တစ်သားမွေး တစ်သွေးလှ

တစ်သားမွေး တစ်သွေးလှ - Property Knowledge in Myanmar from iMyanmarHouse.com
23 May 2023 2:04 pm တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

တစ်သားမွေး တစ်သွေးလှဆိုတာ ရှိတော့ရှိနိုင်ကောင်းပါရဲ့။ဒါပေမဲ့ တွေ့ခဲလှသလို၊ရှိလည်း ရှိခဲလှလိမ့်မယ်လို့ ထင်ပါတယ်။

အမျိုးသမီးတွေ တစ်သားမွေးပြီးရင် အတော်များများတွေ့ရတာကတော့ တောင်ပုလုမြို့စားသမီး ရှင်ဂွမ်းဂွိကြီးအလား အောင့်မေ့ရတဲ့သူတွေက ပိုများနေသလိုပါပဲ။ ဆွေမင်း(ဓနုဖြူ)ရဲ့ ဇာတ်ကောင် တွတ်ပီမိန်းမ မသေးမျှင်တို့အလား ပြောင်းလဲကုန်ကြတယ်။နဂိုက တစ်ကိုင်တစ်ဆုပ် တစ်နိုင်ဝန်လေးကနေ၊ တစ်ပွေ့တစ်ပိုက် မနိုင်ဝန်တွေ ဖြစ်ကုန်ကြတာများသလိုပါပဲ။

အမျိုးသမီးတွေဟာ အချစ်နဲ့ထိတွေ့ကာနီး အချိန်လေးနဲ့ အချစ်နဲ့ စတင်ထိတွေ့တဲ့ အချိန်ကာလလေးမှာ အလန်းဆုံးနဲ့ အဆန်းဆုံးကို လှပကြတယ်လို့ထင်ပါတယ်။

အချစ်နဲ့ထိတွေတာကြာသွားပြီး အချစ်ဟာ အီနေပြန်ရင်လည်း နူးညံ့တဲ့အလှတွေဟာ တင်းမာသွားပြီး အလှတွေဟာ မပျော့ပျောင်းတော့သလိုပါပဲ။အလိုမကျမှုတွေက အလှကိုလာနှောင့်ယှက်နိုင်လို့လေ။

အလိုကျမှ ပိုလှတယ် ထင်ပါရဲ့။

နေခြည်နုသစ်မှာ အချစ်ရည်တွေနဲ့ စတင်ပွင့်အာလာတဲ့ အလှတွေဟာ တစ်သားမွေးပြီးရင်တော့ သိပ်မသေချာလှတော့ပါဘူး။ဒါပေမဲ့ မရှိဘူးလားဆိုတော့ ရှားရှားပါးပါးတွေ့ခဲ့ဘူးပါရဲ့။

ကျွန်တော်စူပါမားကတ်ကြီးတစ်ခုမှာ လုပ်ခဲ့ဖူးတယ်။ဒီလိုနေရာကို နေရာအစုံကလူတွေလာကြတာပေါ့။ အနီးအနားက လူတွေလည်းလာကြတာပေါ့။သူက ကျွန်တော်တာဝန်ကျတဲ့ဆိုင်ကို မကြာမကြာလာပြီး ဈေးလာဝယ်တယ်။ဒါဟာဘာကို ပြသလဲဆိုရင် သူ့အိမ်ဟာ ဆိုင်နဲ့အလှမ်းဝေးတဲ့နေရာကတော့ ဟုတ်ဟန်မတူဘူးဆိုတာ ကောက်ချက်ချနိုင်ပါတယ်။

