တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်းအထိ စံချိန်တင်ဈေးနှုန်းရရှိ ၊ ပုရီစံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး

တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်းအထိ စံချိန်တင်ဈေးနှုန်းရရှိ ၊ ပုရီစံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး - Property News in Myanmar from iMyanmarHouse.com
25 May 2023 12:08 pm တွင် တင်ခဲ့သည်
785 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ (Aisin-Giro Pyui) ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၆ ဒသမ ၂ သန်းရရှိသွားသည်။

၁၉၃၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော Patek Phillippe Reference 96 အမျိုးအစားနာရီ ဖြစ်ပြီး ဟောင်ကောင်တွင် မေလ ၂၃ ရက်က လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်း (ကန်ဒေါ်လာ ၆ ဒသမ ၂ သန်း) အထိ စံချိန်တင် ရရှိခဲ့သည်။

လေလံကုမ္ပဏီ၏ ကြေညာချက်အရ ပုရီဝတ်ဆင်ခဲ့သော ရှားပါးနာရီကို ဟောင်ကောင်တွင် နေထိုင်သူတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ကာ ဝယ်ယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။

Phillips Asia လေလံကုမ္ပဏီမှ အကြီးအကဲတစ်ဦးဖြစ်သူ Thomas Perazzi က ရိုက်တာသတင်းဌာနသို့ ပြောသည်မှာ ယခုဈေးနှုန်းမှာ ဧကရာဇ်တစ်ပါး ပိုင်ဆိုင်ခဲ့ဖူးသောလက်ပတ်နာရီများတွင် အမြင့်မားဆုံးဈေးနှုန်း ဖြစ်ကြောင်းပြောသည်။

Patek Phillippe Reference 96 အမျိုးအစားနာရီ ၈ လုံးသာရှိကြောင်း သိရပြီး ယခုနာရီလည်း တစ်လုံးအပါအဝင် ဖြစ်သည်။

လေလံကုမ္ပဏီ၏ ပြောကြားချက်အရ ဧကရာဇ်ပုရီသည် ဆိုဗီယက်ပြည်ထောင်စုတွင် အကျဉ်းကျခံနေရစဉ် ကာလအတွင်း သူဝတ်ဆင်ထားသော Patek Phillippe Reference 96 နာရီကို ရုရှားစကားပြန်အား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခင်ကလည်း အီသီယိုးပီးယားနိုင်ငံ၏ နောက်ဆုံးဧကရာဇ် Haile Selassie ပိုင်ဆိုင်သော Patek Phillippe နာရီတစ်လုံးကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် လေလံတင်ရောင်းချခဲ့ဖူးသည်။

ထို့အပြင် ဗီယက်နမ်၏ နောက်ဆုံး ဧကရာဇ် Bao Dai ပိုင်ဆိုင်ခဲ့သော ရိုးလက်စ်နာရီတစ်လုံးကို ၂၀၁၇ ခုနှစ်အတွင်း ဒေါ်လာ ၅ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

ပုရီသည် ၁၉၀၆ ခုနှစ်တွင် ဖွားမြင်ပြီး တရုတ်ပြည် ချင်မင်းဆက်၏ နောက်ဆုံး ဧကရာဇ်ဖြစ်ကာ ၂ နှစ်သား အရွယ်တွင် စတင်နန်းတက်ခဲ့ခြင်း ဖြစ်သည်။

၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်၌ စစ်ရှုံးခဲ့ပြီးနောက် ဧကရာဇ်ပုရီသည် ဂျပန်နိုင်ငံသို့ ထွက်ပြေးရန် စီစဉ်နေစဉ် တရုတ်ပြည် ၊ ရှန်းယန်လေဆိပ်၌ ဆိုဗီယက်တပ်နီတော်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ပုရီသည် စစ်သုံ့ပန်းအဖြစ် ရုရှားနိုင်ငံ ၊ Khabarovsk မြို့ရှိ အကျဉ်းစခန်းတွင် ၅ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

((ဧကရာဇ်ပုရီ စံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး (သို့မဟုတ်) Forbidden City))

တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ်ပုရီ စံမြန်းခဲ့သော နန်းတော်ကြီးကို Forbidden City ဟု လူသိများပြီး တရုတ်ဘာသာအားဖြင့် စီကျင့်ချန်ဟု ခေါ်ကြသည်။

နန်းတော်တည်နေရာမှာ တရုတ်ပြည် ၊ ပေကျင်းမြို့ Dongcheng ခရိုင်တွင် တည်ရှိသည်။

နန်းတော်ကို ခမ်းနားလှသော ဥယျာဉ်များနှင့် ဘုရားကျောင်းတော်များစွာက ဝန်းပတ်ထားရာ ၅၄ ဧကကျယ်ဝန်းသော Zhongshan Park ပန်းခြံ ၊ ၁၁၇ ဧကကျယ်သော Beihai Park ပန်းခြံနှင့် ၅၇ ဧကကျယ်သော Jingshan Park ပန်းခြံတို့ အပါအဝင်ဖြစ်သည်။

တည်နေရာ ကိုသြဒိနိတ် - 39°54′57″N 116°23′27″E

စီကျင့်ချန်နန်းတော်ကြီးကို ၁၄၀၆ ခုနှစ်မှ ၁၄၂၀ အကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည် မင်မင်းဆက်မှ ချင်မင်းဆက်၏ နောက်ဆုံးဧကရာဇ်အထိ ဆောင်းရာသီနန်းတော်အဖြစ် အသုံးပြုခဲ့သည်။

အချိန်ကာလအားဖြင့် ၁၄၂၀ ပြည့်နှစ်မှ ၁၉၂၄ ခုနှစ်အထိ ဖြစ်သည်။

စီကျင်ချန်နန်းတော် (သို့မဟုတ်) Forbidden City ကို ၁၉၈၇ ခုနှစ်အတွက် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

နန်းတော်ဝန်း၏ အကျယ်မှာ ၁၇၈ ဧကရှိပြီး အဆောက်အအုံပေါင်း ၉၈၀ ရှိကာ အခန်းပေါင်း ၉၉၉၉ ခန့် ပါဝင်သည်။

၂၀၁၂ ခုနှစ်မှစပြီး Forbidden City သို့ ပျမ်းမျှအားဖြင့် နှစ်စဉ်လာရောက်လည်ပတ်သူ ၁၄ သန်းခန့်ရှိပြီး ၂၀၁၉ ခုနှစ်တွင်မူ လာရောက်လည်ပတ်သူ ၁၉ သန်းကျော်အထိ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း Forbidden City နန်းတော်ကြီး၏ ကာလပေါက်ဈေးကို ခန့်မှန်းခဲ့ရာ ကန်ဒေါ်လာ ၇၀ ဘီလီယံအထိရှိကြောင်း ခန့်မှန်းခဲ့သဖြင့် ကမ္ဘာပေါ်တွင် တန်ကြေးအကြီးဆုံး နန်းတော်ကြီးအဖြစ် ရပ်တည်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Last emperor of China's watch sells for record $6.2 mln in Hong Kong auction (Reuters, watchpro, wikipedia)

[Zawgyi]

တရုတ္ျပည္၏ ေနာက္ဆံုးဧကရာဇ္ ပုရီ ဝတ္ဆင္ခဲ့ေသာ Patek Phillippe နာရီကို ေလလံတင္ေရာင္းခ်ခဲ့ရာ ေဟာင္ေကာင္ေဒၚလာ ၄၉ သန္းအထိ စံခ်ိန္တင္ေစ်းႏႈန္းရရွိ ၊ ပုရီစံျမန္းခဲ့ေသာ ကမၻာ့တန္ေၾကးအၾကီးဆံုး နန္းေတာ္ၾကီး

တရုတ္ျပည္၏ ေနာက္ဆံုးဧကရာဇ္ ပုရီ (Aisin-Giro Pyui) ဝတ္ဆင္ခဲ့ေသာ Patek Phillippe နာရီကို ေလလံတင္ေရာင္းခ်ခဲ့ရာ ေဒၚလာ ၆ ဒသမ ၂ သန္းရရွိသြားသည္။

