ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
PAE စနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ.... ဆိုတဲ့ မေးခွန်းအပါအဝင် ဒီကနေ့မှာတော့ အိမ်ခြံမြေဥပဒေစိတ်ဝင်စားသူများအတွက် ဒီကနေ့မှာတော့ အိမ်ခြံမြေဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာအမေးအဖြေသုံးခုကို တင်ဆက်ပေးပါမယ်။
မေးခွန်း (၁) - ဘိုးဘွားပိုင်မြေပေါ်မှာ ဆောက်လုပ်တဲ့ ကွန်ဒိုနဲ့ဂရန်မြေပေါ်မှာ ဆောက်လုပ်တဲ့ ကွန်ဒိုရဲ့ ကွာခြားချက်လေး သိချင်လို့ပါ။
ဘိုးဘွားပိုင်မြေဆိုတာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေအရ(၄)၊ပုဒ်မခွဲ(၁၀)အရ ဘိုးစဉ် ဘောင်ဆက်အမွေဆက်ခံနေထိုင်ပြီး ဓားမဦးချနေထိုင်သောမြေဖြစ်တယ်။ ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာ နိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ-၇(က)အရ ခွင့်ပြုထားသည့် ဘိုးဘပိုင်နှင့်တူညီသော မြေအမျိုးအစားပင်ဖြစ်သည်။
မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ- ၇၊၈နှင့် နည်းဥပဒေ အပိုဒ်-(၂၉)အရ စည်းကမ်းချက်များအညီ နှစ်ကာလသတ်မှတ်ကာ မြေငှားစာချုပ်ချုပ်ဆို၍ အငှားဂရန်ချပေးထား သောမြေဖြစ်သည်။ သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ နှစ်၃၀/၆၀/၉၀ဟူ၍ မြေဌားဂရန်ထုတ်ပေးသော မြေ အမျိုး အစားဖြစ်သည်။အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူထားပါက တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး အမည်ပြောင်း လဲရန် လိုအပ်သည်။
ဂရန်မြေသည်လဲ သက်တမ်းကုန်သည့်အခါ အစိုးရက ပြန်လည်သိမ်းယူနိုင်ပြီး ဘိုးဘွားပိုင်မြေလဲ အစိုးရက စီမံကိန်းများမလွတ်ပါက ပြန်လည်သိမ်းယူနိုင်ပါသည်။
မြို့တော်နယ်နိမိတ်အတွင်းရှိ မြေငှားစာချုပ်(ဂရန်)မြေ၊မြေပိုင်မြေ၊ဂရန်ရှိမြေပိုင်မြေ၊Bမြေပိုင်မြေများအား အဆောက်အဦးဆောက်လုပ်ရန်အတွက် မြေပုံတိုင်းတာခြင်း၊ အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း) များပြုလုပ်ပြီး အဆောက်အအုံဆောက်လုပ်နိုင်သည်။ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ဂရန်မြေမည်သည့် မြေအမျိုးအစား ပေါ်တွင်မဆို စုပေါင်းပိုင်ကွန်ဒို အဆောက်အအုံဆောက်လုပ်နိုင်ပါသည်။
ဘိုးဘွားပိုင်မြေကို စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်ခွင့်ရှိသလို အစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေ အဖြစ်အပ်နှံပြီး မြေအမျိုးအစားနှင့် အမည်ပြောင်းလဲခွင့်လဲရှိပါသည်။
(၆)ထပ်နှင့်အထက်ရှိသော အဆင့်မြင့်အဆောက်အအုံကို စုပေါင်းပိုင်ဥပဒေနှင့်အညီ မှတ်ပုံတင်ပါက ကွန်ဒို အဆောက်အအုံဖြစ်လာပါသည်။ ကွန်ဒိုစုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ရန်အတွက် မြေမှာ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိရမည့်အပြင် ပိုင်ဆိုင်ခွင့်လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။