ဆိုင်ကို ပထမအကြိမ် သူလာကတည်းကစပြီး ကျွန်တော်သတိထားမိတယ်။လှလားဆိုတော့ အင်း…လှတယ်လို့ ပြောနိုင်တယ်။ပင်ကိုယ်အလှပါ။အပြုအပြင်တွေ မရှိပါဘဲကို ကျက်သရေရှိရှိကို လှပါတယ်။ အသားက ဖြူတဲ့ထဲမှာ မပါပါဘူး။နူးနူးညံ့ညံ့ ညိုပြာညက်လို့ပဲပြောရမယ်။ အရပ်မြင့်တဲ့ထဲမှာ မပါပေမယ့် အရပ်ပုတဲ့ အထဲမှာလည်း မပါပြန်ဘူး။ရှိသင့်တဲ့ အနေအထားတစ်ခုမှာရှိနေပါတယ်။

အဲဒီနေ့က လက်မောင်းပေါ်တဲ့ အပြာပြောင် လက်ပြတ်င်္ကျီကိုဝတ်ထားတယ်။လက်မောင်းသားတွေဟာ ကျစ်ကျစ်လျစ်လျစ် သွယ်သွယ်ချောချောရှိလှပါတယ်။ပုခုံးသားတွေဟာလည်း ပြေပြေချောချောလေး လက်မောင်းရင်းဆီ ဆင်းလာပါတယ်။

လုံးဝန်းတစ်ရစ်နေတဲ့ တင်သားတွေအပေါ်က မသေးမကျဉ်းအနေတော်ရှိလှတဲ့ ခါးကလည်း ချပ်ချပ်ရပ်ရပ်၊ သပ်သပ်ရပ်ရပ်။

သူ့ကိုစမြင်လိုက်ကတည်းက သတိထားမိသူက ကျွန်တော်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာကိုလည်း တွေ့ရတယ်။ကျွန်တော်နဲ့ ကျွန်တော့်တပည့်တွေအပြင် ဈေးဝယ်လာသူအချင်းချင်းကတောင် သတိထားမိလောက်အောင်ကို သူ့မှာဆွဲဆောင်မှု့ရှိနေတယ်။

ကျွန်တော့်ရင်ထဲမှာ သူနဲ့ပတ်သက်ပြီး နှစ်သက်မှုဖြစ်လာတယ်။သူသွားတဲ့နောက်ကနေလိုက်ပြီး ခပ်လှမ်းလှမ်း ကနေ လိုက်ကြည့်မိတယ်။စိတ်နဲ့ပြစ်မှားဖို့ လိုက်ကြည့်တာ မဟုတ်ပေမယ့်။ သူ့ကိုကြည့်နေရတာဟာ ကျွန်တော့်ရင်ထဲမှာ ကျေနပ်မှုဖြစ်နေသလိုပါပဲ။သူပြန်သွားတော့ ရင်ထဲမှာဟာကျန်ရစ်ခဲ့တယ်။ ဘာကြောင့်ပါလိမ့်။

နောက်တစ်ရက်ခြားလောက်နေတော့ သူလာပြန်တယ်။ သူ့ကိုယ်ပေါ်က အဝတ်စား အရောင်ကြောင့် သူကလှနေတာ မဟုတ်ဘဲ သူလှနေလို့ သူ့ကိုယ်ပေါ်တင်သမျှ အဝတ်အစားတွေဟာ လှနေပုံရပါတယ်။ နောက်ပိုင်းဆိုင်လာတိုင်း အရောင်အသွေးမရွေး ဝတ်ပြီးလာတယ်။ဘယ်အရောင်ဝတ်ဝတ် သူလှနေတယ်။

ရှေ့ကကြည့်ကြည့်၊ဘေးကကြည့်ကြည့်၊နောက်က ကြည့်ကြည့်၊ ကြည့်မိတဲ့နေရာတိုင်းဟာ လှနေတာပါပဲ။ ဒီလိုအခိုက်အတန့်လေးတွေဟာ ကျွန်တော့်ရင်ထဲ အလှတွေနဲ့ ပြည့်နေအောင်ခံစားမိနေတတ်တယ်။ တစ်ခါတစ်ရံ အကြည့်ချင်းဆုံမိတယ်။ ဒီလိုနဲ့ တစ်ကြိမ်မက အကြိမ်ကြိမ်ဆုံမိတော့ ကျွန်တော့်မျက်လုံးထဲမှာ ဘယ်လို အငွေ့အသက်တွေ ပါသွားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ပါဘူး။ဒါပေမဲ့ ဒီအကြည့်တွေကို သူနားလည်ပုံ ရသွားပါတယ်။

