ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
“မြွေဖမ်း၊ ဖားဖမ်း၊ ပုတ်သင်ဖမ်းမယ်”
ကျွန်တော်တို့ စက်မှုလယ်ယာမှာ ဦးစီးမှူးနေဖို့ အဆောက်အအုံတစ်လုံးကို ရုံးဝင်းရဲ့ အနောက်မြောက် ထောင့်မှာ ဆောက်ပေးထားတယ်။ခြောက်ခန်းတွဲ လိုင်းခန်းတွေရဲ့ရှေ့ ကိုက်နှစ်ဆယ်ကျော် အကွာလောက်မှာ ရှိပြီး ရုံးဝင်းဝင်ပေါက်ရဲ့ မြောက်ဘက်ဘက်မှာ ရှိပါတယ်။တောင်ဘက်ကို မျက်နှာမူထားတယ်။ မြွေဖမ်း၊ဖားဖမ်း၊ ပုတ်သင်ညိုဖမ်းတာတွေဟာ အဲဒီအိမ်က စရမှာပါ။
စက်မှုလယ်ယာမှာ တာဝန်လာကျတဲ့ ဆရာနှစ်ယောက်ရှိတယ်။ ဦးစီးမှူးက ဦးမြတ်ခင်၊ဒုဦးစီးမှူးက ဦးရဲသိန်း။
ဦးမြတ်ခင်က အိမ်ထောင်နဲ့ပါ။ ဒါပေမဲ့ သူကမိသားစုတွေ ခေါ်မလာပါဘူး။ ဘယ်နယ်ကလာလည်းတောင် မမှတ်မိတော့ပါဘူး။
ဦးရဲသိန်းကတော့ လူပျိုလူလွတ်ပါ။ရန်ကုန်ကနေလာတာ။ကျွန်တော်တို့ညီအစ်ကိုတွေ ရန်ကုန်ရောက်ရခြင်းရဲ့ အကြောင့်က ဆရာဦးရဲသိန်းရဲ့ ကျေးဇူးကြောင့်ပါပဲ။နောက်ပိုင်း ဆရာဦးရဲသိန်းရဲ့ အကြောင်းက ဒီဆောင်းပါးစဉ်မှာ အကြောင်းသင့်ဦးမယ်ထင်ပါတယ်။
အခုသူတို့နေမယ့် အိမ်ကြီးက အခန်းသုံးခန်းပါတော့ သူတို့နှစ်ယောက် တစ်ယောက်တစ်ခန်းနေကြတယ်။ လူတွေက အိမ်မှာအမြဲရှိ မနေကြတော့ အိမ်ကြီးဟာ ခြောက်ခြောက်ကပ်ကပ်နဲ့ဖြစ်နေတာပေါ့။ အိမ်လှေကားက ဆင်းလို့ လေးငါးဆယ်လှမ်းလောက်လှမ်းရင်ပဲ ဝန်ထမ်းတွေအလုပ်လုပ်တဲ့ ရုံးဝင်းထဲ ရောက်ပါရောလား။
သူတို့ ရုံးဝင်းထဲသွားနေရင် အိမ်မှာဘယ်သူမှမရှိတော့ဘူး။လှုပ်ရှားမှုမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတော့ အိမ်ထဲကို အကောင်ပလောင်လေးတွေဟာ ခိုအောင်းတတ်တယ်မို့လား။သစ်သားအဆောက်အအုံတွေဆိုတော့ နံရံသစ်သားပြားတွေကို တစ်ပြားနဲ့တစ်ပြား ထိပ်ချင်းထပ်ပြီး ရိုက်ကာထားတော့ စေ့ပိတ်မနေဘူးလေ။
