နှစ်ဦးပိုင်မြေနှင့်အိမ်ကို သား/သမီး အား အမွေပေးလို့ရသလား။

နှစ်ဦးပိုင်မြေနှင့်အိမ်ကို သား/သမီး အား အမွေပေးလို့ရသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
23 May 2023 11:25 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

လူ့ဘဝဇာတ်ခုံပေါ်မှာ လူတို့သည် စရိုက်အမျိုးမျိုးဖြင့် ကပြနေကြရသည်။ အချိန်တန်အရွယ်ရောက်၍ လူလားမြောက်သည့် အရွယ်တွင် ချစ်သူခင်သူတွေ့၍ တစ်းဦးနှင့်တစ်ဦး မခွဲနိုင် မခွာရက် ဖြစ်ကာ ဘဝတစ်ခုကို တည်ဆောက်၍ အိမ်ထောင်ပြုကြသည်။ စားဝတ်နေရေးအတွက် ရုန်းကနှ်ရှာဖွေရင်း သားသမီးများ ရလာပြန်တော့ ပိုမိုကြိုးစားကြရပြန်သည်။ ကြိုးစားရှာဖွေရင်း လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးခွင့်ရသည်။ ပုထုဇဉ်တို့ သဘာဝ လူ့စိတ်က အပြောင်းအလဲမြန်သည်။ လင်ကပဲဖြစ်ဖြစ်၊ မယားကပဲဖြစ်ဖြစ် အခြားမိတ်ဆွေတစ်ဦးဦးနှင့် တရင်းတနှီးနေထိုင်သည်ကို သင်္ကာမကင်းဖြစ်တတ်ကြသည်။ သံသယဝင်တတ်ကြသည်။

ယင်း သံသယကြောင့်ပင် တစ်ဦးနှင့်တစ်ဦး ယုံထင်ကြောင်ထင်ဖြစ်ကာ ဖောက်ပြန်နေသည်ဟု စွပ်စွဲတတ်ကြသည်။ ယင်းသို့ သံသယဝင်လာပြီဆိုလျှင် သံသယကို သက်သေမပြနိုင်လျှင် ရှင်းပြသည်ကို မယုံကြည်လျှင် လင်မယားကွဲတော့သည်။ မွေးဖွားလာသည့် ကလေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူက ခေါ်သွားသည်။ ခက်သည်က အချို့သော ဇနီးမောင်နှံများမှာ စိတ်သဘာထားခြင်း မတိုက်ဆိုင်၍ ခွဲ၍နေထိုင်ကြသော်လည်း တရားဝင် ကွားရှင်းခြင်းတော့ မရှိကြပေ။ နောက်အိမ်ထောင် မပြုတော့ဘဲ တစ်သက်လုံး တစ်ကိုယ်တည်းဘဝနှင့် နေထိုင်ကြသူများကိုလည်း တွေ့ဖူးသည်။

သို့ရာတွင် လင်မယား ပေါင်းသင်းနေထိုင်စဉ်အတွင်း ရှာဖွေစုဆောင်းထားသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဖြစ်သည့် အ်ိုးအိမ်တိုက်တာကို မိမိနှင့်အတူနေ သားသမီးကို ပေးကမ်းသည့်အခါတွင်တော့ လင်မယား နှစ်ဦး သဘောမတူပဲ ပေးကမ်း ၍ မရကြောင်း သာဓကတစ်ခုကို တင်ပြလိုပါသည်။

 

