ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“အတွေးလွဲလွဲ”
တစ်ခါတုန်းက အဖြစ်လေးတွေ ရေးရင်းနဲ့ အစမပေါ်ခဲ့တာလေးတွေလည်း ပြန်ပြီးပေါ်လာခဲ့တယ်။ပြောစရာတွေ တစ်စတစ်စ ပြန်ပေါ်လာတယ်။တော်တော်ရှော်တဲ့ လုပ်ရပ်တွေလည်း လုပ်ခဲ့တာကိုတွေ့ရတယ်။ဒီအထဲက အတွေးတွေလွဲပြီး စိုးရိမ်စိတ်နဲ့ အချိန်ကုန်ခဲ့တဲ့ အဖြစ်လေးကို သတိရလို့ ရေးချင်လာတယ်။ မိုးတွေရွာတဲ့နေ့ရဲ့ အဖြစ်လေးပေါ့။
မိုးရွာတယ်ဆိုမှ…အခုမိုခါမုန်တိုင်းကြီးရဲ့လက်ကနေ ကျွန်တော်မြို့လည်း လွတ်ရှာမယ်မထင်ပါဘူး။ ဒီမုန်တိုင်းမျိုးနဲ့ဆို မြောင်မှာ လယ်ကွင်းယာကွင်းတွေ ရေတွေမြုပ်ကုန်လောက် ရောပေါ့။ပဲတီတွေ၊နှမ်းတွေ စပါးတွေအတွက် ပျက်စီးကုန်လောက်ရောပေါ့။ချောင်းတွေလည်း ရေတအားစီးလောက်ရောပေါ့။
မြောင်မှာမိုးရွာပြီဆိုရင် မြောင်ရဲ့အနောက်ဘက်အမြင့်ပိုင်း ကုန်းမြင့်လယ်ကွင်းတွေကနေ မြို့ဘက်ကို ရေတွေစီးတာပေါ့။ မြို့ရဲ့တောင်ဘက်မှာရှိတဲ့ ဖောင်းကတောချောင်းကလည်း ရေစီးအားကောင်းကောင်းနဲ့ စီးတတ်တယ်။
မြို့ရဲ့ မြောက်ဘက် မြို့အဝင်နားမှာလည်း ရေဖြတ်စီးတဲ့ချောင်းတစ်ခုရှိတယ်။ မြို့မြောက်ဖက်ကချောင်း မိုးဆက်တိုက်ရွာတဲ့ အချိန်တွေမှာ လမ်းဖြတ်ကူးလို့ မရလောက်အောင် ရေစီးသန်ပါတယ်။တံတားမရှိဘူး။ ပစောက်ပုံလုပ်ပေးထားတဲ့ ရေကျော်လမ်းလေးပေါ်နေ ဖြတ်စီးရတာ။
တောင်ဘက်က ဖောင်းကတောချောင်းကတော့ ချောင်းကိုကျော်ပြီး တံတားဆောက်ထားလို့ အသွားအလာ သိပ်တော့ မထိခိုက်ပါဘူး။ဒီချောင်းတွေက မြို့အပြင် ဟိုဘက်ထိပ်၊ဒီဘက်ထိပ် အဝင်နဲ့ အထွက်မှာရှိတာပါ။
မြို့ထဲမှာဖြတ်စီးတဲ့ ချောင်းကလေးတွေလည်းရှိတယ်။တောင်ရပ်မှာ ပိုများတယ်။ရေစီးတော့သိပ်မသန်လှပါဘူး။ တောင်ရပ်မှာ ကျွန်တော်တို့ အိမ်ဘေးကနေ ဖြတ်စီးတဲ့ ချောင်းလေးတစ်ခုရှိတယ်။အဲဒီချောင်းက လူသွားလမ်း ချောင်းလေးပါ။ပုံမှန်ဆိုရင် လူသွားလမ်းပေါ့။လူနေအိမ်ခြေတွေထက် သူကတစ်ပေခွဲလောက် မြေနိမ့်ဖြစ်နေတယ်။အဲဒီကနေ မိုးရေတွေက နိမ့်ရာကိုစီးတာပေါ့။