မြွေတွေ၊ပုတ်သင်ညိုတွေဟာ အဲဒီအပေါက်တွေကပဲ ဝင်သလားမသိပါဘူး။မြက်ရှောပဲခေါ်မလား၊ မြွေစိမ်းမြှီးခြောက်ပဲခေါ်မလား လက်သန်း လက်မလောက်ရှိတဲ့ မြွေတွေဟာ တံခါးကြားတွေထဲမှာ ခိုအောင်းနေကြတာကိုတွေ့ရတယ်။ပုတ်သင်ညိုတွေရောပေါ့။ပုတ်သင်ညိုတွေရှိလို့ပဲ မြွေတွေကလာတယ် ထင်ပါတယ်ရဲ့။
ဦးစီးမှူးတွေဆိုတာ ဝန်ထမ်းတွေရဲ့ဆရာတွေဖြစ်နေတော့ ကျွန်တော်တို့က အဲဒီအိမ်ကို မသွားဖြစ်ဘူး။သိပ်ပြီး မလည်ဝံ့ဘူးဆိုပါတော့။ဦးစီးမှူးတွေဟာ ဖေဖေ မေမေတို့ထက်ငယ်ပေမယ့် ဖေဖေမေမေတို့က လေးစားကြတယ်။ အနှောင့်အယှက်မဖြစ်အောင် ကျွန်တော်တို့ကို မသွားခိုင်းဘူး။
နောက်တော့ သူတို့က ကျွန်တော်တို့လို ကလေးတွေကိုလည်းခင်တာက တစ်ပိုင်း၊ကျွန်တော်တို့ကလည်း သူတို့ဝယ်ဖတ်တဲ့ မဂ္ဂဇင်းတွေ စာစောင်တွေကို ဖတ်ချင်တာက တစ်ကြောင်းကြောင့် သူတို့အိမ် ရောက်ဖြစ်တယ်။လည်ဖြစ်တယ်။
ဦးစီးမှူးတွေသာဖြစ်တယ် သူတို့က လူငယ်တွေသာသာ အသက်သုံးဆယ်ကျော်ကျော်လောက်ပဲရှိမယ်။ လူငယ်စိတ် သိပ်မပျောက်သေးဘူးဘဲ ပြောရမှာပေါ့။တစ်ရုံးလုံးက ဝန်ထမ်းတွေအပါအဝင် ကျွန်တော်တို့ပါ ဦးစီးမှူးတွေကို ဆရာလို့ ခေါ်ပါတယ်။
ဆရာတို့အိမ် ကျွန်တော်တို့သွားလည်ရင် ကျွန်တော်က အားကစားဂျာနယ်တစ်ခုဖြစ်တဲ့ တံခွန်ဂျာနယ်ကို အားပါးတရဖတ်ခွင့်ရတယ်။တံခွန်ဂျာနယ်မှာဆိုရင် အာနိုးရဲ့ ကာယဗလပုံမျက်နှာဖုံးအပြည့်နဲ့ ဖော်ပြထားတော့ ဆွဲဆောင်မှုရှိတယ်။ကျွန်တော့်အကြိုက်လည်း ဖြစ်ခဲ့တယ်။
ဆရာဦးရဲသိန်းက ကျွန်တော့်ညီကျော်မိုးနဲ့ လိုင်းခန်းထဲကပဲ သူ့နဲ့ရွယ်တူ အောင်အေးထွန်းဆိုတဲ့ကောင်ကို နပမ်းလုံးခိုင်းတယ်။နိုင်တဲ့ကောင် ဆယ်ပြား၊ရှုံးတဲ့ကောင် ငါးပြားနဲ့ နပမ်းလုံးခိုင်းတတ်တယ်။ပထမတော့ အဲဒီနှစ်ကောင်ဟာ သူနိုင်ငါနိုင် လုံးကြတာပေါ့။လုံးတိုင်းလည်း အောင်အေးထွန်းဆိုတဲ့ကောင်က ရှုံးပါတယ်။
