အိုးအိမ်စည်ပင်

အိုးအိမ်စည်ပင် - Property Knowledge in Myanmar from iMyanmarHouse.com
16 May 2023 12:21 pm တွင် တင်ခဲ့သည်
1510 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တစ်မျိုးသားလုံး လူနေမှုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နယ်မြေဒေသ အလိုက် ဖွံ့ဖြိုးရေးစီမံကိန်းစနစ်ပုံစံများရေးဆွဲကာ နိုင်ငံသားတိုင်းကောင်းမွန်သော နေအိမ်များ ပိုင်ဆိုင်နိုင်ရေးအတွက် နည်းဗျူဟာအသစ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြပါတယ်။

အိမ်ရာစီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စည်ပင်မြေပေါ်တွင် ဆောက်လုပ်သော အဆောက်အအုံများနှင့် အိုးအိမ်မြေပေါ်တွင် ဆောက်လုပ်သော အဆောက်အအုံဟူ၍ နှစ်မျိုးနှစ်စားရှိပါတယ်။

စည်ပင်မြေပေါ်တွင် ဆောက်လုပ်သော တိုက်ခန်းအားဝယ်ယူမည်ဆိုပါက အင်ဂျင်နီယာအဆောက်အအုံမှ ထုတ်ပေးသော အဆောက်အအုံ နေထိုင်ခွင့်စာချုပ်၊သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ တိုက်ခန်းအဖြစ် ထုတ်ပေးထားသောလက်မှတ်ကို ဝယ်ယူသူမှ ရောင်းချသူထံမှ ရယူရန် လိုအပ်ပါတယ်။ ထိုအခန်းမျိုးအား တိုက်ခန်းဝယ်ယူသူမှ အမည် ပြောင်းလဲမည်ဆိုပါက စည်ပင်သာယာရေး ကော်မတီတွင်လျှောက်ထားရပြီး ကန့်ကွက်သူမရှိပါက မူလနေထိုင်ခွင့် စာချုပ်ကိုပယ်ဖျက်၍ အမည်ပြောင်းလဲသူအမည်ဖြင့် စာချုပ်ချုပ်ဆိုပေးသဖြင့် ပိုင်ဆိုင်မှုခိုင်မာပါတယ်။

ထို့ပြင် စည်ပင်မြေပေါ်တွင် တန်ဖိုးနည်းအိမ်ရာများလဲ ဆောက်လုပ်ကြပြီး ထိုတိုက်ခန်းများကို ဝယ်ယူ ပိုင်ဆိုင်သူအနေဖြင့် တဆင့်လွှဲပြောင်းရောင်းချခြင်း၊ငှားရမ်းခြင်း မပြုလုပ်ရပါ၊ ထို့ကြောင့် တဆင့်ဝယ်ယူသူများ မှာ ပိုင်ဆိုင်မှုမခိုင်မာသဖြင့် မဝယ်ယူသင့်ပါ။

အိုးအိမ်မြေပေါ်တွင် ဆောက်လုပ်ထားသော တိုက်ခန်းအမျိုးအစား(၃)မျိုးရှိပြီး ...

(၁) ဝယ်ယူသူက အိုးအိမ်မှ တိုက်ရိုက်ဝယ်ယူပြီး ပိုင်ဆိုင်မှုအထောက်အထားအနေဖြင့် ဝယ်ယူသူ အမည်ပေါက် (owner Book) ရရှိသော တိုက်ခန်း၊ တဆင့်ဝယ်ယူသူမှလဲ အိုးအိမ်တွင် (owner Book) အမည် ပြောင်းပြန်လည်လျှောက်ထားနိုင်သဖြင့် ဝယ်ယူရာတွင် ပိုင်ဆိုင်မှုခိုင်မာပါသည်။

(၂) ၁၉၆၄ခုနှစ်တွင် အိုးအိမ်မှ ၎င်းလက်အောက်တွင်ရှိသော တိုက်ခန်းများအာ ပြည်သူပိုင် အဖြစ်ပြန်လည်သိမ်းယူခြင်းရှိပြီး ထိုတိုက်ခန်းများအား ဝယ်ယူလျှင် ပိုင်ဆိုင်မှု မခိုင်မာပါ။

(၃) အိုးအိမ်မှကြီးကြပ်ကာ အငှားချပေးထားသော တိုက်ခန်းများလဲရှိပါသေးတယ်။ထိုတိုက်ခန်းများမှာလဲ နေထိုင်သူများမှ လွှဲပြောင်းရောင်းချခွင့်မရှိသောကြောင့် ဝယ်ယူရန် မသင့်ပါ။