မိခင် သဘောမတူဘဲ ဖခင်က သမီးကို တိုက်ခန်းပေးလို့ ရသလား။

မုံရွာမြို့၊ မြို့လယ်ရပ် ဦးပိုင်အမှတ် (၃၅)၊ မြေကွက်ပေါ်ရှိ တိုက်(၂)လုံးအနက် (၆) ခန်းတိုက်ကြီးမှ အခန်း(၂)ခန်း နှင့် တည်ရှိရာ မြေကို ဦးသိန်းဟန်နှင့် ဒေါ်ခင်မကြီးတို့ လင်မယားနှစ်ဦးအတူ ပိုင်ဆိုင်သည်။ ဖခင်ဖြစ်သူ ဦးသိန်းဟန် က သမီးဖြစ်သူ မညွှန့်ညွှန့်ဆန်း သို့ မှတ်ပုံတင် ပေးကမ်းခြင်း စာချုပ်ချုပ်ဆို၍ ပေးအပ်ခဲ့သည်။ ယင်းသို့ ပေးအပ်ခြင်းကို မိခင်ဖြစ်သူ ဒေါ်ခင်မကြီးက သဘောမတူသဖြင့် ပေးကမ်းခြင်း စာချုပ်အား ဖျက်သိမ်းပေးရန် တရားစွဲဆိုခဲ့သည်။

 

ပစ္စည်းမခွဲရသေးသဖြင့် အငြင်းပွားနေသည့် တရားဝင် လင်မယား။

 

ဦးသိန်းဟန်နှင့် ဒေါ်ခင်မကြီးတို့သည် လင်နှင့်မယား တရားဝင် ကွာရှင်းခြင်း မပြုရသေးသည့် တရားဝင် လင်မယား ဖြစ်သည်။ ပစ္စည်းခွဲဝေခြင်းလည်း မရှိသေးပေ။ ဦးသိန်းဟန်၏ ပစ္စည်းသည် မည်သည့် ပစ္စည်းဖြစ်သည်။ မည်သည့် အစိတ်အပိုင်းဖြစ်သည်ဟု မည်သည့် တရားရုံးမျှ အဆုံးအဖြတ် ပေးထားခြင်း မရှိသေးသည့် အခြေအနေတွင် အထက်ဖော်ပြပါ အခန်း(၂)ခန်းကို အတူနေ သမီးဖြစ်သည့် မညွှန့်ညွန့်ဆန်း အား ပေးကမ်းမှုကို မိခင် ဒေါ်ခင်မကြီးက သဘောမတူသဖြင့် အငြင်းပွား နေကြခြင်းဖြစ်သည်။

 

ဖခင်က သမီးကို ပေးတဲ့မြေနှင့် အခန်းက မိခင်အမည်ပေါက်မြေ ဖြစ်နေတယ်။

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်ယောက်ျားပိုင်ဆိုင်သည့် ပစ္စည်းအပေါ် မယားဖြစ်သူက အတူပိုင်ဆိုင်ခွင့်ရှိသည်။ ဦးသိန်းဟန်က သမီး မညွှန့် ညွှန့်ဆန်း သို့ မေတ္တဖြင့် အပြီးအပိုင် ပေးကမ်းခြင်းစာချုပ်ဖြင့် ပေးကမ်းခဲ့သည့် မုံရွာမြို့ အလယ်ရပ်ကွက်၊ အကွက်အမှတ် (၁၉ မုံရွာမြောက်) ဦးပိုင်အမှတ် ၃၅ဧရိယာ (ဝ. ဝ၂၀) ဧကရှိ မြေကွက်မှာ မြေစာရင်းဌာနတွင် ဒေါ်ခင်မကြီး အမည်ပေါက်လျှက်ရှိသည်။

မြန်မာ့ဓလေ့ ထုံးထမ်းဥပဒေအရ မယားဖြစ်သူ ပိုင်ဆိုင်သည့် ပစ္စည်းကို လင်ယောက်ျားက အတူပိုင်ဆိုင်ခွင့်ရှိသည်။ ဦးသိန်းဟန်သည် ဒေါ်ခင်မကြီး အမည်ပေါက်မြေကို အတူပိုင်ဆိုင်ခွင့်ရှိသော်လည်း မေတ္တာဖြင့် အပြီးအပိုင် ပေးကမ်းခြင်း စာချုပ်တွင် အချင်းဖြစ်မြေနှင့် အဆောက်အအုံကို မယား ဒေါ်ခင်မကြီး သဘောတူညီမှု မရှိဘဲ သမီး မညွှန့်ညွန့်ဆန်းအား ပေးကမ်းခဲ့ခြင်းသည် လင်မယားနှစ်ဦးပိုင် ပစ္စည်းကို ခွဲစေပြီး ပေးကမ်းရာရောက်သည်။

