ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“ဘယ်တော့လာမလဲ ဒီကံကြွေးတွေ”
ကံကြွေးရှိရင် ဘုရားသော်မှပြန်ဆပ်ရတယ်လို့ ကျွန်တော်ကြားဖူးခဲ့တယ်။ဘုရားပြီးရင် ရှင်မဟာမောဂ္ဂလာန်လို တန်ခိုးတော်အရာပထမထားရတဲ့ ပုဂ္ဂိုလ်တောင်မှ ကံဝဋ်ကြွေးတွေကို တန်ခိုးတော်နဲ့ မတားနိုင်ဘဲပြန်ပေးဆပ်ခဲ့ ရတယ်။ကျွန်တော်က ဘာကောင်မို့ ရှောင်လွဲနိုင်မှာလဲ။တစ်ချိန်ချိန်မှာ ပေးစရာရှိတဲ့ ကံကြွေးတွေ ကျွန်တော် ပြန်ပေးဆပ်ရမှာပါပဲ။
လူတိုင်း အကုသိုလ်ကံကြွေးတွေရှိရင် ငွေတွေအာဏာတွေ မိုးပျံအောင်ရှိနေလည်း အဲဒီအရာတွေက သူ့ရဲ့ အကုသိုလ်ကံကြွေးတွေကို တားဆီးမပေးနိုင်ပါဘူး။
ကျွန်တော် အရက်မသောက်ပါ။အရက်ဟာ ဘာကြီးညာကြီးဆိုတာထက်၊အားကစားကို ပိုခုံမင်တာရယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် အရက်၊ဆေးလိပ်၊ကွမ်းနဲ့ မူးယစ်စေတတ်တဲ့ အရာမှန်သမျှကို ကျွန်တော်ရှောင်ကြဉ်ခဲ့တယ်။
ယစ်ရွှေရည်ဆိုတာ ပုလင်းထဲမှာရော၊ဖန်ခွက်ထဲမှာရော ထည့်ထားရင် အရောင်လေးတွေလှတော့ လူကြီးတွေသောက်နေရင် ငါလည်းသောက်ကြည့်ချင်လိုက်တာဆိုတဲ့ အတွေးဖြစ်ခဲ့ဖူးပါရဲ့။ချက်အရက် အဖြူရောင်တော့မဟုတ်ဘူးလေ။
ကျွန်တော့်ဦးလေးအိမ်အလည်သွားတုန်း အိမ်အပေါ်ထပ်မှာ အာမီရမ်ပုလင်းကြီးသိမ်းထားတာတွေတယ်။ အရက်က နဲနဲလျော့နေတော့ ဖွင့်ပြီးသားပေါ့။ဒါနဲ့ ကျွန်တော်လည်း ပုလင်းဖုံးလေးဖွင့်ပြီး တစ်ငုံလောက် မော့ကြည့်ချင်လာတယ်။ မော့ကြည့်လိုက်တော့ အာခေါင်ထဲမှာ ရှဲကနဲဖြစ်သွားတယ်။ဆီပူအိုးထဲရေထည့်လိုက် သလားအောက်မေ့ရတယ်ဗျာ။ ပြင်းပြင်းရှရှ ခါးသက်နံစော်နေတဲ့ အရသာဟာ အမြင်လှသလောက် ကျွန်တော့်အတွက် အဝင်ဆိုးလှပါတယ်။ ဦးခေါင်းဟာ ပူထူခါဆင်းသွားတယ်။ နှာခေါင်းထဲက နှာမှုတ်သံတွေပါ ထွက်သွားတယ်။
အဲဒီတုန်းက အရက်အပေါ် ဒီလိုအရသာကြီးကိုများ ဘာလို့ ခုံမင်နှစ်သက်ကြတာလဲလို့ စိတ်မှာဖြစ်ခဲ့ရတယ်။ အဲဒီကတည်းကပဲ အရက်အပေါ် မနှစ်သက်တဲ့စိတ်လည်း ဖြစ်ခဲ့ရတယ်။နောက်တော့…