တစ်ရက်မှာတော့ ကျွန်တော့်ရဲ့ အကြည့်တွေဆင်ခြင်ဖို့ ဖြစ်လာခဲ့ရတယ်။သူဆိုင်ဝကနေ ဝင်လာတာကို မြင်တော့ ပထမတော့ ကျွန်တော်ပျော်သွားတယ်။ဒါပေမဲ့ သူ့နောက်မှာ ကလေးသုံးယောက်နဲ့အတူ ခန္ဓာကိုယ်သိပ်ပြီးဖွံ့ဖြိုးမှု မရှိလှတဲ့ မျက်မှန်ပါဝါအထူကြီးနဲ့ သူတစ်ယာက်ပါလာတယ်။

ဒီမြင်ကွင်းကြောင့် ကျွန်တော်မျက်နှာဟာ ထူပူသွားပြီး သူကို မကြည့်ဝံ့တော့ပါဘူး။ကလေးသုံးယောက်အမေ ဆိုတာမြင်မှယုံတော့တယ်။တစ်သားမွေး တစ်သွေးလှတယ်ဆိုတဲ့စကားဟာ သူ့ကိုများပြောလေရော့သလား လို့တောင် ပြောရမှာပါပဲ။

အလိုကျလို့ ပိုလှပုံ ရပါရဲ့ဗျာ…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္သားေမြး တစ္ေသြးလွ

 

တစ္သားေမြး တစ္ေသြးလွဆိုတာ ႐ွိေတာ့႐ွိႏိုင္ေကာင္းပါရဲ႕။ဒါေပမဲ့ ေတြ႕ခဲလွသလို၊႐ွိလည္း ႐ွိခဲလွလိမ့္မယ္လို႔ ထင္ပါတယ္။

အမ်ိဳးသမီးေတြ တစ္သားေမြးၿပီးရင္ အေတာ္မ်ားမ်ားေတြ႕ရတာကေတာ့ ေတာင္ပုလုၿမိဳ႕စားသမီး ႐ွင္ဂြမ္းဂြိႀကီးအလား ေအာင့္ေမ့ရတဲ့သူေတြက ပိုမ်ားေနသလိုပါပဲ။ ေဆြမင္း(ဓႏုျဖဴ)ရဲ႕ ဇာတ္ေကာင္ တြတ္ပီမိန္းမ မေသးမွ်င္တို႔အလား ေျပာင္းလဲကုန္ၾကတယ္။နဂိုက တစ္ကိုင္တစ္ဆုပ္ တစ္ႏိုင္ဝန္ေလးကေန၊ တစ္ေပြ႕တစ္ပိုက္ မႏိုင္ဝန္ေတြ ျဖစ္ကုန္ၾကတာမ်ားသလိုပါပဲ။

အမ်ိဳးသမီးေတြဟာ အခ်စ္နဲ႔ထိေတြ႕ကာနီး အခ်ိန္ေလးနဲ႔ အခ်စ္နဲ႔ စတင္ထိေတြ႕တဲ့ အခ်ိန္ကာလေလးမွာ အလန္းဆုံးနဲ႔ အဆန္းဆုံးကို လွပၾကတယ္လို႔ထင္ပါတယ္။

အခ်စ္နဲ႔ထိေတြတာၾကာသြားၿပီး အခ်စ္ဟာ အီေနျပန္ရင္လည္း ႏူးညံ့တဲ့အလွေတြဟာ တင္းမာသြားၿပီး အလွေတြဟာ မေပ်ာ့ေပ်ာင္းေတာ့သလိုပါပဲ။အလိုမက်မႈေတြက အလွကိုလာေႏွာင့္ယွက္ႏိုင္လို႔ေလ။

