ဥယျာဉ်ခြံမြေ ဝယ်သည့်အခါ လယ်/စီ ရုံးကို အရင်သွားလိုက်ပါ။
ဥယျာဉ်ခြံမြေ ဝယ်သည့်အခါ လယ်/စီ ရုံးကို အရင်သွားလိုက်ပါ။ - Property Knowledge in Myanmar from iMyanmarHouse.com
22 May 2023 12:08 pm တွင် တင်ခဲ့သည်
778 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
မကြာသေးမီက အိမ်ခြံမြေဝယ်ရောင်းအမျိုးသမီးငယ် တစ်ဦးဖြစ်သည့် “မအေးမြတ်သူဇာ” တစ်ယောက် “မောင်ကောင်းဖေ” ရုံးမသွားမီ အိမ်သို့ အစောကြီးရောက်လာသည်။
“မသူဇာ ထိုင်ပါ “ အရေးတကြီးအကြောင်းရှိလို့လား ဟင် “ အရေးကြီးတယ်ဆရာ ” ဆရာရုံးသွားရင် နောက်ကျသွားမှာ စိုးလို့ အခုလို စောလာခဲ့ရတာပဲဆရာ” “အခုတလော အိမ်ခြံမြေအရောင်းအဝယ်တွေ အေးနေတော့ ဘယ်မှာ အရောင်းအဝယ်တွေသွားလုပ်နေတုန်း ညီမရဲ့” ဟု မောင်ကောင်းဖေ ကစကား စလိုက်သည်နှင့် “ အဲဒီအရောင်းအဝယ်ကိစ္စလာတာပဲဆရာ ဟုပြောကာ အသင့်ပါလာသော အိမ်ခြံမြေအရောင်းအဝယ်စာချုပ်များနှင့် ရောင်းသူ၏ မှတ်ပုံတင်မိတ္တူ ၊ သန်ခေါင်းစာရင်း မိတ္တူ ၊ မှတ်ပုံတင် အထွေထွေကိုယ်စားလှယ်လွှဲစာ လယ်မြေခွန်ပြေစာ မိတ္တူ နှင့် ရောင်းသူထံမှ စွန့်လွှတ်ရောင်းချကြောင်း တရားရုံး ကျမ်းကျိန်လွှာတို့ကို ထုတ်ပြသည်။
ဥယျာဉ်ခြံမြေကို “G” အမျိုးအစား မြေလို့ သတ်မှတ်တယ်
“ဆရာ အဲဒီစာရွက်စာတမ်းတွေပြည့်စုံမှုရှိမရှိ စစ်ဆေးပေးပါဦးရှင်” မောင်ကောင်းဖေလည်း မြေနှင့်အိမ် အရောင်းအဝယ်ပြုလုပ်ထားသည့် စာရွက်စာတမ်းများ ဆက်စပ်မှုရှိမရှိ ကွင်းဆက် မိ, မမိ တစ်ရွက်ခြင်း လှန်လှော ကြည့်နေမိသည်။ “မသူဇာ” ဝယ်ထားသောမြေမှာ ဥယျာဉ်ခြံမြေ “G” အမျိုးအစားမြေမျိုးဖြစ်သည်။ ထိုမြေမျိုးကို ရွာမြေများတွင် ပြေစာထုတ်ပေးသည် ကိုတွေ့ရသည်။ ထိုကြောင့် ပါမစ်မြေ ဂရန်မြေ ဘိုးဘွားပိုင်မြေတို့ ကဲ့သို့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ အတိအကျမရှိဘဲ အဆက်အစပ် ပြတ်နေသည်ကို တွေ့ရသည်။
တစ်ချိန်က လယ်မြေ ယခုတော့ ရွာမြေ
ဝယ်ထားသည့် မြေနှင့်အိမ်မှာ မှော်ဘီမြို့နယ် ရန်ကုန် - ပြည်ကားလမ်းဘေးရှိ ရွာမြေဖြစ်သည်။ လယ်ပြေစာအရ အမည်ပေါက် လယ်သမားကြီး “ဦးလှ” ဖြစ်ပြီး မြေအကျယ် (၅၀) ဧက ဟု ဖော်ပြထားသည်။ ကွင်းအမှတ်ကိုကြည့်လိုက်ရာ ယင်းကွင်းမှာယခုအခါ ရွာကြီးတစ်ရွာဖြစ်နေပြန်သည်။ လယ်သမားကြီး “ဦးလှ” အမည်ပေါက်ခဲ့သော လယ်ကွက်ကြီးမှာ ယခုအခါ ရွာကွက်ကြီးဖြစ်နေပုံရသည်။
မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ၁၉၉၂- ၉၃ ခုနှစ်က ထုတ်ပေးခဲ့သော ပြေစာ မိတ္တူကိုလည်း တွေ့ရသည်။
“မသူဇာ” ပြသသော အရောင်းအဝယ်စာချုပ်အရ “ ဦးဘမော်” ထံမှ “ဦးရွှေအောင်” ကဝယ်ယူခဲ့ပြီး “ဦးရွှေအောင်” ထံမှ “မအေးမြတ်သူဇာ” က နောက်ဆုံး ဝယ်ယူထားသည့် စာချုပ်များကိုတွေ့ရသည်။
“မသူဇာ” မှ စာချုပ်ခိုင်မာမှုရှိရန်ဆိုကာ အရပ်ကတိဖြင့်ချုပ်ဆိုထားသော အိမ်နှင့်မြေ အရောင်းအဝယ်စာချုပ် အပြင် ရောင်းသူ “ဦးရွှေအောင်” ထံမှ အပြီးအပိုင်ရောင်းချခြင်းဖြစ်ကြောင်း ကျမ်းကျိန်လွှာ လုပ်ပေးထားသည်။ ထိုထက်ပို၍ ခိုင်မာအောင် ဟုဆိုကာ ရန်ကုန်မြို့စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင်း” ဦးရွှေအောင်” က အထွေထွေကိုယ်စားလှယ်လွှဲစာ လုပ်၍ “မအေးမြတ်သူဇာ” အား လွှဲပေးထားသေးသည်ကိုလည်း တွေ့ရသည်။
အဆိုပါ အထောက်အထားများမှာ ရောင်းသူ “ ဦးရွှေအောင်” အမည်ပေါက် ပါမစ် (သို့) ဂရန် များကို ဝယ်ယူသည့်အခါ ရောင်းသူကိုယ်စားဆောင်ရွက်နိုင်ရန် SP , GP ပါဝါ ယူထားတာမျိုးလုပ်သည့် ပုံစံဖြစ်သည်။
ယခုမြေနှင့် အိမ်အရောင်းအဝယ်စာချုပ်မှာ ရောင်းသူထံက GP ပါဝါယူထားသော်လည်း ယင်း GP ပါဝါမှာ ဝယ်ထားသော မြေနှင့်တိုက်ရိုက်မသက်ဆိုင်ဘဲ ရောင်းသူပိုင် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းအားလုံးနှင့် သက်ဆိုင်နေသဖြင့် ယခုဝယ်ယူသော မြေနှင့်အိမ်အတွက် တိုက်ရိုက်လွှဲအပ်သည်ဟု မဆိုနိုင်သွယ်ဝိုက် သည့် သဘောသာဖြစ်သည်။
သို့သော် အဆိုပါမြေနှင့်အိမ်ကို ရောင်းသူက ဝယ်သူ သို့ အပြီးအပိုင်း ရောင်းချပြီးဖြစ်၍ ရောင်းသူပိုင်ပစ္စည်း မဟုတ်တော့ကြောင်း ဝယ်သူပိုင်ပစ္စည်းမြေနှင့်အိမ်ဖြစ်သွားပြီး ဖြစ်ကြောင်း ရောင်းသူက ကျမ်းကျိန်ချက်ပါဝင်နေ၍ ရောင်းသူ ပေးထားသော GP ပါဝါကို ထောက်ခံပေးထားသည့်ကိုတွေ့ရသဖြင့် အားကိုအားထားတစ်ခုတော့ရသည်။ အမှန်တကယ်မှာ ယင်းသို့ GP ပါဝါပေးသည့်နေ့က ကျမ်းကျိန်ပါ တွဲ၍ မှတ်ပုံတင်ထားသင့်သည် (ယင်းသို့ ကျမ်းကျိန်ကို စာချုပ်ရုံး၌ မှတ်ပုံတင်သွင်းထားလိုက်လျင် ဝယ်သူအဖို့ သက်သေခံအထောက်အထား ပိုမိုခိုင်မာသွားပါသည်။
အိမ်ရောင်းသူကို အိမ်ငှါးပြန်မထားသင့်
