ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
“ကျွန်တော်သိုင်းသမား”
တစ်ခါတုန်းက အဖြစ်လေးတွေ(၁၇)မှာပြောခဲ့တဲ့ စက်မှုလယ်ယာက ဒုဦးစီးမှူးဦးရဲသိန်းက ကရာတေးတတ်ပါ တယ်။ ခါးပတ်အဆင့် တစ်ခုရထားတယ်လို့လည်း သိရတယ်။ဘာအရောင်လည်းတော့ မမှတ်မိတော့ပါဘူး။
သူက ကျွန်တော်တို့ လိုင်းခန်းထဲက ကိုးတန်း ဆယ်တန်း ကျောင်းသားကြီးတွေနဲ့ ပေါင်းပါတယ်။ သူအပြင်သွားရင် ခေါ်သွားတတ်ပါတယ်။ ဦးစီးမှူးဦးမြတ်ခင်က သူ့မြို့ကို ပြန်ပြန်သွားတတတ်တယ်။ သူမြို့ပြန်သွားရရင် ကျွန်တော်အစ်ကို အကြီးဆုံးနဲ့ သူတို့ရွယ်တူတွေ ဆရာ့အိမ်မှာသွားနေကြတယ်။ ညအိပ်ညနေပေါ့။
သူက သူတတ်ထားတဲ့ ကရာတးကို ကျွန်တော့ အစ်ကိုကြီးကို သင်ပေးပါတယ်။အစ်ကိုကြီးကနေ ကျွန်တော်တို့ သူငယ်ချင်းတွေကို ပြန်သင်ပေးပါတယ်။ အခြေခံ ခြေရွေ့နည်း၊ကာနည်း၊ထိုးနည်းတွေကိုပေါ့။ ကျွန်တော်တို့လည်း တိုက်ခိုက်ရေးပညာရပ်တွေကို ဝါသနာပါတော့ လေ့ကျင့်ကြတာပေါ့။ဂျပန်အခေါ်တွေတော့ မသိပါဘူး။
အဲဒီအချိန်တုန်း သိုင်းဝတ္ထုတွေ၊ သိုင်းကားတွေကလည်း ခေတ်တစ်ခေတ်လိုဖြစ်နေတာပေါ့။ သိုင်းဝတ္ထုတွေ ကိုလည်း ဖတ်တယ်၊ သိုင်းကားတွေလည်းကြည့်တယ်။ဒါတွေကိုကြည့်တော့ တိုက်ချင်ခိုက်ချင်နဲ့ ရိုးတိုးရွတတွေ ဖြစ်နေတာပေါ့။ တိုက်ခိုက်ရေးပညာတွေကိုလည်း ကိုယ်ထင်သလို ကိုယ်ဟာကိုယ်လေ့ကျင့်ပါတယ်။ ရုပ်ရှင်ထဲက သိုင်းသမားတွေဆိုတာ မိုးပျံလို့လည်းရ၊ မြေလျှိုးလို့လည်းရ၊ ကိုယ်ဖျောက်လို့လည်းရတယ်။ ရုပ်ရှင်အတတ်ပညာနဲ့ရိုက်ထားတာ မသိဘူးလေ။ ကိုယ်ကလည်း အဲဒီလိုရချင်ခဲ့တယ်။ ကျားသိုင်း၊ဝက်ဝံသိုင်း၊ ကြိုးကြာသိုင်း၊မြွေသိုင်း၊နှံကောင်သိုင်း၊အရက်မူးသိုင်းတွေဆိုတာ ဂျက်ကီချမ်းကစားတာကြည့်ပြီး ကိုယ်လည်း ကစားတတ်တတ်ချင်ခဲ့တယ်။
အရက်မူးသိုင်းကျင့်ရင် အရက်ကိုဘယ်လောက်တောင်သောက်ရမှာလဲ။သန်းနိုင်ထွန်းတို့ အရက်ဆိုင်မှာ အရက်သောက်နေတဲ့သူတွေကိုကြည့်ပြီး သူတို့သာသိုင်းသမားတွေဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့လည်း တွေးမိတယ်။
