မှတ်သားဖွယ် ဥပဒေရေးရာ ပါမစ်မြေအတွက် မြေပုံထုတ်လိုတဲ့အခါ......

မှတ်သားဖွယ် ဥပဒေရေးရာ ပါမစ်မြေအတွက် မြေပုံထုတ်လိုတဲ့အခါ...... - Property Knowledge in Myanmar from iMyanmarHouse.com
21 May 2023 11:25 am တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

iMyanmarHouse.com ရဲ့ Page Message Box ဆီသို့ မေးမြန်းလာကြတဲ့ မေးခွန်းတွေထဲမှာ ပိုင်ဆိုင်ခွင့်နဲ့ ဆက်နွယ်တဲ့ မေးခွန်းများဟာ အမေးအများဆုံးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သေတမ်းစာရေးပြီး မြေနှင့်အိမ်ပေးခဲ့ပါက ပိုင်ဆိုင်ခွင့် ချက်ချင်း ရ၊မရ ဆိုတဲ့ မေးခွန်းအပါအဝင် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေသုံးခုကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) - ပါမစ်မြေအတွက်မြေပုံထုတ်လိုပါက မည်သို့လျှောက်ထားရမည်နည်း။

 

ပါမစ်မြေအတွက် မြေပုံထုတ်ယူလိုပါက အမည်ပေါက်ပါမစ်ချထားသူ (သို့) ၎င်း၏ GP (သို့) SP လွှဲစာရရှိထားသူတို့မှ သက်ဆိုင်ရာမြို့နယ်မြေစာရင်းရုံးတွင် မြေပုံထုတ်ယူနိုင်သည်။ လျှောက်ထားသူသည် အောက်ပါ စာရွက်စာတမ်းများအား ပူးတွဲတင်ပြကာ မြေပုံအားထုတ်ယူရပါမယ်။

(၁)။ မြေချပါမစ်

(၂)။ နိုင်ငံသားစီစစ်ရေးကတ်ပြား(သို့)အမျိုးသားမှတ်ပုံတင်ကတ်ပြားတို့ဖြစ်ပါတယ်။

ထို့သို့ဖော်ပြပါ စာရွက်စာတမ်းများနှင့် ပူးတွဲတင်ပြကာ မြေပုံလျှောက်ထားလာပါက ဌာနမှ အရင်ဆုံး လျှောက်လွှာပုံစံပြည့်စုံခြင်းရှိမရှိစစ်ဆေးပါတယ်။ထို့ပြင် လျှောက်လွှာတင်သူယူဆောင်လာသော ပါမစ်မူရင်းများကို စစ်ဆေးပါတယ်။မှတ်ပုံတင်အား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီး ဝန်ဆောင်ခ ပေးသွင်းခြင်းရှိမရှိလဲစစ်ဆေးမူပြုကာ အခွန်ခွဲဝေစည်းကြပ်ပုံစာရင်းမှ မူလမြေချထားပေးခြင်းခံရသူအမည်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ၊မြေစာရင်းတွင် ဂရန်ထုတ်ပေးထား ခြင်း ရှိမရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ပါတယ်။

ဂရန်ထုတ်ပေးထားခြင်းမရှိပါက မြေတိုင်းမှ လျှောက်ထားသည့်မြေအား သက်သေခံမြေပုံရေးဆွဲခြင်း ဆက်လက်ဆောင်ရွက်ပေးပါတယ်။ ထို့ပြင် မြေပုံနှင့်ပတ်သတ်၍ အဆင့်ဆင့် စီစစ်ပြီး ခွင့်ပြုမိန့်ရယူခြင်းနှင့် မြေပုံတွင် လက်မှတ်ရေးထိုးခြင်းများလဲ ဆောင်ရွက်ပေးပါတယ်။

လိုင်စင်မြေကိုလဲအမည်ပေါက်(သို့)၎င်း၏အထူးကိုယ်စားလှယ်လွှဲစာ/အထွေထွေကိုယ်စားလှယ်လွှဲစာရရှိသူတို့မှသာ မြေပုံလျှောက်ထားနိုင်ပြီး ထိုသို့ လျှောက်ထားလာပါက မြေတိုင်းတာမြေပုံကိုသာ ထုတ်ပေးပြီး ကျန်မြေပုံ မြေရာဇဝင် ရေးကူးခွင့်မပြုပါ။