အလိုက်မွ ပိုလွတယ္ ထင္ပါရဲ႕။

ေနျခည္ႏုသစ္မွာ အခ်စ္ရည္ေတြနဲ႔ စတင္ပြင့္အာလာတဲ့ အလွေတြဟာ တစ္သားေမြးၿပီးရင္ေတာ့ သိပ္မေသခ်ာလွေတာ့ပါဘူး။ဒါေပမဲ့ မ႐ွိဘူးလားဆိုေတာ့ ႐ွား႐ွားပါးပါးေတြ႕ခဲ့ဘူးပါရဲ႕။

ကြၽန္ေတာ္စူပါမားကတ္ႀကီးတစ္ခုမွာ လုပ္ခဲ့ဖူးတယ္။ဒီလိုေနရာကို ေနရာအစုံကလူေတြလာၾကတာေပါ့။ အနီးအနားက လူေတြလည္းလာၾကတာေပါ့။သူက ကြၽန္ေတာ္တာဝန္က်တဲ့ဆိုင္ကို မၾကာမၾကာလာၿပီး ေဈးလာဝယ္တယ္။ဒါဟာဘာကို ျပသလဲဆိုရင္ သူ႕အိမ္ဟာ ဆိုင္နဲ႔အလွမ္းေဝးတဲ့ေနရာကေတာ့ ဟုတ္ဟန္မတူဘူးဆိုတာ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

ဆိုင္ကို ပထမအႀကိမ္ သူလာကတည္းကစၿပီး ကြၽန္ေတာ္သတိထားမိတယ္။လွလားဆိုေတာ့ အင္း…လွတယ္လို႔ ေျပာႏိုင္တယ္။ပင္ကိုယ္အလွပါ။အျပဳအျပင္ေတြ မ႐ွိပါဘဲကို က်က္သေရ႐ွိ႐ွိကို လွပါတယ္။ အသားက ျဖဴတဲ့ထဲမွာ မပါပါဘူး။ႏူးႏူးညံ့ညံ့ ညိဳျပာညက္လို႔ပဲေျပာရမယ္။ အရပ္ျမင့္တဲ့ထဲမွာ မပါေပမယ့္ အရပ္ပုတဲ့ အထဲမွာလည္း မပါျပန္ဘူး။႐ွိသင့္တဲ့ အေနအထားတစ္ခုမွာ႐ွိေနပါတယ္။

အဲဒီေန႔က လက္ေမာင္းေပၚတဲ့ အျပာေျပာင္ လက္ျပတ္က်ႌကိုဝတ္ထားတယ္။လက္ေမာင္းသားေတြဟာ က်စ္က်စ္လ်စ္လ်စ္ သြယ္သြယ္ေခ်ာေခ်ာ႐ွိလွပါတယ္။ပုခုံးသားေတြဟာလည္း ေျပေျပေခ်ာေခ်ာေလး လက္ေမာင္းရင္းဆီ ဆင္းလာပါတယ္။

လုံးဝန္းတစ္ရစ္ေနတဲ့ တင္သားေတြအေပၚက မေသးမက်ဥ္းအေနေတာ္႐ွိလွတဲ့ ခါးကလည္း ခ်ပ္ခ်ပ္ရပ္ရပ္၊ သပ္သပ္ရပ္ရပ္။

သူ႕ကိုစျမင္လိုက္ကတည္းက သတိထားမိသူက ကြၽန္ေတာ္တစ္ေယာက္ထဲ မဟုတ္ဘူးဆိုတာကိုလည္း ေတြ႕ရတယ္။ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္တပည့္ေတြအျပင္ ေဈးဝယ္လာသူအခ်င္းခ်င္းကေတာင္ သတိထားမိေလာက္ေအာင္ကို သူ႕မွာဆြဲေဆာင္မႈ႕႐ွိေနတယ္။

