တစ်ခါတုန်းက အဖြစ်လေးတွေ (၁၁)

တစ်ခါတုန်းက အဖြစ်လေးတွေ (၁၁) - Property Knowledge in Myanmar from iMyanmarHouse.com
12 May 2023 4:39 pm တွင် တင်ခဲ့သည်
659 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

“ရေကူးတတ်ပါသော်လည်း”

 

မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးတွေကောင်းပြီဆိုရင် မြစ်ကြောင်းတစ်လျှောက်က နေရာတွေမှာ ရေကြီးရေလျှံတွေ နှစ်စဉ်ကြုံကြရပါတယ်။ ကျွန်တော်တို့မြို့နဲ့ ဧရာဝတီမြစ်ကြီးကြားမှာ မရိုးကုန်းဆိုတဲ့ ရွာကြီးတစ်ရွာခံနေပါတယ်။ဧရာဝတီမြစ်ကြီး ရေလျှံလာရင် ကျွန်တော်တို့ မြို့အခြေထိ ရေရောက်ပါတယ်။ မရိုးကုန်းရွာက အိမ်တွေဟာ ရေအမြင့်ဆုံးရောက်နိုင်တဲ့အထိ ခြေတံတွေကို မြှင့်ထားပြီးဆောက်ကြရပါတယ်။ ဒါတောင် အိမ်ကြမ်းပြင်ကို ရေကျော်တဲ့အထိ ရှိတတ်လို့ ရေကြီးတဲ့ အချိန်ဆိုရင် ကျွန်တော်တို့မြို့ဘက်ကို လူတွေရော တိရစ္ဆာန်တွေရော ယာယီပြောင်းရွေ့ နေထိုင်ကြရတယ်။

ကျွန်တော်တို့မြို့ရဲ့ အရှေ့ဘက် အနိမ့်ပိုင်း နေရာတွေကတော့ ရေအဝင်ခံရပါတယ်။ဒါကြောင့် ကျွန်တော်တို့မြို့သားတွေဟာ မြစ်ချောင်းတွေနဲ့လည်း စိမ်းလှတယ်မရှိပါဘူး။ကျွန်တော်တို့မြို့သားတွေ မြစ်ရေဝင်တဲ့ အချိန်ကာလရောက်ရင် မြစ်ဆိပ်သွားပြီး ရေချိုးရင်းနဲ့ လူတိုင်းရေကူးတတ်လာကြရတယ်လို့ ထင်တာပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေကတော့ ရေကူးလည်းသင်ခဲ့ရဘူးပါတယ်။ဖေဖေကချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ပရိမ္မရွာသား၊ရွာကို အလည်ပြန်ရင်း ချင်းတွင်မြစ်မှာ ရေချိုးတဲ့အခါ ကျွန်တော်တို့ကို ကမ်းပေါ်ကနေ ရေထဲပစ်ချတယ်။မကူးလို့မရဘူး။မဖြစ်မနေ ကူးပြီးကမ်းပေါ်ပြန်တက်ရတယ်။ ကမ်းပေါ်ရောက်လို့ အသက်တောင် ဝအောင် မရူရသေးဘူး ထပ်ပြီး ရေထဲပစ်ချတယ်။

ပထမတော့ ကျွန်တော်က ရေမကူးဘူး။အောက်ခြေသဲပြင်ထိငုပ်ပြီး သဲပြင်ကို ကုတ်ယက်ပြီး ကမ်းစပ်ကို တက်သွားတယ်။ အဲလိုလုပ်တိုင်း ထပ်ပစ်ချတယ်။နောက်ပိုင်းတော့ မဖြစ်မနေ လက်ပစ်ကူးရတော့ တာပေါ့။ဒီလိုနဲ့ ရေကူးတတ်ခဲ့ရပါတယ်။