၁၉၃၀ ျပည့္လြန္ကာလမ်ားက ထုတ္လုပ္ခဲ့ေသာ Patek Phillippe Reference 96 အမ်ိဳးအစားနာရီ ျဖစ္ျပီး ေဟာင္ေကာင္တြင္ ေမလ ၂၃ ရက္က ေလလံတင္ေရာင္းခ်ခဲ့ရာ ေဟာင္ေကာင္ေဒၚလာ ၄၉ သန္း (ကန္ေဒၚလာ ၆ ဒသမ ၂ သန္း) အထိ စံခ်ိန္တင္ ရရွိခဲ့သည္။

ေလလံကုမၸဏီ၏ ေၾကညာခ်က္အရ ပုရီဝတ္ဆင္ခဲ့ေသာ ရွားပါးနာရီကို ေဟာင္ေကာင္တြင္ ေနထိုင္သူတစ္ဦးက ဖုန္းျဖင့္ ဆက္သြယ္ကာ ဝယ္ယူသြားျခင္းျဖစ္သည္ဟု ဆိုသည္။

Phillips Asia ေလလံကုမၸဏီမွ အၾကီးအကဲတစ္ဦးျဖစ္သူ Thomas Perazzi က ရိုက္တာသတင္းဌာနသို႔ ေျပာသည္မွာ ယခုေစ်းႏႈန္းမွာ ဧကရာဇ္တစ္ပါး ပို္င္ဆိုင္ခဲ့ဖူးေသာ လက္ပတ္နာရီမ်ားတြင္ အျမင့္မားဆံုးေစ်းႏႈန္း ျဖစ္ေၾကာင္းေျပာသည္။

Patek Phillippe Reference 96 အမ်ဳိးအစားနာရီ ၈ လံုးသာရွိေၾကာင္း သိရျပီး ယခုနာရီလည္း တစ္လံုးအပါအဝင္ ျဖစ္သည္။

ေလလံကုမၸဏီ၏ ေျပာၾကားခ်က္အရ ဧကရာဇ္ပုရီသည္ ဆိုဗီယက္ျပည္ေထာင္စုတြင္ အက်ဥ္းက်ခံေနရစဥ္ ကာလအတြင္း သူဝတ္ဆင္ထားေသာ Patek Phillippe Reference 96 နာရီကို ရုရွားစကားျပန္အား လက္ေဆာင္ေပးခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ယခင္ကလည္း အီသီယိုးပီးယားႏိုင္ငံ၏ ေနာက္ဆံုးဧကရာဇ္ Haile Selassie ပိုင္ဆိုင္ေသာ Patek Phillippe နာရီတစ္လံုးကို ၂၀၁၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၉ သန္းျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ဖူးသည္။

ထို႔အျပင္ ဗီယက္နမ္၏ ေနာက္ဆံုး ဧကရာဇ္ Bao Dai ပိုင္ဆိုင္ခဲ့ေသာ ရိုးလက္စ္နာရီတစ္လံုးကို ၂၀၁၇ ခုႏွစ္အတြင္း ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်ခဲ့ဖူးသည္။

ပုရီသည္ ၁၉၀၆ ခုႏွစ္တြင္ ဖြားျမင္ျပီး တရုတ္ျပည္ ခ်င္မင္းဆက္၏ ေနာက္ဆံုး ဧကရာဇ္ျဖစ္ကာ ၂ ႏွစ္သား အရြယ္တြင္ စတင္နန္းတက္ခဲ့ျခင္း ျဖစ္သည္။

၁၉၄၅ ခုႏွစ္တြင္ ဂ်ပန္ႏိုင္ငံသည္ ဒုတိယကမၻာစစ္၌ စစ္ရႈံးခဲ့ျပီးေနာက္ ဧကရာဇ္ပုရီသည္ ဂ်ပန္ႏိုင္ငံသို႔ ထြက္ေျပးရန္ စီစဥ္ေနစဥ္ တရုတ္ျပည္ ၊ ရွန္းယန္ေလဆိပ္၌ ဆိုဗီယက္တပ္နီေတာ္၏ ဖမ္းဆီးျခင္း ခံခဲ့ရသည္။