 

လင်မယားကွာရှင်းပြီးမှ ပစ္စည်းခွဲဝေရမယ်

မြန်မာဓလေ့ထုံးထမ်းဥပဒေအရဆိုလျှင် လင်မယားကွာရှင်းပြီးသည့်နောက်တွင် ပစ္စည်းခွဲဝေရန်အကြောင်း ပေါ်ပေါက်မည်ဖြစ်သည်။ လင်မယား ကွာရှင်းခြင်း မပြုရသေးမီ ပစ္စည်းခွဲဝေခြင်းပြုခဲ့သည်အောင်ပင် ယင်းပစ္စည်း ခွဲဝေမှုသည် အပြည့်အဝ အကျိုးသက်ရောက်မှုရှိနိုင်မည်မဟုတ်ဟု စီရင်ထုံးများတွင် ထုံးဖွဲ့ထားသည်။

 

လင်မယား နှစ်ဦးပိုင်ပစ္စည်းကို တစ်စိတ်တစ်ပိုင်း ခွဲပေးလည်း တရားမဝင်

မြန်မာဓလေ့ထုံးထမ်းဥပဒေအရ လင်မယားအဖြစ် တည်နေသရွှေ့ ကာလပတ်လုံး လင်ကဖြစ်စေ၊ မယားကဖြစ်စေ ၊ လင်မယားပိုင်ပစ္စည်းများကို ခွဲဝေပေးစေရန် တရားစွဲဆိုခွင့်မရှိပါက မိမိတစ်ဦးတည်း သဘောအတိုင်း လင်မယားနှစ်ဦးပိုင် ပစ္စည်းကို ခွဲဝေပေးကမ်းနိုင်ခွင့်လည်း ရှိမည်မဟုတ်ပေ။

လင်မယားကွာရှင်းခြင်း မပြုရသေးမီ ပစ္စည်းကို ခွဲဝေပေးကမ်းသည့်တိုင်အောင် ခွဲဝေပေးမိသည့် ပစ္စည်းတွင် လင်မယားနှစ်ဦး၏ အကျိုးသက်ဆိုင်ခွင့်သည် ခွဲခြားမရအောင် တည်ရှိနေသဖြင့် ယင်းပစ္စည်းခွဲဝေမှုသည် အပြည့်အဝ အကျိုးသက်ရောက်မှုရှိနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ လျှောက်ထားသူ အမှတ်(၂) ဦးသိန်းဟန်သည် ၎င်း အကျိုးခံစားခွင့်ရှိသော အခုထက်ပင် လျော့နည်း၍ ပေးကမ်းသည်ဆိုစေကာမူ မယားဖြစ်သူ ဒေါ်ခင်မကြီး သဘောမတူဘဲ လင်မယားနှစ်ဦးပိုင် ပစ္စည်းထဲမှ တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးကမ်းခြင်းဖြစ်၍ ထိုပေးကမ်းခြင်းသည် အတည်မဖြစ်ချေဟု ဒေါ်ညွှန့် ညွှန့်ဆန်းပါ (၂) နှင့် ဒေါ်ခင်မကြီး ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာ ၅၆ တွင် စီရင်ထုံးဖွဲ့ထားပါသည်။

ဒေါ်ညွှန့်ညွန့်ဆန်းပါ (၂) နှင့် ဒေါ်ခင်မကြီး ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာ ၅၆ တွင် စီရင်ထုံးဖွဲ့ထားပါသည်။