နှစ်ဦးသဘောတူ မြေနှင့်အိမ်အရောင်းအဝယ် စာချုပ်ကိုမူ တစ်နယ်ထဲ တစ်မြို့ထဲ သားများ ဖြစ်၍ ဟုဆိုကာ အသိသက်သေ (၂) ဦးရှေ့တွင် ချုပ်ဆိုးထားသည်ဟု ဆိုသည်။ ဝယ်သူဘက်မှ ထို့ထက်ပို၍ ရိုးသားလွန်သည်ကာ ရောင်းသူများကို တစ်နှစ် တိတိ အခမဲ့နေထိုင်ခွင့်ပြုသည့် စာချုပ်ချုပ်ဆို၍ အဆိုပါ ရောင်းသည့်မြေနှင့်အိမ်ပေါ်တွင် နေခွင့်ပြုထားခြင်ပင်ဖြစ်သည်။ ထိုစာချုပ်ကိုတွေ့သည်နှင့် “မောင်ကောင်းဖေ” လည်း “မအေးမြတ်သူဇာ” အတွက် အလွန်အမင် စိတ်ပူသွားသည်။
“ မသူဇာ ရယ် ကိုယ်ဝယ်ထားတဲ့ မြေနှင့်အိမ်ပေါ်မှာ ရောင်းသူတွေကို ဘာလို့ အခမဲ့ တစ်နှစ် ပြန်ထားရတာလဲ ဟု ဂရုဏဒေါသောဖြင့် မေးကြည့်လိုက်သည့်အခါ ရောင်းသူက ဘယ်နေရာအရွှေ့အပြောင်း အခက်အခဲရှိလို့ အိမ်ကို ဒီအတိုင်းပြစ်ထားမယ့်အစား ၊ ညီမတို့ လာမနေနိုင်ခင်စပ်ကြား အိမ်စောင့်ပေးရင်း တစ်နှစ်လောက်နေပါစေ လို့ တောင်းပန်တာနဲ့ ကျွန်မတို့လည်း နေခွင့်ပြုလိုက်တော့တာပဲရှင် ” ” “ မောင်ကောင်းဖေ တွေဝေသွားသည်ကို အကဲခတ်မိသော “မအေးမြတ်သူဇာ” က “ဆရာရယ် ဥပဒေကြောင်းအရ ခိုင်လုံပါမလား “အခမဲ့” နေထိုင်ခွင့်ပြုတဲ့ စာချုပ်ကတော့ ပြည့်စုံရဲ့လားရှင်” “ အင်း … အခုကြည့်ရတဲ့စာချုပ် အဆက်အစပ်တွေအရ အတော်ပြည့်စုံပါတယ်၊ အညာသူ အညာသားတွေ ဖြစ်လို့ ကတိတည်ကြလ်ိမ့်မယ်လို့ ယုံကြည်ပါတယ် ” “ ဒါပေမဲ့ လူဆိုတာ ပုထုဇဉ် မျိုးတွေ လောဘသားတွေဆိုတော့ အိမ်ကဆင်းမပေးကြလို့ တရားရုံမှာတရားစွဲပြီး ဖယ်ခ်ိုင်းရတဲ့ သာဓကတွေလည်း ဥပဒေမှာအထင်အရှား ရှိနေတယ်ကွဲ။ ဆရာကိုမေးတော့လည်း ပြောရတာပေါ့ ”
“ မသူဇာ ” နဲ့ “ဦးရွေွှအောင်” တို့ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ သူ့ဘက်ကိုယ့်ဘက်ပါလာတဲ့ သက်သေ (၂)ယောက်ကလွှဲလို့ အခြားသက်သေပါတာ မတွေ့ရဘူး။
မြေအမျိုးအစားကလည်း ရွာမြေ၊ ဥယျာဉ်ခြံမြေ အဆင့်ပဲရှိသေးတယ်ဆိုတော့ စာချုပ်ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုဖို့ စာရွက်စာတမ်း အထောက်အထားမပြည့်စုံဘူးလေ။ အမှန်တကယ်ကတော့ ဒီလို အရပ်ကတိအရောင်းအဝယ်စာချုပ်ချုပ်ဆိုရင် လူသိရှင်ကြား ဖြစ်ဖို့လိုတယ်လေ။ အိမ်နီးနားချင်တွေ အသိသက်သေခေါ်ဖို့ အခက်အခဲရှိရင် လမ်းမှူးတို့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ကိုယ်တိုင် အသိသက်သေလက်မှတ်ထိုးပေးရင် ပိုပြီး ပြည့်စုံတာပေါ့။
“ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မေးကြည့်ပါ မြေပိုင်ဆိုင်မှု စာချုပ်အဆက်အစပ်နဲ့ ဦးပိုင် မြေအမည်ပေါက်သူရဲ့ မြေဧရိယာအတွင်း ပါမပါ ။ မိမိအမည်ပေါက်ဖြစ်ချင်ရင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှာ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာတွေ တခါတည်း မေးမြန်းရမယ် ထောက်ခံချက်လိုအပ်ရင် အုပ်ချုပ်ရေးမှူးထံမှာ တစ်ခါတည်း မေးမြန်ရမယ်။ ထောက်ခံချက်လိိုအပ်ရင် အုပ်ချုပ်ရေးမှူးထံမှာ တစ်ခါတည်းတောင်ယူခဲ့ပေါ့။ ဒါဆိုရင် မိမိတကယ်တန်း သွားရောက်နေထိုင်တဲ့အခါကျရင် အားလုံးဆွေမျိုးတွေလို ဖြစ်သွားတာပေါ့။”
“ ကောင်းပါပြီရှင် ဆရာပြောတဲ့အတိုင်း ဆောင်ရွက်နိုင်အောင်ဒီနေ့ပဲ ကျွန်မ အမျိုးသားခေါ်ပြီးသွားလိုက်ပါမယ်ရှင်”့ ဟု ကတိပြုပြီး “ မောင်ကောင်းဖေ ” အား ညဏ်ပူဇော်ခ ပေးကာ ပြန်သွားပါတော့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“ မသူဇာ ရယ် ကိုယ်ဝယ်ထားတဲ့ မြေနှင့်အိမ်ပေါ်မှာ ရောင်းသူတွေကို ဘာလို့ အခမဲ့ တစ်နှစ် ပြန်ထားရတာလဲ ဟု ဂရုဏဒေါသောဖြင့် မေးကြည့်လိုက်သည့်အခါ ရောင်းသူက ဘယ်နေရာအရွှေ့အပြောင်း အခက်အခဲရှိလို့ အိမ်ကို ဒီအတိုင်းပြစ်ထားမယ့်အစား ၊ ညီမတို့ လာမနေနိုင်ခင်စပ်ကြား အိမ်စောင့်ပေးရင်း တစ်နှစ်လောက်နေပါစေ လို့ တောင်းပန်တာနဲ့ ကျွန်မတို့လည်း နေခွင့်ပြုလိုက်တော့တာပဲရှင် ” ” “ မောင်ကောင်းဖေ တွေဝေသွားသည်ကို အကဲခတ်မိသော “မအေးမြတ်သူဇာ” က “ဆရာရယ် ဥပဒေကြောင်းအရ ခိုင်လုံပါမလား “အခမဲ့” နေထိုင်ခွင့်ပြုတဲ့ စာချုပ်ကတော့ ပြည့်စုံရဲ့လားရှင်” “ အင်း … အခုကြည့်ရတဲ့စာချုပ် အဆက်အစပ်တွေအရ အတော်ပြည့်စုံပါတယ်၊ အညာသူ အညာသားတွေ ဖြစ်လို့ ကတိတည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ”
“ ဒါပေမဲ့ လူဆိုတာ ပုထုဇဉ် မျိုးတွေ လောဘသားတွေဆိုတော့ အိမ်ကဆင်းမပေးကြလို့ တရားရုံမှာတရားစွဲပြီး ဖယ်ခိုင်းရတဲ့ သာဓကတွေလည်း ဥပဒေမှာအထင်အရှား ရှိနေတယ်ကွဲ။ ဆရာကိုမေးတော့လည်း ပြောရတာပေါ့ ” “ မသူဇာ ” နဲ့ “ဦးရွှေအောင်” တို့ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ သူ့ဘက်ကိုယ့်ဘက်ပါလာတဲ့ သက်သေ (၂)ယောက်ကလွှဲလို့ အခြားသက်သေပါတာ မတွေ့ရဘူး။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Grand Aung Thar Yar
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service