ဒါပေမဲ့ ကျွန်တော်တွေ့ရသလောက် အဲဒီလူကြီးတွေဟာ ဘယ်သူနဲ့မှကို မတိုက်ခိုက်ရသေးဘူး၊ သောက်ပြီးသွားရင် ဆိုင်မှာလဲချင်လဲ၊ဆိုင်မှာ မလဲရင်လည်း ယိုင်ထိုး ယိုင်ထိုးနဲ့ လျှောက်လာပြီး ကျွန်တော်တို့ အိမ်ဘေးက သဲချောင်းရောက်ရင် ပုဆိုးမနိုင် ပဝါမနိုင်နဲ့ ဖုတ်တောလေးကို ခလုတ်တိုက်ပြီး လဲတော့တာပါပဲ။ ဒီတိုင်းထားလိုက်ရင် အရက်မူးမပြေမချင်း လှည်းလမ်းကြောင်းက ဖုံတောသဲတောထဲမှာ အိပ်တော့တာပါပဲ။ သိတဲ့သူနဲ့ နီးစပ်သူတွေက လိုက်ပို့မှ အိမ်ပြန်ရောက်ရတဲ့ သူတွေချည်းပါပဲ။
ဒီလိုလူမျိုးတွေ ဘယ်လိုလုပ်သိုင်းကစားနိုင်မှာလဲ။ကိုယ့်ကိုယ်ကိုယ်တောင်မှ မနိုင်ဘဲနဲ့။အဲဒါကိုကြည့်ပြီး အရက်မူးသိုင်းလေ့ကျင့်လို့တော့ မဖြစ်ပါဘူးလေဆိုပြီး လက်လျော့လိုက်ရတယ်။
ဘရုစ်လီဇာတ်ကားတွေကိုကြည့်ပြီးတော့လည်း နံချပ်ကူတွေ ရမ်းချင်လာတယ်။အဲဒါနဲ့ ဝါးလုံးလောက် လုံးပတ်ရှိတဲ့ ကုက္ကိုသားကိုခုတ် တံတောင်လောက်အပိုင်း နှစ်ပိုင်းဖြတ်၊တစ်ချောင်းဆီရဲ့ ထိပ်တစ်ခုမှာ တံခါးရွက်ကို ငြိမ်အောင်ချိတ်ရတဲ့ ဘောက်ချိတ်ဆိုတာ ပြတင်ပေါက်တိုင်းမှာ ရှိတယ်မို့လား။တံခါးဘောင်က ချိတ်ကောက်လေးနဲ့ တံခါးရွက်က မူလီ စကူကွင်းလေးကို ချိတ်ပြီး လှမ်းထိန်းရတာလေ။အဲဒီစကူကွင်းလေးကို တပ်လိုက်တယ်။ တုတ်နှစ်ချောင်းထိပ်က မူလီ စကူကွင်းကို ကြိုးနဲ့ ဆက်လိုက်တော့ နံချပ်ကူဖြစ်ပါလေရော။ တစ်ခါတလေ ညောင်သားနဲ့လုပ်တယ်။
နံချပ်ကူ စ ရမ်းတော့။ညာဘက်လက်နဲ့ လွှဲပြီး ဘယ်ဘက်လက်အောက်ကနေ အပေါ်ကို ကျော်ယူပြီး ရှေ့ကိုပြန်ယူတာကို စလေ့ကျင့်တော့ လွှဲတာမတတ်တော့ ခေါင်းရဲ့နောက်စေ့ကိုရိုက်မိတတ်တယ်။ ရေဖလားကြီးခေါင်းစွပ်ပြီးလေ့ကျင့်ရတယ်။ အလွှဲမတော်လို့ထိရင်လည်း ရေခွက်ပဲထိတော့တော်သေးတာပေါ့။ ဒါပေမဲ့ ခွက်က ဒန်ခွက်ကြီးဖြစ်နေတော့ ပိန်ရှုံ့ကုန်ပါတော့တယ်။နောက်တော့အထာသိသွားတော့ ခေါင်းကိုမထိဘဲ အမြန်ရမ်းတတ်သွားတယ်။
နံချပ်ကူနဲ့ ပတ်သက်ပြီး သတိရမိတာလေး ဒီနေရာမှာဖော်ပြချင်လာတယ်။ တစ်ခါတော့ သစ်သားနဲ့ လုပ်ထားတဲ့ နံချပ်ကူကြီး ကျောင်းကိုယူသွားတယ်။အဲဒီတုန်းက ကျွန်တော်ငါးတန်းရောက်နေပြီ။ပထမအစမ်းစာမေးပွဲပြီးလို့ အမှတ်စာရင်းအရ အခန်း(C)ကနေ(E)ခန်းကို ဆင်းခဲ့ရတယ်။(E)ခန်းရဲ့ အတန်းပိုင်ဆရာက ဆရာဦးချစ်သန်း။ ဆရာဦးချစ်သန်းက “(E) ခန်းဆိုတာ ညံ့တဲ့သူတွေ၊လူမိုက်တွေစုတဲ့အခန်းကွ။တနည်းအားဖြင့် ထောင်ပေါ့ကွာ။ ထောင်ထဲလာတဲ့ သူတွေကို ထောင်ထဲကအတိုင်း ကြိုဆိုရမှာပေါ့”ဆိုပြီး ထဗလက်(ထန်းလက်)နဲ့ တစ်ယောက်တစ်ချက်ရိုက်ပြီးမှ အတန်းထဲကိုဝင်ခွင့်ရပါတယ်။