ကြၽန္ေတာ္႕ရင္ထဲမွာ သူနဲ႔ပတ္သက္ၿပီး ႏွစ္သက္မႈျဖစ္လာတယ္။သူသြားတဲ့ေနာက္ကေနလိုက္ၿပီး ခပ္လွမ္းလွမ္း ကေန လိုက္ၾကည့္မိတယ္။စိတ္နဲ႔ျပစ္မွားဖို႔ လိုက္ၾကည့္တာ မဟုတ္ေပမယ့္။ သူ႕ကိုၾကည့္ေနရတာဟာ ကြၽန္ေတာ့္ရင္ထဲမွာ ေက်နပ္မႈျဖစ္ေနသလိုပါပဲ။သူျပန္သြားေတာ့ ရင္ထဲမွာဟာက်န္ရစ္ခဲ့တယ္။ ဘာေၾကာင့္ပါလိမ့္။

ေနာက္တစ္ရက္ျခားေလာက္ေနေတာ့ သူလာျပန္တယ္။ သူ႕ကိုယ္ေပၚက အဝတ္စား အေရာင္ေၾကာင့္ သူကလွေနတာ မဟုတ္ဘဲ သူလွေနလို႔ သူ႕ကိုယ္ေပၚတင္သမွ် အဝတ္အစားေတြဟာ လွေနပုံရပါတယ္။ ေနာက္ပိုင္းဆိုင္လာတိုင္း အေရာင္အေသြးမေ႐ြး ဝတ္ၿပီးလာတယ္။ဘယ္အေရာင္ဝတ္ဝတ္ သူလွေနတယ္။

ေ႐ွ႕ကၾကည့္ၾကည့္၊ေဘးကၾကည့္ၾကည့္၊ေနာက္က ၾကည့္ၾကည့္၊ ၾကည့္မိတဲ့ေနရာတိုင္းဟာ လွေနတာပါပဲ။ ဒီလိုအခိုက္အတန္႔ေလးေတြဟာ ကြၽန္ေတာ့္ရင္ထဲ အလွေတြနဲ႔ ျပည့္ေနေအာင္ခံစားမိေနတတ္တယ္။ တစ္ခါတစ္ရံ အၾကည့္ခ်င္းဆုံမိတယ္။ ဒီလိုနဲ႔ တစ္ႀကိမ္မက အႀကိမ္ႀကိမ္ဆုံမိေတာ့ ကြၽန္ေတာ့္မ်က္လုံးထဲမွာ ဘယ္လို အေငြ႕အသက္ေတြ ပါသြားတယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ မသိလိုက္ပါဘူး။ဒါေပမဲ့ ဒီအၾကည့္ေတြကို သူနားလည္ပုံ ရသြားပါတယ္။

တစ္ရက္မွာေတာ့ ကြၽန္ေတာ့္ရဲ႕ အၾကည့္ေတြဆင္ျခင္ဖို႔ ျဖစ္လာခဲ့ရတယ္။သူဆိုင္ဝကေန ဝင္လာတာကို ျမင္ေတာ့ ပထမေတာ့ ကြၽန္ေတာ္ေပ်ာ္သြားတယ္။ဒါေပမဲ့ သူ႕ေနာက္မွာ ကေလးသုံးေယာက္နဲ႔အတူ ခႏၶာကိုယ္သိပ္ၿပီးဖြံ႕ၿဖိဳးမႈ မ႐ွိလွတဲ့ မ်က္မွန္ပါဝါအထူႀကီးနဲ႔ သူတစ္ယာက္ပါလာတယ္။

ဒီျမင္ကြင္းေၾကာင့္ ကြၽန္ေတာ္မ်က္ႏွာဟာ ထူပူသြားၿပီး သူကို မၾကည့္ဝံ့ေတာ့ပါဘူး။ကေလးသုံးေယာက္အေမ ဆိုတာျမင္မွယုံေတာ့တယ္။တစ္သားေမြး တစ္ေသြးလွတယ္ဆိုတဲ့စကားဟာ သူ႕ကိုမ်ားေျပာေလေရာ့သလား လို႔ေတာင္ ေျပာရမွာပါပဲ။

အလိုက်လို႔ ပိုလွပုံ ရပါရဲ႕ဗ်ာ…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service