 

 

မေးခွန်း (၂) - မြေအမည်ပေါက်ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝင်ပျက်ပြယ်နိုင်ပါသလား။

မြေအမည်ပေါက်မြေပိုင်ရှင် ကွယ်လွန်ပါက ၎င်း၏ကိုယ်စား ဆောင်ရွက်ခွင့်ပြုထားသူ ကိုယ်စားလှယ်လွှဲစာလဲ ပျက်ပြယ်ပါတယ်။ တရားမကျင့်ထုံးဥပဒေ အမိန့်-၃၊နည်း-၂အရ ကိုယ်စားလှယ်စာရသူဆိုသည်မှာ အသက်ရှင်လျှက်ရှိသည့်အမှုသည်တစ်ဦးဦး၏ ကိုယ်စားအမှုတွင် လိုက်ပါဆောင်ရွက်စေရန် ကိုယ်စားလှယ်စာရသူကို ဆိုလိုသည်။အခွင့်ရကိုယ်စားလှယ်တစ်ဦးသည် အသက်ရှင်လျှက်ရှိသူအမှုသည် ကိုယ်စားသာ ဆောင်ရွက်ခွင့်ရှိသည်။ (ဒေါ်ရင် မေနှင့် ဦးမင်းဒင်)၁၉၈၂၊မတစ၊၈၂

ထို့ပြင် အထူးကိုယ်စားလှယ်လွှဲစာ၊အထွေထွေကိုယ်စားလှယ်လွှဲစာတို့တွင် အကြီးအကဲ လွှဲအပ်ပေးသူ၊(သို့) ရောင်းချသူပိုင်ရှင်ဟာသေဆုံးခြင်း(သို့)စိတ်ပေါ့သွပ်ခြင်းဖြစ်ပါက(သို့)ထောင်နှစ်ရှည်ကျလျှင်ဖြစ်စေ၊လူမွဲဖြစ်ကြောင်းစီရင်ဆုံးဖြတ်ပေးသည့်အခါတွင်ဖြစ်စေ ကိုယ်စားလှယ်လွှဲစာ ပျက်ပြယ်ပါတယ်။ကိုယ်စားလှယ်လွှဲစာကို စနစ်တကျ ရုတ်သိမ်းသည့် အခါတွင်လဲ ကိုယ်စားလွှဲစာ ပျက်ပြယ်ပါတယ်။

မှတ်ပုံတင်အက်ဥပဒေ-၃၃အရ အိမ်ခြံမြေများအား စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်ပင် Gp ,SP လွှဲအပ်ရပါမည်။ထို့ပြင် အိမ်ခြံမြေများတွင် ကိုယ်စားလှယ်လွှဲစာပျက်ပြယ်ပါက အမည်ပေါက်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ တရားရုံး၏အမိန့်ဖြင့် အနိုင်ဒီဂရီရယူကာ ဝယ်ယူသူအမည်ပြောင်းလဲရေး ဆက်လက်ဆောင်ရွက်ရမည်သာ ဖြစ်ပါ တယ်။

အမိန့် - ၃၊နည်း ၁နှင့်၂အရ အခွင့်ရကိုယ်စားလှယ်သည် တရားရုံးသို့ လာရောက်ခြင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း ရှေ့နေကဲ့သို့ စစ်ဆေးလျှောက်လဲချက်ပေးခြင်းကို လိုင်စင်မရှိဘဲပြုလုပ်ခွင့်မရှိချေ။ (ဦးကြင်စိန်ပါ-၂နှင့် ဒေါ်အေးစပယ်ဝင်း)၂၀၀၉၊မတစ၊၁၅

