BTS အဖွဲ့ခေါင်းဆောင် RM ဒေါ်လာ ၄ သန်း ငွေသားပေးချေကာ ဝယ်ယူခဲ့သော ဆိုးလ်မြို့တော်မှ တန်ဖိုးကြီး လူနေခန်း

BTS အဖွဲ့ခေါင်းဆောင် RM ဒေါ်လာ ၄ သန်း ငွေသားပေးချေကာ ဝယ်ယူခဲ့သော ဆိုးလ်မြို့တော်မှ တန်ဖိုးကြီး လူနေခန်း - Property News in Myanmar from iMyanmarHouse.com
18 May 2023 10:24 am တွင် တင်ခဲ့သည်
998 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နာမည်ကြီးကိုရီးယားပေါ့ပ်ကြယ်ပွင့် RM သည် တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော် Hannam Dong အရပ် ၊ Hannam the Hill တွင် တည်ရှိသော တန်ဖိုးကြီးလူနေခန်းတစ်ခန်းကို ဝမ်ငွေ ၄ ဒသမ ၉ ဘီလီယံ ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါ တိုက်ခန်းသည် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများ ပိုင်ဆိုင်ထားပြီး တသီးတသန့်နေရာတစ်ခုတွင် တည်ရှိသည်။

အိမ်ခြံမြေမှတ်တမ်းများအရ တိုက်ခန်း၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၈၄ ဒသမ ၂ ရှိသည်ဟု သိရသည်။

RM သည် အဆိုပါ လူနေခန်းကို အိမ်ခြံမြေချေးငွေ မရယူဘဲ ငွေသားဖြင့် လက်ငင်းပေးချေကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(BTS အဖွဲ့နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံခဲ့ကြပုံ။)

Hannam the Hill သည် အထက်တန်းအသိုင်းအဝန်းတွင် ရှိသော နေရာတစ်ခုဖြစ်ပြီး အားကစားလေ့ကျင့်ရေးခန်းမများ ၊ ရေကူးကန် ၁ ခု ၊ Sauna ၊ ဂေါက်ကွင်းငယ် ၁ ခု ၊ ကော်ဖီဆိုင် ၊ စာဖတ်ခန်းနှင့် ဧည့်ဂေဟာအိမ်တို့ ပါဝင်သည်။

အိမ်ရာဝန်းအတွင်း လှပသော ပန်းဥယျာဉ်များ ၊ လျှောက်လမ်းများလည်းရှိသည်။

BTS အဖွဲ့ဝင် Jim သည်လည်း Hannam the Hill တွင် ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလနှင့် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လများတွင် လူနေခန်းများ ဝယ်ယူထားသည်။

((အနုပညာလက်ရာများနှင့် ခေတ်မီမှုတို့ ပေါင်းစပ်ထားသော RM ၏ နေအိမ်))

RM ၏ နေအိမ်သည် Minimalism ဟန်ဖြင့် မွမ်းမံထားသည်။ နေအိမ်အတွင်း သက်သောင့်သက်တာရှိသော ဆိုဖာ ၊ နံရံပေါ်မှရင်သပ်ရှုမောဖွယ် ပန်းချီကားများ ၊ အနုပညာဆန်သောပရိဘောဂများကို တွေ့ရသည်။

RM ၏ အိမ်တွင် တကမ္ဘာလုံးမှ မော်ဒန်အနုပညာလက်ရာများဖြင့် ပြည့်နှက်နေသည်။

ပြင်သစ် ပန်းချီကျော်တစ်ဦးဖြစ်သော Jean- Michel Othoniel ၏ လက်ရာပန်းချီကားတစ်ခုကို တွေ့ရသည့်အပြင် အဆိုပါ ပန်းချီကား၏ ဘေးတွင် ကိုရီးယားပန်းချီကျော်တစ်ဦး၏ ပန်းချီကားတစ်ချပ်လည်း တွေ့ရသည်။

သူ၏ ခွေးကလေးကို ရိုက်ကူးထားသော ဤဓာတ်ပုံမှတဆင့် သူ့နေအိမ်အတွင်း မြင်ကွင်းကို တစေ့တစောင်း အကဲခတ်နိုင်သည်။

