ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ငရုတ်သူခိုး
တစ်ခါတစ်ရံ လူတွေဟာ ကိုယ့်အတွက် တကယ်လိုအပ်တာ မဟုတ်ဘဲနဲ့လည်း ရယူချင်ကြတယ်။ အပေါင်းအသင်း မြှောက်ပေးလို့လည်း မလုပ်သင့်တာတွေလည်း အပျော်သဘောနဲ့ လုပ်မိတတ်ကြတယ်။ဒီလို လုပ်မိတာတွေကြောင့်လည်း အသက်အန္တရာယ် ရောက်ဖို့အထိကြုံရတာတွေလည်းရှိတတ်တယ်။
အလှမ်းဝေးလွန်းတဲ့ ဖြစ်ရပ်တစ်ခုဆိုတာ မှတ်မိနေခဲ့သေးတယ်ဆိုရင်တောင်မှ တစ်ခါတစ်ရံ အချိန်ကာလ တွေကိုတော့ ဝေဝေဝါးဝါး အဖြစ်နဲ့သာ မှတ်မိပါတယ်။ဖြစ်စဉ်လေးတစ်ခု ဒီလိုဖြစ်ခဲ့တယ် ဆိုတာလေးလောက် ပေါ့။ ဘယ်အသက်အရွယ် ဘယ်အချိန် ဘယ်နေ့ရက်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ပြန်ဘူး။
တစ်ခါတစ်ရံ အပေါင်းအသင်းနာမည်တွေတောင် မခေါ်မပြောတာကြာတော့ ရုတ်တရက်ဆို အစဖော်လို့ တောင်မရဘူးဖြစ်နေတတ်တယ်။တစ်ရက်က အခွန်ရုံးက အသိတစ်ယောက်ရဲ့နာမည်ကို လိုအပ်လို့ စဉ်းစားတာ ပေါ်ကိုမလာခဲ့ပါဘူး။မစဉ်းစားဘဲ သွားလာလှုပ်ရှားနေရင်းနဲ့မှ သူ့နာမည်က အသိစိတ်မှာ ရုတ်တရက်ပြန်ပေါ်ပြီး အမှတ်ရလာတယ်။
အဲဒီလိုပါပဲ တစ်ချို့ကိစ္စရပ်တွေက ဒါလေးလုပ်လို့ ဒါတွေကြုံခဲ့ရတယ်ဆိုတာလောက်ပဲ ပြောနိုင်ပါတော့တယ်။ အချိန်ကာလတွေကို အတိအကျမပြောနိုင်တော့ဘူး။ဘယ်အချိန်တုန်းကလောက်လို့သာ ခန့်မှန်းပြောနိုင်ရုံလောက်သာပါပဲ။
ဒီလိုပဲ ငယ်ငယ်တုန်းက အဖြစ်လေးပေါ့။သူငယ်ချင်းတွေဆုံရင် ငှက်ပစ်ထွက်ဖို့၊ပဲစဉ်းငုံသီးတွေခိုးဖို့၊ ဖရဲသီး၊ဆီးသီးခိုးဖို့ တစ်ခုမဟုတ်တစ်ခု မကောင်းတာလုပ်ဖို့ အများဆုံး စည်းရုံးတတ်ကြတယ်။ အဲဒီအရွယ်တုန်းက အရာရာဟာ စူးစမ်းမှုနဲ့ အတူ စွန့်စားလုပ်ဆောင်ရတာလေးတွေကို လုပ်ချင်မိ နေတတ်တယ်။ တိုက်တွန်းတဲ့သူရှိရင် နှစ်ခါမပြောကြရဘူး။ သူရောကိုယ်ရော အဲဒီလိုတွေပါပဲ။