အနှစ်ချုပ်တင်ပြရလျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ပစ္စည်းခွဲဝေပေးကမ်းလျှင် မြန်မာဓလေ့ထုံးထမ်း ဥပဒေကိုလိုက်နာရမည်။ တရားဝင် လင်မယား မကွာရှင်းသေးသမျှ ကာလပတ်လုံး လင်မယားနှစ်ဦးပိုင် ပစ္စည်းကို တစ်စိတ်တစ်ပိုင်းပေးကမ်းလို့ပင်မရနိုင်ကြောင်းနှင့် အတည်မဖြစ်ကြောင်း မှတ်သားဖွယ်ရာ တင်ပြလိုက်ရပေသည်။

( ကျမ်းကို )

၁။ မထွေးနှင့် မတင်ဦး ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာ ၂၉ (လွှတ်တော်) ၂။ မောင်ထွန်းလင်းပါ (၆) နှင့် မမယ်ခင် ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး။ စာ - ၃၇၄ ၃။ ဦးစိုးမြင့်ပါ (၂) နှင့် မခင်စိုးဝင်း ၁၉၈၄ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာ - ၆၉ ၄။ ဒေါ်စန်းရီ နှင့် ဒေါ်ကျော့ကျော့ခိုင် ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး စာ - ၇၆

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ႏွစ္ဦးပိုင္ေျမနွင့္အိမ္ကို သား/သမီး အား အေမြေပးလို႕ရသလား။

 

လူ႕ဘဝဇာတ္ခံုေပၚမွာ လူတို႕သည္ စရုိက္အမ်ိဳးမ်ိဳးျဖင့္ ကျပေနၾကရသည္။ အခ်ိန္တန္အရြယ္ေရာက္၍ လူလားေျမာက္သည့္ အရြယ္တြင္ ခ်စ္သူခင္သူေတြ႔၍ တစ္းဦးနွင့္တစ္ဦး မခြဲႏိုင္ မခြာရက္ ျဖစ္ကာ ဘဝတစ္ခုကို တည္ေဆာက္၍ အိမ္ေထာင္ျပဳၾကသည္။ စားဝတ္ေနေရးအတြက္ ရုန္းကန္ွရွာေဖြရင္း သားသမီးမ်ား ရလာျပန္ေတာ့ ပိုမိုၾကိဳးစားၾကရျပန္သည္။ ၾကိဳးစားရွာေဖြရင္း လုပ္ေဖာ္ကိုင္ဖက္မ်ားနွင့္ ရင္းနွီးခြင့္ရသည္။ ပုထုဇဥ္တို႕ သဘာဝ လူ႕စိတ္က အေျပာင္းအလဲျမန္သည္။ လင္ကပဲျဖစ္ျဖစ္၊ မယားကပဲျဖစ္ျဖစ္ အျခားမိတ္ေဆြတစ္ဦးဦးနွင့္ တရင္းတႏွီးေနထိုင္သည္ကို သကၤာမကင္းျဖစ္တတ္ၾကသည္။ သံသယဝင္တတ္ၾကသည္။

ယင္း သံသယေၾကာင့္ပင္ တစ္ဦးနွင့္တစ္ဦး ယံုထင္ေၾကာင္ထင္ျဖစ္ကာ ေဖာက္ျပန္ေနသည္ဟု စြပ္စြဲတတ္ၾကသည္။ ယင္းသို႕ သံသယဝင္လာျပီဆိုလွ်င္ သံသယကို သက္ေသမျပႏိုင္လွ်င္ ရွင္းျပသည္ကို မယံုၾကည္လွ်င္ လင္မယားကြဲေတာ့သည္။ ေမြးဖြားလာသည့္ ကေလးကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္သူက ေခၚသြားသည္။ ခက္သည္က အခ်ိဳ႕ေသာ ဇနီးေမာင္နွံမ်ားမွာ စိတ္သဘာထားျခင္း မတိုက္ဆိုင္၍ ခြဲ၍ေနထိုင္ၾကေသာ္လည္း တရားဝင္ ကြားရွင္းျခင္းေတာ့ မရွိၾကေပ။ ေနာက္အိမ္ေထာင္ မျပဳေတာ့ဘဲ တစ္သက္လံုး တစ္ကိုယ္တည္းဘဝနွင့္ ေနထိုင္ၾကသူမ်ားကိုလည္း ေတြ႕ဖူးသည္။

