တစ်ခါတုန်းက အဖြစ်လေးတွေ (၁၅)

တစ်ခါတုန်းက အဖြစ်လေးတွေ (၁၅) - Property Knowledge in Myanmar from iMyanmarHouse.com
17 May 2023 5:01 pm တွင် တင်ခဲ့သည်
562 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

“ထန်းရည်ခါးလည်း မူးပါတယ်”

 

အတုမြင် အတတ်သင်ဆိုတဲ့စကားဟာ သိပ်ကိုမှန်ပါတယ်။ကိုယ့်ရှေ့မှာ လုပ်နေကိုင်နေတဲ့ ကိစ္စရပ်တွေဟာ မြင်ဖန်များနေရင် ဓာတ်ကူးလာပြီး ကိုယ်လည်း အနဲအများတော့ လိုက်ပြီး လုပ်မိတတ်ပါတယ်။

ကလေးတွေက ပိုပြီးအတုခိုးမြန်ကြတယ်မို့လား။ဒါကြောင့် ကလေးတွေရှေ့မှာဆိုရင် အပြောအဆို၊ အနေအထိုင် အပြုအမူတွေကို သတိထားရပါတယ်။ဆင်ခြင်ကြရပါတယ်။ဆဲပြောတာ များများနားထောင်ရရင် ဆဲတတ်သွားရော။

ကျေးညီနောင်ပုံပြင်လိုပါပဲ။လေပြင်းတိုက်လို့ အသိုက်ပျက်ပြီး ခိုးသားတွေဆီရောက်သွားတဲ့ အစ်ကိုကြက်တူရွေး ဟာ ခိုးသားတွေရဲ့ စရိုက် ဝင်သွားပါတယ်။

ရသေ့ရဟန်းတွေ သီတင်းသုံးတဲ့နေရာရောက်သွားတဲ့ ညီငယ်ကြက်တူရွေးဟာလည်း သီလတရားအလေ့အကျင့် ရှိသူတွေရဲ့ စရိုက်လက္ခဏာတွေ ကူးစက်ပါတယ်။

ကျွန်တော်တို့ စက်မှုလယ်ယာမှာ လူငယ် ထွန်စက်မောင်းဝန်ထမ်းတွေ အများအပြားခန့်ထားတာ တွေ့ရတယ်။ လူစုံ စရိုက်စုံ ပါလာပါတယ်။ကျွန်တော်တို့က ကလေးတွေပေါ့။သူတို့က ကာလသားကြီးတွေပါ။ စက်မှုလယ်ယာဆိုတာ အချိန်ပြည့် ထွန်စက်မောင်းနေရတာတော့ မဟုတ်ပါဘူး။မစိုက်ပျိုးခင်အချိန်မှာ ထွန်ယက်ဖို့ လုပ်ကြရပါတယ်။ အဲဒီအချိန်လောက်မှာမှ လုပ်ငန်တွေ လှိုင်လှိုင်လုပ်ရတာပါ။

ကျန်တဲ့အချိန်တွေမှာ မနက်ရုံးလာတက်၊လုပ်စရာမရှိရင် ဖဲရိုက်၊ကတ်ဆွဲ၊စားပွဲတင်တင်းနစ်၊ဘော်လီဘော ကြိုက်တာတစ်ခုခုတော့ လုပ်နေတတ်ကြပါတယ်။စာကြည့်တိုက်လေးရှိတော့ စာဖတ်ဝါသနာပါတဲ့ သူတွေကလည်း စာအုပ်လေးဖတ်လို့ပေါ့။

နေစောင်းပြီဆိုရင်တော့ သောက်တတ်တတ်၊မသောက်တတ်တတ် ထွန်စက်တွေကြားထဲက ချောင်ကောင်းတဲ့ နေရာလေးမှာ ဝိုင်းလေးတွေဖွဲ့မိတတ်ကြတယ်။ အရက်ဝိုင်းတော့ မဟုတ်ဘူး။ ထန်းရည်ဝိုင်းလေးတွေ။ သရက်ချဉ်တို့လို ပဲကြီးလှော်တို့လို အမြည်းလေး တွေနဲ့ပေါ့။