နောက်တော့ အောင်အေးထွန်းဆိုတဲ့ကောင်က အနာခံပြီး မလုံးတော့ဘူး။ ဆရာကနပမ်းလုံးခိုင်းရင် ကျော်မိုးက ဘာမှတောင် မလုပ်ရသေးဘူး သူကကျော်မိုးလည်ပင်း အရင်ဖက်ပြီး ပက်လက်လှန်ပြီးလှဲချလိုက်တယ်။ အောက်ကနေ နေပြီး ပြီးရင် အရှုံးပေးလိုက်တယ်။ အဲဒီလိုကောင်မျိုးပါ။
နောက်ပိုင်း ဆရာတို့အိမ်က လည်အိမ်ပတ်အိမ်၊စားအိမ်သောက်အိမ်လို့တောင် ပြောရမလိုပါဘဲ။စာဖတ်ချင်ရင် ဆရာအိမ်သွားလည်တော့တာပဲ။
နောက်ပိုင်း ဆရာနဲ့ အလွန်ရင်းနှီးလာတော့ ဆရာက အိမ်ထဲဝင်နေတဲ့ အကောင်ပလောင်တွေဖမ်းခိုင်းတယ်။ ပုတ်သင်ညိုတစ်ကောင် တစ်မတ်၊မြွေတစ်ကောင်ငါးမူးပေးပြီး ဖမ်းခိုင်းတယ်။ဖားတစ်ကောင်ဆယ်ပြား။
အုန်းရွက်မှာ အုန်းတံမြတ်စည်းလုပ်တဲ့ အကြောလေးတွေရှိတယ်မို့လား။အဲဒီအကြောလေးကို သပ်ယူပြီး ကွင်းလျောလေးလုပ်ထားတယ်။ပြီးတော့တံခါးကြားတွေ၊နံရံတွေနဲ့ တိုင်တွေမှာတွယ်ကပ်နေတဲ့ ပုတ်သင်ညို တွေကို အဲဒီကွင်းလျောလေးနဲ့ ခေါင်းကိုစွပ်ပြီး ဆွဲလိုက်ရင် ကားကနဲပါလာပါတော့တယ်။ အဲဒီလိုလုပ်ပြီး ဖမ်းတယ်။
မြွေတွေကိုတော့ လက်နဲ့ဒီတိုင်းလည်းဖမ်းတယ်။ တစ်ခါတစ်ရံ တုတ်နဲ့ ခတ်ဆက်ဆက်လေးရိုက်ပြီးဖမ်းတယ်။ ကိုယ်ဖမ်းလို့ရတဲ့ အကောင်တွေ ဆရာ့ကိုပြရတယ်။အဲဒီတော့မှ ဆရာက ပိုက်ဆံပေးတယ်။
ဆရာတို့နေတဲ့အိမ်က မီးဖိုဆောင်က အထဲမှာမရှိပါဘူး။အိမ်ရဲ့မြောက်ဖက်မှာ အိမ်မကြီးနဲ့ တွဲဆက်ထား ပါတယ်။ အဲဒီမီးဖိုဆောင်ရဲ့ အရှေ့ဘက်မှာ သုံးရေအတွက် အုတ်ကန်တစ်ကန်ရှိတယ်။ ဖားတွေကိုတော့ အုတ်ကန်မှာရှိတဲ့ အဝတ်လျော်တဲ့ ကြမ်းခင်းရဲ့အောက်မှာရှိတယ်။ကြမ်းခင်းနဲ့ မြေပြင်ဟာ ရေတိုက်စားထား တော့ တချို့နေရာတွေက လွတ်နေတာပေါ့။ အဲဒီလွတ်နေတဲ့ နေရာတွေမှာ ဖားပြုတ်တွေဟာ ခိုအောင်းနေ တာပေါ့။မီတဲ့ကောင်တွေကို လက်နဲ့ပဲဖမ်းပါတယ်။ လက်နဲ့ နှိုက်မရတော့ဘူးဆိုရင် တုတ်နဲ့ကလော်တော့တာပဲ။