စုပေါင်းပိုင်အဆောက်အဦးတည်ရှိရာ မြေ၏ မြေငှားစာချုပ်သက်တမ်းနှင့် အခြားမြေပိုင်ဆိုင်ခွင့်၊ မြေအသုံးပြု ခွင့်ဆိုင်ရာ သက်တမ်းများသည် တည်ဆဲမြေယာ ဥပဒေများအရ ခွင့်ပြုထုတ်ပေးထားသောမြေ၏သက်တမ်းအတိုင်းသာ ဖြစ်သည်။ မြေငှားစာချုပ်သက်တမ်းတိုးမြင့်လိုပါက မြေငှားစာချုပ်ထုတ်ပေးထားသော သက်ဆိုင်ရာ မြေစီမံခန့်ခွဲသည့် ဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်။
မြေပိုင်ရှင်နှင့် တည်ထောင်လိုသူတို့သည် ပူးတွဲကာ ကျမ်းကျိန်လွှာ(သို့)ကတိသစ္စာပြုလွှာ၊မြေပိုင်ရှင် အမည် မြေပိုင်ဆိုင်မှု အထောက်အထားတို့နှင့်အတူ နေထိုင်သူများ အားလုံး အကျိုးသက်ဆိုင်သည့် စုပေါင်းပိုင်မြေ အဖြစ် ပြောင်းလဲမည့် အကြောင်း မြွတ်ဟ ကြေညာချက်တစ်စောင်ကို ပုံစံ(၆)ဖြင့် ပြုလုပ်ရမည်။ သက်ဆိုင်ရာမြို့ မြေစာရင်းတွင် စုပေါင်းပိုင် အဆောက်အဦးဖြင့် ပြောင်းလဲမှတ်သားရန် အကြောင်းကြား စာပေးပို့ရမည်။
မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာနက သတ်မှတ်ထားသည့် အချက်များနှင့် အညီ စုပေါင်းပိုင်ကွန်ဒို အဆောက်အအုံအား တည်ဆောက်ရမည်။
တည်ထောင်သူသည် မြေနှင့်အဆောက်အအုံပုံစံ၊ မြေနှင့် အဆောက် အအုံတွင်ပါရှိမည့် စုပေါင်းပိုင်ပစ္စည်းများနှင့် မူလအချိုး သင့်ပိုင်ဆိုင်မှု အစုတန်ဖိုး တို့ကို ပူးတွဲတင်ပြ၍ သတ်မှတ် ချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည်။
မေးခွန်း (၂) - PAE စနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
PAE စနစ်ဖြင့် ဆောက်လုပ်ခြင်းဆိုသည်မှာ ဆောက်လုပ်ရေးဆိုင်ရာ အခေါ်အဝေါ် (Plinth Area Estimate) ကိုဆိုလိုခြင်းဖြစ်ပြီး အဆောက်အအုံဆောက်လုပ်ရာတွင် လိုအပ်သည့် ကုန်ကျစရိတ်ကို ဧရိယာ ပေါ်အခြေပြုပြီး တွက်ချက်ခြင်းဖြစ်သည်။
တနည်းဆိုရသော အိမ်ဆောက်လုပ်ခြင်းတွင် ပါဝင်ပစ္စည်းများဖြစ်သည့် အုတ်၊သံ၊ဘိလပ်မြေ၊သဲ၊သစ်၊ ကျောက်များ၏ နှုန်းထားအား တွက်ချက်ပြီး အိမ်တစ်လုံးတွင် ပါဝင်တည်ဆောက်မည့်သူများဖြစ်သည့် လက်သမား၊ ပန်းရံ၊ ရေမီးဆေး၊ အတတ်ပညာရှင် ဆောက်လုပ်ရေးအင်ဂျင်နီယာတို့အား ပေးချေရမည့်နှုန်းထားများအား စုပေါင်း တွက်ချက်ကာ ပုတ်ပြတ်စနစ်ဖြင့် ပေးချေခြင်းဖြစ်ပါသည်။ ကန်ထရိုက်တစ်ဦးနှင့်တစ်ဦး သတ်မှတ်တွက်ချက်သည့် နှုန်းထား မတူညီပါ။ PAE Rate တွင် အကြမ်းထည်(တိုင်၊အုတ်၊သဲ၊ကျောက်၊ဘိလပ်မြေ)တို့သာပါဝင်သောဈေးနှုန်းနှင့် အချောထည် (ကြမ်းခင်း၊မျက်နှာကြက်၊ ရေမီး၊ရေပိုက်၊မြောင်း၊ အိမ်သုတ်ဆေး)ပါဝင်သော ဈေးနှုန်းတို့ မတူညီပါ။