ကျွန်တော်တို့ရိုက်တဲ့ ထဗလပ်ဟာ ထန်းပင် အပင်ကြီးရဲ့ အလက်မဟုတ်ပါဘူး။ သိပ်မကြီးသေးတဲ့ သုံးပေလောက် အမြင့်သာရှိသေးတဲ့ ထန်းပင်ရဲ့ အလက်ကို ခုတ်ယူပြီး ဘေးဆူးတွေကို သပ်ထားတာပါ။ တစ်လက်မလောက်ပဲ ဗြက်ကရှိတာပါ။ထန်းပင်ကြီးသွားရင် ထန်းလက်ကလည်း ဗြက်ကြီးသွားပြီး ထန်းခေါက်တောင်းယက်ဖို့ နှီးထုတ်လို့ ရသွားပြီ။ အဲဒီတုန်းက ဆရာကြီးရဲ့ထဗလက်နဲ့ ရိုက်တဲ့ ရိုက်ချက်တစ်ချက်ဟာ သိပ်အေးတဲ့ အညာဆောင်းတွင်းမှာတောင် ချွေးတို့စို့ခဲ့ပါရဲ့။
တစ်ရက်မှာကျွန်တော်က အိမ်ကနေ နံချပ်ကူကြီးကို လွယ်အိတ်ထဲထည့်ပြီး ကျောင်းကို ယူသွားပါတယ်။ ကျောင်းရောက်တော့ ဆရာမလာသေးခင် ကျွန်တော်က အတန်းအပြင်က လျှောက်လမ်းမှာ သူငယ်ချင်းတွေကို ရမ်းပြပါတယ်။ မရိုးကုန်းသား ကျော်ဟိန်းနဲ့သိန်းတန်၊မြောက်ရပ်က ဘောကြီးနဲ့ အလယ်ရပ်က အောင်နိုင်စိုးတို့က ကြည့်နေကြတယ်။
ကျွန်တော်ကစားပြီးတော့ ကျော်ဟိန်းက ငါရမ်းကြည့်ဦးမယ်ဆိုပြီး ကျွန်တော့်လက်က ယူသွားတယ်။ သူ့ကိုပေးပြီး အခန်းထဲ ကျွန်တော်ဝင်သွားတုန်း ကျန်တဲ့ကောင်တွေ မရမ်းတတ် ရမ်းတတ်နဲ့ ရမ်းနေကြတုန်း ဆရာကြီးဦးချစ်သန်းရောက်လာတယ်။
“ဟိတ်ကောင်တွေ.. လာလာ…လက်နက်တွေကျောင်းယူလာတဲ့ကောင်တွေ…လာခဲ့…”ဆိုပြီးသူတို့ကို ဆရာများနားနေခန်းထဲခေါ်သွားတယ်။
ပြီးတော့ ကြမ်းပြင်ပေါ် ခြေဆင်းထိုင်ခိုင်ပြီး ခြေသလုံးကို ပတ္တလားတီးသလို နံချပ်ကူသားနဲ့ခေါက်ပါတော့တယ်။ ပြီးတော့ ဒီကောင်တွေ ကုန်းကုန်းနဲ့ခြေသလုံးကို ပွတ်ပြီးထွက်လာကြတယ်။ “အောင်နိုင် မင်းနံချပ်ကူ ဆရာကြီးက သိမ်းထားလိုက်ပြီ…” ဆိုပြီးပြောပါတယ်။သူတို့ခြေသလုံးလှန်ကြည့်တော့ အဖုအဖုတွေ ဖြစ်ကုန်တာတွေ့ရတယ်။
“..ဘယ်တတ်နိုင်မလဲကွာ..နောက်မှ ရလိုရငြား သွားတောင်းတော့မယ်” ဆိုပြီး သူတို့ကိုပြောလိုက်တယ်။ နောက်တော့ ဆရာကြီးဆီသွားပြီး နံချပ်ကူကို သွားတောင်းကြည့်ပါသေးတယ်။ “မရှိတော့ဘူး” ဟု တစ်လုံးထဲသာပြောလွှတ်လိုက်ပါတယ်။အဲဒီလိုနဲ့ နံချပ်ကူတစ်လက်ဆုံးခဲ့ပါသေးတယ်။
ငယ်တုန်းက သိုင်းဆိုတာက ရန်ဖြစ်ရင် ကိုယ်ကနိုင်အောင်ချနိုင်ဖို့ သင်ရမယ်လို့ပဲ အတွေးရှိခဲ့တာပါ။ဒါပေမဲ့ ဆရာနဲ့ စနစ်တကျအချိန်ကြာကြာသင်ခဲ့ရတာ မရှိပါဘူး။နဲနဲသိတာလေးနဲ့ မြင်တွေ့ဘူးတာလေးနဲ့ အကုန်လျှောက်လုပ်တဲ့ကျင့်နည်းပါ။