ပထမတော့ သောက်တတ်သူခြင်း ဝိုင်းဖွဲ့တတ်ကြတယ်။ နောက်တော့ မသောက်တတ်တဲ့သူလည်း တစ်ခွက်တစ်ဖလား ဝင်ရောရင်း စပြီးသောက်ဖြစ်သွားတယ်။နောက်တော့ပုံမှန်သောက်တတ်လာတယ်။ ထန်းရည်မြူအိုးတွေ တစ်အိုးပြီး တစ်အိုးများလာတယ်။ရေချိန်တွေတက်လာကြတယ်။စကားတွေ တောရောက် တောင်ရောက်တွေ ပြောကြ၊အယုတ္တ အနတ္တတွေ အသောသောပြောကြတော့တာပေါ့။ စကားအခန့် မသင့်တော့ ရန်ပါဖြစ်ကြပါရောလား။

ကျွန်တော်တို့ကလေးတွေဟာလည်း ဘာရယ်မဟုတ်ပါဘူး သူတို့ရှိတဲ့နေရာ ရောက်သွားတတ်ကြတယ်။သူတို့ လုပ်ပုံကိုင်ပုံတွေကြည့်ပြီး ကိုယ်တိုင်လုပ်ကြည့်ချင်လာတယ်။ကလေးဘဝ မလုပ်ဖူးတာတွေမြင်တော့ စမ်းပြီးလုပ်ကြည့်ချင်လာတယ်။

တစ်ရက်တော့ ကျွန်တော့်အထက်က အစ်ကိုရယ် ကျွန်တော်ရယ်၊ ဘေးအခန်းက ကျွန်တော်တို့ထက် ငယ်တဲ့ကောင်တွေရော စုပြီး မြို့လယ်လမ်းနဲ့ အရှေ့အနောက် သင်္ချိုင်းသွားတဲ့လမ်း ဆုံတဲ့နေရာက ထန်းရည်ရောင်းတဲ့အိမ်ကိုသွားပြီး ထန်းရည်ခါးသောက်ကြတယ်။တုတ်ထိုး သရက်သီးကင်လေးနဲ့ပေါ့။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရွယ်မရောက်သေးတဲ့သူတွေကိုလည်း အရက်ဆေးလိပ်ရောင်းကြတယ်။ ပိုက်ဆံရရင်ပြီးရောဆိုတာမျိုး သဘောထားကြတယ်။တားမြစ်ရကောင်းမှန်း မသိကြဘူး။အဲဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သောက်တတ်စားတတ်ဖြစ်နေတဲ့ ကလေးတွေ အများကြီးဖြစ်နေတာပေါ့။ အမုန်းခံပြီး မဆုံးမတတ်ကြဘူးဆိုရမှာပါ။

အဲလိုနဲ့သောက်ဖြစ်ရော ဆိုပါတော့ဗျာ။ ထန်းရည်ဟာလည်း မူးတာပါပဲ။ ကလေးတွေဆိုတော့ သိပ်အများကြီး မသောက်နိုင်ပါဘူး။နဲနဲလေးစီသောက်ကြတာပါ။ အပျော်သဘောပေါ့။ ဒီလိုနဲ့ အခြေအနေသိပ်မသိသာခင် ဆိုင်ကနေပြန်လာကြတယ်။

အိမ်ရောက်တော့ အပြင်က ကွပ်ပျစ်မှာ အိပ်လိုက်ကြတယ်။မေမေမရိပ်မိအောင်ပေါ့။ဒါပေမဲ့ ကျွန်တော်တို့နဲ့ လိုက်လာတဲ့ လိုင်းခန်းထဲကကောင်က အိမ်ရောက်တော့ မူးပြီးအန်နေပါရောလား။သူအမေကမေးတော့ ကျွန်တော့်အစ်ကိုက တိုက်လို့ဆိုတဲ့အကြောင်း သူ့အမေကလာတိုင်ပါလေရော။

မေမေဟာ ဒေါသတွေဖြစ်ပြီး မလုပ်စဖူး လုပ်ပါတော့တယ်။အစ်ကို့လည်ပင်းကို ကြက်သွန်လှီးတဲ့ဓားကိုတင်ပြီး ကြိမ်းပါတယ်။ကြက်သွန်လှီးတဲ့ ဓားကသေးသေးမဟုတ်ပါဘူး။ပိန္နဲရွက်လိုပုံစံရှိတဲ့ ဓားကြီးပါ။တစ်ခါမှ မရိုက်ဖူးတဲ့ ပါးတွေနားတွေကိုလည်း ရိုက်ပါတယ်။သူပြီးတော့ အိပ်ချင်ယောင်ဆောင်နေတဲ့ ကျွန်တော့်ဘက် လှည့်လာပြီး ပါးစပ်ကိုနမ်းကြည့်ပါတယ်။မင်းလည်းအတတ်ကောင်းတွေ တတ်နေတယ်ပေါ့ဆိုပြီး ပါးကိုခတ်ပြင်းပြင်း တစ်ချက်ရိုက်ပါတယ်။တစ်ချက်ဆို တစ်ချက်ပါပဲ။တစ်သက်မှတ်သွားခဲ့ရတယ်။