အိမ်ရှင်(အလုပ်အပ်နှံသူ)က ပစ္စည်းဝယ်ပေးပြီး လက်ခသာပေးချေသော PAE စနစ် နှင့် ကန်ထရိုက်တာ (လုပ်ငန်းလက်ခံသူ)မှ ပစ္စည်းဖိုးလက်ခအပြီးအစီး တာဝန်ယူဆောက်လုပ်ပေးရသော PAE စနစ်လဲ မတူညီပါ ကွဲပြားခြားနားမှု အမျိုးမျိုးရှိကြပါ သည်။ ထို PAE စနစ်မှာ အိမ်ရှင်(အလုပ်အပ်နှံသူ)နှင့် ကန်ထရိုက်တာ(အလုပ်လက်ခံသူ)အကြား လုပ်ငန်း ကုန်ကျမှုနှင့် ဆောင်ရွက်မှုဆိုင်ရာအရပ်ရပ်အတွက် ကောင်းမွန်သော ဈေးနှုန်းညီနှိုင်းမှုစနစ်ဖြစ်သော်လည်း တချို့ နေရာများတွင် ကန်ထရိုက်တာများမှ ကြိုတင်ငွေလက်ခံပြီး အဆောက်အဦးဆောက်လုပ်ရန်အတွက် တိမ်းရှောင်နေ သည်များလဲရှိပါသည်။
PAE စနစ်နှင့်ဆောက်လုပ်ရန် အိမ်ရှင်နှင့် ကန်ထရိုက်တာ သဘောတူညီကြသည့်အခါ လုပ်ငန်းအပ်နှံခြင်း စာချုပ်ချုပ်ဆိုရာတွင် အချိန်ကာလအတိုင်းအတာနှင့် လိုက်နာရမည့် စည်းကမ်းချက်များ ပြည့်စုံစွာထည့်သွင်းချုပ်ဆို ရန် အရေးကြီးပါသည်။
အစိုးရပရောဂျက်များတွင် PAE ကန်ထရိုက်စနစ်ဖြင့် တင်ဒါခေါ်ယူကာ ဆောက်လုပ်ကြပြီး ထိုမှတဆင့် ပုဂ္ဂလိက ဆောက်လုပ်ရေးစနစ်တွင်ပါ PAE စနစ်ကို လက်ခံကျင့်သုံးလာကြပါသည်။တစ်ပေပတ်လည်ရှိကုန်စရိတ်ကို စတင်တွက်ချက်ကာ အဆောက်အဦး၏ (အလျား×အနံ) စတုရန်းပေနှုန်းထားအတိုင်း ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ပြီး နှစ်ဦးနှစ်ဘက်ဈေးနှုန်းညီနှိုင်းကြခြင်းဖြစ်ပါသည်။
အိမ်ရှင်(လုပ်ငန်းအပ်နှံမည့်သူ) ကလဲ ၎င်းစိတ်ကြိုက်အဆောက်အဦးပုံစံ၊၎င်းမျှော်မှန်းထားသည့် ကုန်ကျစရိတ် အ၀၀နှင့်ကိုက်ညီမှုရှိမရှိ ချိန်ဆနိုင်ပြီး ကန်ထရိုက်တာ(အလုပ်လက်ခံသူ)အနေဖြင့်လဲ ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းပြောင်းလဲမှုကို ကြိုတင်သုံးသပ်ကာ အမှန်တကယ်ဆောက်လုပ်ပြီးစီးနိုင်သည် အခြေအနေအချိန်အခါကိုသာ ကတိပြုသင့်ပါသည်။ လုပ်ငန်းအပ်နှံသည့်စာချုပ်တွင် ဆောင်လုပ်ရာတွင် ပါဝင်ထည့်သွင်းပေးမည့် Facility ပစ္စည်းများ၏ အမျိုးအစား၊ အရည်အသွေးများအား တိကျစွာထည့်သွင်းချုပ်ဆိုရမည်။စာချုပ်တွင်ဖော်ပြချုပ်ဆိုသည့် အမျိုးအစား၊အရည်အသွေးများအတိုင်းသာ ကန်ထရိုက်တာ(အလုပ်လက်ခံသူ)မှ အမှန်တကယ်ဆောက်လုပ်ပေးရန် လိုအပ်ပြီး အိမ်ရှင် (လုပ်ငန်း အပ်နှံမည့်သူ)မှလဲ သတ်မှတ်ကာလအတွင်း တိတိကျကျငွေပေးချေသင့်ပါသည်။
အကယ်၍နှစ်ဦးနှစ်ဖက် အငြင်းပွားမှုများပေါ်ပေါက်၍ တရားတဘောင်ဖြစ်ပေါ်လာပါက တရားရုံးမှ စာချုပ်ပါကတိပြုချက်များအပေါ်တွင်သာ အတည်ပြုဆုံးဖြတ်မည်ဖြစ်ပါသည်။
မေးခွန်း (၃) - တိုက်ခန်း(သို့)မြေငှားရမ်းပါက ငှားရမ်းသူတို့လိုက်နာရမည့်တာဝန်များကို သိရှိလိုပါသည်။
တိုက်ခန်း(သို့)မြေငှားရမ်းရာတွင် ပိုင်ရှင်မှ၎င်းငှားရမ်းလိုသည့် ဈေးနှုန်း၊ငှားရမ်းခ၊ငွေပေးချေရန်ပုံစံ၊အချိန် ကာလ သတ်မှတ်ချက်၊အဆောက်အဦးအတွင်း ပါဝင်သည့်ပစ္စည်းများနှင့် ငှားရမ်းသူလိုက်နာရမည့် စည်းကမ်းချက် များအား သတ်မှတ်ပြီး နေထိုင်ခွင့်ပြုခြင်းပင်ဖြစ်သည်။
တချို့တိုက်ခန်းများ ငှားရမ်းခြင်းတွင် စပေါ်ငွေအာမခံထားရှိစေကာ ငှားရမ်းပြီး တချို့တိုက်ခန်းများ ငှားရမ်းခြင်းတွင် လချုပ်စနစ်ဖြင့် ကြိုတင်ငွေပေးချေစေကာ ငှားရမ်းသည်။
များသောအားဖြင့် အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များမှာ ...