ထို့ပြင် ကိုယ်စားလှယ်နှင့် တရားဝင်ကိုယ်စားလှယ်မတူညီပါ။ တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၁၁)အရ တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ အမှုအတောအတွင်း သေဆုံးသွားသော အမှုသည်၏ နေရာတွင် အမှုသည်၏ကိုယ်စားပါဝင်ခွင့်ရသူကို ဆိုလိုသည်။ (ဒေါ်ရင်ရင်မေနှင့် ဦးမင်းဒင်)

 

 

မေးခွန်း (၃) - သေတမ်းစာရေးပြီး မြေနှင့်အိမ်ပေးခဲ့ပါက ပိုင်ဆိုင်ခွင့်ချက်ချင်းရပါသလား။

 

သေတမ်းစာဆိုသည်မှာ သေတမ်းစာရေးသူသေဆုံးသည့်အခါ ၎င်းပိုင်ပစ္စည်းကို မည်သို့ မည်ပုံခွဲဝေလို ကြောင်း သေသူ၏ ဆန္ဒ၊ရည်ရွယ်ချက်ကို ထုတ်ဖော်ပေးသည့် ကြေညာစာတမ်းဖြစ်ပါသည်။ မြန်မာဗုဒ္ဓဝင်များသည် သေတမ်းစာရေးခွင့်မရှိပါ။မဟာမေဒင်မွတ်စလင်၊ ခရစ်ယာန် ၊ဟိန္ဒူများမှာ သေတမ်းစာရေးခွင့်ရှိပါတယ်။ သေတမ်းစာအား မှတ်ပုံတင်ခွင့်ရှိသလို မတင်ရင်လဲရပြီး စည်းကမ်းသတ်ကာလတော့ မရှိပါ။

သေတမ်းစာရေးလိုသူသည် တစ်စုံတစ်ယောက်ကိုခေါ်ယူကာ မိမိပြောဆိုသည့်အတိုင်း ရေးသားနိုင်ပြီး အသိသက်များ ရှေ့တွင် လက်မှတ်ရေးထိုးခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။

ရူးသွပ်သူနှင့် အသက်မပြည့်သူ သေတမ်းစာရေးခွင့်မရှိပါ။သေတမ်းစာရေးသားပြီးပါက မှတ်ပုံတင်အရာရှိ ထံကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊အပ်နှံရမည်ဖြစ်ကာ စာအိတ်အား ချိပ်တံဆိပ်ခတ်နှိပ်ရမယ်။ ထိုစာအိတ်ပေါ်တွင် အမည် (သို့) ကိုယ်စားလှယ်အမည်နှင့် မည်သည့်စာချုပ်ဖြစ်ကြောင်း ဖော်ပြကာ မှတ်ပုံတင် အရာရှိမှလဲ မီးခံသေတ္တာတွင် ထည့်သွင်းသိမ်းဆည်းပေးရမည်။

သေတမ်းစာဖြင့် မြေနှင့်အိမ်ကို အမွေဆက်ခံခွင့်ရရှိပါက ပိုင်ဆိုင်ခွင့် ချက်ချင်းမရပါ။အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ-၂၂၂အရ ပစ္စည်းတည်ရှိရာ စီရင်ပိုင်ခွင့်အာဏာရ တရားရုံးတွင် သေတမ်းစာ ဆောင်ရွက်ခွင့် ပေးထားသူကသာ သေတမ်းစာ အတည်ပြုပေးရန်လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် သက်သေ(၂)ဦး၏ ဝန်ခံချက်ပါရှိရပါမည်။ သေ တမ်းစာ အတည်ပြုရန် အချိန်မရွေးလျှောက်ထားနိုင်ပြီး တရားရုံးက ထုတ်ပေးသည့် အတည်ပြုလက်မှတ် ဖြင့် အမွေဆက်ခံရပါသည်။ထို့ပြင် သေတမ်းစာပါ ကွယ်လွန်သူ ကျန်ရစ်ခဲ့သည့်ပစ္စည်းကို မှတ်ပုံတင်စာဖြင့် အမွေဆက်ခံ ကာ ရောင်းချလိုပါကလဲ ရောင်းချနိုင်ပါသည်။