ဆန်းဝင်းနဲ့ ကျွန်တော် မြို့တောင်ဘက်က ဖောင်းကတောချောင်သွားပြီး လက်သီးထိုးတွေ၊ဂျွမ်းထိုးတွေ လေ့ကျင်ကြတယ်။
ကျွန်တော်တို့သိုင်းကျင့်တာကို ကြည့်ပြီး စိန်ခေါ်တဲ့စကားတွေ ပြောတဲ့ကောင်တွေက ပြောလာကြတယ်။ဒါပေမဲ့ နယ်မှာနေတုန်းက မိဘအုပ်ထိန်းမှုအောက်မှာ ကျွန်တော်တို့ရန်ပွဲတွေ မဖြစ်ခဲ့ကြရပါဘူး။
ဂျွမ်းထိုးလေ့ကျင့်ရင်းခါးနာသွားလို့ မေမေက သက်ရင်းကြီးမြစ်ကို၊အရက်၊ဆားတို့နဲ့ရောသွေးပြီး ကြောပြင်ကို လိမ်းပေးပါတယ်။လိမ်းပေးရင်းနဲ့
“ငါ့သားက သိုင်းလေ့ကျင့်ရတာ ဝါသနာပါလား” လို့ မေမေက မေးပါတယ်။ “ပါတာပေါ့..မေမေ”လို့ ဖြေတော့။
“မေမေက.. ငါ့သားကို.. တစ်ထိုင်တည်းနဲ့တတ်အောင်.. သိုင်းသုံးမျိုးတတ်အောင် …သင်ပေးမယ်..”လို့ ပြောပါတယ်။
“တကယ်လားမေမေ”ဆိုတော့
“တကယ်ပေါ့ငါ့သားရဲ့” လို့ပြောပါတယ်။
“ဒါဆို ကျွန်တော့်ကို သင်ပေး” လို့ ပြောလိုက်တော့။
မေမေက “လေသိုင်း၊လက်သိုင်းနဲ့ ခြေသိုင်းဆိုပြီး သိုင်းသုံးမျိုး တတ်ထားရမယ်” ဆိုပြီးပြောပါတယ်။
“ဟုတ်လား မေမေ...လေသိုင်းဆိုတာ တကယ်ရှိလား..” လို့လည်း မေးမိတယ်။
“ရှိတာပေါ့ငါ့သားရဲ့..ကိုယ့်ကိုယ် ရန်လိုသူနဲ့ ကြုံလာပြီဆိုရင်..အဲဒီသိုင်းသုံးမျိုးနဲ့ ခုခံရတယ်…”လို့ ပြောပါတယ်။
“..ဘယ်လိုခုခံရမှာလည်းမေမေ…”ဆိုတော့
မေမေက “လေသိုင်းနဲ့ စပြီးခုခံရမယ်…”ဆိုတော့
ကျွန်တော့် အတွေးထဲမှာ တရုတ်သိုင်းကားထဲကလို လေထဲပျံဝဲပြီးတိုက်ခိုက်တာကို မြင်မိတာပေါ့။မေမေဆက်ပြောတော့မှ…
“လေသိုင်းဆိုတာ ပါးစပ်နဲ့တောင်းပန်ရမယ်…ရန်မပြုဖို့…မလုပ်ဖို့ပေါ့…။အဲဒါမှမရရင်… လက်သိုင်းဖြစ်တဲ့… လက်လေးနဲ့…လက်အုပ်လေးချီပြီး တောင်းပန်ပေါ့ငါ့သားရယ်…။…အဲဒါမှ သူက ဆက်ပြီးရန်ပြုဖို့လုပ်နေရင် ခြေသိုင်းနဲ့ ခုခံပေါ့ လို့ပြောပါတယ်။
“ဘယ်လိုခြေသိုင်းနဲ့ခုခံရမလဲ …”လို့ ကျွန်တော်မေးတော့
“သူ့လက်ကလွတ်အောင်သာ ခြေသိုင်းနဲ့ထွက်ပြေးပေါ့ ငါ့သားရယ်…”လို့ပြောပါတယ်။
သွေးကြွနေတဲ့အရွယ် ဒီစကားက ကျွန်တော်လိုချင်တဲ့ အဖြေပုံစံ ဟုတ်မနေဘူး။သွေးကြောင်တဲ့ ပုံစံဖြစ်နေတော့ စိတ်ထဲမှာ မကျေနပ်ပါဘူး။
အရွယ်လေးရောက်လာတော့မှ ရန်ကို ရန်ချင်းမတုံ့နှင်းဖို့ကို သွယ်ဝိုက်ပြီးဆိုလိုကြောင်း သိခဲ့ရပါတော့တယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၈)