တစ်ရက် သူငယ်ချင်း တွေဆုံတော့ ဘယ်သူကစလိုက်တယ် မသိပါဘူး။ ငရုတ်သီးခိုးဖို့ အကြောင်းဖြစ်လာတယ်။ အဲဒီအချိန်တုန်းက ဖောင်းကတောချောင်းနားက တောကျောင်းတစ်ခုရှိတယ်။တောကျောင်းဆိုတာ ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါးနှစ်ပါး သီတင်းသုံးတဲ့ ကျောင်းပေါ့။ အဲဒီကျောင်းက ရဟန်းတွေ ဆွမ်းခံကြွတာတွေ့ရင် တောကျောင်းဘုန်းကြီး ကြွလာတယ်လို့ ပြောကြတယ်။
အဲဒီတောကျောင်းရဲ့နောက်မှာ ငရုတ်ခင်းတွေရှိတယ်။ငရုတ်ခင်းရဲ့ အဆက်မှာ ဖောင်းကတောချောင်းကြီး ရှိနေတယ်။
ကလေးအရွယ်ဆိုတော့ ဖောင်းကတောချောင်းကမ်းပါးကြီးဟာ အမြင့်ကြီးပေါ့။အခုအရွယ်နဲ့ဆိုရင်တော့ အမြင့်ဟာ ဘယ်လောက်ရှိနေမလဲ။မရောက်ဖြစ်တာကြာတော့ မခန့်မှန်းတတ်တော့ပါဘူး။ကလေးအရွယ်က အဲဒီကမ်းပါးကြီးဟာ အတော်ကိုမြင့်နေသလိုပါပဲ။ဒီအတိုင်းဆိုရင် ခုန်ချဖို့ မရဲပါဘူး။ငုံ့ကြည့်ရင်ကို ရင်ထဲလှပ်လှပ် ဖြစ်ပါတယ်။
ချောင်းထဲအတိုင်းကလာပြီး ငရုတ်ခင်းရှိတဲ့နေရာရောက်တော့ အဲဒီကမ်းပါးကြီးကို ကျွန်တော်တို့ တွယ်ကြတယ်။ကုန်းကုန်းကွကွနဲ့လုပ်ပြီး ကျွန်တော်တို့ ငရုတ်ခင်းထဲဝင်ကြတယ်။ရဲရဲနီနေတဲ့ ငရုတ်သီးလေးတွေဟာ ဘာရယ်မဟုတ်ဘူး ခူးချင်စရာလည်း ကောင်းနေပါတယ်။
ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ငရုတ်သီးခူးလိုက် လွယ်အိတ်ထဲထည့်လိုက်နဲ့ စိုးရိမ်စိတ်နဲ့ ပျော်လို့ပေါ့။ ခဏနေတော့ “ဟေး..ဟေး”ဆိုတဲ့ အသံကြီးကြားရပါတော့တယ်။အလန့်တကြား ခေါင်းထောင်ပြီး ကြည့်လိုက်တော့ အခင်းစောင့်ဟာ သူ့တဲအတွင်းက မဟားတရားပြေးထွက်လာပါတယ်။ပါးစပ်ကလည်း ငါနဲ့ကိုင်တုတ်ပြီး “မင်းတို့တော့ သေဖို့သာပြင်ထားတော့”ဆိုပြီး အော်ပြောတယ်။
ကိုယ်က မဟုတ်တာလုပ်ထားတော့ ကျွန်တော်လည်း ကြောက်လန့်သွားတယ်။ “ဟိတ်ကောင်တွေပြေးပြေး”လို့ အော်ပြီး ငရုတ်ခင်းထဲကနေ ထွက်ပြေးကြတယ်။တခြားဘယ်ပြေးစရာရှိမှာလည်း ချောင်းကမ်းပါးဘက် ပြေးတာပေါ့။ ကမ်းပါးရောက်တော့ ဒီတိုင်းခုန်ပြီး မဆင်းရဲတဲ့နေရာကို အကြောက်တရားရဲ့တွန်းအားကြောင့် ခုန်ဆင်းပါတယ်။သဲချောင်းဖြစ်နေတာရယ် ကြောက်စိတ်ကြောင့်သွေးပူသွားတာရယ်ကြောင့် ထင်ပါတယ်။ နာရကောင်းမှန်းလည်း မသိတော့ပါဘူး။
