ဗဟုသုတ | Posted by ရွှေစင်ဝင်း
“ရှိကြီးခိုးပါရဲ့ ဖိနပ်သူခိုးရယ်”
ကျွန်တော်တို့မြို့မှာ ဘုရားသုံးဆူရှိတဲ့အကြောင်း ရှေ့ဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ဘူးပါတယ်။ မြောက်ရပ်မှာ ရွှေပေါ်ကျွန်းမြတ်စွာဘုရား၊အလယ်ရပ်မှာ ဝမ်းလှိုင်ဘုရား၊တောင်ရပ်မှာ ပဲ့ရွှေဂူမြတ်စွာဘုရားဆိုပြီး အထင်ကရ ဘုရားသုံးဆူပေါ့။ပုဂံခေတ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း ဖောင်တော်ဆိုက်ကပ်ရာနေရာကို အကြောင်းပြုပြီး ဖြစ်ပေါ်ခဲ့တဲ့ ဘုရားသုံးဆူဖြစ်ကြောင်းသိရပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က ရွှေပေါ်ကျွန်းမြတ်စွာဘုရားနဲ့ ပဲ့ရွှေဂူဘုရားတို့ကို နှစ်စဉ်ဘုရားပွဲတွေ ကျင်းပဖြစ်ခဲ့ ပေမယ့် ဝမ်းလှိုင်ဘုရားကိုတော့ ဘုရားပွဲကျင်းပတယ် မတွေ့မိပါဘူး။ ပဋ္ဌာန်းရွတ်ဖတ်ပူဖော်ပွဲကိုတော့ ကျင်းပတယ် ထင်ပါရဲ့။
ရွှေပေါ်ကျွန်း ဘုရားပွဲကို တော်သလင်းလမှာ ကျင်းပတယ်။
ဘုရားပွဲ ဧရိယာအတွင်း ဆိုင်တန်းတွေဆောက်ပေးထားတယ်။မြေအိုးတွေနဲ့ အိုးပုတ် ချိုးရုပ်ရောင်းတဲ့ နေရာတွေလည်းရှိတာပေါ့။ ကျွန်တော် စိတ်ဝင်စားတဲ့ ကရေကရာ ပေါက်ပေါက်ဆုပ်ဆိုင်တွေ လည်းရှိရဲ့။ တောင်သူသုံး ပစ္စည်းရောင်းတဲ့ဆိုင်တွေလည်းရှိတယ်။ကျွန်တော်တို့က အမေကြီးလို့ခေါ်တဲ့ ဖေဖေ့အမေ (အဖွား)ဆိုရင် နှစ်စဉ်ဘုရာပွဲချိန်ဆိုရင် ပရိမ္မကနေ မြောင်ကိုရောက်လာပြီး ဆန်ကော၊ဆန်ခါတွေ ဝယ်တော့တာပါပဲ။အိမ်မှာမရှိတာလည်းမဟုတ် ရှိပြီးသားကို ထပ်ဝယ်တာပါ။အဲဒီလို ဒေသအနှံ့က ထွက်ကုန်တွေ မြောင်ဘုရားပွဲမှာ လာပြီးရောင်းကြတယ်။ဗေဒင်ဟောခန်းတွေလည်းရှိတယ်။ ဆပ်ကပ်ရုံနဲ့ ချားရဟတ်စင်တွေလည်း ကပ်ရက်မှာရှိတယ်။ဟိုတုန်းက နိုင်ငံခြားဇာတ်လမ်း တွေပြတဲ့ ရုံလေးတွေနဲ့ မျက်လှည့်ရုံတွေလည်းရှိပါတယ်။