ကျွန်တော့်အစ်ကိုနဲ့ အန်တဲ့ကောင်ကတော့ အခုချိန်မှာ အရက်ချိုးတွေဖြစ်နေခဲ့ပါပြီ။အန်တဲ့ကောင်ကတော့ မရေရာတဲ့ အခြေအနေတွေနဲ့ ဘဝတွေပျက်ပြီး နှစ်အတော်ကြာကတည်းက ဆုံးရှာပြီလို့တော့ကြားမိပါတယ်။ အစ်ကိုကတော့ ပုလင်းတူဘူးဆို့ အပေါင်းအသင်းတွေနဲ့ ယစ်ရွှေရည်ကို အခုချိန်ထိမှန်မှန်လေး မှီဝဲနေပါ သေးတယ်။

ဒီလိုနဲ့ ထန်းရေဝိုင်းလေးတွေကို မြင်တွေ့ပြီး အတုမြင် အတတ်သင်ခဲ့ရာက အခုကာလမှာတော့ အလွယ်တကူ ဝယ်လို့ရနေပြီဖြစ်တဲ့ ယစ်ရွှေရည်ဆိုင်တွေက လက်ညိုးထိုးမလွဲအောင်ရှိမှာတော့….။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၅)

 

“ထန္းရည္ခါးလည္း မူးပါတယ္”

 

အတုျမင္ အတတ္သင္ဆိုတဲ့စကားဟာ သိပ္ကိုမွန္ပါတယ္။ကိုယ့္ေ႐ွ႕မွာ လုပ္ေနကိုင္ေနတဲ့ ကိစၥရပ္ေတြဟာ ျမင္ဖန္မ်ားေနရင္ ဓာတ္ကူးလာၿပီး ကိုယ္လည္း အနဲအမ်ားေတာ့ လိုက္ၿပီး လုပ္မိတတ္ပါတယ္။

ကေလးေတြက ပိုၿပီးအတုခိုးျမန္ၾကတယ္မို႔လား။ဒါေၾကာင့္ ကေလးေတြေ႐ွ႕မွာဆိုရင္ အေျပာအဆို၊ အေနအထိုင္ အျပဳအမူေတြကို သတိထားရပါတယ္။ဆင္ျခင္ၾကရပါတယ္။ဆဲေျပာတာ မ်ားမ်ားနားေထာင္ရရင္ ဆဲတတ္သြားေရာ။

ေက်းညီေနာင္ပုံျပင္လိုပါပဲ။ေလျပင္းတိုက္လို႔ အသိုက္ပ်က္ၿပီး ခိုးသားေတြဆီေရာက္သြားတဲ့ အစ္ကိုၾကက္တူေ႐ြး ဟာ ခိုးသားေတြရဲ႕ စ႐ိုက္ ဝင္သြားပါတယ္။

ရေသ့ရဟန္းေတြ သီတင္းသုံးတဲ့ေနရာေရာက္သြားတဲ့ ညီငယ္ၾကက္တူေ႐ြးဟာလည္း သီလတရားအေလ့အက်င့္ ႐ွိသူေတြရဲ႕ စ႐ိုက္လကၡဏာေတြ ကူးစက္ပါတယ္။

ကြၽန္ေတာ္တို႔ စက္မႈလယ္ယာမွာ လူငယ္ ထြန္စက္ေမာင္းဝန္ထမ္းေတြ အမ်ားအျပားခန္႔ထားတာ ေတြ႕ရတယ္။ လူစုံ စ႐ိုက္စုံ ပါလာပါတယ္။ကြၽန္ေတာ္တို႔က ကေလးေတြေပါ့။သူတို႔က ကာလသားႀကီးေတြပါ။ စက္မႈလယ္ယာဆိုတာ အခ်ိန္ျပည့္ ထြန္စက္ေမာင္းေနရတာေတာ့ မဟုတ္ပါဘူး။မစိုက္ပ်ိဳးခင္အခ်ိန္မွာ ထြန္ယက္ဖို႔ လုပ္ၾကရပါတယ္။ အဲဒီအခ်ိန္ေလာက္မွာမွ လုပ္ငန္ေတြ လိႈင္လိႈင္လုပ္ရတာပါ။