ဒီလိုကျွန်တော်တို့ ဖမ်းပုံမျိုးနဲ့ မြွေတွေ၊ဖားတွေ၊ပုတ်သင်ညိုတွေဟာ ဆရာတို့အိမ်မှာ ကုန်သွားတော့တာပေါ့။ ကုန်သွားတော့ ပိုက်ဆံမရတော့ဘူးပေါ့။ပိုက်ဆံမရှိတော့ စာအုပ်ငှားဖတ်ချင်တာ၊ဗီဒီယိုကြည့်ချင်တာတွေက မကြည့်ရတော့ဘူးပေါ့။
နောက်တော့ အနီးအနားက အပင်တွေက ပုတ်သင်ညိုတွေ၊ဖားတွေကို ရှာဖမ်းပြီး ဆရာကို သွားပြရင် ဆရာက မုန်းဖိုးပေးပါတယ်။ “မင်းတို့ရဲ့အကောင်တွေကလည်း မကုန်နိုင်ပါလားကွ” ဆိုပြီး ပြောတော့မှ ကျွန်တော်လည်း မြွေဖမ်း၊ဖားဖမ်း၊ပုတ်သင်ဖမ်းတဲ့ အလုပ်ကို ရပ်လိုက်ရတယ်။
ပိုက်ဆံလိုလို့ ပိုက်ဆံရှာတဲ့အခါ တစ်ခါတစ်ခါ ရိုးသားမှုဟာ ပျောက်ဆုံးနေတတ်တယ်။ဒါပေမဲ့ နောက်စဉ်းစား မိတာလေးကလည်း တချို့များ ပိုက်ဆံတွေ ထားစရာနေရာ မရှိလောက်အောင် ပေါများနေပါရဲ့နဲ့ ဘာလို့များ ရိုးသားမှုတွေက ပျောက်ဆုံးနေပြန်ရတာလဲလို့ တွေးမိပါတယ်။အကြောင်းတော့ရှိမှာပေါ့လေ။ သေချာတာကတော့ သေရွာကို ဘယ်သူမှယူသွားလို့ မရဘူးဆိုတာပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၇)
“ေျမြဖမ္း၊ ဖားဖမ္း၊ ပုတ္သင္ဖမ္းမယ္”
ကြၽန္ေတာ္တို႔ စက္မႈလယ္ယာမွာ ဦးစီးမႉးေနဖို႔ အေဆာက္အအုံတစ္လုံးကို ႐ုံးဝင္းရဲ႕ အေနာက္ေျမာက္ ေထာင့္မွာ ေဆာက္ေပးထားတယ္။ေျခာက္ခန္းတြဲ လိုင္းခန္းေတြရဲ႕ေ႐ွ႕ ကိုက္ႏွစ္ဆယ္ေက်ာ္ အကြာေလာက္မွာ ႐ွိၿပီး ႐ုံးဝင္းဝင္ေပါက္ရဲ႕ ေျမာက္ဘက္ဘက္မွာ ႐ွိပါတယ္။ေတာင္ဘက္ကို မ်က္ႏွာမူထားတယ္။ ေႁမြဖမ္း၊ဖားဖမ္း၊ ပုတ္သင္ညိဳဖမ္းတာေတြဟာ အဲဒီအိမ္က စရမွာပါ။
စက္မႈလယ္ယာမွာ တာဝန္လာက်တဲ့ ဆရာႏွစ္ေယာက္႐ွိတယ္။ ဦးစီးမႉးက ဦးျမတ္ခင္၊ဒုဦးစီးမႉးက ဦးရဲသိန္း။
ဦးျမတ္ခင္က အိမ္ေထာင္နဲ႔ပါ။ ဒါေပမဲ့ သူကမိသားစုေတြ ေခၚမလာပါဘူး။ ဘယ္နယ္ကလာလည္းေတာင္ မမွတ္မိေတာ့ပါဘူး။
ဦးရဲသိန္းကေတာ့ လူပ်ိဳလူလြတ္ပါ။ရန္ကုန္ကေနလာတာ။ကြၽန္ေတာ္တို႔ညီအစ္ကိုေတြ ရန္ကုန္ေရာက္ရျခင္းရဲ႕ အေၾကာင့္က ဆရာဦးရဲသိန္းရဲ႕ ေက်းဇူးေၾကာင့္ပါပဲ။ေနာက္ပိုင္း ဆရာဦးရဲသိန္းရဲ႕ အေၾကာင္းက ဒီေဆာင္းပါးစဥ္မွာ အေၾကာင္းသင့္ဦးမယ္ထင္ပါတယ္။