ကျွန်တော့်မှာ သန်းနိုင်ထွန်းဆိုတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ကျွန်တော်တို့နေတဲ့ စက်မှုလယ်ယာဝင်းရဲ့ အနောက်ဘက်၊မြို့ကိုကန့်လန့်ဖြတ်သွားတဲ့ လမ်းရဲ့အနောက်ဘက်ကပ်လျက်မှာ သူတို့အိမ်ရှိတယ်။လမ်းပဲခြားတယ်ပြောပါတော့။
သူ့အဖေကဦးထွန်းရီ၊အမေကဒေါ်တူး။သူတို့က အရက်ချက်ရောင်းကြတယ်။ကျွန်တော်တို့ အရမ်းခင်ကြတော့ စားအိမ်သောက်အိမ်၊လည်အိမ်ပတ်အိမ်လို ဖြစ်နေတာပေါ့။သူတို့အိမ်နဲ့ ကျွန်တော်တို့အိမ်က လမ်းဘဲခြားတာတောင် ကျွန်တော်က ညအိပ်ညနေသွားနေပါတယ်။နေရင်းနဲ့ သူအိမ်အလုပ်တွေကို ဝိုင်းကူပေးတယ်။အဲဒီတုန်းက နှစ်တန်းသုံးတန်းရှိသေးထင်ပါရဲ့။
သူ့တို့အိမ်က အလုပ်ဆိုတာ အရက်ချက်တာပေါ့။အရက်ချက်ဖို့အတွက် ထန်းလျက်(ဒေသအခေါ်=ပေါက်စိမ်း ထညက်ခဲ)တွေနဲ့ ဗမာထနောင်းခေါက်တွေကို စဉ့်ရာဝင်အိုးကြီးတွေထဲ ထည့်ပြီး အလျဉ်ဖောက်ထားတာ လေးငါးအိုး လောက်ရှိတယ်။ အရက်ပြင်းအောင် နောက်ထပ် ဘာတွေရောသေးလဲတော့ အဲဒီတုန်းက ငယ်သေးတော့ ဘယ်သိပါ့မလဲ။
အဲဒီအလျဉ်ရေတွေကို အရက်ချက်မယ့် မြေအိုးထဲကို တစ်ဝက်ကျော်ကျော်ထည့်ရတယ်။အဲဒီထက်ပိုထည့်လို့ မရဘူး။အဲဒီအထက်ဆိုရင် အိုးဘေးမှာ အပေါက်လေးရှိတော့ အလျဉ်ရေတွေထွက်ကျနိုင်တာပေါ့။ အဲဒီအပေါက်က သက်သက်ဖောက်ထားရတာ။ အိုးထဲကနေ ပေါင်းခံရေကိုခံမယ့် ရေသယောက်လိုလို ကတော့လိုလိုဟာလေးကို ပိုက်လေးနဲ့ဆက်ပြီး ခုနကအိုးဘေးမှာရှိတဲ့ အပေါက်ကနေ အပြင်ကိုထုတ်ထားတယ်။အဲဒီကနေ အရက်ဖြစ်တဲ့ ပေါင်းခံရည်ကို ရတယ်။
အလျဉ်ရေတည်တဲ့ မြေအိုးအပေါ်မှာ ဖင်မှာမောင်းရဲ့ဘုလေးလိုပါတဲ့ ပေါင်ခံအိုးတင်ထားရတယ်။ သူကဒန်အိုးကိုလုပ်ထားတာ။အလျဉ်ရေထည့်ထားတဲ့အိုးကို အောက်ကနေ ထင်းမီးနဲ့ မီးပြင်းတိုက်လိုက်တော့ အလျဉ်ရေဟာဆူပွက်လာပြီး ဒန်အိုးဖင်မှာ ငွေ့ရည်လေးတွေ လာသီးတာပေါ့။ငွေ့ရည်တွေများလာတော့ မောင်းဘုလေးလိုဖြစ်အောင်လုပ်ထားတဲ့နေရာကို ငွေ့ရည်တွေဟာ လျောကျလာပြီး ခုနက အိုးထဲမှာ ကတော့လေးလိုခံထားတဲ့ အပေါ်ကိုကျပါတယ်။ အဲဒီကနေ အိုးအပြင်ကို စီးထွက်လာပြီး ပိုက်ထိပ်မှာခံထားတဲ့ ပုလင်းထဲကို ရောက်ပါတယ်။