- ပတ်ဝန်းကျင် အနှောက်အယှက်မပြုဘဲ နေထိုင်ရန်။
- တဆင့်ငှားရမ်းခြင်း၊အခြားသူများအား နေထိုင်ခွင့်ပြုခြင်း၊လွှဲပြောင်းခြင်း၊ရောင်းချခြင်း၊ပေါင်နှံခြင်း မပြုရန်။
- ဥပဒေနှင့်မညီသော လုပ်ငန်းဆောင်တာများအား မပြုလုပ်ရန်။
- ပိုင်ရှင်မှ ငှားရမ်းသည့်ပစ္စည်းအား ဝင်ရောက်ကြည့်ရှုသည်ကို လက်ခံရန်။
- လျှပ်စစ်မီတာခ၊ရေခွန်၊စည်ပင်ခွန်တို့ မှန်မှန်ပေးဆောင်ရန်။
- ငှားရမ်းသူသည် တိုက်ခန်းပိုင်ရှင်၏ သဘောတူခွင့်ပြုချက်မရှိဘဲ ငှားရမ်းသည့်တိုက်ခန်းအား ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း၊တိုးချဲ့ခြင်းမပြုရန်။
- ငှားရမ်းသူပေါ့ဆမှုကြောင့် အဆောက်အဦး ပျက်စီးဆုံးရှုံးခြင်း၊မီးလောင်မူဖြစ်ပွားခြင်းများ ဖြစ်ပေါ်ပါက နစ်နာမှုများအတိုင်း ပြန်လည်ပေးလျှော်ရန်။
ငှားရမ်းသူမှ အိမ်ရှင်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးပြင်ဆင်ခွင့်မရှိသလို စည်ပင်သာယာရေး၏ ခွင့်ပြုချက်မရယူဘဲ အဆောက်အအုံအား ပြင်ဆင်တိုးချဲ့အခိုင်အမာ ဆောက်လုပ်ခြင်းမပြုရပါ။ အိမ်ငှား တာဝန် ဖောက်ဖျက်သဖြင့် အိမ်ရှင်မှ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၁၂(၁)(က) နှင့်(ဂ)တို့အရ နှင်လိုမှု တရားစွဲဆိုပြီး အိမ်ငှားအဖြစ်မှ ဖယ်ရှားနိုင်ပါသည်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ-၁၀၈အရ အိမ်ငှားတာဝန်ကို လိုက်နာရမည်ဖြစ်ကာ ငှားရမ်းသူသည် ငှားရမ်းသည့်ပစ္စည်းအပေါ် အမြဲတမ်းအခိုင်အမာ အဆောက်အဦးဆောက်လုပ်ခွင့်မရှိ။
ဆောက်လုပ်ရေးနည်းဥပဒေ-၂(င)အရ-အဆောက်အအုံဆောက်လုပ်ခြင်းဆိုသည်မှာ အဆောက် အဦးတစ်ခုခုကို ဆောက်လုပ်ခြင်း၊အကြီးစား(သို့)အသေးစားပြင်ဆင်ခြင်း၊ခြံစည်းရိုးကာရံခြင်းနှင့် ဖြိုဖျက်ခြင်း အဆောက်အအုံဆိုင်ရာ အစိတ်အပိုင်း ဖြိုဖျက်ခြင်းလည်း ပါဝင်သည့်အပြင် အဆောက်အအုံလုပ်ငန်းများ ပြုလုပ်ရန်အတွက် မြေပြုပြင်ခြင်း၊အုတ်မြစ်တူးဖော်ခြင်းနှင့် ပြင်ဆင်ခြင်းများလည်း ပါဝင်သည်။
ဒေါ်ကျင်သီနှင့် ဦးထွန်းရပါ-၂၊၁၉၉၁၊မတစ(အထူး)၁၂အရ အိမ်ငှားမှာ အုတ်ခုံကွဲအက်သည်ကို ပြုပြင်ခြင်း သည် တည်ဆောက်မှုမဖြစ်နိုင်၊ အိမ်သာ အစားထိုးတည်ဆောက်ခြင်းသည် တည်မြဲသော အရာကို ဖန်တီးရာ ရောက်သည်ဟုဆိုနိုင်ဦးတော့ အစားထိုးခြင်းတွင် တည်ဆောက်ခြင်း အကျိုးဝင်သည်ဟု မည်သည့် နည်း နှင့်မျှ မဆိုနိုင်ချေ။
ဒေါ်တင်မြနှင့်ဦးစံလင်း၊၁၉၉၄၊မတစ(ရုံးချုပ်)၅၆တွင် အိမ်ငှားများဘက်က အိမ်ရှင်အိမ်ငှား ပဋ္ဋိညာဉ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ရာ၌ တစ်ကြိမ်တစ်ခါပင်ဖြစ်စေကာမှု ပဋ္ဋိညာဉ်အရ တင်ရှိသော အိမ်ငှားတာဝန်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ခြင်း။
မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး ဥပဒေသည် အိမ်ငှားများကို စောင့်ရှောက်ရန် ရည်ရွယ်သော်လည်း အိမ်ရှင် အိမ်ငှားနှစ်ဦး နှစ်ဘက်စလုံးအား ဥပဒေနှင့်အညီ တရားမျှတမှုရှိစေရန် အိမ်ရှင်ရသင့်ရ ထိုက်သော အခွင့်အရေးတို့ကိုလည်း ထည့်သွင်း စဉ်းစားပေးပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
သိထားသင့္တဲ့ ဥပေဒေရးရာ PAE စနစ္နဲ႔ အိမ္ေဆာက္တယ္ဆိုတာ....
PAE စနစ္နဲ႔ အိမ္ေဆာက္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ.... ဆိုတဲ့ ေမးခြန္းအပါအဝင္ ဒီကေန႔မွာေတာ့ အိမ္ျခံေျမဥပေဒစိတ္ဝင္စားသူမ်ားအတြက္ ဒီကေန႔မွာေတာ့ အိမ္ျခံေျမဥပေဒဆိုင္ရာ သိမွတ္ဖြယ္ရာအေမးအေျဖသုံးခုကို တင္ဆက္ေပးပါမယ္။
ေမးခြန္း (၁) - ဘိုးဘြားပိုင္ေျမေပၚမွာ ေဆာက္လုပ္တဲ့ ကြန္ဒိုနဲ႔ဂရန္ေျမေပၚမွာ ေဆာက္လုပ္တဲ့ ကြန္ဒိုရဲ႕ ကြာျခားခ်က္ေလး သိခ်င္လို႔ပါ။
ဘိုးဘြားပိုင္ေျမဆိုတာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒအရ(၄)၊ပုဒ္မခြဲ(၁၀)အရ ဘိုးစဥ္ ေဘာင္ဆက္အေမြဆက္ခံေနထိုင္ၿပီး ဓားမဦးခ်ေနထိုင္ေသာေျမျဖစ္တယ္။ ဂရန္႐ွိေျမပိုင္ေျမဆိုသည္မွာ ေအာက္ျမန္မာ ႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒ-၇(က)အရ ခြင့္ျပဳထားသည့္ ဘိုးဘပိုင္ႏွင့္တူညီေသာ ေျမအမ်ိဳးအစားပင္ျဖစ္သည္။
ေျမငွားဂရန္ေျမဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒ- ၇၊၈ႏွင့္ နည္းဥပေဒ အပိုဒ္-(၂၉)အရ စည္းကမ္းခ်က္မ်ားအညီ ႏွစ္ကာလသတ္မွတ္ကာ ေျမငွားစာခ်ဳပ္ခ်ဳပ္ဆို၍ အငွားဂရန္ခ်ေပးထား ေသာေျမျဖစ္သည္။ သက္ဆိုင္ရာေျမယာ စီမံခန္႔ခြဲေရးဌာနမွ ႏွစ္၃၀/၆၀/၉၀ဟူ၍ ေျမဌားဂရန္ထုတ္ေပးေသာ ေျမ အမ်ိဳး အစားျဖစ္သည္။အရပ္ကတိစာခ်ဳပ္ျဖင့္ ဝယ္ယူထားပါက တရားဝင္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး အမည္ေျပာင္း လဲရန္ လိုအပ္သည္။
ဂရန္ေျမသည္လဲ သက္တမ္းကုန္သည့္အခါ အစိုးရက ျပန္လည္သိမ္းယူႏိုင္ၿပီး ဘိုးဘြားပိုင္ေျမလဲ အစိုးရက စီမံကိန္းမ်ားမလြတ္ပါက ျပန္လည္သိမ္းယူႏိုင္ပါသည္။
ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း႐ွိ ေျမငွားစာခ်ဳပ္(ဂရန္)ေျမ၊ေျမပိုင္ေျမ၊ဂရန္႐ွိေျမပိုင္ေျမ၊Bေျမပိုင္ေျမမ်ားအား အေဆာက္အဦးေဆာက္လုပ္ရန္အတြက္ ေျမပုံတိုင္းတာျခင္း၊ အတည္ျပဳတိုင္းခြဲ/ေပါင္းခြဲ (ေျမကြက္ခြဲစိတ္ျခင္း) မ်ားျပဳလုပ္ၿပီး အေဆာက္အအုံေဆာက္လုပ္ႏိုင္သည္။ထို႔ေၾကာင့္ ဘိုးဘြားပိုင္ေျမ၊ဂရန္ေျမမည္သည့္ ေျမအမ်ိဳးအစား ေပၚတြင္မဆို စုေပါင္းပိုင္ကြန္ဒို အေဆာက္အအုံေဆာက္လုပ္ႏိုင္ပါသည္။
ဘိုးဘြားပိုင္ေျမကို စုေပါင္းပိုင္ အေဆာက္အအုံ ေဆာက္လုပ္ခြင့္႐ွိသလို အစိုးရစီမံခန္႔ခြဲခြင့္႐ွိေသာ ေျမ အျဖစ္အပ္ႏွံၿပီး ေျမအမ်ိဳးအစားႏွင့္ အမည္ေျပာင္းလဲခြင့္လဲ႐ွိပါသည္။
(၆)ထပ္ႏွင့္အထက္႐ွိေသာ အဆင့္ျမင့္အေဆာက္အအုံကို စုေပါင္းပိုင္ဥပေဒႏွင့္အညီ မွတ္ပုံတင္ပါက ကြန္ဒို အေဆာက္အအုံျဖစ္လာပါသည္။ ကြန္ဒိုစုေပါင္းပိုင္အေဆာက္အအုံ ေဆာက္လုပ္ရန္အတြက္ ေျမမွာ လူေနအိမ္ရာအျဖစ္ ေဆာက္လုပ္ခြင့္႐ွိရမည့္အျပင္ ပိုင္ဆိုင္ခြင့္လႊဲေျပာင္းႏိုင္ေသာ ေျမအမ်ိဳးအစားျဖစ္ရမည္။