အခုသူတို႔ေနမယ့္ အိမ္ႀကီးက အခန္းသုံးခန္းပါေတာ့ သူတို႔ႏွစ္ေယာက္ တစ္ေယာက္တစ္ခန္းေနၾကတယ္။ လူေတြက အိမ္မွာအၿမဲ႐ွိ မေနၾကေတာ့ အိမ္ႀကီးဟာ ေျခာက္ေျခာက္ကပ္ကပ္နဲ႔ျဖစ္ေနတာေပါ့။ အိမ္ေလွကားက ဆင္းလို႔ ေလးငါးဆယ္လွမ္းေလာက္လွမ္းရင္ပဲ ဝန္ထမ္းေတြအလုပ္လုပ္တဲ့ ႐ုံးဝင္းထဲ ေရာက္ပါေရာလား။
သူတို႔ ႐ုံးဝင္းထဲသြားေနရင္ အိမ္မွာဘယ္သူမွမ႐ွိေတာ့ဘူး။လႈပ္႐ွားမႈမ႐ွိဘဲ တိတ္ဆိတ္ၿငိမ္သက္ေနေတာ့ အိမ္ထဲကို အေကာင္ပေလာင္ေလးေတြဟာ ခိုေအာင္းတတ္တယ္မို႔လား။သစ္သားအေဆာက္အအုံေတြဆိုေတာ့ နံရံသစ္သားျပားေတြကို တစ္ျပားနဲ႔တစ္ျပား ထိပ္ခ်င္းထပ္ၿပီး ႐ိုက္ကာထားေတာ့ ေစ့ပိတ္မေနဘူးေလ။
ေႁမြေတြ၊ပုတ္သင္ညိဳေတြဟာ အဲဒီအေပါက္ေတြကပဲ ဝင္သလားမသိပါဘူး။ျမက္ေ႐ွာပဲေခၚမလား၊ ေႁမြစိမ္းၿမႇီးေျခာက္ပဲေခၚမလား လက္သန္း လက္မေလာက္႐ွိတဲ့ ေႁမြေတြဟာ တံခါးၾကားေတြထဲမွာ ခိုေအာင္းေနၾကတာကိုေတြ႕ရတယ္။ပုတ္သင္ညိဳေတြေရာေပါ့။ပုတ္သင္ညိဳေတြ႐ွိလို႔ပဲ ေႁမြေတြကလာတယ္ ထင္ပါတယ္ရဲ႕။
ဦးစီးမႉးေတြဆိုတာ ဝန္ထမ္းေတြရဲ႕ဆရာေတြျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔က အဲဒီအိမ္ကို မသြားျဖစ္ဘူး။သိပ္ၿပီး မလည္ဝံ့ဘူးဆိုပါေတာ့။ဦးစီးမႉးေတြဟာ ေဖေဖ ေမေမတို႔ထက္ငယ္ေပမယ့္ ေဖေဖေမေမတို႔က ေလးစားၾကတယ္။ အေႏွာင့္အယွက္မျဖစ္ေအာင္ ကြၽန္ေတာ္တို႔ကို မသြားခိုင္းဘူး။
ေနာက္ေတာ့ သူတို႔က ကြၽန္ေတာ္တို႔လို ကေလးေတြကိုလည္းခင္တာက တစ္ပိုင္း၊ကြၽန္ေတာ္တို႔ကလည္း သူတို႔ဝယ္ဖတ္တဲ့ မဂၢဇင္းေတြ စာေစာင္ေတြကို ဖတ္ခ်င္တာက တစ္ေၾကာင္းေၾကာင့္ သူတို႔အိမ္ ေရာက္ျဖစ္တယ္။လည္ျဖစ္တယ္။
ဦးစီးမႉးေတြသာျဖစ္တယ္ သူတို႔က လူငယ္ေတြသာသာ အသက္သုံးဆယ္ေက်ာ္ေက်ာ္ေလာက္ပဲ႐ွိမယ္။ လူငယ္စိတ္ သိပ္မေပ်ာက္ေသးဘူးဘဲ ေျပာရမွာေပါ့။တစ္႐ုံးလုံးက ဝန္ထမ္းေတြအပါအဝင္ ကြၽန္ေတာ္တို႔ပါ ဦးစီးမႉးေတြကို ဆရာလို႔ ေခၚပါတယ္။