ပထမဆုံးပေါင်းခံရရှိတဲ့ ပုလင်းထဲက အရက်ဟာတော်တော်ပြင်းတယ်လို့ ဆိုပါတယ်။ရေနှစ်လုံးလောက်နဲ့ ရောရတယ်လို့ ထင်ပါတယ်။နောက်ထပ်ရတဲ့ပုလင်းတွေကတော့ သိပ်မပြင်းတော့ဘူးလို့လည်းသိရတယ်။ တစ်ခါချက်ရင် လေးပုလင်း၊ငါးပုလင်းလားမသိပါဘူး။ ဒီလောက်ပဲရအောင်ချက်ရတယ်။ ဒီထက်ဆိုရင် မကောင်းဘူးလို့ သိရတယ်။အဲဒီလိုချက်နေတုန်း ပေါင်းခံဒန်အိုးထဲက ရေကို မပူလာအောင် လဲပေးနေရတယ်။ ကျွန်တော်တို့မှာ အဲဒီလို ရေလဲလှယ်ပေးနေရတာကို ပျော်ပျော်ကြီးလုပ်ပေးကြတာပေါ့။
အဲဒီလိုတစ်ခါချက်ပြီးရင် အထဲက အရည်တွေကို သွန်ပစ်ပြီး အသစ်လဲရပါတယ်။အရက်ချက်ပြီးလို့ စွန့်ပစ်မယ့် အရေကို ပြန်ရည်လို့ခေါ်ပါတယ်။တစ်ချို့က အစာသိပ်မစားတဲ့နွားတွေအတွက် ပြန်ရည်ကိုအစာနဲ့ရောကျွေးဖို့ ပြန်ရည်စုတဲ့သူတွေက ပုံးတွေလာပေးထားရင် အဲဒီပုံးတွေထဲ ထည့်ပေးထားရတယ်။
ပြန်ရည်ဟာ ဘယ်လို အစွမ်းရှိလည်းတော့ မသိပေမယ့် သံချေးကိုက်နေတဲ့ သံထည်တွေကို ပြန်ရည်ထဲ ထည့်ထားရင် သုံးရက်လောက်နေရင် အဲဒီသံထည်တွေဟာ ကော်ပတ်စားထားသလို ပြောင်လက်ကုန်တာပါပဲ။
အရက်မချက်ခင်ဖောက်ရတဲ့ အလျဉ်ရေလေးအကြောင်း ပြန်အစကောက်ပါဦးမယ်။အဲဒီအလျဉ်တွေဟာလည်း ပြင်းပုံရပါတယ်။ဘီယာလို အမြှုပ်လေးတွေထလို့။သောက်တော့မကြည့်မိပါဘူး။သူများတော့ တိုက်ပါတယ်။ သူများဆိုတာ ပုသင်ညိုတွေကိုပေါ့။
အုန်းရွက်မှာ အလယ်မှာ တံမြတ်စည်းလုပ်လို့ရတဲ့ အလယ်ကြောလေးရှိတယ်မို့လား။အဲဒီအလယ်ကြောလေးကို ကွင်းလျေှာလေးလုပ်ပြီး ပုတ်သင်ညိုခေါင်းဝင်နိုင်တာထက် နဲနဲကျယ်အောင်လုပ်ထားပြီး သစ်ပင်မှာကပ်နေတဲ့ ပုတ်သင်ညိုကိုဖမ်းကြတယ်။တောနေကလေးတွေ လုပ်ဖူးကြမယ်ထင်ပါတယ်။ကျွန်တော်တို့လည်း အဲဒီလိုဖမ်း ပုတ်သင်ညိုပါးစပ်ကိုဖြဲပြီး ခုနက အလျဉ်ရေတွေကို လောင်းထည့်ပါတယ်။