အဲဒီချောင်းကစီးတဲ့ရေတွေက ပဲ့ရွှေဂူဘုရားနဲ့ ဝက်မစွပ်ကျောင်းကြားမှာရှိတဲ့ တစ်ဖက်ဆည်ကန်ထဲဝင်တယ်။ ပုံမှန်ဆိုရင် ရေကကန်ထဲကို တိုက်ရိုက်မဝင်ပါဘူး။လမ်းမှာဒီထက်နိမ့်တဲ့ လမ်းချိုးတစ်နေရာကနေ စီးသွားပြီး မြို့အရှေ့က မြစ်ထဲကိုစီးသွားတယ်။ကန်ထဲကို ရေဝင်ချင်ရင် နိမ့်တဲ့လမ်းကြောကိုပိတ်ပြီး ကန်ဘက်ကို လမ်းကြောင်းလွှဲပေးရတယ်။ကန်ထဲရေပြည့်ပြီဆိုမှ နိမ့်တဲ့လမ်းကြောင်းကို ပြန်လွှဲပေးရတယ်။
မိုးရွာရင် ငယ်ငယ်က ဒီချောင်းရေတွေမှာ ဖင်ပြောင်လေးတွေနဲ့ ချိုးခဲ့ဘူးတာပေါ့။လယ်ကွင်းတွေ ယာကွင်းတွေက ဖြတ်လာတဲ့ ရေတွေဖြစ်နေတော့ ချောင်းရေတွေဟာ နောက်ကျိဝါထိန်နေတာပါပဲ။ ချောင်းရေချိုးပြီးရင်တော့ တွင်းရေနဲ့တော့ ပြန်ချိုးရတာပေါ့ဗျာ။
အဲဒီချောင်းလေးဟာ ဘယ်က အစပြုလာသလဲဆိုတာတော့ ငယ်တုန်းအချိန်ဖြစ်တော့ မသိခဲ့ပါဘူး။ အထက်ကြည်းတော လယ်ကွင်းတွေက စုပြီးစီးလာတဲ့ ရေတွေလို့ပဲသိထားပါတယ်။
မြို့အနောက်ဘက် လယ်ကွင်းတွေကလာတဲ့ ရေတွေဟာ ကျွန်တော်တို့ စက်မှုလယ်ယာကရုံးရှေ့က ဦးထွန်းရီတို့ ခြံဘေးကနေကပ်စီးလာပြီး သူတို့ခြံရှေ့ တောင်မြောက်လမ်းမကြီးအတိုင်း တောင်ကနေမြောက်ကို လမ်းဘေးမှာရှိတဲ့ ချိုင့်ထဲကနေအတိုင်း စီးလာပါတယ်။
အဲဒီလို စီးလာပြီး ကျွန်တော်တို့ရုံးဝင်းဘေး ရေကျော်ကျောက်ခုံနေရာလမ်းမကြီးကို ဖြတ်ပြီး အရှေ့ဘက်အတိုင်း စီးပြန်ပါတယ်။ကျွန်တော်တို့ အိမ်ဘေးကနေကပ်ပြီး စီးတာပေါ့။
ဒီချောင်းလေးဟာ မိုးတိတ်သွားပြီးတဲ့နောက် အချိန်တော်တော်ကြာတဲ့အထိ စီးနေတတ်ပါသေးတယ်။ရေချိုးတဲ့ ချောင်းလေးဖြစ်သလို၊ ကျွန်တော်တို့အတွက် ဆော့စရာချောင်းလေးလည်းဖြစ်ခဲ့ပါတယ်။
မိုးရွာလိုပြီး မိုးတိတ်သွားတဲ့အချိန်ဟာ မြောင်မှာနေလို့ ထိုင်လို့ အလွန့်ကိုကောင်းလှပါတယ်။ခြေခင်း လက်ခင်းလည်းသာနေပြီး အေးစိမ့်စိမ့်လေးဖြစ်နေတတ်ပါတယ်။
တစ်ခါတော့ ဒီလိုအချိန်မှာ ကျွန်တော်တို့ကလေးတွေ ထွက်ဆော့ကြတယ်။ကျွန်တော့်လက်ထဲမှာလည်း အရိုးရှည်တပ်ထားတဲ့ ဖေဖေ့ရဲ့ နှစ်ခွခက်ရင်းကြီးကိုင်လို့ပေါ့။ခက်ရင်းခေါင်း နဲနဲချောင်နေတယ်။ အချွန်အတက်တွေနဲ့ သိပ်ကို ဆော့ချင်တဲ့အရွယ်ကိုး။