မြန်မာဗုဒ္ဓဘာသာ၊မဟာမေဒင်မွတ်စလင်များနှင့် သေတမ်းစာ မရေးဘဲသေဆုံးသွားသော ခရစ်ယာန် အမွေရှင်များ ကျန်ရစ်သော အမွေဝေစုအား ရလိုလျှင် တရားရုံးတွင် အမွေပုံစီမံခန့်ခွဲမှုသာ တရားစွဲဆိုရမည်။

သေတမ်းစာမရှိပါက တရားရုံးမှ ကွယ်လွန်သူ၏ အမွေ ပစ္စည်းအား စီမံကာပစ္စည်းများအား ထိန်းသိမ်းခြင်း၊ ကြွေးမြီများအားပေး ဆပ်ခြင်း၊ ကွယ်လွန်သူ၏ ပစ္စည်းများကို ရလိုကြောင်း တောင်းဆိုခြင်းများကို စီစစ်၊ ဆောင်ရွက်ပေးကာ အမွေဆိုင် များကို အမွေခွဲဝေပေးခြင်းပြုပေးပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 [Zawgyi]

 

မွတ္သားဖြယ္ ဥပေဒေရးရာ ပါမစ္ေျမအတြက္ ေျမပုံထုတ္လိုတဲ့အခါ......

iMyanmarHouse.com ရဲ႕ Page Message Box ဆီသို႔ ေမးျမန္းလာၾကတဲ့ ေမးခြန္းေတြထဲမွာ ပိုင္ဆိုင္ခြင့္နဲ႔ ဆက္ႏြယ္တဲ့ ေမးခြန္းမ်ားဟာ အေမးအမ်ားဆုံးျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေသတမ္းစာေရးၿပီး ေျမႏွင့္အိမ္ေပးခဲ့ပါက ပိုင္ဆိုင္ခြင့္ ခ်က္ခ်င္း ရ၊မရ ဆိုတဲ့ ေမးခြန္းအပါအဝင္ သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖသုံးခုကို တင္ဆက္ေပးသြားမွာပဲျဖစ္ပါတယ္။

 

ေမးခြန္း (၁) - ပါမစ္ေျမအတြက္ေျမပုံထုတ္လိုပါက မည္သို႔ေလွ်ာက္ထားရမည္နည္း။

 

ပါမစ္ေျမအတြက္ ေျမပုံထုတ္ယူလိုပါက အမည္ေပါက္ပါမစ္ခ်ထားသူ (သို႔) ၎၏ GP (သို႔) SP လႊဲစာရ႐ွိထားသူတို႔မွ သက္ဆိုင္ရာၿမိဳ႕နယ္ေျမစာရင္း႐ုံးတြင္ ေျမပုံထုတ္ယူႏိုင္သည္။ ေလွ်ာက္ထားသူသည္ ေအာက္ပါ စာ႐ြက္စာတမ္းမ်ားအား ပူးတြဲတင္ျပကာ ေျမပုံအားထုတ္ယူရပါမယ္။

(၁)။ ေျမခ်ပါမစ္

(၂)။ ႏိုင္ငံသားစီစစ္ေရးကတ္ျပား(သို႔)အမ်ိဳးသားမွတ္ပုံတင္ကတ္ျပားတို႔ျဖစ္ပါတယ္။

ထို႔သို႔ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ားႏွင့္ ပူးတြဲတင္ျပကာ ေျမပုံေလွ်ာက္ထားလာပါက ဌာနမွ အရင္ဆုံး ေလွ်ာက္လႊာပုံစံျပည့္စုံျခင္း႐ွိမ႐ွိစစ္ေဆးပါတယ္။ထို႔ျပင္ ေလွ်ာက္လႊာတင္သူယူေဆာင္လာေသာ ပါမစ္မူရင္းမ်ားကို စစ္ေဆးပါတယ္။မွတ္ပုံတင္အား မူရင္းႏွင့္တိုက္ဆိုင္စစ္ေဆးၿပီး ဝန္ေဆာင္ခ ေပးသြင္းျခင္း႐ွိမ႐ွိလဲစစ္ေဆးမူျပဳကာ အခြန္ခြဲေဝစည္းၾကပ္ပုံစာရင္းမွ မူလေျမခ်ထားေပးျခင္းခံရသူအမည္ႏွင့္ တိုက္ဆိုင္စစ္ေဆးျခင္းမ်ား၊ေျမစာရင္းတြင္ ဂရန္ထုတ္ေပးထား ျခင္း ႐ွိမ႐ွိ စစ္ေဆးျခင္းတို႔ ေဆာင္႐ြက္ပါတယ္။