ပုတ်သင်ညိုဟာ အရောင်တွေအမျိုးမျိုး ပြောင်းသွားပါတယ်။နောက်ပြီးသူတို့ကို သစ်ပင်မှာ ကပ်ပေးလိုက် ပေမယ့် မတက်နိုင်တော့ဘဲ ပြုတ်ကျကုန်ပါတယ်။မြေပြင်မှာရှိရင်လည်း ဝလုံးဝိုင်းနေသလိုပြေးနေပြီး သေတဲ့အကောင်လည်း သေကုန်တာပေါ့။
ဒါတွေကို ကျွန်တော်တို့ သူငယ်ချင်းတွေ အပျော်သဘောနဲ့ လုပ်ခဲ့ကြတာပါ။ရည်ရွယ်ချက် ကြီးကြီးမားမားလည်း မရှိခဲ့ပါဘူး။ဒါပေမယ့် သိတတ်လာတာ့ အပြစ်ဟာ အပြစ်လို့မြင်လာတယ်။အကုသိုလ် အလုပ်ဟာ ကိုယ်တိုင်မလုပ်ဘဲနဲ့ သူတစ်ပါးလုပ်တာကို မြင်ပြီးကျေနပ်မိရင်တောင် အပြစ်ဖြစ်ရသေးတယ်မို့လား။
အခုတော့ ကိုယ်တိုင်ဖမ်းဆီးပြီး သူတို့မလိုလားတဲ့ အရာတွေကို တိုက်ကြွေးမိ၊လုပ်မိခဲ့ကြတဲ့ ကံကြွေးဟာ ကျွန်တော်တို့မှာတင်ရှိသွားပါပြီ။ဒီကံကြွေးတွေ ဘယ်တော့လာမလဲဆိုတာကတော့….။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၄)
“ဘယ္ေတာ့လာမလဲ ဒီကံေၾကြးေတြ”
ကံေႂကြး႐ွိရင္ ဘုရားေသာ္မွျပန္ဆပ္ရတယ္လို႔ ကြၽန္ေတာ္ၾကားဖူးခဲ့တယ္။ဘုရားၿပီးရင္ ႐ွင္မဟာေမာဂၢလာန္လို တန္ခိုးေတာ္အရာပထမထားရတဲ့ ပုဂၢိဳလ္ေတာင္မွ ကံဝဋ္ေႂကြးေတြကို တန္ခိုးေတာ္နဲ႔ မတားႏိုင္ဘဲျပန္ေပးဆပ္ခဲ့ ရတယ္။ကြၽန္ေတာ္က ဘာေကာင္မို႔ ေ႐ွာင္လြဲႏိုင္မွာလဲ။တစ္ခ်ိန္ခ်ိန္မွာ ေပးစရာ႐ွိတဲ့ ကံေႂကြးေတြ ကြၽန္ေတာ္ ျပန္ေပးဆပ္ရမွာပါပဲ။
လူတိုင္း အကုသိုလ္ကံေႂကြးေတြ႐ွိရင္ ေငြေတြအာဏာေတြ မိုးပ်ံေအာင္႐ွိေနလည္း အဲဒီအရာေတြက သူ႕ရဲ႕ အကုသိုလ္ကံေႂကြးေတြကို တားဆီးမေပးႏိုင္ပါဘူး။
ကြၽန္ေတာ္ အရက္မေသာက္ပါ။အရက္ဟာ ဘာႀကီးညာႀကီးဆိုတာထက္၊အားကစားကို ပိုခုံမင္တာရယ္၊ ခႏၶာကိုယ္ၾကံ့ခိုင္မႈကို အေႏွာင့္အယွက္ေပးႏိုင္တဲ့အတြက္ အရက္၊ေဆးလိပ္၊ကြမ္းနဲ႔ မူးယစ္ေစတတ္တဲ့ အရာမွန္သမွ်ကို ကြၽန္ေတာ္ေ႐ွာင္ၾကဥ္ခဲ့တယ္။