ခက်ရင်းခွကြီးကိုင်ပြီး တောင်ထိုးမြောက်ထိုးလုပ်ရင်း ခုနက ဦးထွန်းရီတို့ ခြံရှေ့က ရေစီးမြောင်းကွေ့လေးမှာ ဆော့ကြတာပေါ့။ကွေ့လေးဆိုတော့ ရေအရှိန်နဲ့ မြေနီချောင်းဟာ ရေတံခွန်လေးလိုဖြစ်နေတယ်။ဆော့ရင်း အဲဒီနေရာလေးကို ခက်ရင်းနဲ့ဆောင့်ထိုးရင်း ဆော့တာပေါ့။မြေနီထဲကို ခက်ရင်းသွားဟာ ခပ်နစ်နစ်ဝင်သွား လိုက်၊ ပြန်ဆွဲထုတ်လိုက်နဲ့ ခဏခဏလုပ်တော့ ချောင်နေတဲ့ ခက်ရင်းသွားဟာ ရေထဲမှာ ကျွတ်ထွက်ပြီး ကျန်ခဲ့တယ်။အဲဒီမှာ အတွေးတွေ စလွဲတော့တာပဲ။
“ဟာ…လုပ်ကြပါဦးဟ..ငါ့ခက်ရင်ခွ ရေထဲမျောသွားပြီ” ဆိုပြီး ရေစီးအတိုင်း ရေထဲကို စမ်းစမ်းနဲ့ မီလိုမီငြား လိုက်ကြတာပေါ့။ဟိုကောင်တွေလည်း ကျွန်တော်နဲ့အတူ လိုက်စမ်းကျတာပေါ့။ကျွန်တော်က တစ်ယောက်ကို ရှေ့ကပြေးကွာ ရေတွင်းကုန်းဘေးနားက ရေပါးတဲ့နေရာကနေ ရေးစီးကို ကန့်လန့်ဖြတ်လို့ ခြေထောက် နှစ်ချောင်း ကားထိုင်ပြီး စောင့်ကွာလို့ ခိုင်းတာပေါ့။ ခတ်ရင်းခွ ရေစီးနဲ့ပါသွားရင် ဒီကောင့်ဆီတော့ ရောက်လာမှာပေါ့ဆိုတဲ့ အတွေးတွေနဲ့ပေါ့။
အချိန်အတော်ကြာတဲ့အထိ အခြေအနေက မထူးခြားဘူး။ကျွန်တော်တို့လည်း အဲဒီချောင်းလေးအတိုင်း ပြာပြာသလဲ ခေါက်တုံ့ ခေါက်ပြန်ကို ရှာကြတာပေါ့။ကြာတော့လူတွေလည်း ခြေနူးလက်နူးနဲ့ အေးလာတော့ “တော်ပြီကွာ ပါသွားပြီထင်ပါတယ်” ဆိုပြီး လက်လျော့လိုက်ကြတယ်။
ဖေဖေရိုက်ရင်ခံလိုက်ရုံပဲဆိုပြီး သဘောထားကာ အိမ်ပြန်လာခဲ့တယ်။ဖေဖေကိုလည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ဖေဖေက မဆူမရိုက်တဲ့အပြင် ကွမ်းချိုးတွေနဲ့မည်းနေတဲ့သွားတွေကို ပေါ်အောင်ပြုံးရင်း “လာလာငါ့သား ခက်ရင်းကျွတ်သွားတဲ့နေရာကို ဖေဖေ့ကိုလိုက်ပြ”လို့ ပြောပါတယ်။ကျွန်တော်လည်း အဲဒီနေရာ ဖေဖေ့ကို ခေါ်သွားတယ်။
ခက်ရင်းကျွတ်သွားတဲ့ နေရာရောက်တော့ ဖေဖေက ရေထဲကို လက်နဲ့နှိုက်လိုက်တယ်။ဖေဖေ့လက်ထဲ ခရင်းခွဟာပါလာတယ်။
“ဟင်…ကျွန်တော်က ခက်ရင်းခွ ရေစီးနဲ့ ပါသွားပြီထင်တာဗျ..”