RM ၏ ညစာစားခန်းတွင် သစ်ပရိဘောဂများ များပြားလှသည်။

သစ်စားပွဲနှင့် အခြားသစ်ပရိဘောဂများကို အများဆုံး အသုံးပြုထားသည်။

ဖော်ပြပါ ဓာတ်ပုံမှာ RM က အင်စတာဂရမ်တွင် ဝေမျှခဲ့သော ဓာတ်ပုံဖြစ်သည်။

RM သည် ပန်းပုရုပ်တုများကိုလည်း နှစ်သက်မြတ်နိုးသူတစ်ဦးဖြစ်၏။

သူသည် ပန်းချီကားများသာမက မော်ဒန်ပန်းပုရုပ်တုများ၏ ပရိသတ်တစ်ဦးလည်း ဖြစ်သည်။

RM သည် ပြပွဲများစွာသို့ တက်ရောက်ကာ အနုပညာလက်ရာများ ဝယ်ယူစုဆောင်းလေ့ရှိသည်။

အောက်ဖော်ပြပါ ဓာတ်ပုံမှာ RM က သူ၏ အင်စတာဂရမ်အကောင့်တွင် မျှဝေခဲ့သော ဓာတ်ပုံဖြစ်ပြီး ပန်းချီဆရာ Kim Chong Hak ၏ ပန်းချီကားတစ်ခုဖြစ်သည်။

RM နှင့်သူ၏ ခွေးကလေး Moni တို့၏ ဓာတ်ပုံမှ တဆင့် သူ့ခြံဝန်း၏ မြင်ကွင်းကို တစေ့တစောင်းအကဲခတ်နိုင်သည်။

RM သည် တချိန်လုံး အိမ်ထဲတွင် နေထိုင်လေ့မရှိချေ။

သူ့ခွေးကလေး Moni နှင့်အတူ ခြံဝန်းအတွင်း နေထိုင်အနားယူ အပန်းဖြေလေ့ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BTS's RM buys luxurious $4,000,000 apartment in cash (allkpop, bollywoodlife)

[Zawgyi]

BTS အဖြဲ႔ေခါင္းေဆာင္ RM ေဒၚလာ ၄ သန္း ေငြသားေပးေခ်ကာ ဝယ္ယူခဲ့ေသာ ဆိုးလ္ျမိဳ႕ေတာ္မွ တန္ဖိုးၾကီး လူေနခန္း

နာမည္ၾကီးကိုရီးယားေပါ့ပ္ၾကယ္ပြင့္ RM သည္ ေတာင္ကိုရီးယားႏိုင္ငံ ၊ ဆိုးလ္ျမိဳ႕ေတာ္ Hannam Dong အရပ္ ၊ Hannam the Hill တြင္ တည္ရွိေသာ တန္ဖုိးၾကီးလူေနခန္းတစ္ခန္းကို ဝမ္ေငြ ၄ ဒသမ ၉ ဘီလီယံ ကန္ေဒၚလာ ၄ သန္းျဖင့္ ဝယ္ယူခဲ့သည္။

အဆိုပါ တုိက္ခန္းသည္ ရင္သပ္ရႈေမာဖြယ္ရာ ရႈခင္းမ်ား ပိုင္ဆိုင္ထားျပီး တသီးတသန္႔ေနရာတစ္ခုတြင္ တည္ရွိသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ တိုက္ခန္း၏ အက်ယ္အဝန္းမွာ စတုရန္းမီတာ ၂၈၄ ဒသမ ၂ ရွိသည္ဟု သိရသည္။

RM သည္ အဆုိပါ လူေနခန္းကို အိမ္ျခံေျမေခ်းေငြ မရယူဘဲ ေငြသားျဖင့္ လက္ငင္းေပးေခ်ကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(BTS အဖြဲ႔ႏွင့္ အေမရိကန္သမၼတတို႔ ေတြ႔ဆံုခဲ့ၾကပံု။)

Hannam the Hill သည္ အထက္တန္းအသိုင္းအဝန္းတြင္ ရွိေသာ ေနရာတစ္ခုျဖစ္ျပီး အားကစားေလ့က်င့္ေရးခန္းမမ်ား ၊ ေရကူးကန္ ၁ ခု ၊ Sauna ၊ ေဂါက္ကြင္းငယ္ ၁ ခု ၊ ေကာ္ဖီဆိုင္ ၊ စာဖတ္ခန္းႏွင့္ ဧည့္ေဂဟာအိမ္တို႔ ပါဝင္သည္။