ရေကူးတတ်တယ်ဆိုပြီးတော့လည်း အရဲကိုးလို့ မရတဲ့ ကိစ္စတွေက ရေထဲရောက်ရင် ကြုံရတတ်တယ်။

အဖြစ်လေးတစ်ခု ပြောရဦးမယ်။

“ကျွန်တော့် ဦးလေးတွေပြောတဲ့ အဖြစ်လေးပါ။ ရေကူးရေငုပ် ကျွမ်းသူတဲ့ သူတို့ရွာသားတစ်ယောက်ဟာ တစ်နေ့တော့ ချင်းတွင်းမြစ်ရဲ့ရေစပ် တစ်ပေခွဲလောက်ရေအနက်မှာ မိန့်မိန့်ကြီး ဖြစ်ပြီး ရပ်နေပါသတဲ့။” ဒါကို ဖြတ်သွားတဲ့ ဘေးကလူတစ်ယောက်က “ဟိတ်ကောင်ဘာဖြစ်နေတာလဲ”ဆိုပြီး သူ့ကိုယ်ကို ထိလှုပ်လိုက်တော့မှ အသိတွေပြန်ဝင်လာတယ်ဆိုပဲ။နောက်ပြီးသူကပြောတယ်တဲ့ “ရေထဲကနေ ငါ့ခြေထောက်ကို ဆွဲနေကြတာကွာ၊ငါရုန်းမထွက်နိုင်ဘူး။မင်းလာဆွဲလို့ ငါလှုပ်လို့ရတာလို့ ပြောပါတယ်တဲ့။”

ဒါနဲ့ သူ့ကိုလာဆွဲတဲ့သူက “မင်းကံဇာတာ မကောင်းလို့ဖြစ်မယ်။ဒီရက်ပိုင်းအတွင်း ရေထဲမဆင်းနဲ့”လို့တောင် အသိပေးခဲ့တယ်ဆိုပဲ။ဒါပေမဲ့ သူဟာ နောက်ရက်မှာ ရေအောက်က ကျောက်တုံးတွေမှာ ကျောက်ပုစွန်နှိုက်ရင်း ကျောက်ကြားထဲမှာ လက်ညပ်ပြီး ရေပေါ်ပြန်မတက်နိုင်ခဲ့ပဲ သေသွားခဲ့ပါတယ်တဲ့။ဒီလူကြီးဟာ ရေကူးရေငုပ်ကျွမ်းပါသော်လည်း လူ့လောကမှာ ဆက်နေခွင့်မရှိတော့ သူကူးခပ်ပျော်မွေ့ခဲ့တဲ့ ရေပြင်ကြယ်ဟာ သူ့အတွက် သင်္ချိုင်းပမာ ဖြစ်ခဲ့ရပါတော့တယ်။

ကျွန်တော်လည်း ရေကူးတတ်ခဲ့ပါသော်လည်း ကျွန်တော်တို့ မြို့မှာ မြစ်ရေတက်လာခဲ့တဲ့ တစ်နှစ်မှာတော့ မြစ်ဆိပ်ရေသွားကူးရင်း ရေဝင်လို့ မြုပ်နေတဲ့ ရေတွင်းထဲ ဟန်ချက်ပျက်ပြီး ရေတစ်ခါနစ်ဖူးပါရဲ့။

နောက်တစ်ခါလည်း တောင်ရပ်မှာရှိတဲ့ ဝက်မစွပ်ကျောင်းရှေ့က ဒူးဆစ်လောက်သာ အနက်ရှိတဲ့ ချောက်ကလေးဟာ ရေဝင်တော့ ပုံမှန် မြေပြင်ထက်နိမ့်နေတာပေါ့။