ဖေဖေက “ဒီလောက်ရေစီးနဲ့တော့ ဒီခက်ရင်းခွဟာ မပါသွားပါဘူးကွာ”တဲ့ “ငါ့သားတို့က အတွေးတွေလွဲပြီး အဲဒီနေရာကို မစမ်းကြည့်ကြတာကိုးကွတဲ့”
စိုးရိမ်ပူပန်မှုတွေကလည်း လွယ်တဲ့ကိစ္စလေးတွေကို အတွေးလွဲလေးတွေကို ဖြစ်စေခဲ့ဘူးတာပါပဲလို့ ပြောရတော့မှာပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ(တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၂)
“အေတြးလြဲလြဲ”
တစ္ခါတုန္းက အျဖစ္ေလးေတြ ေရးရင္းနဲ႔ အစမေပၚခဲ့တာေလးေတြလည္း ျပန္ၿပီးေပၚလာခဲ့တယ္။ေျပာစရာေတြ တစ္စတစ္စ ျပန္ေပၚလာတယ္။ေတာ္ေတာ္ေ႐ွာ္တဲ့ လုပ္ရပ္ေတြလည္း လုပ္ခဲ့တာကိုေတြ႕ရတယ္။ဒီအထဲက အေတြးေတြလြဲၿပီး စိုးရိမ္စိတ္နဲ႔ အခ်ိန္ကုန္ခဲ့တဲ့ အျဖစ္ေလးကို သတိရလို႔ ေရးခ်င္လာတယ္။ မိုးေတြ႐ြာတဲ့ေန႔ရဲ႕ အျဖစ္ေလးေပါ့။
မိုး႐ြာတယ္ဆိုမွ…အခုမိုခါမုန္တိုင္းႀကီးရဲ႕လက္ကေန ကြၽန္ေတာ္ၿမိဳ႕လည္း လြတ္႐ွာမယ္မထင္ပါဘူး။ ဒီမုန္တိုင္းမ်ိဳးနဲ႔ဆို ေျမာင္မွာ လယ္ကြင္းယာကြင္းေတြ ေရေတြျမဳပ္ကုန္ေလာက္ ေရာေပါ့။ပဲတီေတြ၊ႏွမ္းေတြ စပါးေတြအတြက္ ပ်က္စီးကုန္ေလာက္ေရာေပါ့။ေခ်ာင္းေတြလည္း ေရတအားစီးေလာက္ေရာေပါ့။
ေျမာင္မွာမိုး႐ြာၿပီဆိုရင္ ေျမာင္ရဲ႕အေနာက္ဘက္အျမင့္ပိုင္း ကုန္းျမင့္လယ္ကြင္းေတြကေန ၿမိဳ႕ဘက္ကို ေရေတြစီးတာေပါ့။ ၿမိဳ႕ရဲ႕ေတာင္ဘက္မွာ႐ွိတဲ့ ေဖာင္းကေတာေခ်ာင္းကလည္း ေရစီးအားေကာင္းေကာင္းနဲ႔ စီးတတ္တယ္။
ၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၿမိဳ႕အဝင္နားမွာလည္း ေရျဖတ္စီးတဲ့ေခ်ာင္းတစ္ခု႐ွိတယ္။ ၿမိဳ႕ေျမာက္ဖက္ကေခ်ာင္း မိုးဆက္တိုက္႐ြာတဲ့ အခ်ိန္ေတြမွာ လမ္းျဖတ္ကူးလို႔ မရေလာက္ေအာင္ ေရစီးသန္ပါတယ္။တံတားမ႐ွိဘူး။ ပေစာက္ပုံလုပ္ေပးထားတဲ့ ေရေက်ာ္လမ္းေလးေပၚေန ျဖတ္စီးရတာ။