အဲဒါလည်း မပြီးသေးဘူး၊ဆက်ပြေးပါတယ်။အဖမ်းတော့ မခံနိုင်ဘူး။လွတ်အောင်ကိုပြေးရမှာဆိုတဲ့စိတ်နဲ့ ပြေးပါတယ်။ချောင်းအနောက်ဘက်က ကမ်းပါးတွေကို ကုတ်ကပ်တက်ပြီး ထနောင်းပင်နဲ့တစောင်းပင်တွေ ရောနှောနေတဲ့ စည်းရိုးတွေကို တွန်းဖြဲပြီးထွက်ပြေးကြပါတယ်။ထနောင်းပင်နဲ့ တစောင်းပင်တွေဟာ ဆူးတွေ အပြည့်ရှိတဲ့ အပင်တွေပါ။အဆိပ်လည်းပြင်းပါတယ်။
ကြောက်အားလန့်အားနဲ့ပြေးတော့ ဖိနပ်စီးပြီးမပြေးပါဘူး။လက်ဖဝါးမှာ ဖိနပ်တွေစွပ်ပြီး ခြေဗလာနဲ့ပြေးပါတယ်။ လက်ကဖိနပ်နဲ့ ဆူးခြုံတွေကိုထိုးဖြဲပေမယ့် ဆူးတွေရဲ့ရန်ကတော့မလွတ်ပါဘူး။ ခြစ်မိတာတွေရော၊ ဆူးမိတာတွေရော ခံရပါတယ်။ထနောင်းနဲ့ တစောင်းပင်တွေဆိုတာ လှည်းလမ်းကြောင်းရဲ့ ဘေးဘယ် ညာတွေမှာနဲ့ အညာကအိမ်တွေရဲ့ အကာအရံအဖြစ် သဘာဝအတိုင်းပေါက်နေတတ်တဲ့ အပင်တွေပါ။
တစောင်းပင်ဟာ နဂါးမောက်နဲ့ မျိုးရင်းတူပုံရပါတယ်။သူ့ရဲ့ အပွင့်က ကြာပွင့်နဲ့တူပေမယ့် အလွယ်ဆုံးနှိုင်းရရင် လော်စပီကာက လော်ကြီးနဲ့တူပါတယ်။ အရိုးတံရှည်ပါတယ်။ အသီးဖြစ်တဲ့ထိမထားဘဲ ပွင့်အာနေတုန်းမှာခူးပြီး အပွင့်သားကို အခြောက်လှမ်းထားပြီး နောက်မှ မှိုချက်သလိုချက်စားကြတာလည်းရှိတယ်။အသီးဖြစ်တဲ့အထိ ထားရင် နဂါးမောက်သီးလို အနီလေးတွေဖြစ်လာတယ်။ကျွန်တော်တို့က သကြားသီးလို့ခေါ်ကြတယ်။ အတွင်းသားက သကြားပွင့်လေးတွေလိုဖြစ်နေပြီး စားတော့လည်း ချိုတိုတို ချွဲတဲတဲနဲ့ပါပဲ။အပင်က ဆောင်းလျားသီးလို ထောင်လိုက် အမြှောင်းတွေပေါ်မှာ အပ်တွေထောင်ထားသလို ဆူးတွေဟာ ပတ်ပတ်လည်မှာ အပြည့်ပါပဲ။သူ့ရဲ့ ဆူးတွေ စူးမိပြီး ကျိုးပြီး ကျန်ရစ်ခဲ့ရင် ပြည်တည်နာလိုဖြစ်တတ်တယ်။
အဲဒီလို အခြေအနေရှိတာကို ကလေးဘဝ ငရုတ်သီးခိုးမိတာကို လူမိမှာကြောက်တော့ ဒီအတားအဆီးတွေကို မကြောက်မရွံ့နဲ့ ဖြတ်ပြီး အိမ်အရောက်ပြန်ပြေးခဲ့ရပါကြောင်း။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၆)