ယစ္ေ႐ႊရည္ဆိုတာ ပုလင္းထဲမွာေရာ၊ဖန္ခြက္ထဲမွာေရာ ထည့္ထားရင္ အေရာင္ေလးေတြလွေတာ့ လူႀကီးေတြေသာက္ေနရင္ ငါလည္းေသာက္ၾကည့္ခ်င္လိုက္တာဆိုတဲ့ အေတြးျဖစ္ခဲ့ဖူးပါရဲ႕။ခ်က္အရက္ အျဖဴေရာင္ေတာ့မဟုတ္ဘူးေလ။
ကြၽန္ေတာ့္ဦးေလးအိမ္အလည္သြားတုန္း အိမ္အေပၚထပ္မွာ အာမီရမ္ပုလင္းႀကီးသိမ္းထားတာေတြတယ္။ အရက္က နဲနဲေလ်ာ့ေနေတာ့ ဖြင့္ၿပီးသားေပါ့။ဒါနဲ႔ ကြၽန္ေတာ္လည္း ပုလင္းဖုံးေလးဖြင့္ၿပီး တစ္ငုံေလာက္ ေမာ့ၾကည့္ခ်င္လာတယ္။ ေမာ့ၾကည့္လိုက္ေတာ့ အာေခါင္ထဲမွာ ႐ွဲကနဲျဖစ္သြားတယ္။ဆီပူအိုးထဲေရထည့္လိုက္ သလားေအာက္ေမ့ရတယ္ဗ်ာ။ ျပင္းျပင္း႐ွ႐ွ ခါးသက္နံေစာ္ေနတဲ့ အရသာဟာ အျမင္လွသေလာက္ ကြၽန္ေတာ့္အတြက္ အဝင္ဆိုးလွပါတယ္။ ဦးေခါင္းဟာ ပူထူခါဆင္းသြားတယ္။ ႏွာေခါင္းထဲက ႏွာမႈတ္သံေတြပါ ထြက္သြားတယ္။
အဲဒီတုန္းက အရက္အေပၚ ဒီလိုအရသာႀကီးကိုမ်ား ဘာလို႔ ခုံမင္ႏွစ္သက္ၾကတာလဲလို႔ စိတ္မွာျဖစ္ခဲ့ရတယ္။ အဲဒီကတည္းကပဲ အရက္အေပၚ မႏွစ္သက္တဲ့စိတ္လည္း ျဖစ္ခဲ့ရတယ္။ေနာက္ေတာ့…
ကြၽန္ေတာ့္မွာ သန္းႏိုင္ထြန္းဆိုတဲ့ ငယ္သူငယ္ခ်င္းတစ္ေယာက္႐ွိတယ္။ကြၽန္ေတာ္တို႔ေနတဲ့ စက္မႈလယ္ယာဝင္းရဲ႕ အေနာက္ဘက္၊ၿမိဳ႕ကိုကန္႔လန္႔ျဖတ္သြားတဲ့ လမ္းရဲ႕အေနာက္ဘက္ကပ္လ်က္မွာ သူတို႔အိမ္႐ွိတယ္။လမ္းပဲျခားတယ္ေျပာပါေတာ့။
သူ႕အေဖကဦးထြန္းရီ၊အေမကေဒၚတူး။သူတို႔က အရက္ခ်က္ေရာင္းၾကတယ္။ကြၽန္ေတာ္တို႔ အရမ္းခင္ၾကေတာ့ စားအိမ္ေသာက္အိမ္၊လည္အိမ္ပတ္အိမ္လို ျဖစ္ေနတာေပါ့။သူတို႔အိမ္နဲ႔ ကြၽန္ေတာ္တို႔အိမ္က လမ္းဘဲျခားတာေတာင္ ကြၽန္ေတာ္က ညအိပ္ညေနသြားေနပါတယ္။ေနရင္းနဲ႔ သူအိမ္အလုပ္ေတြကို ဝိုင္းကူေပးတယ္။အဲဒီတုန္းက ႏွစ္တန္းသုံးတန္း႐ွိေသးထင္ပါရဲ႕။
သူ႕တို႔အိမ္က အလုပ္ဆိုတာ အရက္ခ်က္တာေပါ့။အရက္ခ်က္ဖို႔အတြက္ ထန္းလ်က္(ေဒသအေခၚ=ေပါက္စိမ္း ထညက္ခဲ)ေတြနဲ႔ ဗမာထေနာင္းေခါက္ေတြကို စဥ့္ရာဝင္အိုးႀကီးေတြထဲ ထည့္ၿပီး အလ်ဥ္ေဖာက္ထားတာ ေလးငါးအိုး ေလာက္႐ွိတယ္။ အရက္ျပင္းေအာင္ ေနာက္ထပ္ ဘာေတြေရာေသးလဲေတာ့ အဲဒီတုန္းက ငယ္ေသးေတာ့ ဘယ္သိပါ့မလဲ။