“ကြၽန္ေတာ္သိုင္းသမား”
တစ္ခါတုန္းက အျဖစ္ေလးေတြ(၁၇)မွာေျပာခဲ့တဲ့ စက္မႈလယ္ယာက ဒုဦးစီးမႉးဦးရဲသိန္းက ကရာေတးတတ္ပါ တယ္။ ခါးပတ္အဆင့္ တစ္ခုရထားတယ္လို႔လည္း သိရတယ္။ဘာအေရာင္လည္းေတာ့ မမွတ္မိေတာ့ပါဘူး။
သူက ကြၽန္ေတာ္တို႔ လိုင္းခန္းထဲက ကိုးတန္း ဆယ္တန္း ေက်ာင္းသားႀကီးေတြနဲ႔ ေပါင္းပါတယ္။ သူအျပင္သြားရင္ ေခၚသြားတတ္ပါတယ္။ ဦးစီးမႉးဦးျမတ္ခင္က သူ႕ၿမိဳ႕ကို ျပန္ျပန္သြားတတတ္တယ္။ သူၿမိဳ႕ျပန္သြားရရင္ ကြၽန္ေတာ္အစ္ကို အႀကီးဆုံးနဲ႔ သူတို႔႐ြယ္တူေတြ ဆရာ့အိမ္မွာသြားေနၾကတယ္။ ညအိပ္ညေနေပါ့။
သူက သူတတ္ထားတဲ့ ကရာတးကို ကြၽန္ေတာ့ အစ္ကိုႀကီးကို သင္ေပးပါတယ္။အစ္ကိုႀကီးကေန ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြကို ျပန္သင္ေပးပါတယ္။ အေျခခံ ေျခေ႐ြ႕နည္း၊ကာနည္း၊ထိုးနည္းေတြကိုေပါ့။ ကြၽန္ေတာ္တို႔လည္း တိုက္ခိုက္ေရးပညာရပ္ေတြကို ဝါသနာပါေတာ့ ေလ့က်င့္ၾကတာေပါ့။ဂ်ပန္အေခၚေတြေတာ့ မသိပါဘူး။
အဲဒီအခ်ိန္တုန္း သိုင္းဝတၳဳေတြ၊ သိုင္းကားေတြကလည္း ေခတ္တစ္ေခတ္လိုျဖစ္ေနတာေပါ့။ သိုင္းဝတၳဳေတြ ကိုလည္း ဖတ္တယ္၊ သိုင္းကားေတြလည္းၾကည့္တယ္။ဒါေတြကိုၾကည့္ေတာ့ တိုက္ခ်င္ခိုက္ခ်င္နဲ႔ ႐ိုးတိုး႐ြတေတြ ျဖစ္ေနတာေပါ့။ တိုက္ခိုက္ေရးပညာေတြကိုလည္း ကိုယ္ထင္သလို ကိုယ္ဟာကိုယ္ေလ့က်င့္ပါတယ္။ ႐ုပ္႐ွင္ထဲက သိုင္းသမားေတြဆိုတာ မိုးပ်ံလို႔လည္းရ၊ ေျမလွ်ိဳးလို႔လည္းရ၊ ကိုယ္ေဖ်ာက္လို႔လည္းရတယ္။ ႐ုပ္႐ွင္အတတ္ပညာနဲ႔႐ိုက္ထားတာ မသိဘူးေလ။ ကိုယ္ကလည္း အဲဒီလိုရခ်င္ခဲ့တယ္။ က်ားသိုင္း၊ဝက္ဝံသိုင္း၊ ႀကိဳးၾကာသိုင္း၊ေႁမြသိုင္း၊ႏွံေကာင္သိုင္း၊အရက္မူးသိုင္းေတြဆိုတာ ဂ်က္ကီခ်မ္းကစားတာၾကည့္ၿပီး ကိုယ္လည္း ကစားတတ္တတ္ခ်င္ခဲ့တယ္။
အရက္မူးသိုင္းက်င့္ရင္ အရက္ကိုဘယ္ေလာက္ေတာင္ေသာက္ရမွာလဲ။သန္းႏိုင္ထြန္းတို႔ အရက္ဆိုင္မွာ အရက္ေသာက္ေနတဲ့သူေတြကိုၾကည့္ၿပီး သူတို႔သာသိုင္းသမားေတြဆိုရင္ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲလို႔လည္း ေတြးမိတယ္။