အိမ္ရာဝန္းအတြင္း လွပေသာ ပန္းဥယ်ာဥ္မ်ား ၊ ေလွ်ာက္လမ္းမ်ားလည္းရွိသည္။

BTS အဖြဲ႔ဝင္ Jim သည္လည္း Hannam the Hill တြင္ ၂၀၁၉ ခုႏွစ္ ၊ ေအာက္တိုဘာလႏွင့္ ၂၀၁၈ ခုႏွစ္ ၊ ဇူလုိင္လမ်ားတြင္ လူေနခန္းမ်ား ဝယ္ယူထားသည္။

((အႏုပညာလက္ရာမ်ားႏွင့္ ေခတ္မီမႈတုိ႔ ေပါင္းစပ္ထားေသာ RM ၏ ေနအိမ္))

RM ၏ ေနအိမ္သည္ Minimalism ဟန္ျဖင့္ မြမ္းမံထားသည္။ ေနအိမ္အတြင္း သက္ေသာင့္သက္တာရွိေသာ ဆိုဖာ ၊ နံရံေပၚမွရင္သပ္ရႈေမာဖြယ္ ပန္းခ်ီကားမ်ား ၊ အႏုပညာဆန္ေသာပရိေဘာဂမ်ားကို ေတြ႔ရသည္။

RM ၏ အိမ္တြင္ တကမၻာလံုးမွ ေမာ္ဒန္အႏုပညာလက္ရာမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

ျပင္သစ္ ပန္းခ်ီေက်ာ္တစ္ဦးျဖစ္ေသာ Jean- Michel Othoniel ၏ လက္ရာပန္းခ်ီကားတစ္ခုကို ေတြ႔ရသည့္အျပင္ အဆိုပါ ပန္းခ်ီကား၏ ေဘးတြင္ ကိုရီးယားပန္းခ်ီေက်ာ္တစ္ဦး၏ ပန္းခ်ီကားတစ္ခ်ပ္လည္း ေတြ႔ရသည္။

သူ၏ ေခြးကေလးကို ရိုက္ကူးထားေသာ ဤဓာတ္ပံုမွတဆင့္ သူ႔ေနအိမ္အတြင္း ျမင္ကြင္းကို တေစ့တေစာင္း အကဲခတ္ႏိုင္သည္။

RM ၏ ညစာစားခန္းတြင္ သစ္ပရိေဘာဂမ်ား မ်ားျပားလွသည္။ သစ္စားပြဲႏွင့္ အျခားသစ္ပရိေဘာဂမ်ားကို အမ်ားဆံုး အသံုးျပဳထားသည္။

ေဖာ္ျပပါ ဓာတ္ပံုမွာ RM က အင္စတာဂရမ္တြင္ ေဝမွ်ခဲ့ေသာ ဓာတ္ပံုျဖစ္သည္။

RM သည္ ပန္းပုရုပ္တုမ်ားကိုလည္း ႏွစ္သက္ျမတ္ႏိုးသူတစ္ဦးျဖစ္၏။

သူသည္ ပန္းခ်ီကားမ်ားသာမက ေမာ္ဒန္ပန္းပုရုပ္တုမ်ား၏ ပရိသတ္တစ္ဦးလည္း ျဖစ္သည္။

RM သည္ ျပပြဲမ်ားစြာသို႔ တက္ေရာက္ကာ အႏုပညာလက္ရာမ်ား ဝယ္ယူစုေဆာင္းေလ့ရွိသည္။

ေအာက္ေဖာ္ျပပါ ဓာတ္ပံုမွာ RM က သူ၏ အင္စတာဂရမ္အေကာင့္တြင္ မွ်ေဝခဲ့ေသာ ဓာတ္ပံုျဖစ္ျပီး ပန္းခ်ီဆရာ Kim Chong Hak ၏ ပန္းခ်ီကားတစ္ခုျဖစ္သည္။

RM ႏွင့္သူ၏ ေခြးကေလး Moni တုိ႔၏ ဓာတ္ပံုမွ တဆင့္ သူ႔ျခံဝန္း၏ ျမင္ကြင္းကို တေစ့တေစာင္းအကဲခတ္ႏိုင္သည္။

RM သည္ တခ်ိန္လံုး အိမ္ထဲတြင္ ေနထုိင္ေလ့မရွိေခ်။

သူ႔ေခြးကေလး Moni ႏွင့္အတူ ျခံဝန္းအတြင္း ေနထိုင္အနားယူ အပန္းေျဖေလ့ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: BTS's RM buys luxurious $4,000,000 apartment in cash (allkpop, bollywoodlife)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service