င႐ုတ္သူခိုး
တစ္ခါတစ္ရံ လူေတြဟာ ကိုယ့္အတြက္ တကယ္လိုအပ္တာ မဟုတ္ဘဲနဲ႔လည္း ရယူခ်င္ၾကတယ္။ အေပါင္းအသင္း ေျမႇာက္ေပးလို႔လည္း မလုပ္သင့္တာေတြလည္း အေပ်ာ္သေဘာနဲ႔ လုပ္မိတတ္ၾကတယ္။ဒီလို လုပ္မိတာေတြေၾကာင့္လည္း အသက္အႏၲရာယ္ ေရာက္ဖို႔အထိၾကဳံရတာေတြလည္း႐ွိတတ္တယ္။
အလွမ္းေဝးလြန္းတဲ့ ျဖစ္ရပ္တစ္ခုဆိုတာ မွတ္မိေနခဲ့ေသးတယ္ဆိုရင္ေတာင္မွ တစ္ခါတစ္ရံ အခ်ိန္ကာလ ေတြကိုေတာ့ ေဝေဝဝါးဝါး အျဖစ္နဲ႔သာ မွတ္မိပါတယ္။ျဖစ္စဥ္ေလးတစ္ခု ဒီလိုျဖစ္ခဲ့တယ္ ဆိုတာေလးေလာက္ ေပါ့။ ဘယ္အသက္အ႐ြယ္ ဘယ္အခ်ိန္ ဘယ္ေန႔ရက္ဆိုတာကိုေတာ့ အတိအက် မေျပာႏိုင္ျပန္ဘူး။
တစ္ခါတစ္ရံ အေပါင္းအသင္းနာမည္ေတြေတာင္ မေခၚမေျပာတာၾကာေတာ့ ႐ုတ္တရက္ဆို အစေဖာ္လို႔ ေတာင္မရဘူးျဖစ္ေနတတ္တယ္။တစ္ရက္က အခြန္႐ုံးက အသိတစ္ေယာက္ရဲ႕နာမည္ကို လိုအပ္လို႔ စဥ္းစားတာ ေပၚကိုမလာခဲ့ပါဘူး။မစဥ္းစားဘဲ သြားလာလႈပ္႐ွားေနရင္းနဲ႔မွ သူ႕နာမည္က အသိစိတ္မွာ ႐ုတ္တရက္ျပန္ေပၚၿပီး အမွတ္ရလာတယ္။
အဲဒီလိုပါပဲ တစ္ခ်ိဳ႕ကိစၥရပ္ေတြက ဒါေလးလုပ္လို႔ ဒါေတြၾကဳံခဲ့ရတယ္ဆိုတာေလာက္ပဲ ေျပာႏိုင္ပါေတာ့တယ္။ အခ်ိန္ကာလေတြကို အတိအက်မေျပာႏိုင္ေတာ့ဘူး။ဘယ္အခ်ိန္တုန္းကေလာက္လို႔သာ ခန္႔မွန္းေျပာႏိုင္႐ုံေလာက္သာပါပဲ။
ဒီလိုပဲ ငယ္ငယ္တုန္းက အျဖစ္ေလးေပါ့။သူငယ္ခ်င္းေတြဆုံရင္ ငွက္ပစ္ထြက္ဖို႔၊ပဲစဥ္းငုံသီးေတြခိုးဖို႔၊ ဖရဲသီး၊ဆီးသီးခိုးဖို႔ တစ္ခုမဟုတ္တစ္ခု မေကာင္းတာလုပ္ဖို႔ အမ်ားဆုံး စည္း႐ုံးတတ္ၾကတယ္။ အဲဒီအ႐ြယ္တုန္းက အရာရာဟာ စူးစမ္းမႈနဲ႔ အတူ စြန္႔စားလုပ္ေဆာင္ရတာေလးေတြကို လုပ္ခ်င္မိ ေနတတ္တယ္။ တိုက္တြန္းတဲ့သူ႐ွိရင္ ႏွစ္ခါမေျပာၾကရဘူး။ သူေရာကိုယ္ေရာ အဲဒီလိုေတြပါပဲ။