က်န္တဲ့အခ်ိန္ေတြမွာ မနက္႐ုံးလာတက္၊လုပ္စရာမ႐ွိရင္ ဖဲ႐ိုက္၊ကတ္ဆြဲ၊စားပြဲတင္တင္းနစ္၊ေဘာ္လီေဘာ ႀကိဳက္တာတစ္ခုခုေတာ့ လုပ္ေနတတ္ၾကပါတယ္။စာၾကည့္တိုက္ေလး႐ွိေတာ့ စာဖတ္ဝါသနာပါတဲ့ သူေတြကလည္း စာအုပ္ေလးဖတ္လို႔ေပါ့။

ေနေစာင္းၿပီဆိုရင္ေတာ့ ေသာက္တတ္တတ္၊မေသာက္တတ္တတ္ ထြန္စက္ေတြၾကားထဲက ေခ်ာင္ေကာင္းတဲ့ ေနရာေလးမွာ ဝိုင္းေလးေတြဖြဲ႕မိတတ္ၾကတယ္။ အရက္ဝိုင္းေတာ့ မဟုတ္ဘူး။ ထန္းရည္ဝိုင္းေလးေတြ။ သရက္ခ်ဥ္တို႔လို ပဲႀကီးေလွာ္တို႔လို အျမည္းေလး ေတြနဲ႔ေပါ့။

ပထမေတာ့ ေသာက္တတ္သူျခင္း ဝိုင္းဖြဲ႕တတ္ၾကတယ္။ ေနာက္ေတာ့ မေသာက္တတ္တဲ့သူလည္း တစ္ခြက္တစ္ဖလား ဝင္ေရာရင္း စၿပီးေသာက္ျဖစ္သြားတယ္။ေနာက္ေတာ့ပုံမွန္ေသာက္တတ္လာတယ္။ ထန္းရည္ျမဴအိုးေတြ တစ္အိုးၿပီး တစ္အိုးမ်ားလာတယ္။ေရခ်ိန္ေတြတက္လာၾကတယ္။စကားေတြ ေတာေရာက္ ေတာင္ေရာက္ေတြ ေျပာၾက၊အယုတၱ အနတၱေတြ အေသာေသာေျပာၾကေတာ့တာေပါ့။ စကားအခန္႔ မသင့္ေတာ့ ရန္ပါျဖစ္ၾကပါေရာလား။

ကြၽန္ေတာ္တို႔ကေလးေတြဟာလည္း ဘာရယ္မဟုတ္ပါဘူး သူတို႔႐ွိတဲ့ေနရာ ေရာက္သြားတတ္ၾကတယ္။သူတို႔ လုပ္ပုံကိုင္ပုံေတြၾကည့္ၿပီး ကိုယ္တိုင္လုပ္ၾကည့္ခ်င္လာတယ္။ကေလးဘဝ မလုပ္ဖူးတာေတြျမင္ေတာ့ စမ္းၿပီးလုပ္ၾကည့္ခ်င္လာတယ္။

တစ္ရက္ေတာ့ ကြၽန္ေတာ့္အထက္က အစ္ကိုရယ္ ကြၽန္ေတာ္ရယ္၊ ေဘးအခန္းက ကြၽန္ေတာ္တို႔ထက္ ငယ္တဲ့ေကာင္ေတြေရာ စုၿပီး ၿမိဳ႕လယ္လမ္းနဲ႔ အေ႐ွ႕အေနာက္ သခ်ႋဳင္းသြားတဲ့လမ္း ဆုံတဲ့ေနရာက ထန္းရည္ေရာင္းတဲ့အိမ္ကိုသြားၿပီး ထန္းရည္ခါးေသာက္ၾကတယ္။တုတ္ထိုး သရက္သီးကင္ေလးနဲ႔ေပါ့။

ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ အ႐ြယ္မေရာက္ေသးတဲ့သူေတြကိုလည္း အရက္ေဆးလိပ္ေရာင္းၾကတယ္။ ပိုက္ဆံရရင္ၿပီးေရာဆိုတာမ်ိဳး သေဘာထားၾကတယ္။တားျမစ္ရေကာင္းမွန္း မသိၾကဘူး။အဲဒါေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသာက္တတ္စားတတ္ျဖစ္ေနတဲ့ ကေလးေတြ အမ်ားႀကီးျဖစ္ေနတာေပါ့။ အမုန္းခံၿပီး မဆုံးမတတ္ၾကဘူးဆိုရမွာပါ။