သို႔ရာတြင္ လင္မယား ေပါင္းသင္းေနထိုင္စဥ္အတြင္း ရွာေဖြစုေဆာင္းထားသည့္ မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းျဖစ္သည့္ အိ္ုးအိမ္တိုက္တာကို မိမိနွင့္အတူေန သားသမီးကို ေပးကမ္းသည့္အခါတြင္ေတာ့ လင္မယား နွစ္ဦး သေဘာမတူပဲ ေပးကမ္း ၍ မရေၾကာင္း သာဓကတစ္ခုကို တင္ျပလိုပါသည္။

 

မိခင္ သေဘာမတူဘဲ ဖခင္က သမီးကို တိုက္ခန္းေပးလို႔ ရသလား။

မံုရြာျမိဳ႕၊ ျမိဳ႕လယ္ရပ္ ဦးပိုင္အမွတ္ (၃၅)၊ ေျမကြက္ေပၚရွိ တိုက္(၂)လံုးအနက္ (၆) ခန္းတိုက္ၾကီးမွ အခန္း(၂)ခန္း နွင့္ တည္ရွိရာ ေျမကို ဦးသိန္းဟန္နွင့္ ေဒၚခင္မၾကီးတို႕ လင္မယားနွစ္ဦးအတူ ပိုင္ဆိုင္သည္။ ဖခင္ျဖစ္သူ ဦးသိန္းဟန္ က သမီးျဖစ္သူ မညႊန္႔ညႊန္႔ဆန္း သို႔ မွတ္ပံုတင္ ေပးကမ္းျခင္း စာခ်ဳပ္ခ်ဳပ္ဆို၍ ေပးအပ္ခဲ့သည္။ ယင္းသို႕ ေပးအပ္ျခင္းကို မိခင္ျဖစ္သူ ေဒၚခင္မၾကီးက သေဘာမတူသျဖင့္ ေပးကမ္းျခင္း စာခ်ဳပ္အား ဖ်က္္သိမ္းေပးရန္ တရားစြဲဆိုခဲ့သည္။

 

ပစၥည္းမခြဲရေသးသျဖင့္ အျငင္းပြားေနသည့္ တရားဝင္ လင္မယား။

ဦးသိန္းဟန္နွင့္ ေဒၚခင္မၾကီးတို႕သည္ လင္နွင့္မယား တရားဝင္ ကြာရွင္းျခင္း မျပဳရေသးသည့္ တရားဝင္ လင္မယား ျဖစ္သည္။ ပစၥည္းခြဲေဝျခင္းလည္း မရွိေသးေပ။ ဦးသိန္းဟန္၏ ပစၥည္းသည္ မည္သည့္ ပစၥည္းျဖစ္သည္။ မည္သည့္ အစိတ္အပိုင္းျဖစ္သည္ဟု မည္သည့္ တရားရုံးမွ် အဆံုးအျဖတ္ ေပးထားျခင္း မရွိေသးသည့္ အေျခအေနတြင္ အထက္ေဖာ္ျပပါ အခန္း(၂)ခန္းကို အတူေန သမီးျဖစ္သည့္ မညႊန္႔ညြန္႔ဆန္း အား ေပးကမ္းမႈကို မိခင္ ေဒၚခင္မၾကီးက သေဘာမတူသျဖင့္ အျငင္းပြား ေနၾကျခင္းျဖစ္သည္။

 