တစ္ရက္ သူငယ္ခ်င္း ေတြဆုံေတာ့ ဘယ္သူကစလိုက္တယ္ မသိပါဘူး။ င႐ုတ္သီးခိုးဖို႔ အေၾကာင္းျဖစ္လာတယ္။ အဲဒီအခ်ိန္တုန္းက ေဖာင္းကေတာေခ်ာင္းနားက ေတာေက်ာင္းတစ္ခု႐ွိတယ္။ေတာေက်ာင္းဆိုတာ ဘုန္းႀကီးတစ္ပါးနဲ႔ ကိုရင္ေလးတစ္ပါးႏွစ္ပါး သီတင္းသုံးတဲ့ ေက်ာင္းေပါ့။ အဲဒီေက်ာင္းက ရဟန္းေတြ ဆြမ္းခံႂကြတာေတြ႕ရင္ ေတာေက်ာင္းဘုန္းႀကီး ႂကြလာတယ္လို႔ ေျပာၾကတယ္။
အဲဒီေတာေက်ာင္းရဲ႕ေနာက္မွာ င႐ုတ္ခင္းေတြ႐ွိတယ္။င႐ုတ္ခင္းရဲ႕ အဆက္မွာ ေဖာင္းကေတာေခ်ာင္းႀကီး ႐ွိေနတယ္။
ကေလးအ႐ြယ္ဆိုေတာ့ ေဖာင္းကေတာေခ်ာင္းကမ္းပါးႀကီးဟာ အျမင့္ႀကီးေပါ့။အခုအ႐ြယ္နဲ႔ဆိုရင္ေတာ့ အျမင့္ဟာ ဘယ္ေလာက္႐ွိေနမလဲ။မေရာက္ျဖစ္တာၾကာေတာ့ မခန္႔မွန္းတတ္ေတာ့ပါဘူး။ကေလးအ႐ြယ္က အဲဒီကမ္းပါးႀကီးဟာ အေတာ္ကိုျမင့္ေနသလိုပါပဲ။ဒီအတိုင္းဆိုရင္ ခုန္ခ်ဖို႔ မရဲပါဘူး။ငုံ႔ၾကည့္ရင္ကို ရင္ထဲလွပ္လွပ္ ျဖစ္ပါတယ္။
ေခ်ာင္းထဲအတိုင္းကလာၿပီး င႐ုတ္ခင္း႐ွိတဲ့ေနရာေရာက္ေတာ့ အဲဒီကမ္းပါးႀကီးကို ကြၽန္ေတာ္တို႔ တြယ္ၾကတယ္။ကုန္းကုန္းကြကြနဲ႔လုပ္ၿပီး ကြၽန္ေတာ္တို႔ င႐ုတ္ခင္းထဲဝင္ၾကတယ္။ရဲရဲနီေနတဲ့ င႐ုတ္သီးေလးေတြဟာ ဘာရယ္မဟုတ္ဘူး ခူးခ်င္စရာလည္း ေကာင္းေနပါတယ္။
ကြၽန္ေတာ္တို႔သူငယ္ခ်င္းတစ္သိုက္ င႐ုတ္သီးခူးလိုက္ လြယ္အိတ္ထဲထည့္လိုက္နဲ႔ စိုးရိမ္စိတ္နဲ႔ ေပ်ာ္လို႔ေပါ့။ ခဏေနေတာ့ “ေဟး..ေဟး”ဆိုတဲ့ အသံႀကီးၾကားရပါေတာ့တယ္။အလန္႔တၾကား ေခါင္းေထာင္ၿပီး ၾကည့္လိုက္ေတာ့ အခင္းေစာင့္ဟာ သူ႕တဲအတြင္းက မဟားတရားေျပးထြက္လာပါတယ္။ပါးစပ္ကလည္း ငါနဲ႔ကိုင္တုတ္ၿပီး “မင္းတို႔ေတာ့ ေသဖို႔သာျပင္ထားေတာ့”ဆိုၿပီး ေအာ္ေျပာတယ္။
ကိုယ္က မဟုတ္တာလုပ္ထားေတာ့ ကြၽန္ေတာ္လည္း ေၾကာက္လန္႔သြားတယ္။ “ဟိတ္ေကာင္ေတြေျပးေျပး”လို႔ ေအာ္ၿပီး င႐ုတ္ခင္းထဲကေန ထြက္ေျပးၾကတယ္။တျခားဘယ္ေျပးစရာ႐ွိမွာလည္း ေခ်ာင္းကမ္းပါးဘက္ ေျပးတာေပါ့။ ကမ္းပါးေရာက္ေတာ့ ဒီတိုင္းခုန္ၿပီး မဆင္းရဲတဲ့ေနရာကို အေၾကာက္တရားရဲ႕တြန္းအားေၾကာင့္ ခုန္ဆင္းပါတယ္။သဲေခ်ာင္းျဖစ္ေနတာရယ္ ေၾကာက္စိတ္ေၾကာင့္ေသြးပူသြားတာရယ္ေၾကာင့္ ထင္ပါတယ္။ နာရေကာင္းမွန္းလည္း မသိေတာ့ပါဘူး။