ဆရာတို႔အိမ္ ကြၽန္ေတာ္တို႔သြားလည္ရင္ ကြၽန္ေတာ္က အားကစားဂ်ာနယ္တစ္ခုျဖစ္တဲ့ တံခြန္ဂ်ာနယ္ကို အားပါးတရဖတ္ခြင့္ရတယ္။တံခြန္ဂ်ာနယ္မွာဆိုရင္ အာႏိုးရဲ႕ ကာယဗလပုံမ်က္ႏွာဖုံးအျပည့္နဲ႔ ေဖာ္ျပထားေတာ့ ဆြဲေဆာင္မႈ႐ွိတယ္။ကြၽန္ေတာ့္အႀကိဳက္လည္း ျဖစ္ခဲ့တယ္။
ဆရာဦးရဲသိန္းက ကြၽန္ေတာ့္ညီေက်ာ္မိုးနဲ႔ လိုင္းခန္းထဲကပဲ သူ႕နဲ႔႐ြယ္တူ ေအာင္ေအးထြန္းဆိုတဲ့ေကာင္ကို နပမ္းလုံးခိုင္းတယ္။ႏိုင္တဲ့ေကာင္ ဆယ္ျပား၊႐ႈံးတဲ့ေကာင္ ငါးျပားနဲ႔ နပမ္းလုံးခိုင္းတတ္တယ္။ပထမေတာ့ အဲဒီႏွစ္ေကာင္ဟာ သူႏိုင္ငါႏိုင္ လုံးၾကတာေပါ့။လုံးတိုင္းလည္း ေအာင္ေအးထြန္းဆိုတဲ့ေကာင္က ႐ႈံးပါတယ္။
ေနာက္ေတာ့ ေအာင္ေအးထြန္းဆိုတဲ့ေကာင္က အနာခံၿပီး မလုံးေတာ့ဘူး။ ဆရာကနပမ္းလုံးခိုင္းရင္ ေက်ာ္မိုးက ဘာမွေတာင္ မလုပ္ရေသးဘူး သူကေက်ာ္မိုးလည္ပင္း အရင္ဖက္ၿပီး ပက္လက္လွန္ၿပီးလွဲခ်လိုက္တယ္။ ေအာက္ကေန ေနၿပီး ၿပီးရင္ အ႐ႈံးေပးလိုက္တယ္။ အဲဒီလိုေကာင္မ်ိဳးပါ။
ေနာက္ပိုင္း ဆရာတို႔အိမ္က လည္အိမ္ပတ္အိမ္၊စားအိမ္ေသာက္အိမ္လို႔ေတာင္ ေျပာရမလိုပါဘဲ။စာဖတ္ခ်င္ရင္ ဆရာအိမ္သြားလည္ေတာ့တာပဲ။
ေနာက္ပိုင္း ဆရာနဲ႔ အလြန္ရင္းႏွီးလာေတာ့ ဆရာက အိမ္ထဲဝင္ေနတဲ့ အေကာင္ပေလာင္ေတြဖမ္းခိုင္းတယ္။ ပုတ္သင္ညိဳတစ္ေကာင္ တစ္မတ္၊ေႁမြတစ္ေကာင္ငါးမူးေပးၿပီး ဖမ္းခိုင္းတယ္။ဖားတစ္ေကာင္ဆယ္ျပား။
အုန္း႐ြက္မွာ အုန္းတံျမတ္စည္းလုပ္တဲ့ အေၾကာေလးေတြ႐ွိတယ္မို႔လား။အဲဒီအေၾကာေလးကို သပ္ယူၿပီး ကြင္းေလ်ာေလးလုပ္ထားတယ္။ၿပီးေတာ့တံခါးၾကားေတြ၊နံရံေတြနဲ႔ တိုင္ေတြမွာတြယ္ကပ္ေနတဲ့ ပုတ္သင္ညိဳ ေတြကို အဲဒီကြင္းေလ်ာေလးနဲ႔ ေခါင္းကိုစြပ္ၿပီး ဆြဲလိုက္ရင္ ကားကနဲပါလာပါေတာ့တယ္။ အဲဒီလိုလုပ္ၿပီး ဖမ္းတယ္။