ဂရန္ထုတ္ေပးထားျခင္းမ႐ွိပါက ေျမတိုင္းမွ ေလွ်ာက္ထားသည့္ေျမအား သက္ေသခံေျမပုံေရးဆြဲျခင္း ဆက္လက္ေဆာင္႐ြက္ေပးပါတယ္။ ထို႔ျပင္ ေျမပုံႏွင့္ပတ္သတ္၍ အဆင့္ဆင့္ စီစစ္ၿပီး ခြင့္ျပဳမိန္႔ရယူျခင္းႏွင့္ ေျမပုံတြင္ လက္မွတ္ေရးထိုးျခင္းမ်ားလဲ ေဆာင္႐ြက္ေပးပါတယ္။

လိုင္စင္ေျမကိုလဲအမည္ေပါက္(သို႔)၎၏အထူးကိုယ္စားလွယ္လႊဲစာ/အေထြေထြကိုယ္စားလွယ္လႊဲစာရ႐ွိသူတို႔မွသာ ေျမပုံေလွ်ာက္ထားႏိုင္ၿပီး ထိုသို႔ ေလွ်ာက္ထားလာပါက ေျမတိုင္းတာေျမပုံကိုသာ ထုတ္ေပးၿပီး က်န္ေျမပုံ ေျမရာဇဝင္ ေရးကူးခြင့္မျပဳပါ။

 

ေမးခြန္း (၂) - ေျမအမည္ေပါက္ကြယ္လြန္လွ်င္ ကိုယ္စားလွယ္ပါဝင္ပ်က္ျပယ္ႏိုင္ပါသလား။

 

ေျမအမည္ေပါက္ေျမပိုင္႐ွင္ ကြယ္လြန္ပါက ၎၏ကိုယ္စား ေဆာင္႐ြက္ခြင့္ျပဳထားသူ ကိုယ္စားလွယ္လႊဲစာလဲ ပ်က္ျပယ္ပါတယ္။ တရားမက်င့္ထုံးဥပေဒ အမိန္႔-၃၊နည္း-၂အရ ကိုယ္စားလွယ္စာရသူဆိုသည္မွာ အသက္႐ွင္လွ်က္႐ွိသည့္အမႈသည္တစ္ဦးဦး၏ ကိုယ္စားအမႈတြင္ လိုက္ပါေဆာင္႐ြက္ေစရန္ ကိုယ္စားလွယ္စာရသူကို ဆိုလိုသည္။အခြင့္ရကိုယ္စားလွယ္တစ္ဦးသည္ အသက္႐ွင္လွ်က္႐ွိသူအမႈသည္ ကိုယ္စားသာ ေဆာင္႐ြက္ခြင့္႐ွိသည္။ (ေဒၚရင္ ေမႏွင့္ ဦးမင္းဒင္)၁၉၈၂၊မတစ၊၈၂

ထို႔ျပင္ အထူးကိုယ္စားလွယ္လႊဲစာ၊အေထြေထြကိုယ္စားလွယ္လႊဲစာတို႔တြင္ အႀကီးအကဲ လႊဲအပ္ေပးသူ၊(သို႔) ေရာင္းခ်သူပိုင္႐ွင္ဟာေသဆုံးျခင္း(သို႔)စိတ္ေပါ့သြပ္ျခင္းျဖစ္ပါက(သို႔)ေထာင္ႏွစ္႐ွည္က်လွ်င္ျဖစ္ေစ၊လူမြဲျဖစ္ေၾကာင္းစီရင္ဆုံးျဖတ္ေပးသည့္အခါတြင္ျဖစ္ေစ ကိုယ္စားလွယ္လႊဲစာ ပ်က္ျပယ္ပါတယ္။ကိုယ္စားလွယ္လႊဲစာကို စနစ္တက် ႐ုတ္သိမ္းသည့္ အခါတြင္လဲ ကိုယ္စားလႊဲစာ ပ်က္ျပယ္ပါတယ္။