အဲဒါလည္း မၿပီးေသးဘူး၊ဆက္ေျပးပါတယ္။အဖမ္းေတာ့ မခံႏိုင္ဘူး။လြတ္ေအာင္ကိုေျပးရမွာဆိုတဲ့စိတ္နဲ႔ ေျပးပါတယ္။ေခ်ာင္းအေနာက္ဘက္က ကမ္းပါးေတြကို ကုတ္ကပ္တက္ၿပီး ထေနာင္းပင္နဲ႔တေစာင္းပင္ေတြ ေရာေႏွာေနတဲ့ စည္း႐ိုးေတြကို တြန္းၿဖဲၿပီးထြက္ေျပးၾကပါတယ္။ထေနာင္းပင္နဲ႔ တေစာင္းပင္ေတြဟာ ဆူးေတြ အျပည့္႐ွိတဲ့ အပင္ေတြပါ။အဆိပ္လည္းျပင္းပါတယ္။
ေၾကာက္အားလန္႔အားနဲ႔ေျပးေတာ့ ဖိနပ္စီးၿပီးမေျပးပါဘူး။လက္ဖဝါးမွာ ဖိနပ္ေတြစြပ္ၿပီး ေျခဗလာနဲ႔ေျပးပါတယ္။ လက္ကဖိနပ္နဲ႔ ဆူးျခဳံေတြကိုထိုးၿဖဲေပမယ့္ ဆူးေတြရဲ႕ရန္ကေတာ့မလြတ္ပါဘူး။ ျခစ္မိတာေတြေရာ၊ ဆူးမိတာေတြေရာ ခံရပါတယ္။ထေနာင္းနဲ႔ တေစာင္းပင္ေတြဆိုတာ လွည္းလမ္းေၾကာင္းရဲ႕ ေဘးဘယ္ ညာေတြမွာနဲ႔ အညာကအိမ္ေတြရဲ႕ အကာအရံအျဖစ္ သဘာဝအတိုင္းေပါက္ေနတတ္တဲ့ အပင္ေတြပါ။
တေစာင္းပင္ဟာ နဂါးေမာက္နဲ႔ မ်ိဳးရင္းတူပုံရပါတယ္။သူ႕ရဲ႕ အပြင့္က ၾကာပြင့္နဲ႔တူေပမယ့္ အလြယ္ဆုံးႏိႈင္းရရင္ ေလာ္စပီကာက ေလာ္ႀကီးနဲ႔တူပါတယ္။ အ႐ိုးတံ႐ွည္ပါတယ္။ အသီးျဖစ္တဲ့ထိမထားဘဲ ပြင့္အာေနတုန္းမွာခူးၿပီး အပြင့္သားကို အေျခာက္လွမ္းထားၿပီး ေနာက္မွ မိႈခ်က္သလိုခ်က္စားၾကတာလည္း႐ွိတယ္။အသီးျဖစ္တဲ့အထိ ထားရင္ နဂါးေမာက္သီးလို အနီေလးေတြျဖစ္လာတယ္။ကြၽန္ေတာ္တို႔က သၾကားသီးလို႔ေခၚၾကတယ္။ အတြင္းသားက သၾကားပြင့္ေလးေတြလိုျဖစ္ေနၿပီး စားေတာ့လည္း ခ်ိဳတိုတို ခြၽဲတဲတဲနဲ႔ပါပဲ။အပင္က ေဆာင္းလ်ားသီးလို ေထာင္လိုက္ အေျမႇာင္းေတြေပၚမွာ အပ္ေတြေထာင္ထားသလို ဆူးေတြဟာ ပတ္ပတ္လည္မွာ အျပည့္ပါပဲ။သူ႕ရဲ႕ ဆူးေတြ စူးမိၿပီး က်ိဳးၿပီး က်န္ရစ္ခဲ့ရင္ ျပည္တည္နာလိုျဖစ္တတ္တယ္။
အဲဒီလို အေျခအေန႐ွိတာကို ကေလးဘဝ င႐ုတ္သီးခိုးမိတာကို လူမိမွာေၾကာက္ေတာ့ ဒီအတားအဆီးေတြကို မေၾကာက္မ႐ြံ႕နဲ႔ ျဖတ္ၿပီး အိမ္အေရာက္ျပန္ေျပးခဲ့ရပါေၾကာင္း။ ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com