ဒါေပမဲ့ ကြၽန္ေတာ္ေတြ႕ရသေလာက္ အဲဒီလူႀကီးေတြဟာ ဘယ္သူနဲ႔မွကို မတိုက္ခိုက္ရေသးဘူး၊ ေသာက္ၿပီးသြားရင္ ဆိုင္မွာလဲခ်င္လဲ၊ဆိုင္မွာ မလဲရင္လည္း ယိုင္ထိုး ယိုင္ထိုးနဲ႔ ေလွ်ာက္လာၿပီး ကြၽန္ေတာ္တို႔ အိမ္ေဘးက သဲေခ်ာင္းေရာက္ရင္ ပုဆိုးမႏိုင္ ပဝါမႏိုင္နဲ႔ ဖုတ္ေတာေလးကို ခလုတ္တိုက္ၿပီး လဲေတာ့တာပါပဲ။ ဒီတိုင္းထားလိုက္ရင္ အရက္မူးမေျပမခ်င္း လွည္းလမ္းေၾကာင္းက ဖုံေတာသဲေတာထဲမွာ အိပ္ေတာ့တာပါပဲ။ သိတဲ့သူနဲ႔ နီးစပ္သူေတြက လိုက္ပို႔မွ အိမ္ျပန္ေရာက္ရတဲ့ သူေတြခ်ည္းပါပဲ။
ဒီလိုလူမ်ိဳးေတြ ဘယ္လိုလုပ္သိုင္းကစားႏိုင္မွာလဲ။ကိုယ့္ကိုယ္ကိုယ္ေတာင္မွ မႏိုင္ဘဲနဲ႔။အဲဒါကိုၾကည့္ၿပီး အရက္မူးသိုင္းေလ့က်င့္လို႔ေတာ့ မျဖစ္ပါဘူးေလဆိုၿပီး လက္ေလ်ာ့လိုက္ရတယ္။
ဘ႐ုစ္လီဇာတ္ကားေတြကိုၾကည့္ၿပီးေတာ့လည္း နံခ်ပ္ကူေတြ ရမ္းခ်င္လာတယ္။အဲဒါနဲ႔ ဝါးလုံးေလာက္ လုံးပတ္႐ွိတဲ့ ကုကၠိဳသားကိုခုတ္ တံေတာင္ေလာက္အပိုင္း ႏွစ္ပိုင္းျဖတ္၊တစ္ေခ်ာင္းဆီရဲ႕ ထိပ္တစ္ခုမွာ တံခါး႐ြက္ကို ၿငိမ္ေအာင္ခ်ိတ္ရတဲ့ ေဘာက္ခ်ိတ္ဆိုတာ ျပတင္ေပါက္တိုင္းမွာ ႐ွိတယ္မို႔လား။တံခါးေဘာင္က ခ်ိတ္ေကာက္ေလးနဲ႔ တံခါး႐ြက္က မူလီ စကူကြင္းေလးကို ခ်ိတ္ၿပီး လွမ္းထိန္းရတာေလ။အဲဒီစကူကြင္းေလးကို တပ္လိုက္တယ္။ တုတ္ႏွစ္ေခ်ာင္းထိပ္က မူလီ စကူကြင္းကို ႀကိဳးနဲ႔ ဆက္လိုက္ေတာ့ နံခ်ပ္ကူျဖစ္ပါေလေရာ။ တစ္ခါတေလ ေညာင္သားနဲ႔လုပ္တယ္။
နံခ်ပ္ကူ စ ရမ္းေတာ့။ညာဘက္လက္နဲ႔ လႊဲၿပီး ဘယ္ဘက္လက္ေအာက္ကေန အေပၚကို ေက်ာ္ယူၿပီး ေ႐ွ႕ကိုျပန္ယူတာကို စေလ့က်င့္ေတာ့ လႊဲတာမတတ္ေတာ့ ေခါင္းရဲ႕ေနာက္ေစ့ကို႐ိုက္မိတတ္တယ္။ ေရဖလားႀကီးေခါင္းစြပ္ၿပီးေလ့က်င့္ရတယ္။ အလႊဲမေတာ္လို႔ထိရင္လည္း ေရခြက္ပဲထိေတာ့ေတာ္ေသးတာေပါ့။ ဒါေပမဲ့ ခြက္က ဒန္ခြက္ႀကီးျဖစ္ေနေတာ့ ပိန္႐ႈံ႕ကုန္ပါေတာ့တယ္။ေနာက္ေတာ့အထာသိသြားေတာ့ ေခါင္းကိုမထိဘဲ အျမန္ရမ္းတတ္သြားတယ္။
နံခ်ပ္ကူနဲ႔ ပတ္သက္ၿပီး သတိရမိတာေလး ဒီေနရာမွာေဖာ္ျပခ်င္လာတယ္။ တစ္ခါေတာ့ သစ္သားနဲ႔ လုပ္ထားတဲ့ နံခ်ပ္ကူႀကီး ေက်ာင္းကိုယူသြားတယ္။အဲဒီတုန္းက ကြၽန္ေတာ္ငါးတန္းေရာက္ေနၿပီ။ပထမအစမ္းစာေမးပြဲၿပီးလို႔ အမွတ္စာရင္းအရ အခန္း(C)ကေန(E)ခန္းကို ဆင္းခဲ့ရတယ္။(E)ခန္းရဲ႕ အတန္းပိုင္ဆရာက ဆရာဦးခ်စ္သန္း။ ဆရာဦးခ်စ္သန္းက “(E) ခန္းဆိုတာ ညံ့တဲ့သူေတြ၊လူမိုက္ေတြစုတဲ့အခန္းကြ။တနည္းအားျဖင့္ ေထာင္ေပါ့ကြာ။ ေထာင္ထဲလာတဲ့ သူေတြကို ေထာင္ထဲကအတိုင္း ႀကိဳဆိုရမွာေပါ့”ဆိုၿပီး ထဗလက္(ထန္းလက္)နဲ႔ တစ္ေယာက္တစ္ခ်က္႐ိုက္ၿပီးမွ အတန္းထဲကိုဝင္ခြင့္ရပါတယ္။