စုေပါင္းပိုင္အေဆာက္အဦးတည္႐ွိရာ ေျမ၏ ေျမငွားစာခ်ဳပ္သက္တမ္းႏွင့္ အျခားေျမပိုင္ဆိုင္ခြင့္၊ ေျမအသုံးျပဳ ခြင့္ဆိုင္ရာ သက္တမ္းမ်ားသည္ တည္ဆဲေျမယာ ဥပေဒမ်ားအရ ခြင့္ျပဳထုတ္ေပးထားေသာေျမ၏သက္တမ္းအတိုင္းသာ ျဖစ္သည္။ ေျမငွားစာခ်ဳပ္သက္တမ္းတိုးျမင့္လိုပါက ေျမငွားစာခ်ဳပ္ထုတ္ေပးထားေသာ သက္ဆိုင္ရာ ေျမစီမံခန္႔ခြဲသည့္ ဌာနမ်ား၏ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ေဆာင္႐ြက္ရမည္။
ေျမပိုင္႐ွင္ႏွင့္ တည္ေထာင္လိုသူတို႔သည္ ပူးတြဲကာ က်မ္းက်ိန္လႊာ(သို႔)ကတိသစၥာျပဳလႊာ၊ေျမပိုင္႐ွင္ အမည္ ေျမပိုင္ဆိုင္မႈ အေထာက္အထားတို႔ႏွင့္အတူ ေနထိုင္သူမ်ား အားလုံး အက်ိဳးသက္ဆိုင္သည့္ စုေပါင္းပိုင္ေျမ အျဖစ္ ေျပာင္းလဲမည့္ အေၾကာင္း ႁမြတ္ဟ ေၾကညာခ်က္တစ္ေစာင္ကို ပုံစံ(၆)ျဖင့္ ျပဳလုပ္ရမည္။ သက္ဆိုင္ရာၿမိဳ႕ ေျမစာရင္းတြင္ စုေပါင္းပိုင္ အေဆာက္အဦးျဖင့္ ေျပာင္းလဲမွတ္သားရန္ အေၾကာင္းၾကား စာေပးပို႔ရမည္။
ၿမိဳ႕ျပစီမံကိန္းအရ သက္ဆိုင္ရာ အစိုးရဌာနက သတ္မွတ္ထားသည့္ အခ်က္မ်ားႏွင့္ အညီ စုေပါင္းပိုင္ကြန္ဒို အေဆာက္အအုံအား တည္ေဆာက္ရမည္။
တည္ေထာင္သူသည္ ေျမႏွင့္အေဆာက္အအုံပုံစံ၊ ေျမႏွင့္ အေဆာက္ အအုံတြင္ပါ႐ွိမည့္ စုေပါင္းပိုင္ပစၥည္းမ်ားႏွင့္ မူလအခ်ိဳး သင့္ပိုင္ဆိုင္မႈ အစုတန္ဖိုး တို႔ကို ပူးတြဲတင္ျပ၍ သတ္မွတ္ ခ်က္မ်ားႏွင့္အညီ သက္ဆိုင္ရာစီမံခန္႔ခြဲေရးေကာ္မတီသို႔ ေလွ်ာက္ထားရမည္။
ေမးခြန္း (၂) - PAE စနစ္နဲ႔ အိမ္ေဆာက္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ။
PAE စနစ္ျဖင့္ ေဆာက္လုပ္ျခင္းဆိုသည္မွာ ေဆာက္လုပ္ေရးဆိုင္ရာ အေခၚအေဝၚ (Plinth Area Estimate) ကိုဆိုလိုျခင္းျဖစ္ၿပီး အေဆာက္အအုံေဆာက္လုပ္ရာတြင္ လိုအပ္သည့္ ကုန္က်စရိတ္ကို ဧရိယာ ေပၚအေျချပဳၿပီး တြက္ခ်က္ျခင္းျဖစ္သည္။
တနည္းဆိုရေသာ အိမ္ေဆာက္လုပ္ျခင္းတြင္ ပါဝင္ပစၥည္းမ်ားျဖစ္သည့္ အုတ္၊သံ၊ဘိလပ္ေျမ၊သဲ၊သစ္၊ ေက်ာက္မ်ား၏ ႏႈန္းထားအား တြက္ခ်က္ၿပီး အိမ္တစ္လုံးတြင္ ပါဝင္တည္ေဆာက္မည့္သူမ်ားျဖစ္သည့္ လက္သမား၊ ပန္းရံ၊ ေရမီးေဆး၊ အတတ္ပညာ႐ွင္ ေဆာက္လုပ္ေရးအင္ဂ်င္နီယာတို႔အား ေပးေခ်ရမည့္ႏႈန္းထားမ်ားအား စုေပါင္း တြက္ခ်က္ကာ ပုတ္ျပတ္စနစ္ျဖင့္ ေပးေခ်ျခင္းျဖစ္ပါသည္။ ကန္ထ႐ိုက္တစ္ဦးႏွင့္တစ္ဦး သတ္မွတ္တြက္ခ်က္သည့္ ႏႈန္းထား မတူညီပါ။ PAE Rate တြင္ အၾကမ္းထည္(တိုင္၊အုတ္၊သဲ၊ေက်ာက္၊ဘိလပ္ေျမ)တို႔သာပါဝင္ေသာေဈးႏႈန္းႏွင့္ အေခ်ာထည္ (ၾကမ္းခင္း၊မ်က္ႏွာၾကက္၊ ေရမီး၊ေရပိုက္၊ေျမာင္း၊ အိမ္သုတ္ေဆး)ပါဝင္ေသာ ေဈးႏႈန္းတို႔ မတူညီပါ။