အဲဒီအလ်ဥ္ေရေတြကို အရက္ခ်က္မယ့္ ေျမအိုးထဲကို တစ္ဝက္ေက်ာ္ေက်ာ္ထည့္ရတယ္။အဲဒီထက္ပိုထည့္လို႔ မရဘူး။အဲဒီအထက္ဆိုရင္ အိုးေဘးမွာ အေပါက္ေလး႐ွိေတာ့ အလ်ဥ္ေရေတြထြက္က်ႏိုင္တာေပါ့။ အဲဒီအေပါက္က သက္သက္ေဖာက္ထားရတာ။ အိုးထဲကေန ေပါင္းခံေရကိုခံမယ့္ ေရသေယာက္လိုလို ကေတာ့လိုလိုဟာေလးကို ပိုက္ေလးနဲ႔ဆက္ၿပီး ခုနကအိုးေဘးမွာ႐ွိတဲ့ အေပါက္ကေန အျပင္ကိုထုတ္ထားတယ္။အဲဒီကေန အရက္ျဖစ္တဲ့ ေပါင္းခံရည္ကို ရတယ္။
အလ်ဥ္ေရတည္တဲ့ ေျမအိုးအေပၚမွာ ဖင္မွာေမာင္းရဲ႕ဘုေလးလိုပါတဲ့ ေပါင္ခံအိုးတင္ထားရတယ္။ သူကဒန္အိုးကိုလုပ္ထားတာ။အလ်ဥ္ေရထည့္ထားတဲ့အိုးကို ေအာက္ကေန ထင္းမီးနဲ႔ မီးျပင္းတိုက္လိုက္ေတာ့ အလ်ဥ္ေရဟာဆူပြက္လာၿပီး ဒန္အိုးဖင္မွာ ေငြ႕ရည္ေလးေတြ လာသီးတာေပါ့။ေငြ႕ရည္ေတြမ်ားလာေတာ့ ေမာင္းဘုေလးလိုျဖစ္ေအာင္လုပ္ထားတဲ့ေနရာကို ေငြ႕ရည္ေတြဟာ ေလ်ာက်လာၿပီး ခုနက အိုးထဲမွာ ကေတာ့ေလးလိုခံထားတဲ့ အေပၚကိုက်ပါတယ္။ အဲဒီကေန အိုးအျပင္ကို စီးထြက္လာၿပီး ပိုက္ထိပ္မွာခံထားတဲ့ ပုလင္းထဲကို ေရာက္ပါတယ္။
ပထမဆုံးေပါင္းခံရ႐ွိတဲ့ ပုလင္းထဲက အရက္ဟာေတာ္ေတာ္ျပင္းတယ္လို႔ ဆိုပါတယ္။ေရႏွစ္လုံးေလာက္နဲ႔ ေရာရတယ္လို႔ ထင္ပါတယ္။ေနာက္ထပ္ရတဲ့ပုလင္းေတြကေတာ့ သိပ္မျပင္းေတာ့ဘူးလို႔လည္းသိရတယ္။ တစ္ခါခ်က္ရင္ ေလးပုလင္း၊ငါးပုလင္းလားမသိပါဘူး။ ဒီေလာက္ပဲရေအာင္ခ်က္ရတယ္။ ဒီထက္ဆိုရင္ မေကာင္းဘူးလို႔ သိရတယ္။အဲဒီလိုခ်က္ေနတုန္း ေပါင္းခံဒန္အိုးထဲက ေရကို မပူလာေအာင္ လဲေပးေနရတယ္။ ကြၽန္ေတာ္တို႔မွာ အဲဒီလို ေရလဲလွယ္ေပးေနရတာကို ေပ်ာ္ေပ်ာ္ႀကီးလုပ္ေပးၾကတာေပါ့။
အဲဒီလိုတစ္ခါခ်က္ၿပီးရင္ အထဲက အရည္ေတြကို သြန္ပစ္ၿပီး အသစ္လဲရပါတယ္။အရက္ခ်က္ၿပီးလို႔ စြန္႔ပစ္မယ့္ အေရကို ျပန္ရည္လို႔ေခၚပါတယ္။တစ္ခ်ိဳ႕က အစာသိပ္မစားတဲ့ႏြားေတြအတြက္ ျပန္ရည္ကိုအစာနဲ႔ေရာေကြၽးဖို႔ ျပန္ရည္စုတဲ့သူေတြက ပုံးေတြလာေပးထားရင္ အဲဒီပုံးေတြထဲ ထည့္ေပးထားရတယ္။