ကြၽန္ေတာ္တို႔႐ိုက္တဲ့ ထဗလပ္ဟာ ထန္းပင္ အပင္ႀကီးရဲ႕ အလက္မဟုတ္ပါဘူး။ သိပ္မႀကီးေသးတဲ့ သုံးေပေလာက္ အျမင့္သာ႐ွိေသးတဲ့ ထန္းပင္ရဲ႕ အလက္ကို ခုတ္ယူၿပီး ေဘးဆူးေတြကို သပ္ထားတာပါ။ တစ္လက္မေလာက္ပဲ ျဗက္က႐ွိတာပါ။ထန္းပင္ႀကီးသြားရင္ ထန္းလက္ကလည္း ျဗက္ႀကီးသြားၿပီး ထန္းေခါက္ေတာင္းယက္ဖို႔ ႏွီးထုတ္လို႔ ရသြားၿပီ။ အဲဒီတုန္းက ဆရာႀကီးရဲ႕ထဗလက္နဲ႔ ႐ိုက္တဲ့ ႐ိုက္ခ်က္တစ္ခ်က္ဟာ သိပ္ေအးတဲ့ အညာေဆာင္းတြင္းမွာေတာင္ ေခြၽးတို႔စို႔ခဲ့ပါရဲ႕။
တစ္ရက္မွာကြၽန္ေတာ္က အိမ္ကေန နံခ်ပ္ကူႀကီးကို လြယ္အိတ္ထဲထည့္ၿပီး ေက်ာင္းကို ယူသြားပါတယ္။ ေက်ာင္းေရာက္ေတာ့ ဆရာမလာေသးခင္ ကြၽန္ေတာ္က အတန္းအျပင္က ေလွ်ာက္လမ္းမွာ သူငယ္ခ်င္းေတြကို ရမ္းျပပါတယ္။ မ႐ိုးကုန္းသား ေက်ာ္ဟိန္းနဲ႔သိန္းတန္၊ေျမာက္ရပ္က ေဘာႀကီးနဲ႔ အလယ္ရပ္က ေအာင္ႏိုင္စိုးတို႔က ၾကည့္ေနၾကတယ္။
ကြၽန္ေတာ္ကစားၿပီးေတာ့ ေက်ာ္ဟိန္းက ငါရမ္းၾကည့္ဦးမယ္ဆိုၿပီး ကြၽန္ေတာ့္လက္က ယူသြားတယ္။ သူ႕ကိုေပးၿပီး အခန္းထဲ ကြၽန္ေတာ္ဝင္သြားတုန္း က်န္တဲ့ေကာင္ေတြ မရမ္းတတ္ ရမ္းတတ္နဲ႔ ရမ္းေနၾကတုန္း ဆရာႀကီးဦးခ်စ္သန္းေရာက္လာတယ္။
“ဟိတ္ေကာင္ေတြ.. လာလာ…လက္နက္ေတြေက်ာင္းယူလာတဲ့ေကာင္ေတြ…လာခဲ့…”ဆိုၿပီးသူတို႔ကို ဆရာမ်ားနားေနခန္းထဲေခၚသြားတယ္။
ၿပီးေတာ့ ၾကမ္းျပင္ေပၚ ေျခဆင္းထိုင္ခိုင္ၿပီး ေျခသလုံးကို ပတၱလားတီးသလို နံခ်ပ္ကူသားနဲ႔ေခါက္ပါေတာ့တယ္။ ၿပီးေတာ့ ဒီေကာင္ေတြ ကုန္းကုန္းနဲ႔ေျခသလုံးကို ပြတ္ၿပီးထြက္လာၾကတယ္။ “ေအာင္ႏိုင္ မင္းနံခ်ပ္ကူ ဆရာႀကီးက သိမ္းထားလိုက္ၿပီ…” ဆိုၿပီးေျပာပါတယ္။သူတို႔ေျခသလုံးလွန္ၾကည့္ေတာ့ အဖုအဖုေတြ ျဖစ္ကုန္တာေတြ႕ရတယ္။
“..ဘယ္တတ္ႏိုင္မလဲကြာ..ေနာက္မွ ရလိုရျငား သြားေတာင္းေတာ့မယ္” ဆိုၿပီး သူတို႔ကိုေျပာလိုက္တယ္။ ေနာက္ေတာ့ ဆရာႀကီးဆီသြားၿပီး နံခ်ပ္ကူကို သြားေတာင္းၾကည့္ပါေသးတယ္။ “မ႐ွိေတာ့ဘူး” ဟု တစ္လုံးထဲသာေျပာလႊတ္လိုက္ပါတယ္။အဲဒီလိုနဲ႔ နံခ်ပ္ကူတစ္လက္ဆုံးခဲ့ပါေသးတယ္။
ငယ္တုန္းက သိုင္းဆိုတာက ရန္ျဖစ္ရင္ ကိုယ္ကႏိုင္ေအာင္ခ်ႏိုင္ဖို႔ သင္ရမယ္လို႔ပဲ အေတြး႐ွိခဲ့တာပါ။ဒါေပမဲ့ ဆရာနဲ႔ စနစ္တက်အခ်ိန္ၾကာၾကာသင္ခဲ့ရတာ မ႐ွိပါဘူး။နဲနဲသိတာေလးနဲ႔ ျမင္ေတြ႕ဘူးတာေလးနဲ႔ အကုန္ေလွ်ာက္လုပ္တဲ့က်င့္နည္းပါ။