မွတ္ပုံတင္အက္ဥပေဒ-၃၃အရ အိမ္ျခံေျမမ်ားအား စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ပင္ Gp ,SP လႊဲအပ္ရပါမည္။ထို႔ျပင္ အိမ္ျခံေျမမ်ားတြင္ ကိုယ္စားလွယ္လႊဲစာပ်က္ျပယ္ပါက အမည္ေပါက္ေဆာင္႐ြက္ရာ၌ သက္ဆိုင္ရာ တရား႐ုံး၏အမိန္႔ျဖင့္ အႏိုင္ဒီဂရီရယူကာ ဝယ္ယူသူအမည္ေျပာင္းလဲေရး ဆက္လက္ေဆာင္႐ြက္ရမည္သာ ျဖစ္ပါ တယ္။

အမိန္႔ - ၃၊နည္း ၁ႏွင့္၂အရ အခြင့္ရကိုယ္စားလွယ္သည္ တရား႐ုံးသို႔ လာေရာက္ျခင္းေဆာင္႐ြက္ျခင္းတို႔ကို ျပဳလုပ္ႏိုင္ေသာ္လည္း ေ႐ွ႕ေနကဲ့သို႔ စစ္ေဆးေလွ်ာက္လဲခ်က္ေပးျခင္းကို လိုင္စင္မ႐ွိဘဲျပဳလုပ္ခြင့္မ႐ွိေခ်။ (ဦးၾကင္စိန္ပါ-၂ႏွင့္ ေဒၚေအးစပယ္ဝင္း)၂၀၀၉၊မတစ၊၁၅

ထို႔ျပင္ ကိုယ္စားလွယ္ႏွင့္ တရားဝင္ကိုယ္စားလွယ္မတူညီပါ။ တရားမက်င့္ထုံးဥပေဒပုဒ္မ၂(၁၁)အရ တရားဝင္ကိုယ္စားလွယ္ဆိုသည္မွာ အမႈအေတာအတြင္း ေသဆုံးသြားေသာ အမႈသည္၏ ေနရာတြင္ အမႈသည္၏ကိုယ္စားပါဝင္ခြင့္ရသူကို ဆိုလိုသည္။ (ေဒၚရင္ရင္ေမႏွင့္ ဦးမင္းဒင္)

 

ေမးခြန္း (၃) - ေသတမ္းစာေရးၿပီး ေျမႏွင့္အိမ္ေပးခဲ့ပါက ပိုင္ဆိုင္ခြင့္ခ်က္ခ်င္းရပါသလား။

 

ေသတမ္းစာဆိုသည္မွာ ေသတမ္းစာေရးသူေသဆုံးသည့္အခါ ၎ပိုင္ပစၥည္းကို မည္သို႔ မည္ပုံခြဲေဝလို ေၾကာင္း ေသသူ၏ ဆႏၵ၊ရည္႐ြယ္ခ်က္ကို ထုတ္ေဖာ္ေပးသည့္ ေၾကညာစာတမ္းျဖစ္ပါသည္။ ျမန္မာဗုဒၶဝင္မ်ားသည္ ေသတမ္းစာေရးခြင့္မ႐ွိပါ။မဟာေမဒင္မြတ္စလင္၊ ခရစ္ယာန္ ၊ဟိႏၵဴမ်ားမွာ ေသတမ္းစာေရးခြင့္႐ွိပါတယ္။ ေသတမ္းစာအား မွတ္ပုံတင္ခြင့္႐ွိသလို မတင္ရင္လဲရၿပီး စည္းကမ္းသတ္ကာလေတာ့ မ႐ွိပါ။