ရေတက်နေတဲ့အချိန် အဲဒီချောက်လေးနားမှာ ဝါးဖောင်တစ်ခုရှိနေပါတယ်။ဝါးဖောင်ပေါ်ကနေ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ဂျွမ်းထိုးချပြီး ကစားနေကြတာပေါ့။အဲဒီလိုကစားနေရင်း ချောက်ရှိတဲ့ဘက်ကို ရေကူးသွား မိတယ်။ ကျွန်တော့် ခြေထောက်ဟာ အောက်ခြေကြမ်းပြင်ကိုထိပြီး ခေါင်း မပေါ့်တပေါ်နဲ့ လျှောက်လို့ရနေပါ တယ်။ သတိမထားမိဘဲ ချောက်အပေါ်ရောက်တော့ ခြေဖျားလွတ်သွားပြီး ကျွန်တော့်မှာ မြုပ်လိုက်ပေါ်လိုက်နဲ့ သုံးလေးကြိမ်လောက်ဖြစ်နေတုန်း အဒေါ်ကြီးတစ်ယောက်က လာဆွဲလို့ အသက်ဝဝ ရှုခွင့်ပြန်ရခဲ့တယ်။

ကျွန်တော့်ကို ကယ်ခဲ့တဲ့ အဒေါ်ကြီးဆီကနေ မေမေက ဆန်တစ်ပြည် ငွေတစ်မတ်နဲ့ပြန်ရွေးခဲ့ရကြောင်း သိခဲ့ရတယ်။

ရေကူးတတ်ပါသော်လည်း ရေနစ်ပြီးသေတတ်ပါတယ်။ ကျွန်တော်မှာ ရေလည်းကူးတတ်ခဲ့ပါရဲ့နဲ့ ရေနစ်ခဲ့ပြီး သေခွင့်မပါသေးတော့ သေကံမရောက်ခဲ့ရပါကြောင်း…..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၁)

 

“ေရကူးတတ္ပါေသာ္လည္း”

 

 

ျမန္မာႏိုင္ငံ အထက္ပိုင္းမွာ မိုးေတြေကာင္းၿပီဆိုရင္ ျမစ္ေၾကာင္းတစ္ေလွ်ာက္က ေနရာေတြမွာ ေရႀကီးေရလွ်ံေတြ ႏွစ္စဥ္ၾကဳံၾကရပါတယ္။ ကြၽန္ေတာ္တို႔ၿမိဳ႕နဲ႔ ဧရာဝတီျမစ္ႀကီးၾကားမွာ မ႐ိုးကုန္းဆိုတဲ့ ႐ြာႀကီးတစ္႐ြာခံေနပါတယ္။ဧရာဝတီျမစ္ႀကီး ေရလွ်ံလာရင္ ကြၽန္ေတာ္တို႔ ၿမိဳ႕အေျခထိ ေရေရာက္ပါတယ္။ မ႐ိုးကုန္း႐ြာက အိမ္ေတြဟာ ေရအျမင့္ဆုံးေရာက္ႏိုင္တဲ့အထိ ေျခတံေတြကို ျမႇင့္ထားၿပီးေဆာက္ၾကရပါတယ္။ ဒါေတာင္ အိမ္ၾကမ္းျပင္ကို ေရေက်ာ္တဲ့အထိ ႐ွိတတ္လို႔ ေရႀကီးတဲ့ အခ်ိန္ဆိုရင္ ကြၽန္ေတာ္တို႔ၿမိဳ႕ဘက္ကို လူေတြေရာ တိရစၧာန္ေတြေရာ ယာယီေျပာင္းေ႐ြ႕ ေနထိုင္ၾကရတယ္။