ေတာင္ဘက္က ေဖာင္းကေတာေခ်ာင္းကေတာ့ ေခ်ာင္းကိုေက်ာ္ၿပီး တံတားေဆာက္ထားလို႔ အသြားအလာ သိပ္ေတာ့ မထိခိုက္ပါဘူး။ဒီေခ်ာင္းေတြက ၿမိဳ႕အျပင္ ဟိုဘက္ထိပ္၊ဒီဘက္ထိပ္ အဝင္နဲ႔ အထြက္မွာ႐ွိတာပါ။
ၿမိဳ႕ထဲမွာျဖတ္စီးတဲ့ ေခ်ာင္းကေလးေတြလည္း႐ွိတယ္။ေတာင္ရပ္မွာ ပိုမ်ားတယ္။ေရစီးေတာ့သိပ္မသန္လွပါဘူး။ ေတာင္ရပ္မွာ ကြၽန္ေတာ္တို႔ အိမ္ေဘးကေန ျဖတ္စီးတဲ့ ေခ်ာင္းေလးတစ္ခု႐ွိတယ္။အဲဒီေခ်ာင္းက လူသြားလမ္း ေခ်ာင္းေလးပါ။ပုံမွန္ဆိုရင္ လူသြားလမ္းေပါ့။လူေနအိမ္ေျခေတြထက္ သူကတစ္ေပခြဲေလာက္ ေျမနိမ့္ျဖစ္ေနတယ္။အဲဒီကေန မိုးေရေတြက နိမ့္ရာကိုစီးတာေပါ့။
အဲဒီေခ်ာင္းကစီးတဲ့ေရေတြက ပဲ့ေ႐ႊဂူဘုရားနဲ႔ ဝက္မစြပ္ေက်ာင္းၾကားမွာ႐ွိတဲ့ တစ္ဖက္ဆည္ကန္ထဲဝင္တယ္။ ပုံမွန္ဆိုရင္ ေရကကန္ထဲကို တိုက္႐ိုက္မဝင္ပါဘူး။လမ္းမွာဒီထက္နိမ့္တဲ့ လမ္းခ်ိဳးတစ္ေနရာကေန စီးသြားၿပီး ၿမိဳ႕အေ႐ွ႕က ျမစ္ထဲကိုစီးသြားတယ္။ကန္ထဲကို ေရဝင္ခ်င္ရင္ နိမ့္တဲ့လမ္းေၾကာကိုပိတ္ၿပီး ကန္ဘက္ကို လမ္းေၾကာင္းလႊဲေပးရတယ္။ကန္ထဲေရျပည့္ၿပီဆိုမွ နိမ့္တဲ့လမ္းေၾကာင္းကို ျပန္လႊဲေပးရတယ္။
မိုး႐ြာရင္ ငယ္ငယ္က ဒီေခ်ာင္းေရေတြမွာ ဖင္ေျပာင္ေလးေတြနဲ႔ ခ်ိဳးခဲ့ဘူးတာေပါ့။လယ္ကြင္းေတြ ယာကြင္းေတြက ျဖတ္လာတဲ့ ေရေတြျဖစ္ေနေတာ့ ေခ်ာင္းေရေတြဟာ ေနာက္က်ိဝါထိန္ေနတာပါပဲ။ ေခ်ာင္းေရခ်ိဳးၿပီးရင္ေတာ့ တြင္းေရနဲ႔ေတာ့ ျပန္ခ်ိဳးရတာေပါ့ဗ်ာ။
အဲဒီေခ်ာင္းေလးဟာ ဘယ္က အစျပဳလာသလဲဆိုတာေတာ့ ငယ္တုန္းအခ်ိန္ျဖစ္ေတာ့ မသိခဲ့ပါဘူး။ အထက္ၾကည္းေတာ လယ္ကြင္းေတြက စုၿပီးစီးလာတဲ့ ေရေတြလို႔ပဲသိထားပါတယ္။