ေႁမြေတြကိုေတာ့ လက္နဲ႔ဒီတိုင္းလည္းဖမ္းတယ္။ တစ္ခါတစ္ရံ တုတ္နဲ႔ ခတ္ဆက္ဆက္ေလး႐ိုက္ၿပီးဖမ္းတယ္။ ကိုယ္ဖမ္းလို႔ရတဲ့ အေကာင္ေတြ ဆရာ့ကိုျပရတယ္။အဲဒီေတာ့မွ ဆရာက ပိုက္ဆံေပးတယ္။
ဆရာတို႔ေနတဲ့အိမ္က မီးဖိုေဆာင္က အထဲမွာမ႐ွိပါဘူး။အိမ္ရဲ႕ေျမာက္ဖက္မွာ အိမ္မႀကီးနဲ႔ တြဲဆက္ထား ပါတယ္။ အဲဒီမီးဖိုေဆာင္ရဲ႕ အေ႐ွ႕ဘက္မွာ သုံးေရအတြက္ အုတ္ကန္တစ္ကန္႐ွိတယ္။ ဖားေတြကိုေတာ့ အုတ္ကန္မွာ႐ွိတဲ့ အဝတ္ေလ်ာ္တဲ့ ၾကမ္းခင္းရဲ႕ေအာက္မွာ႐ွိတယ္။ၾကမ္းခင္းနဲ႔ ေျမျပင္ဟာ ေရတိုက္စားထား ေတာ့ တခ်ိဳ႕ေနရာေတြက လြတ္ေနတာေပါ့။ အဲဒီလြတ္ေနတဲ့ ေနရာေတြမွာ ဖားျပဳတ္ေတြဟာ ခိုေအာင္းေန တာေပါ့။မီတဲ့ေကာင္ေတြကို လက္နဲ႔ပဲဖမ္းပါတယ္။ လက္နဲ႔ ႏိႈက္မရေတာ့ဘူးဆိုရင္ တုတ္နဲ႔ကေလာ္ေတာ့တာပဲ။
ဒီလိုကြၽန္ေတာ္တို႔ ဖမ္းပုံမ်ိဳးနဲ႔ ေႁမြေတြ၊ဖားေတြ၊ပုတ္သင္ညိဳေတြဟာ ဆရာတို႔အိမ္မွာ ကုန္သြားေတာ့တာေပါ့။ ကုန္သြားေတာ့ ပိုက္ဆံမရေတာ့ဘူးေပါ့။ပိုက္ဆံမ႐ွိေတာ့ စာအုပ္ငွားဖတ္ခ်င္တာ၊ဗီဒီယိုၾကည့္ခ်င္တာေတြက မၾကည့္ရေတာ့ဘူးေပါ့။
ေနာက္ေတာ့ အနီးအနားက အပင္ေတြက ပုတ္သင္ညိဳေတြ၊ဖားေတြကို ႐ွာဖမ္းၿပီး ဆရာကို သြားျပရင္ ဆရာက မုန္းဖိုးေပးပါတယ္။ “မင္းတို႔ရဲ႕အေကာင္ေတြကလည္း မကုန္ႏိုင္ပါလားကြ” ဆိုၿပီး ေျပာေတာ့မွ ကြၽန္ေတာ္လည္း ေႁမြဖမ္း၊ဖားဖမ္း၊ပုတ္သင္ဖမ္းတဲ့ အလုပ္ကို ရပ္လိုက္ရတယ္။
ပိုက္ဆံလိုလို႔ ပိုက္ဆံ႐ွာတဲ့အခါ တစ္ခါတစ္ခါ ႐ိုးသားမႈဟာ ေပ်ာက္ဆုံးေနတတ္တယ္။ဒါေပမဲ့ ေနာက္စဥ္းစား မိတာေလးကလည္း တခ်ိဳ႕မ်ား ပိုက္ဆံေတြ ထားစရာေနရာ မ႐ွိေလာက္ေအာင္ ေပါမ်ားေနပါရဲ႕နဲ႔ ဘာလို႔မ်ား ႐ိုးသားမႈေတြက ေပ်ာက္ဆုံးေနျပန္ရတာလဲလို႔ ေတြးမိပါတယ္။အေၾကာင္းေတာ့႐ွိမွာေပါ့ေလ။ ေသခ်ာတာကေတာ့ ေသ႐ြာကို ဘယ္သူမွယူသြားလို႔ မရဘူးဆိုတာပါပဲ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com