အိမ္႐ွင္(အလုပ္အပ္ႏွံသူ)က ပစၥည္းဝယ္ေပးၿပီး လက္ခသာေပးေခ်ေသာ PAE စနစ္ ႏွင့္ ကန္ထ႐ိုက္တာ (လုပ္ငန္းလက္ခံသူ)မွ ပစၥည္းဖိုးလက္ခအၿပီးအစီး တာဝန္ယူေဆာက္လုပ္ေပးရေသာ PAE စနစ္လဲ မတူညီပါ ကြဲျပားျခားနားမႈ အမ်ိဳးမ်ိဳး႐ွိၾကပါ သည္။ ထို PAE စနစ္မွာ အိမ္႐ွင္(အလုပ္အပ္ႏွံသူ)ႏွင့္ ကန္ထ႐ိုက္တာ(အလုပ္လက္ခံသူ)အၾကား လုပ္ငန္း ကုန္က်မႈႏွင့္ ေဆာင္႐ြက္မႈဆိုင္ရာအရပ္ရပ္အတြက္ ေကာင္းမြန္ေသာ ေဈးႏႈန္းညီႏိႈင္းမႈစနစ္ျဖစ္ေသာ္လည္း တခ်ိဳ႕ ေနရာမ်ားတြင္ ကန္ထ႐ိုက္တာမ်ားမွ ႀကိဳတင္ေငြလက္ခံၿပီး အေဆာက္အဦးေဆာက္လုပ္ရန္အတြက္ တိမ္းေ႐ွာင္ေန သည္မ်ားလဲ႐ွိပါသည္။
PAE စနစ္ႏွင့္ေဆာက္လုပ္ရန္ အိမ္႐ွင္ႏွင့္ ကန္ထ႐ိုက္တာ သေဘာတူညီၾကသည့္အခါ လုပ္ငန္းအပ္ႏွံျခင္း စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ အခ်ိန္ကာလအတိုင္းအတာႏွင့္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ား ျပည့္စုံစြာထည့္သြင္းခ်ဳပ္ဆို ရန္ အေရးႀကီးပါသည္။
အစိုးရပေရာဂ်က္မ်ားတြင္ PAE ကန္ထ႐ိုက္စနစ္ျဖင့္ တင္ဒါေခၚယူကာ ေဆာက္လုပ္ၾကၿပီး ထိုမွတဆင့္ ပုဂၢလိက ေဆာက္လုပ္ေရးစနစ္တြင္ပါ PAE စနစ္ကို လက္ခံက်င့္သုံးလာၾကပါသည္။တစ္ေပပတ္လည္႐ွိကုန္စရိတ္ကို စတင္တြက္ခ်က္ကာ အေဆာက္အဦး၏ (အလ်ား×အနံ) စတုရန္းေပႏႈန္းထားအတိုင္း ခန္႔မွန္းကုန္က်စရိတ္ တြက္ခ်က္ၿပီး ႏွစ္ဦးႏွစ္ဘက္ေဈးႏႈန္းညီႏိႈင္းၾကျခင္းျဖစ္ပါသည္။
အိမ္႐ွင္(လုပ္ငန္းအပ္ႏွံမည့္သူ) ကလဲ ၎စိတ္ႀကိဳက္အေဆာက္အဦးပုံစံ၊၎ေမွ်ာ္မွန္းထားသည့္ ကုန္က်စရိတ္ အ၀၀ႏွင့္ကိုက္ညီမႈ႐ွိမ႐ွိ ခ်ိန္ဆႏိုင္ၿပီး ကန္ထ႐ိုက္တာ(အလုပ္လက္ခံသူ)အေနျဖင့္လဲ ျဖစ္ေပၚလာႏိုင္သည့္ ေဈးႏႈန္းေျပာင္းလဲမႈကို ႀကိဳတင္သုံးသပ္ကာ အမွန္တကယ္ေဆာက္လုပ္ၿပီးစီးႏိုင္သည္ အေျခအေနအခ်ိန္အခါကိုသာ ကတိျပဳသင့္ပါသည္။ လုပ္ငန္းအပ္ႏွံသည့္စာခ်ဳပ္တြင္ ေဆာင္လုပ္ရာတြင္ ပါဝင္ထည့္သြင္းေပးမည့္ Facility ပစၥည္းမ်ား၏ အမ်ိဳးအစား၊ အရည္အေသြးမ်ားအား တိက်စြာထည့္သြင္းခ်ဳပ္ဆိုရမည္။စာခ်ဳပ္တြင္ေဖာ္ျပခ်ဳပ္ဆိုသည့္ အမ်ိဳးအစား၊အရည္အေသြးမ်ားအတိုင္းသာ ကန္ထ႐ိုက္တာ(အလုပ္လက္ခံသူ)မွ အမွန္တကယ္ေဆာက္လုပ္ေပးရန္ လိုအပ္ၿပီး အိမ္႐ွင္ (လုပ္ငန္း အပ္ႏွံမည့္သူ)မွလဲ သတ္မွတ္ကာလအတြင္း တိတိက်က်ေငြေပးေခ်သင့္ပါသည္။
အကယ္၍ႏွစ္ဦးႏွစ္ဖက္ အျငင္းပြားမႈမ်ားေပၚေပါက္၍ တရားတေဘာင္ျဖစ္ေပၚလာပါက တရား႐ုံးမွ စာခ်ဳပ္ပါကတိျပဳခ်က္မ်ားအေပၚတြင္သာ အတည္ျပဳဆုံးျဖတ္မည္ျဖစ္ပါသည္။
ေမးခြန္း (၃) - တိုက္ခန္း(သို႔)ေျမငွားရမ္းပါက ငွားရမ္းသူတို႔လိုက္နာရမည့္တာဝန္မ်ားကို သိ႐ွိလိုပါသည္။
တိုက္ခန္း(သို႔)ေျမငွားရမ္းရာတြင္ ပိုင္႐ွင္မွ၎ငွားရမ္းလိုသည့္ ေဈးႏႈန္း၊ငွားရမ္းခ၊ေငြေပးေခ်ရန္ပုံစံ၊အခ်ိန္ ကာလ သတ္မွတ္ခ်က္၊အေဆာက္အဦးအတြင္း ပါဝင္သည့္ပစၥည္းမ်ားႏွင့္ ငွားရမ္းသူလိုက္နာရမည့္ စည္းကမ္းခ်က္ မ်ားအား သတ္မွတ္ၿပီး ေနထိုင္ခြင့္ျပဳျခင္းပင္ျဖစ္သည္။
တခ်ိဳ႕တိုက္ခန္းမ်ား ငွားရမ္းျခင္းတြင္ စေပၚေငြအာမခံထား႐ွိေစကာ ငွားရမ္းၿပီး တခ်ိဳ႕တိုက္ခန္းမ်ား ငွားရမ္းျခင္းတြင္ လခ်ဳပ္စနစ္ျဖင့္ ႀကိဳတင္ေငြေပးေခ်ေစကာ ငွားရမ္းသည္။
မ်ားေသာအားျဖင့္ အိမ္ငွားလိုက္နာရမည့့္ စည္းကမ္းခ်က္မ်ားမွာ ...