ဖခင္က သမီးကို ေပးတဲ့ေျမနွင့္ အခန္းက မိခင္အမည္ေပါက္ေျမ ျဖစ္ေနတယ္။

ျမန္မာဓေလ့ထံုးတမ္းဥပေဒအရ လင္ေယာက်္ားပိုင္ဆိုင္သည့္ ပစၥည္းအေပၚ မယားျဖစ္သူက အတူပိုင္ဆိုင္ခြင့္ရွိသည္။ ဦးသိန္းဟန္က သမီး မညႊန္႔ ညႊန္႔ဆန္း သို႕ ေမတၱျဖင့္ အျပီးအပိုင္ ေပးကမ္းျခင္းစာခ်ဳပ္ျဖင့္ ေပးကမ္းခဲ့သည့္ မံုရြာျမိဳ႕ အလယ္ရပ္ကြက္၊ အကြက္အမွတ္ (၁၉ မံုရြာေျမာက္) ဦးပိုင္အမွတ္ ၃၅ဧရိယာ (ဝ. ဝ၂၀) ဧကရွိ ေျမကြက္မွာ ေျမစာရင္းဌာနတြင္ ေဒၚခင္မၾကီး အမည္ေပါက္လွ်က္ရွိသည္။

ျမန္မာ့ဓေလ့ ထံုးထမ္းဥပေဒအရ မယားျဖစ္သူ ပိုင္ဆိုင္သည့္ ပစၥည္းကို လင္ေယာက္်ားက အတူပိုင္ဆိုင္ခြင့္ရွိသည္။ ဦးသိန္းဟန္သည္ ေဒၚခင္မၾကီး အမည္ေပါက္ေျမကို အတူပိုင္ဆိုင္ခြင့္ရွိေသာ္လည္း ေမတၱာျဖင့္ အျပီးအပိုင္ ေပးကမ္းျခင္း စာခ်ဳပ္တြင္ အခ်င္းျဖစ္ေျမနွင့္ အေဆာက္အအံုကို မယား ေဒၚခင္မၾကီး သေဘာတူညီမႈ မရွိဘဲ သမီး မညႊန္႔ညြန္႔ဆန္းအား ေပးကမ္းခဲ့ျခင္းသည္ လင္မယားနွစ္ဦးပိုင္ ပစၥည္းကို ခြဲေစျပီး ေပးကမ္းရာေရာက္သည္။

 

လင္မယားကြာရွင္းျပီးမွ ပစၥည္းခြဲေဝရမယ္

ျမန္မာဓေလ့ထံုးထမ္းဥပေဒအရဆိုလွ်င္ လင္မယားကြာရွင္းျပီးသည့္ေနာက္တြင္ ပစၥည္းခြဲေဝရန္အေၾကာင္း ေပၚေပါက္မည္ျဖစ္သည္။ လင္မယား ကြာရွင္းျခင္း မျပဳရေသးမီ ပစၥည္းခြဲေဝျခင္းျပဳခဲ့သည္ေအာင္ပင္ ယင္းပစၥည္း ခြဲေဝမႈသည္ အျပည့္အဝ အက်ိဳးသက္ေရာက္မႈရွိႏိုင္မည္မဟုတ္ဟု စီရင္ထံုးမ်ားတြင္ ထံုးဖြဲ႕ထားသည္။

 