ကြၽန္ေတာ္တို႔ၿမိဳ႕ရဲ႕ အေ႐ွ႕ဘက္ အနိမ့္ပိုင္း ေနရာေတြကေတာ့ ေရအဝင္ခံရပါတယ္။ဒါေၾကာင့္ ကြၽန္ေတာ္တို႔ၿမိဳ႕သားေတြဟာ ျမစ္ေခ်ာင္းေတြနဲ႔လည္း စိမ္းလွတယ္မ႐ွိပါဘူး။ကြၽန္ေတာ္တို႔ၿမိဳ႕သားေတြ ျမစ္ေရဝင္တဲ့ အခ်ိန္ကာလေရာက္ရင္ ျမစ္ဆိပ္သြားၿပီး ေရခ်ိဳးရင္းနဲ႔ လူတိုင္းေရကူးတတ္လာၾကရတယ္လို႔ ထင္တာပါပဲ။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ ညီအစ္ကိုတစ္ေတြကေတာ့ ေရကူးလည္းသင္ခဲ့ရဘူးပါတယ္။ေဖေဖကခ်င္းတြင္းျမစ္ အေ႐ွ႕ဘက္ကမ္း ပရိမၼ႐ြာသား၊႐ြာကို အလည္ျပန္ရင္း ခ်င္းတြင္ျမစ္မွာ ေရခ်ိဳးတဲ့အခါ ကြၽန္ေတာ္တို႔ကို ကမ္းေပၚကေန ေရထဲပစ္ခ်တယ္။မကူးလို႔မရဘူး။မျဖစ္မေန ကူးၿပီးကမ္းေပၚျပန္တက္ရတယ္။ ကမ္းေပၚေရာက္လို႔ အသက္ေတာင္ ဝေအာင္ မ႐ူရေသးဘူး ထပ္ၿပီး ေရထဲပစ္ခ်တယ္။

ပထမေတာ့ ကြၽန္ေတာ္က ေရမကူးဘူး။ေအာက္ေျခသဲျပင္ထိငုပ္ၿပီး သဲျပင္ကို ကုတ္ယက္ၿပီး ကမ္းစပ္ကို တက္သြားတယ္။ အဲလိုလုပ္တိုင္း ထပ္ပစ္ခ်တယ္။ေနာက္ပိုင္းေတာ့ မျဖစ္မေန လက္ပစ္ကူးရေတာ့ တာေပါ့။ဒီလိုနဲ႔ ေရကူးတတ္ခဲ့ရပါတယ္။

ေရကူးတတ္တယ္ဆိုၿပီးေတာ့လည္း အရဲကိုးလို႔ မရတဲ့ ကိစၥေတြက ေရထဲေရာက္ရင္ ၾကဳံရတတ္တယ္။

အျဖစ္ေလးတစ္ခု ေျပာရဦးမယ္။

“ကြၽန္ေတာ့္ ဦးေလးေတြေျပာတဲ့ အျဖစ္ေလးပါ။ ေရကူးေရငုပ္ ကြၽမ္းသူတဲ့ သူတို႔႐ြာသားတစ္ေယာက္ဟာ တစ္ေန႔ေတာ့ ခ်င္းတြင္းျမစ္ရဲ႕ေရစပ္ တစ္ေပခြဲေလာက္ေရအနက္မွာ မိန္႔မိန္႔ႀကီး ျဖစ္ၿပီး ရပ္ေနပါသတဲ့။” ဒါကို ျဖတ္သြားတဲ့ ေဘးကလူတစ္ေယာက္က “ဟိတ္ေကာင္ဘာျဖစ္ေနတာလဲ”ဆိုၿပီး သူ႕ကိုယ္ကို ထိလႈပ္လိုက္ေတာ့မွ အသိေတြျပန္ဝင္လာတယ္ဆိုပဲ။ေနာက္ၿပီးသူကေျပာတယ္တဲ့ “ေရထဲကေန ငါ့ေျခေထာက္ကို ဆြဲေနၾကတာကြာ၊ငါ႐ုန္းမထြက္ႏိုင္ဘူး။မင္းလာဆြဲလို႔ ငါလႈပ္လို႔ရတာလို႔ ေျပာပါတယ္တဲ့။”