ထို့ကြောင့် ခြုံငုံရှင်းလင်းပြမည်ဆိုပါက အိုးအိမ်မှ (owner Book) ဖြင့် တိုက်ခန်း ရောင်းချထား သောအခန်းဆိုပါက ပိုင်ဆိုင်မူ ခိုင်မာသဖြင့် ဝယ်ယူသင့်ပြီး အိုးအိမ်၏ အငှားတိုက်ခန်းအား ဝယ်ယူမည်ဆိုပါက ဖယ်ရှား ခံရနိုင်ပါသည် မဝယ်ယူသင့်ပါ။ နောက်ထပ်ဝယ်ယူသူများမှာ အိုးအိမ်မှ အဆောက်အဦးဖျက်မည်ဆိုပါက ပိုင်ဆိုင်မှု ဆုံးရှုံးမည်ဖြစ်ပါသည်။

ထို့ပြင် ဝယ်ယူသူအနေဖြင့် အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူပြီးပါက တိုက်ခန်းအား နေထိုင်သူမရှိ တိုက်ရိုက်ယူကာ သော့ပြောင်းခတ်သင့်ပြီး ရောင်းချသူ (owner Book) အမည်ပေါက်သူနှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သွားရောက်၍ အမည်ပြောင်းလျှောက်ဖို့လိုပါတယ်။ မှတ်ပုံတင်စာချုပ်စာတမ်းရုံးတွင် ရောင်းချသူ (owner Book) အမည်ပေါက်သူ၏ Special Power (SP) (သို့) General Power(GP) ကို ဝယ်ယူသူမှ ယူထားမည်ဆိုပါကလဲ အဆင်ပြေပါတယ်။ သတင်းစာကြေငြာခြင်းများလဲ ဆောင်ရွက်သင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိုးအိမ္စည္ပင္

 

ၿမိဳ႕ျပအိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တစ္မ်ိဳးသားလုံး လူေနမႈဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ နယ္ေျမေဒသ အလိုက္ ဖြံ႕ၿဖိဳးေရးစီမံကိန္းစနစ္ပုံစံမ်ားေရးဆြဲကာ ႏိုင္ငံသားတိုင္းေကာင္းမြန္ေသာ ေနအိမ္မ်ား ပိုင္ဆိုင္ႏိုင္ေရးအတြက္ နည္းဗ်ဴဟာအသစ္မ်ားျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကပါတယ္။

အိမ္ရာစီမံကိန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ စည္ပင္ေျမေပၚတြင္ ေဆာက္လုပ္ေသာ အေဆာက္အအုံမ်ားႏွင့္ အိုးအိမ္ေျမေပၚတြင္ ေဆာက္လုပ္ေသာ အေဆာက္အအုံဟူ၍ ႏွစ္မ်ိဳးႏွစ္စား႐ွိပါတယ္။

စည္ပင္ေျမေပၚတြင္ ေဆာက္လုပ္ေသာ တိုက္ခန္းအားဝယ္ယူမည္ဆိုပါက အင္ဂ်င္နီယာအေဆာက္အအုံမွ ထုတ္ေပးေသာ အေဆာက္အအုံ ေနထိုင္ခြင့္စာခ်ဳပ္၊သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး၏ တိုက္ခန္းအျဖစ္ ထုတ္ေပးထားေသာလက္မွတ္ကို ဝယ္ယူသူမွ ေရာင္းခ်သူထံမွ ရယူရန္ လိုအပ္ပါတယ္။ ထိုအခန္းမ်ိဳးအား တိုက္ခန္းဝယ္ယူသူမွ အမည္ ေျပာင္းလဲမည္ဆိုပါက စည္ပင္သာယာေရး ေကာ္မတီတြင္ေလွ်ာက္ထားရၿပီး ကန္႔ကြက္သူမ႐ွိပါက မူလေနထိုင္ခြင့္ စာခ်ဳပ္ကိုပယ္ဖ်က္၍ အမည္ေျပာင္းလဲသူအမည္ျဖင့္ စာခ်ဳပ္ခ်ဳပ္ဆိုေပးသျဖင့္ ပိုင္ဆိုင္မႈခိုင္မာပါတယ္။