ၿမိဳ႕အေနာက္ဘက္ လယ္ကြင္းေတြကလာတဲ့ ေရေတြဟာ ကြၽန္ေတာ္တို႔ စက္မႈလယ္ယာက႐ုံးေ႐ွ႕က ဦးထြန္းရီတို႔ ျခံေဘးကေနကပ္စီးလာၿပီး သူတို႔ျခံေ႐ွ႕ ေတာင္ေျမာက္လမ္းမႀကီးအတိုင္း ေတာင္ကေနေျမာက္ကို လမ္းေဘးမွာ႐ွိတဲ့ ခ်ိဳင့္ထဲကေနအတိုင္း စီးလာပါတယ္။
အဲဒီလို စီးလာၿပီး ကြၽန္ေတာ္တို႔႐ုံးဝင္းေဘး ေရေက်ာ္ေက်ာက္ခုံေနရာလမ္းမႀကီးကို ျဖတ္ၿပီး အေ႐ွ႕ဘက္အတိုင္း စီးျပန္ပါတယ္။ကြၽန္ေတာ္တို႔ အိမ္ေဘးကေနကပ္ၿပီး စီးတာေပါ့။
ဒီေခ်ာင္းေလးဟာ မိုးတိတ္သြားၿပီးတဲ့ေနာက္ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ စီးေနတတ္ပါေသးတယ္။ေရခ်ိဳးတဲ့ ေခ်ာင္းေလးျဖစ္သလို၊ ကြၽန္ေတာ္တို႔အတြက္ ေဆာ့စရာေခ်ာင္းေလးလည္းျဖစ္ခဲ့ပါတယ္။
မိုး႐ြာလိုၿပီး မိုးတိတ္သြားတဲ့အခ်ိန္ဟာ ေျမာင္မွာေနလို႔ ထိုင္လို႔ အလြန္႔ကိုေကာင္းလွပါတယ္။ေျခခင္း လက္ခင္းလည္းသာေနၿပီး ေအးစိမ့္စိမ့္ေလးျဖစ္ေနတတ္ပါတယ္။
တစ္ခါေတာ့ ဒီလိုအခ်ိန္မွာ ကြၽန္ေတာ္တို႔ကေလးေတြ ထြက္ေဆာ့ၾကတယ္။ကြၽန္ေတာ့္လက္ထဲမွာလည္း အ႐ိုး႐ွည္တပ္ထားတဲ့ ေဖေဖ့ရဲ႕ ႏွစ္ခြခက္ရင္းႀကီးကိုင္လို႔ေပါ့။ခက္ရင္းေခါင္း နဲနဲေခ်ာင္ေနတယ္။ အခြၽန္အတက္ေတြနဲ႔ သိပ္ကို ေဆာ့ခ်င္တဲ့အ႐ြယ္ကိုး။
ခက္ရင္းခြႀကီးကိုင္ၿပီး ေတာင္ထိုးေျမာက္ထိုးလုပ္ရင္း ခုနက ဦးထြန္းရီတို႔ ျခံေ႐ွ႕က ေရစီးေျမာင္းေကြ႕ေလးမွာ ေဆာ့ၾကတာေပါ့။ေကြ႕ေလးဆိုေတာ့ ေရအ႐ွိန္နဲ႔ ေျမနီေခ်ာင္းဟာ ေရတံခြန္ေလးလိုျဖစ္ေနတယ္။ေဆာ့ရင္း အဲဒီေနရာေလးကို ခက္ရင္းနဲ႔ေဆာင့္ထိုးရင္း ေဆာ့တာေပါ့။ေျမနီထဲကို ခက္ရင္းသြားဟာ ခပ္နစ္နစ္ဝင္သြား လိုက္၊ ျပန္ဆြဲထုတ္လိုက္နဲ႔ ခဏခဏလုပ္ေတာ့ ေခ်ာင္ေနတဲ့ ခက္ရင္းသြားဟာ ေရထဲမွာ ကြၽတ္ထြက္ၿပီး က်န္ခဲ့တယ္။အဲဒီမွာ အေတြးေတြ စလြဲေတာ့တာပဲ။
