အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်တွင် အမျိုးသမီးတစ်ဦး ဝယ်ယူလိုက်သော နေအိမ်သို့ ရွှေ့ပြောင်းချိန်တွင် အိမ်အတွင်း မြွေကြီးများ အလုံးအရင်းတွေ့
အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်တွင် အမျိုးသမီးတစ်ဦး ဝယ်ယူလိုက်သော နေအိမ်သို့ ရွှေ့ပြောင်းချိန်တွင် အိမ်အတွင်း မြွေကြီးများ အလုံးအရင်းတွေ့ - Property News in Myanmar from iMyanmarHouse.com
18 May 2023 11:39 am တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ ကော်လိုရာဒိုပြည်နယ်တွင် အမျိုးသမီးတစ်ဦးသည် ဝယ်ယူလိုက်သော နေအိမ်သို့ ရွှေ့ပြောင်းချိန်တွင် အိမ်အတွင်း ကြီးမားသောမြွေကြီးများ အလုံးအရင်းအသိုက်ဖွဲ့နေထိုင်လျှက်ရှိသည်ကို ခြောက်ခြားဖွယ် တွေ့ခဲ့ရသည်။
Denver 7 သတင်းဌာနသို့ အမ်ဘာဟောလ် (Amber Hall) အမည်ရှိ အမျိုးသမီးက ပြောသည်မှာ ကော်လိုရာဒိုပြည်နယ် ၊ Centennial မြို့တွင် အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၂ ခန်းပါသော အိမ်တစ်လုံးဝယ်ခဲ့ကြောင်း ၊ ထိုအိမ်တွင် မြွေပေါင်းများစွာ အသိုက်ဖွဲ့ နေထိုင်လျှက်ရှိသည်ကို မသိခဲ့ကြောင်း ပြောသည်။
အမ်ဘာဟောလ်က ပြောသည်မှာ အဆိုပါအိမ်သို့ ရောက်ချိန်တွင် အထုတ်အပိုးများ ဖြည်နေစဉ်အတွင်း သူ၏ ခွေးများအနက် တစ်ကောင်က ဂိုဒေါင်ထဲတွင် မြွေများကို ကျောချမ်းဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“ကျွန်မ ခွေးလေး ဘာတွေဟောင်နေပါလိမ့်ဆိုပြီးတော့ သွားကြည့်ခဲ့တယ်။ ပင့်ကူ (ဒါမှမဟုတ်)အခြားအကောင်လေးတွေ ဖြစ်မယ်လို့ တွေးခဲ့တယ်။ ဒီနားမှာက အပေါက်ကလေး ၂ ခုရှိတယ်။ နံရံဘေးမှာ မြွေတွေအများကြီး တွန့်လိန်တွားသွားနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မလိပ်ပြာလွင့်မတတ်ဖြစ်သွားတယ်”ဟု ပြောသည်။ “လူတွေ ပြောကြတာက ဒီမြွေတွေဟာ Garter မြွေအမျိုးအစားဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ သတိပေးတာတစ်ခုက Garter မြွေတွေ ဒီလောက်အရွယ်အစား ကြီးမားတာ မမြင်ဖူးဘူးလို့ ပြောကြပါတယ်။”
(မှတ်ချက်။ Garter မြွေအမျိုးအစားသည် အမေရိကန်နှင့် ကနေဒါတို့တွင် တွေ့ရလေ့ရှိသော မြွေဖြစ်ပြီး အဆိပ်မရှိချေ။)
 (အမ်ဘာဟောလ် ဝယ်ယူလိုက်သောအိမ်တွင် တွေ့ခဲ့သည့် မြွေများ။ ဓာတ်ပုံ- Denver7)
(အမ်ဘာဟောလ်၏ ခွေးတစ်ကောင်က မြွေကြီးများကို တွေ့ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- KMGH)
Garter မြွေများသည် အဆိပ်မရှိသော်လည်း လူတို့ကို ကိုက်ခဲရန်မူတတ်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ဓာတ်မတည့်မှုများ ဖြစ်စေတတ်သည်။
အသက် ၄၂ နှစ်ရှိပြီဖြစ်သော အမ်ဘာဟောလ်က အိမ်ဝယ်နိုင်ရန် ယခုအရွယ်ရောက်သည်အထိ တစ်ဘဝလုံး ငွေစုဆောင်းကာ ဝယ်ယူခဲ့ရခြင်း ဖြစ်သော်လည်း ဝယ်ယူလိုက်သည့် နေအိမ်တွင် ပျော်ရွှင်နိုင်ခြင်း မရှိတော့ကြောင်း ၊ အိမ်သာထဲမှ မြွေထွက်လာမည်ကို ကြောက်ကာ ရေချိုးခန်းအတွင်း ဝင်ရန်ပင် ထိတ်လန့်နေရကြောင်း ပြောသည်။
(ဝယ်လိုက်သည့် နေအိမ်တွင် မပျော်တော့ကြောင်း အမ်ဘာဟောလ်က ပြောသည်။ ဓာတ်ပုံ- KMGH)
အမ်ဘာဟောလ်က ပြောသည်မှာ ရက်သတ္တ ၂ ပတ်ခန့်အတွင်း အိမ်ထဲတွင် မြွေ ၁၀ ကောင်ကျော် တွေ့ခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ မြွေများကို ရှင်းလင်းရန်အတွက် မြွေဖမ်းသည့်အဖွဲ့တစ်ခုကို ငှားရမ်းခဲ့ရပြီး ဒေါ်လာ ၁၀၀၀ ကျော် သုံးစွဲခဲ့ရသည်။
(ထိုအိမ်ထဲရှိ မြွေများမှာ Garter မြွေအမျိုးအစားဖြစ်ကြောင်း ပြောကြသော်လည်း ယခုမြွေများမှာ ပိုမိုကြီးမားနေသည်။ ဓာတ်ပုံ- KMGH)
(Garter မြွေတို့သည် အဆိပ်မရှိသော်လည်း လူတို့ကို ကိုက်ခဲရန်မူတတ်သည်။ ဓာတ်ပုံ- KMGH)
(ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်မှာ ဤအိမ်အတွင်း မြွေများ ကျက်စားနေသည်မှာ အနည်းဆုံး ၂ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း ပြောသည်။ ဓာတ်ပုံ-KMGH)
(နေအိမ်ကြမ်းပြင်အောက်မှ မြွေသိုက်နေရာ။ ဓာတ်ပုံ- KMGH)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com Ref: Homebuyer finds her new house infested with huge snakes slithering in the walls (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service