ဆန္းဝင္းနဲ႔ ကြၽန္ေတာ္ ၿမိဳ႕ေတာင္ဘက္က ေဖာင္းကေတာေခ်ာင္သြားၿပီး လက္သီးထိုးေတြ၊ဂြၽမ္းထိုးေတြ ေလ့က်င္ၾကတယ္။
ကြၽန္ေတာ္တို႔သိုင္းက်င့္တာကို ၾကည့္ၿပီး စိန္ေခၚတဲ့စကားေတြ ေျပာတဲ့ေကာင္ေတြက ေျပာလာၾကတယ္။ဒါေပမဲ့ နယ္မွာေနတုန္းက မိဘအုပ္ထိန္းမႈေအာက္မွာ ကြၽန္ေတာ္တို႔ရန္ပြဲေတြ မျဖစ္ခဲ့ၾကရပါဘူး။
ဂြၽမ္းထိုးေလ့က်င့္ရင္းခါးနာသြားလို႔ ေမေမက သက္ရင္းႀကီးျမစ္ကို၊အရက္၊ဆားတို႔နဲ႔ေရာေသြးၿပီး ေၾကာျပင္ကို လိမ္းေပးပါတယ္။လိမ္းေပးရင္းနဲ႔
“ငါ့သားက သိုင္းေလ့က်င့္ရတာ ဝါသနာပါလား” လို႔ ေမေမက ေမးပါတယ္။ “ပါတာေပါ့..ေမေမ”လို႔ ေျဖေတာ့။
“ေမေမက.. ငါ့သားကို.. တစ္ထိုင္တည္းနဲ႔တတ္ေအာင္.. သိုင္းသုံးမ်ိဳးတတ္ေအာင္ …သင္ေပးမယ္..”လို႔ ေျပာပါတယ္။
“တကယ္လားေမေမ”ဆိုေတာ့
“တကယ္ေပါ့ငါ့သားရဲ႕” လို႔ေျပာပါတယ္။
“ဒါဆို ကြၽန္ေတာ့္ကို သင္ေပး” လို႔ ေျပာလိုက္ေတာ့။
ေမေမက “ေလသိုင္း၊လက္သိုင္းနဲ႔ ေျခသိုင္းဆိုၿပီး သိုင္းသုံးမ်ိဳး တတ္ထားရမယ္” ဆိုၿပီးေျပာပါတယ္။
“ဟုတ္လား ေမေမ...ေလသိုင္းဆိုတာ တကယ္႐ွိလား..” လို႔လည္း ေမးမိတယ္။
“႐ွိတာေပါ့ငါ့သားရဲ႕..ကိုယ့္ကိုယ္ ရန္လိုသူနဲ႔ ၾကဳံလာၿပီဆိုရင္..အဲဒီသိုင္းသုံးမ်ိဳးနဲ႔ ခုခံရတယ္…”လို႔ ေျပာပါတယ္။
“..ဘယ္လိုခုခံရမွာလည္းေမေမ…”ဆိုေတာ့
ေမေမက “ေလသိုင္းနဲ႔ စၿပီးခုခံရမယ္…”ဆိုေတာ့
ကြၽန္ေတာ့္ အေတြးထဲမွာ တ႐ုတ္သိုင္းကားထဲကလို ေလထဲပ်ံဝဲၿပီးတိုက္ခိုက္တာကို ျမင္မိတာေပါ့။ေမေမဆက္ေျပာေတာ့မွ…
“ေလသိုင္းဆိုတာ ပါးစပ္နဲ႔ေတာင္းပန္ရမယ္…ရန္မျပဳဖို႔…မလုပ္ဖို႔ေပါ့…။အဲဒါမွမရရင္… လက္သိုင္းျဖစ္တဲ့… လက္ေလးနဲ႔…လက္အုပ္ေလးခ်ီၿပီး ေတာင္းပန္ေပါ့ငါ့သားရယ္…။…အဲဒါမွ သူက ဆက္ၿပီးရန္ျပဳဖို႔လုပ္ေနရင္ ေျခသိုင္းနဲ႔ ခုခံေပါ့ လို႔ေျပာပါတယ္။
“ဘယ္လိုေျခသိုင္းနဲ႔ခုခံရမလဲ …”လို႔ ကြၽန္ေတာ္ေမးေတာ့
“သူ႕လက္ကလြတ္ေအာင္သာ ေျခသိုင္းနဲ႔ထြက္ေျပးေပါ့ ငါ့သားရယ္…”လို႔ေျပာပါတယ္။
ေသြးႂကြေနတဲ့အ႐ြယ္ ဒီစကားက ကြၽန္ေတာ္လိုခ်င္တဲ့ အေျဖပုံစံ ဟုတ္မေနဘူး။ေသြးေၾကာင္တဲ့ ပုံစံျဖစ္ေနေတာ့ စိတ္ထဲမွာ မေက်နပ္ပါဘူး။
အ႐ြယ္ေလးေရာက္လာေတာ့မွ ရန္ကို ရန္ခ်င္းမတုံ႔ႏွင္းဖို႔ကို သြယ္ဝိုက္ၿပီးဆိုလိုေၾကာင္း သိခဲ့ရပါေတာ့တယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com