“ဟာ…လုပ္ၾကပါဦးဟ..ငါ့ခက္ရင္ခြ ေရထဲေမ်ာသြားၿပီ” ဆိုၿပီး ေရစီးအတိုင္း ေရထဲကို စမ္းစမ္းနဲ႔ မီလိုမီျငား လိုက္ၾကတာေပါ့။ဟိုေကာင္ေတြလည္း ကြၽန္ေတာ္နဲ႔အတူ လိုက္စမ္းက်တာေပါ့။ကြၽန္ေတာ္က တစ္ေယာက္ကို ေ႐ွ႕ကေျပးကြာ ေရတြင္းကုန္းေဘးနားက ေရပါးတဲ့ေနရာကေန ေရးစီးကို ကန္႔လန္႔ျဖတ္လို႔ ေျခေထာက္ ႏွစ္ေခ်ာင္း ကားထိုင္ၿပီး ေစာင့္ကြာလို႔ ခိုင္းတာေပါ့။ ခတ္ရင္းခြ ေရစီးနဲ႔ပါသြားရင္ ဒီေကာင့္ဆီေတာ့ ေရာက္လာမွာေပါ့ဆိုတဲ့ အေတြးေတြနဲ႔ေပါ့။
အခ်ိန္အေတာ္ၾကာတဲ့အထိ အေျခအေနက မထူးျခားဘူး။ကြၽန္ေတာ္တို႔လည္း အဲဒီေခ်ာင္းေလးအတိုင္း ျပာျပာသလဲ ေခါက္တုံ႔ ေခါက္ျပန္ကို ႐ွာၾကတာေပါ့။ၾကာေတာ့လူေတြလည္း ေျခႏူးလက္ႏူးနဲ႔ ေအးလာေတာ့ “ေတာ္ၿပီကြာ ပါသြားၿပီထင္ပါတယ္” ဆိုၿပီး လက္ေလ်ာ့လိုက္ၾကတယ္။
ေဖေဖ႐ိုက္ရင္ခံလိုက္႐ုံပဲဆိုၿပီး သေဘာထားကာ အိမ္ျပန္လာခဲ့တယ္။ေဖေဖကိုလည္း ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္တယ္။ေဖေဖက မဆူမ႐ိုက္တဲ့အျပင္ ကြမ္းခ်ိဳးေတြနဲ႔မည္းေနတဲ့သြားေတြကို ေပၚေအာင္ျပဳံးရင္း “လာလာငါ့သား ခက္ရင္းကြၽတ္သြားတဲ့ေနရာကို ေဖေဖ့ကိုလိုက္ျပ”လို႔ ေျပာပါတယ္။ကြၽန္ေတာ္လည္း အဲဒီေနရာ ေဖေဖ့ကို ေခၚသြားတယ္။
ခက္ရင္းကြၽတ္သြားတဲ့ ေနရာေရာက္ေတာ့ ေဖေဖက ေရထဲကို လက္နဲ႔ႏိႈက္လိုက္တယ္။ေဖေဖ့လက္ထဲ ခရင္းခြဟာပါလာတယ္။
“ဟင္…ကြၽန္ေတာ္က ခက္ရင္းခြ ေရစီးနဲ႔ ပါသြားၿပီထင္တာဗ်..”
ေဖေဖက “ဒီေလာက္ေရစီးနဲ႔ေတာ့ ဒီခက္ရင္းခြဟာ မပါသြားပါဘူးကြာ”တဲ့ “ငါ့သားတို႔က အေတြးေတြလြဲၿပီး အဲဒီေနရာကို မစမ္းၾကည့္ၾကတာကိုးကြတဲ့”
စိုးရိမ္ပူပန္မႈေတြကလည္း လြယ္တဲ့ကိစၥေလးေတြကို အေတြးလြဲေလးေတြကို ျဖစ္ေစခဲ့ဘူးတာပါပဲလို႔ ေျပာရေတာ့မွာပါ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ(ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com