ေသတမ္းစာေရးလိုသူသည္ တစ္စုံတစ္ေယာက္ကိုေခၚယူကာ မိမိေျပာဆိုသည့္အတိုင္း ေရးသားႏိုင္ၿပီး အသိသက္မ်ား ေ႐ွ႕တြင္ လက္မွတ္ေရးထိုးျခင္းလဲ ေဆာင္႐ြက္ႏိုင္ပါသည္။

႐ူးသြပ္သူႏွင့္ အသက္မျပည့္သူ ေသတမ္းစာေရးခြင့္မ႐ွိပါ။ေသတမ္းစာေရးသားၿပီးပါက မွတ္ပုံတင္အရာ႐ွိ ထံကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္ႏွင့္ျဖစ္ေစ၊အပ္ႏွံရမည္ျဖစ္ကာ စာအိတ္အား ခ်ိပ္တံဆိပ္ခတ္ႏွိပ္ရမယ္။ ထိုစာအိတ္ေပၚတြင္ အမည္ (သို႔) ကိုယ္စားလွယ္အမည္ႏွင့္ မည္သည့္စာခ်ဳပ္ျဖစ္ေၾကာင္း ေဖာ္ျပကာ မွတ္ပုံတင္ အရာ႐ွိမွလဲ မီးခံေသတၱာတြင္ ထည့္သြင္းသိမ္းဆည္းေပးရမည္။

ေသတမ္းစာျဖင့္ ေျမႏွင့္အိမ္ကို အေမြဆက္ခံခြင့္ရ႐ွိပါက ပိုင္ဆိုင္ခြင့္ ခ်က္ခ်င္းမရပါ။အေမြဆက္ခံျခင္း အက္ဥပေဒပုဒ္မ-၂၂၂အရ ပစၥည္းတည္႐ွိရာ စီရင္ပိုင္ခြင့္အာဏာရ တရား႐ုံးတြင္ ေသတမ္းစာ ေဆာင္႐ြက္ခြင့္ ေပးထားသူကသာ ေသတမ္းစာ အတည္ျပဳေပးရန္ေလွ်ာက္ထားႏိုင္ပါသည္။ ေလွ်ာက္ထားရာတြင္ သက္ေသ(၂)ဦး၏ ဝန္ခံခ်က္ပါ႐ွိရပါမည္။ ေသ တမ္းစာ အတည္ျပဳရန္ အခ်ိန္မေ႐ြးေလွ်ာက္ထားႏိုင္ၿပီး တရား႐ုံးက ထုတ္ေပးသည့္ အတည္ျပဳလက္မွတ္ ျဖင့္ အေမြဆက္ခံရပါသည္။ထို႔ျပင္ ေသတမ္းစာပါ ကြယ္လြန္သူ က်န္ရစ္ခဲ့သည့္ပစၥည္းကို မွတ္ပုံတင္စာျဖင့္ အေမြဆက္ခံ ကာ ေရာင္းခ်လိုပါကလဲ ေရာင္းခ်ႏိုင္ပါသည္။

ျမန္မာဗုဒၶဘာသာ၊မဟာေမဒင္မြတ္စလင္မ်ားႏွင့္ ေသတမ္းစာ မေရးဘဲေသဆုံးသြားေသာ ခရစ္ယာန္ အေမြ႐ွင္မ်ား က်န္ရစ္ေသာ အေမြေဝစုအား ရလိုလွ်င္ တရား႐ုံးတြင္ အေမြပုံစီမံခန္႔ခြဲမႈသာ တရားစြဲဆိုရမည္။

ေသတမ္းစာမ႐ွိပါက တရား႐ုံးမွ ကြယ္လြန္သူ၏ အေမြ ပစၥည္းအား စီမံကာပစၥည္းမ်ားအား ထိန္းသိမ္းျခင္း၊ ေႂကြးၿမီမ်ားအားေပး ဆပ္ျခင္း၊ ကြယ္လြန္သူ၏ ပစၥည္းမ်ားကို ရလိုေၾကာင္း ေတာင္းဆိုျခင္းမ်ားကို စီစစ္၊ ေဆာင္႐ြက္ေပးကာ အေမြဆိုင္ မ်ားကို အေမြခြဲေဝေပးျခင္းျပဳေပးပါသည္။

 

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service