၀၀ ႏွင့္ ၁၆၀၀၀ ေစ်းႏႈန္းအသီးသီးျဖင့္ ေရာင္းခ်ခ့ဲသည္။

ပီကာဆို၏ လက္မွတ္ပါေသာ ေနာက္ဆံုးပန္းကန္ျပားတစ္ခ်ပ္ကိုမူ ဘဏ္တစ္ခုရွိ Safe deposit box တြင္ သိမ္းဆည္းထားသည္။

ထိုပန္းကန္ကို ေနာက္ႏွစ္ေပါင္း ၂၀ အၾကာတြင္ ေရာင္းခ်ကာ ရရွိလာသည့္ေငြမ်ားကို သမီးျဖစ္သူအားေပးရန္ ကာဗာလီယာက စီစဥ္ထားသည္။

ကာဗာလီယာသည္ လြန္ခဲ့ေသာႏွစ္အနည္းငယ္ခန္႔ကလည္း အေဟာင္းေစ်းတစ္ခုတြင္ အလက္ဇန္းဒါးမက္ကြင္း၏ ဝတ္စံုတစ္ခုကို ေဒၚလာ ၂၀ ႏွင့္ ဝယ္ခဲ့ျပီး ျပန္လည္ေရာင္းခ်ရာတြင္ ေဒၚလာ ၈၀၀၀ ရရွိခဲ့ေၾကာင္း ကာဗာလီယာက Newsweek သတင္းဌာနသို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Woman Bought Four Ceramic Plates at a Thrift Store for $8. They Turned Out to Be Original Picassos and Worth Over $40,000 (news.artnet, dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service