ျပန္ရည္ဟာ ဘယ္လို အစြမ္း႐ွိလည္းေတာ့ မသိေပမယ့္ သံေခ်းကိုက္ေနတဲ့ သံထည္ေတြကို ျပန္ရည္ထဲ ထည့္ထားရင္ သုံးရက္ေလာက္ေနရင္ အဲဒီသံထည္ေတြဟာ ေကာ္ပတ္စားထားသလို ေျပာင္လက္ကုန္တာပါပဲ။
အရက္မခ်က္ခင္ေဖာက္ရတဲ့ အလ်ဥ္ေရေလးအေၾကာင္း ျပန္အစေကာက္ပါဦးမယ္။အဲဒီအလ်ဥ္ေတြဟာလည္း ျပင္းပုံရပါတယ္။ဘီယာလို အျမႇဳပ္ေလးေတြထလို႔။ေသာက္ေတာ့မၾကည့္မိပါဘူး။သူမ်ားေတာ့ တိုက္ပါတယ္။ သူမ်ားဆိုတာ ပုသင္ညိဳေတြကိုေပါ့။
အုန္း႐ြက္မွာ အလယ္မွာ တံျမတ္စည္းလုပ္လို႔ရတဲ့ အလယ္ေၾကာေလး႐ွိတယ္မို႔လား။အဲဒီအလယ္ေၾကာေလးကို ကြင္းေလ်ွာေလးလုပ္ၿပီး ပုတ္သင္ညိဳေခါင္းဝင္ႏိုင္တာထက္ နဲနဲက်ယ္ေအာင္လုပ္ထားၿပီး သစ္ပင္မွာကပ္ေနတဲ့ ပုတ္သင္ညိဳကိုဖမ္းၾကတယ္။ေတာေနကေလးေတြ လုပ္ဖူးၾကမယ္ထင္ပါတယ္။ကြၽန္ေတာ္တို႔လည္း အဲဒီလိုဖမ္း ပုတ္သင္ညိဳပါးစပ္ကိုၿဖဲၿပီး ခုနက အလ်ဥ္ေရေတြကို ေလာင္းထည့္ပါတယ္။
ပုတ္သင္ညိဳဟာ အေရာင္ေတြအမ်ိဳးမ်ိဳး ေျပာင္းသြားပါတယ္။ေနာက္ၿပီးသူတို႔ကို သစ္ပင္မွာ ကပ္ေပးလိုက္ ေပမယ့္ မတက္ႏိုင္ေတာ့ဘဲ ျပဳတ္က်ကုန္ပါတယ္။ေျမျပင္မွာ႐ွိရင္လည္း ဝလုံးဝိုင္းေနသလိုေျပးေနၿပီး ေသတဲ့အေကာင္လည္း ေသကုန္တာေပါ့။
ဒါေတြကို ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ အေပ်ာ္သေဘာနဲ႔ လုပ္ခဲ့ၾကတာပါ။ရည္႐ြယ္ခ်က္ ႀကီးႀကီးမားမားလည္း မ႐ွိခဲ့ပါဘူး။ဒါေပမယ့္ သိတတ္လာတာ့ အျပစ္ဟာ အျပစ္လို႔ျမင္လာတယ္။အကုသိုလ္ အလုပ္ဟာ ကိုယ္တိုင္မလုပ္ဘဲနဲ႔ သူတစ္ပါးလုပ္တာကို ျမင္ၿပီးေက်နပ္မိရင္ေတာင္ အျပစ္ျဖစ္ရေသးတယ္မို႔လား။
အခုေတာ့ ကိုယ္တိုင္ဖမ္းဆီးၿပီး သူတို႔မလိုလားတဲ့ အရာေတြကို တိုက္ေႂကြးမိ၊လုပ္မိခဲ့ၾကတဲ့ ကံေႂကြးဟာ ကြၽန္ေတာ္တို႔မွာတင္႐ွိသြားပါၿပီ။ဒီကံေႂကြးေတြ ဘယ္ေတာ့လာမလဲဆိုတာကေတာ့….။ ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com