လင္မယား နွစ္ဦးပိုင္ပစၥည္းကို တစ္စိတ္တစ္ပိုင္း ခြဲေပးလည္း တရားမဝင္

ျမန္မာဓေလ့ထံုးထမ္းဥပေဒအရ လင္မယားအျဖစ္ တည္ေနသေရႊ႕ ကာလပတ္လံုး လင္ကျဖစ္ေစ၊ မယားကျဖစ္ေစ ၊ လင္မယားပိုင္ပစၥည္းမ်ားကို ခြဲေဝေပးေစရန္ တရားစြဲဆိုခြင့္မရွိပါက မိမိတစ္ဦးတည္း သေဘာအတိုင္း လင္မယားနွစ္ဦးပိုင္ ပစၥည္းကို ခြဲေဝေပးကမ္းႏိုင္ခြင့္လည္း ရွိမည္မဟုတ္ေပ။ လင္မယားကြာရွင္းျခင္း မျပဳရေသးမီ ပစၥည္းကို ခြဲေဝေပးကမ္းသည့္တိုင္ေအာင္ ခြဲေဝေပးမိသည့္ ပစၥည္းတြင္ လင္မယားနွစ္ဦး၏ အက်ိဳးသက္ဆိုင္ခြင့္သည္ ခြဲျခားမရေအာင္ တည္ရွိေနသျဖင့္ ယင္းပစၥည္းခြဲေဝမႈသည္ အျပည့္အဝ အက်ိဳးသက္ေရာက္မႈရွိႏိုင္မည္ မဟုတ္ေပ။ သို႕ျဖစ္ရာ ေလွ်ာက္ထားသူ အမွတ္(၂) ဦးသိန္းဟန္သည္ ၄င္း အက်ိဳးခံစားခြင့္ရွိေသာ အခုထက္ပင္ ေလ်ာ့နည္း၍ ေပးကမ္းသည္ဆိုေစကာမူ မယားျဖစ္သူ ေဒၚခင္မၾကီး သေဘာမတူဘဲ လင္မယားနွစ္ဦးပိုင္ ပစၥည္းထဲမွ တစ္စိတ္တစ္ပိုင္းကို ခြဲေဝေပးကမ္းျခင္းျဖစ္၍ ထိုေပးကမ္းျခင္းသည္ အတည္မျဖစ္ေခ်ဟု ေဒၚညႊန္႔ ညႊန္႔ဆန္းပါ (၂) နွင့္ ေဒၚခင္မၾကီး ၂၀၁၁ ခုနွစ္ ျမန္မာႏိုင္ငံစီရင္ထံုး စာ ၅၆ တြင္ စီရင္ထံုးဖြဲ႕ထားပါသည္။

ေဒၚညႊန္႔ညြန္႔ဆန္းပါ (၂) နွင့္ ေဒၚခင္မၾကီး ၂၀၁၁ ခုနွစ္ ျမန္မာႏိုင္ငံစီရင္ထံုး စာ ၅၆ တြင္ စီရင္ထံုးဖြဲ႕ထားပါသည္။

အနွစ္ခ်ဳပ္တင္ျပရလွ်င္ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးမ်ား ပစၥည္းခြဲေဝေပးကမ္းလွ်င္ ျမန္မာဓေလ့ထံုးထမ္း ဥပေဒကိုလိုက္နာရမည္။ တရားဝင္ လင္မယား မကြာရွင္းေသးသမွ် ကာလပတ္လံုး လင္မယားနွစ္ဦးပိုင္ ပစၥည္းကို တစ္စိတ္တစ္ပိုင္းေပးကမ္းလို႕ပင္မရႏိုင္ေၾကာင္းနွင့္ အတည္မျဖစ္ေၾကာင္း မွတ္သားဖြယ္ရာ တင္ျပလိုက္ရေပသည္။

( က်မ္းကို )

၁။ မေထြးနွင့္ မတင္ဦး ၁၉၅၃ ခုနွစ္ ျမန္မာႏိုင္ငံစီရင္ထံုး စာ ၂၉ (လႊတ္ေတာ္) ၂။ ေမာင္ထြန္းလင္းပါ (၆) နွင့္ မမယ္ခင္ ၁၉၆၅ ခုနွစ္ ျမန္မာႏိုင္ငံစီရင္ထံုး။ စာ - ၃၇၄ ၃။ ဦးစိုးျမင့္ပါ (၂) နွင့္ မခင္စိုးဝင္း ၁၉၈၄ ခုနွစ္ ျမန္မာႏိုင္ငံစီရင္ထံုး စာ - ၆၉ ၄။ ေဒၚစန္းရီ နွင့္ ေဒၚေက်ာ့ေက်ာ့ခိုင္ ၁၉၈၄ ခုနွစ္၊ ျမန္မာႏိုင္ငံစီရင္ထံုး စာ - ၇၆

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service