- ပတ္ဝန္းက်င္ အေႏွာက္အယွက္မျပဳဘဲ ေနထိုင္ရန္။
- တဆင့္ငွားရမ္းျခင္း၊အျခားသူမ်ားအား ေနထိုင္ခြင့္ျပဳျခင္း၊လႊဲေျပာင္းျခင္း၊ေရာင္းခ်ျခင္း၊ေပါင္ႏွံျခင္း မျပဳရန္။
- ဥပေဒႏွင့္မညီေသာ လုပ္ငန္းေဆာင္တာမ်ားအား မျပဳလုပ္ရန္။
- ပိုင္႐ွင္မွ ငွားရမ္းသည့္ပစၥည္းအား ဝင္ေရာက္ၾကည့္႐ႈသည္ကို လက္ခံရန္။
- လွ်ပ္စစ္မီတာခ၊ေရခြန္၊စည္ပင္ခြန္တို႔ မွန္မွန္ေပးေဆာင္ရန္။
- ငွားရမ္းသူသည္ တိုက္ခန္းပိုင္႐ွင္၏ သေဘာတူခြင့္ျပဳခ်က္မ႐ွိဘဲ ငွားရမ္းသည့္တိုက္ခန္းအား ျပင္ဆင္ျခင္း၊ မြမ္းမံျခင္း၊တိုးခ်ဲ႕ျခင္းမျပဳရန္။
- ငွားရမ္းသူေပါ့ဆမႈေၾကာင့္ အေဆာက္အဦး ပ်က္စီးဆုံး႐ႈံးျခင္း၊မီးေလာင္မူျဖစ္ပြားျခင္းမ်ား ျဖစ္ေပၚပါက နစ္နာမႈမ်ားအတိုင္း ျပန္လည္ေပးေလွ်ာ္ရန္။
ငွားရမ္းသူမွ အိမ္႐ွင္ခြင့္ျပဳခ်က္မ႐ွိဘဲ အေဆာက္အဦးျပင္ဆင္ခြင့္မ႐ွိသလို စည္ပင္သာယာေရး၏ ခြင့္ျပဳခ်က္မရယူဘဲ အေဆာက္အအုံအား ျပင္ဆင္တိုးခ်ဲ႕အခိုင္အမာ ေဆာက္လုပ္ျခင္းမျပဳရပါ။ အိမ္ငွား တာဝန္ ေဖာက္ဖ်က္သျဖင့္ အိမ္႐ွင္မွ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ-၁၂(၁)(က) ႏွင့္(ဂ)တို႔အရ ႏွင္လိုမႈ တရားစြဲဆိုၿပီး အိမ္ငွားအျဖစ္မွ ဖယ္႐ွားႏိုင္ပါသည္။ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒ-၁၀၈အရ အိမ္ငွားတာဝန္ကို လိုက္နာရမည္ျဖစ္ကာ ငွားရမ္းသူသည္ ငွားရမ္းသည့္ပစၥည္းအေပၚ အၿမဲတမ္းအခိုင္အမာ အေဆာက္အဦးေဆာက္လုပ္ခြင့္မ႐ွိ။
ေဆာက္လုပ္ေရးနည္းဥပေဒ-၂(င)အရ-အေဆာက္အအုံေဆာက္လုပ္ျခင္းဆိုသည္မွာ အေဆာက္ အဦးတစ္ခုခုကို ေဆာက္လုပ္ျခင္း၊အႀကီးစား(သို႔)အေသးစားျပင္ဆင္ျခင္း၊ျခံစည္း႐ိုးကာရံျခင္းႏွင့္ ၿဖိဳဖ်က္ျခင္း အေဆာက္အအုံဆိုင္ရာ အစိတ္အပိုင္း ၿဖိဳဖ်က္ျခင္းလည္း ပါဝင္သည့္အျပင္ အေဆာက္အအုံလုပ္ငန္းမ်ား ျပဳလုပ္ရန္အတြက္ ေျမျပဳျပင္ျခင္း၊အုတ္ျမစ္တူးေဖာ္ျခင္းႏွင့္ ျပင္ဆင္ျခင္းမ်ားလည္း ပါဝင္သည္။
ေဒၚက်င္သီႏွင့္ ဦးထြန္းရပါ-၂၊၁၉၉၁၊မတစ(အထူး)၁၂အရ အိမ္ငွားမွာ အုတ္ခုံကြဲအက္သည္ကို ျပဳျပင္ျခင္း သည္ တည္ေဆာက္မႈမျဖစ္ႏိုင္၊ အိမ္သာ အစားထိုးတည္ေဆာက္ျခင္းသည္ တည္ၿမဲေသာ အရာကို ဖန္တီးရာ ေရာက္သည္ဟုဆိုႏိုင္ဦးေတာ့ အစားထိုးျခင္းတြင္ တည္ေဆာက္ျခင္း အက်ိဳးဝင္သည္ဟု မည္သည့္ နည္း ႏွင့္မွ် မဆိုႏိုင္ေခ်။
ေဒၚတင္ျမႏွင့္ဦးစံလင္း၊၁၉၉၄၊မတစ(႐ုံးခ်ဳပ္)၅၆တြင္ အိမ္ငွားမ်ားဘက္က အိမ္႐ွင္အိမ္ငွား ပ႗ိညာဥ္ပါ စည္းကမ္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ခဲ့ရာ၌ တစ္ႀကိမ္တစ္ခါပင္ျဖစ္ေစကာမႈ ပ႗ိညာဥ္အရ တင္႐ွိေသာ အိမ္ငွားတာဝန္ကို ေဖာက္ဖ်က္က်ဴးလြန္ရာ ေရာက္ျခင္း။
ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရး ဥပေဒသည္ အိမ္ငွားမ်ားကို ေစာင့္ေ႐ွာက္ရန္ ရည္႐ြယ္ေသာ္လည္း အိမ္႐ွင္ အိမ္ငွားႏွစ္ဦး ႏွစ္ဘက္စလုံးအား ဥပေဒႏွင့္အညီ တရားမွ်တမႈ႐ွိေစရန္ အိမ္႐ွင္ရသင့္ရ ထိုက္ေသာ အခြင့္အေရးတို႔ကိုလည္း ထည့္သြင္း စဥ္းစားေပးပါသည္။
လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။
ေမးခြန္းေပးပို႔ရန္ Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com