အဲလိုနဲ႔ေသာက္ျဖစ္ေရာ ဆိုပါေတာ့ဗ်ာ။ ထန္းရည္ဟာလည္း မူးတာပါပဲ။ ကေလးေတြဆိုေတာ့ သိပ္အမ်ားႀကီး မေသာက္ႏိုင္ပါဘူး။နဲနဲေလးစီေသာက္ၾကတာပါ။ အေပ်ာ္သေဘာေပါ့။ ဒီလိုနဲ႔ အေျခအေနသိပ္မသိသာခင္ ဆိုင္ကေနျပန္လာၾကတယ္။

အိမ္ေရာက္ေတာ့ အျပင္က ကြပ္ပ်စ္မွာ အိပ္လိုက္ၾကတယ္။ေမေမမရိပ္မိေအာင္ေပါ့။ဒါေပမဲ့ ကြၽန္ေတာ္တို႔နဲ႔ လိုက္လာတဲ့ လိုင္းခန္းထဲကေကာင္က အိမ္ေရာက္ေတာ့ မူးၿပီးအန္ေနပါေရာလား။သူအေမကေမးေတာ့ ကြၽန္ေတာ့္အစ္ကိုက တိုက္လို႔ဆိုတဲ့အေၾကာင္း သူ႕အေမကလာတိုင္ပါေလေရာ။

ေမေမဟာ ေဒါသေတြျဖစ္ၿပီး မလုပ္စဖူး လုပ္ပါေတာ့တယ္။အစ္ကို႔လည္ပင္းကို ၾကက္သြန္လွီးတဲ့ဓားကိုတင္ၿပီး ႀကိမ္းပါတယ္။ၾကက္သြန္လွီးတဲ့ ဓားကေသးေသးမဟုတ္ပါဘူး။ပိႏၷဲ႐ြက္လိုပုံစံ႐ွိတဲ့ ဓားႀကီးပါ။တစ္ခါမွ မ႐ိုက္ဖူးတဲ့ ပါးေတြနားေတြကိုလည္း ႐ိုက္ပါတယ္။သူၿပီးေတာ့ အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ ကြၽန္ေတာ့္ဘက္ လွည့္လာၿပီး ပါးစပ္ကိုနမ္းၾကည့္ပါတယ္။မင္းလည္းအတတ္ေကာင္းေတြ တတ္ေနတယ္ေပါ့ဆိုၿပီး ပါးကိုခတ္ျပင္းျပင္း တစ္ခ်က္႐ိုက္ပါတယ္။တစ္ခ်က္ဆို တစ္ခ်က္ပါပဲ။တစ္သက္မွတ္သြားခဲ့ရတယ္။

ကြၽန္ေတာ့္အစ္ကိုနဲ႔ အန္တဲ့ေကာင္ကေတာ့ အခုခ်ိန္မွာ အရက္ခ်ိဳးေတြျဖစ္ေနခဲ့ပါၿပီ။အန္တဲ့ေကာင္ကေတာ့ မေရရာတဲ့ အေျခအေနေတြနဲ႔ ဘဝေတြပ်က္ၿပီး ႏွစ္အေတာ္ၾကာကတည္းက ဆုံး႐ွာၿပီလို႔ေတာ့ၾကားမိပါတယ္။ အစ္ကိုကေတာ့ ပုလင္းတူဘူးဆို႔ အေပါင္းအသင္းေတြနဲ႔ ယစ္ေ႐ႊရည္ကို အခုခ်ိန္ထိမွန္မွန္ေလး မွီဝဲေနပါ ေသးတယ္။

ဒီလိုနဲ႔ ထန္းေရဝိုင္းေလးေတြကို ျမင္ေတြ႕ၿပီး အတုျမင္ အတတ္သင္ခဲ့ရာက အခုကာလမွာေတာ့ အလြယ္တကူ ဝယ္လို႔ရေနၿပီျဖစ္တဲ့ ယစ္ေ႐ႊရည္ဆိုင္ေတြက လက္ညိဳးထိုးမလြဲေအာင္႐ွိမွာေတာ့….။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service