ပုရီသည္ စစ္သံု႔ပန္းအျဖစ္ ရုရွားႏိုင္ငံ ၊ Khabarovsk ျမိဳ႕ရွိ အက်ဥ္းစခန္းတြင္ ၅ ႏွစ္ၾကာ ဖမ္းဆီးထိန္းသိမ္းျခင္း ခံခဲ့ရသည္။

((ဧကရာဇ္ပုရီ စံျမန္းခဲ့ေသာ ကမၻာ့တန္ေၾကးအၾကီးဆံုး နန္းေတာ္ၾကီး (သို႔မဟုတ္) Forbidden City))

တရုတ္ျပည္၏ ေနာက္ဆံုးဧကရာဇ္ပုရီ စံျမန္းခဲ့ေသာ နန္းေတာ္ၾကီးကို Forbidden City ဟု လူသိမ်ားျပီး တရုတ္ဘာသာအားျဖင့္ စီက်င့္ခ်န္ဟု ေခၚၾကသည္။

နန္းေတာ္တည္ေနရာမွာ တရုတ္ျပည္ ၊ ေပက်င္းျမိဳ႕ Dongcheng ခရိုင္တြင္ တည္ရွိသည္။

နန္းေတာ္ကို ခမ္းနားလွေသာ ဥယ်ာဥ္မ်ားႏွင့္ ဘုရားေက်ာင္းေတာ္မ်ားစြာက ဝန္းပတ္ထားရာ ၅၄ ဧကက်ယ္ဝန္းေသာ Zhongshan Park ပန္းျခံ ၊ ၁၁၇ ဧကက်ယ္ေသာ Beihai Park ပန္းျခံႏွင့္ ၅၇ ဧကက်ယ္ေသာ Jingshan Park ပန္းျခံတို႔ အပါအဝင္ျဖစ္သည္။

တည္ေနရာ ကိုၾသဒိနိတ္- 39°54′57″N 116°23′27″E စီက်င့္ခ်န္နန္းေတာ္ၾကီးကို ၁၄၀၆ ခုႏွစ္မွ ၁၄၂၀ အၾကား ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး တရုတ္ျပည္ မင္မင္းဆက္မွ ခ်င္မင္းဆက္၏ ေနာက္ဆံုးဧကရာဇ္အထိ ေဆာင္းရာသီနန္းေတာ္အျဖစ္ အသံုးျပဳခဲ့သည္။

အခ်ိန္ကာလအားျဖင့္ ၁၄၂၀ ျပည့္ႏွစ္မွ ၁၉၂၄ ခုႏွစ္အထိ ျဖစ္သည္။

စီက်င္ခ်န္နန္းေတာ္ (သို႔မဟုတ္) Forbidden City ကို ၁၉၈၇ ခုႏွစ္အတြက္ ကမၻာ့အေမြအႏွစ္ေနရာတစ္ခုအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသည္။

နန္းေတာ္ဝန္း၏ အက်ယ္မွာ ၁၇၈ ဧကရွိျပီး အေဆာက္အအံုေပါင္း ၉၈၀ ရွိကာ အခန္းေပါင္း ၉၉၉၉ ခန္႔ ပါဝင္သည္။

၂၀၁၂ ခုႏွစ္မွစျပီး Forbidden City သို႔ ပ်မ္းမွ်အားျဖင့္ ႏွစ္စဥ္လာေရာက္လည္ပတ္သူ ၁၄ သန္းခန္႔ရွိျပီး ၂၀၁၉ ခုႏွစ္တြင္မူ လာေရာက္လည္ပတ္သူ ၁၉ သန္းေက်ာ္အထိ ရွိခဲ့သည္။

၂၀၁၈ ခုႏွစ္အတြင္း Forbidden City နန္းေတာ္ၾကီး၏ ကာလေပါက္ေစ်းကို ခန္႔မွန္းခဲ့ရာ ကန္ေဒၚလာ ၇၀ ဘီလီယံအထိရွိေၾကာင္း ခန္႔မွန္းခဲ့သျဖင့္ ကမၻာေပၚတြင္ တန္ေၾကးအၾကီးဆံုး နန္းေတာ္ၾကီးအျဖစ္ ရပ္တည္ေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Last emperor of China's watch sells for record $6.2 mln in Hong Kong auction (Reuters, watchpro, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service