ဒါနဲ႔ သူ႕ကိုလာဆြဲတဲ့သူက “မင္းကံဇာတာ မေကာင္းလို႔ျဖစ္မယ္။ဒီရက္ပိုင္းအတြင္း ေရထဲမဆင္းနဲ႔”လို႔ေတာင္ အသိေပးခဲ့တယ္ဆိုပဲ။ဒါေပမဲ့ သူဟာ ေနာက္ရက္မွာ ေရေအာက္က ေက်ာက္တုံးေတြမွာ ေက်ာက္ပုစြန္ႏိႈက္ရင္း ေက်ာက္ၾကားထဲမွာ လက္ညပ္ၿပီး ေရေပၚျပန္မတက္ႏိုင္ခဲ့ပဲ ေသသြားခဲ့ပါတယ္တဲ့။ဒီလူႀကီးဟာ ေရကူးေရငုပ္ကြၽမ္းပါေသာ္လည္း လူ႕ေလာကမွာ ဆက္ေနခြင့္မ႐ွိေတာ့ သူကူးခပ္ေပ်ာ္ေမြ႕ခဲ့တဲ့ ေရျပင္ၾကယ္ဟာ သူ႕အတြက္ သခ်ႋဳင္းပမာ ျဖစ္ခဲ့ရပါေတာ့တယ္။

ကြၽန္ေတာ္လည္း ေရကူးတတ္ခဲ့ပါေသာ္လည္း ကြၽန္ေတာ္တို႔ ၿမိဳ႕မွာ ျမစ္ေရတက္လာခဲ့တဲ့ တစ္ႏွစ္မွာေတာ့ ျမစ္ဆိပ္ေရသြားကူးရင္း ေရဝင္လို႔ ျမဳပ္ေနတဲ့ ေရတြင္းထဲ ဟန္ခ်က္ပ်က္ၿပီး ေရတစ္ခါနစ္ဖူးပါရဲ႕။

ေနာက္တစ္ခါလည္း ေတာင္ရပ္မွာ႐ွိတဲ့ ဝက္မစြပ္ေက်ာင္းေ႐ွ႕က ဒူးဆစ္ေလာက္သာ အနက္႐ွိတဲ့ ေခ်ာက္ကေလးဟာ ေရဝင္ေတာ့ ပုံမွန္ ေျမျပင္ထက္နိမ့္ေနတာေပါ့။

ေရတက္ေနတဲ့အခ်ိန္ အဲဒီေခ်ာက္ေလးနားမွာ ဝါးေဖာင္တစ္ခု႐ွိေနပါတယ္။ဝါးေဖာင္ေပၚကေန ကြၽန္ေတာ္တို႔ သူငယ္ခ်င္းတစ္သိုက္ ဂြၽမ္းထိုးခ်ၿပီး ကစားေနၾကတာေပါ့။အဲဒီလိုကစားေနရင္း ေခ်ာက္႐ွိတဲ့ဘက္ကို ေရကူးသြား မိတယ္။ ကြၽန္ေတာ့္ ေျခေထာက္ဟာ ေအာက္ေျခၾကမ္းျပင္ကိုထိၿပီး ေခါင္း မေပၚ့တေပၚနဲ႔ ေလွ်ာက္လို႔ရေနပါ တယ္။ သတိမထားမိဘဲ ေခ်ာက္အေပၚေရာက္ေတာ့ ေျခဖ်ားလြတ္သြားၿပီး ကြၽန္ေတာ့္မွာ ျမဳပ္လိုက္ေပၚလိုက္နဲ႔ သုံးေလးႀကိမ္ေလာက္ျဖစ္ေနတုန္း အေဒၚႀကီးတစ္ေယာက္က လာဆြဲလို႔ အသက္ဝဝ ႐ႈခြင့္ျပန္ရခဲ့တယ္။

ကြၽန္ေတာ့္ကို ကယ္ခဲ့တဲ့ အေဒၚႀကီးဆီကေန ေမေမက ဆန္တစ္ျပည္ ေငြတစ္မတ္နဲ႔ျပန္ေ႐ြးခဲ့ရေၾကာင္း သိခဲ့ရတယ္။

ေရကူးတတ္ပါေသာ္လည္း ေရနစ္ၿပီးေသတတ္ပါတယ္။ ကြၽန္ေတာ္မွာ ေရလည္းကူးတတ္ခဲ့ပါရဲ႕နဲ႔ ေရနစ္ခဲ့ၿပီး ေသခြင့္မပါေသးေတာ့ ေသကံမေရာက္ခဲ့ရပါေၾကာင္း…..။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service