ထို႔ျပင္ စည္ပင္ေျမေပၚတြင္ တန္ဖိုးနည္းအိမ္ရာမ်ားလဲ ေဆာက္လုပ္ၾကၿပီး ထိုတိုက္ခန္းမ်ားကို ဝယ္ယူ ပိုင္ဆိုင္သူအေနျဖင့္ တဆင့္လႊဲေျပာင္းေရာင္းခ်ျခင္း၊ငွားရမ္းျခင္း မျပဳလုပ္ရပါ၊ ထို႔ေၾကာင့္ တဆင့္ဝယ္ယူသူမ်ား မွာ ပိုင္ဆိုင္မႈမခိုင္မာသျဖင့္ မဝယ္ယူသင့္ပါ။

အိုးအိမ္ေျမေပၚတြင္ ေဆာက္လုပ္ထားေသာ တိုက္ခန္းအမ်ိဳးအစား(၃)မ်ိဳး႐ွိၿပီး ...

(၁) ဝယ္ယူသူက အိုးအိမ္မွ တိုက္႐ိုက္ဝယ္ယူၿပီး ပိုင္ဆိုင္မႈအေထာက္အထားအေနျဖင့္ ဝယ္ယူသူ အမည္ေပါက္ (owner Book) ရ႐ွိေသာ တိုက္ခန္း၊ တဆင့္ဝယ္ယူသူမွလဲ အိုးအိမ္တြင္ (owner Book) အမည္ ေျပာင္းျပန္လည္ေလွ်ာက္ထားႏိုင္သျဖင့္ ဝယ္ယူရာတြင္ ပိုင္ဆိုင္မႈခိုင္မာပါသည္။

(၂) ၁၉၆၄ခုႏွစ္တြင္ အိုးအိမ္မွ ၎လက္ေအာက္တြင္႐ွိေသာ တိုက္ခန္းမ်ားအာ ျပည္သူပိုင္ အျဖစ္ျပန္လည္သိမ္းယူျခင္း႐ွိၿပီး ထိုတိုက္ခန္းမ်ားအား ဝယ္ယူလွ်င္ ပိုင္ဆိုင္မႈ မခိုင္မာပါ။

(၃) အိုးအိမ္မွႀကီးၾကပ္ကာ အငွားခ်ေပးထားေသာ တိုက္ခန္းမ်ားလဲ႐ွိပါေသးတယ္။ထိုတိုက္ခန္းမ်ားမွာလဲ ေနထိုင္သူမ်ားမွ လႊဲေျပာင္းေရာင္းခ်ခြင့္မ႐ွိေသာေၾကာင့္ ဝယ္ယူရန္ မသင့္ပါ။

ထို႔ေၾကာင့္ ျခဳံငုံ႐ွင္းလင္းျပမည္ဆိုပါက အိုးအိမ္မွ (owner Book) ျဖင့္ တိုက္ခန္း ေရာင္းခ်ထား ေသာအခန္းဆိုပါက ပိုင္ဆိုင္မူ ခိုင္မာသျဖင့္ ဝယ္ယူသင့္ၿပီး အိုးအိမ္၏ အငွားတိုက္ခန္းအား ဝယ္ယူမည္ဆိုပါက ဖယ္႐ွား ခံရႏိုင္ပါသည္ မဝယ္ယူသင့္ပါ။ ေနာက္ထပ္ဝယ္ယူသူမ်ားမွာ အိုးအိမ္မွ အေဆာက္အဦးဖ်က္မည္ဆိုပါက ပိုင္ဆိုင္မႈ ဆုံး႐ႈံးမည္ျဖစ္ပါသည္။

ထို႔ျပင္ ဝယ္ယူသူအေနျဖင့္ အရပ္ကတိစာခ်ဳပ္ျဖင့္ ဝယ္ယူၿပီးပါက တိုက္ခန္းအား ေနထိုင္သူမ႐ွိ တိုက္႐ိုက္ယူကာ ေသာ့ေျပာင္းခတ္သင့္ၿပီး ေရာင္းခ်သူ (owner Book) အမည္ေပါက္သူႏွင့္ ၿမိဳ႕ျပအိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနသို႔ သြားေရာက္၍ အမည္ေျပာင္းေလွ်ာက္ဖို႔လိုပါတယ္။ မွတ္ပုံတင္စာခ်ဳပ္စာတမ္း႐ုံးတြင္ ေရာင္းခ်သူ (owner Book) အမည္ေပါက္သူ၏ Special Power (SP) (သို႔) General Power(GP) ကို ဝယ္ယူသူမွ ယူထားမည္ဆိုပါကလဲ အဆင္ေျပပါတယ္။ သတင္းစာေၾကျငာျခင္းမ်ားလဲ ေဆာင္႐ြက္သင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service