ဘုရားပွဲ ဧရိယာထဲမှာ အမြဲတမ်းဆောက်ထားတဲ့ ဇာတ်ရုံကြီးရှိတယ်။မြောင်မြို့မ ကဇာတ်ရုံကြီးပေါ့။ အဲဒီရုံကြီးမှာ အခြားအချိန်တွေဆိုရင် ဟောပြောပွဲတွေ၊ပါတီစည်းရုံးရေးတွေလုပ်ကြတယ်။ဘုရားပွဲ ကာလမှာတော့ ရုံသွင်းဇာတ်သဘင်ပွဲတွေကို အဲဒီရုံကြီးထဲမှာ ကျင်းပပေးတယ်။
ကျွန်တော်တို့မြောင်မှာလည်း ဆူးလေပန်းခြံထဲက လွပ်လပ်ရေးကျောက်တိုင်ကြီးလို လွတ်လပ်ရေးကျောက်တိုင် တစ်ခု ရှိပါတယ်။အခုနကပြောတဲ့ ဇာတ်ရုံကြီးရဲ့ရှေ့မှာ အဲဒီလွတ်လပ်ရေး ကျောက်တိုင်ဟာရှိပါတယ်။
တစ်ညမှာ ဇာတ်ပွဲကြည့်နေရင်း ဇာတ်တော်ကြီးတွေအရောက် ပျင်းလာတာနဲ့ အပြင်ထွက်ခဲ့တယ်။ ပွဲဈေးခင်းထဲလှည့်ကြည့်ပြီး မုန့်လုံးရေပေါ်တွေဝယ်လို့ ဇာတ်ရုံရှေ့ပြန်လာခဲ့ကြတယ်။အဲဒီတုန်းက ကြွပ်ကြွပ်အိတ်တွေ မသုံးသေးပါဘူး။ညောင်ရွက်လား၊ဗာဒံရွက်နဲ့လားထည့်ပေးတယ်ထင်ပါတယ်။ လွတ်လပ်ရေးကျောက်တိုင်မှာထိုင်ပြီးစားရင်းနဲ့ အကြောဆန့်ချင်လာတယ်။ မကုန်သေးတဲ့ မုန့်လုံးရေပေါ်တွေကို လက်ကဖြန့်ကိုင်ကာ ကျောက်တိုင်အုတ်ခုံမှာ ခဏအကြောဆန့်လိုက်တာ အိပ်ပါပျော်သွားတယ်။
ကျွန်တော် အကြောမဆန့်ခင်မှာ ကျောက်တိုင်အုတ်ခုံမှာ အိပ်ပျော်နေကြတဲ့သူတွေရှိနေတယ်။ သူတို့ရဲ့ဓာတ်ကူးပြီး ကိုယ်လည်း အိပ်ပျော်သွားပုံရပါတယ်။ဖျတ်ကနဲလန့်နိုးလို့ ထိုင်လိုက်တော့ လက်ထဲက မုန့်လုံးရေပေါ်လည်းပျောက်၊ ခြေထောက်က ဆင်ကြယ်ဖိနပ်အသစ်လေးလည်း ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။
ပထမတော့ ဒီအတိုင်းလိုက်ရှာလိုက်သေးတယ်။မတွေ့တော့ လှဲနေတဲ့သူတွေများ ကိုယ့်ဖိနပ်ယူစီး ထားသလား ဆိုပြီး ချွတ်ကြည့်တာပေါ့။တစ်ချို့က သူတို့ဖိနပ်ချွတ်ကြည့်တာကို မသိလိုက်ကြဘူး။တစ်ယောက်ကတော့ သူ့ဖိနပ်ဆွဲကာရှိသေးတယ် နိုးလည်းမနိုးဘဲနဲ့ မသိစိတ်နဲ့ဆောင့်ကန်ပုံရပါတယ်။ ကျွန်တော့်ရင်ဘတ်ထိပြီး ဖင်ထိုင်ကျသွားပါတယ်။ ကျွန်တော်လည်း ဖိနပ်ပျောက်လို့ စိတ်ညစ်သွားပြီး ဇာတ်ပွဲကို ဆက်မကြည့်ဖြစ်ပဲ ပြန်ခဲ့လိုက်ပါတယ်။ဒါကတော့ ခိုးခံရလို့ပျောက်သွားတယ်ပဲပြောရမှာပါ။
နောက်ထပ်ဖိနပ်အသစ်လေးကတော့ မြင်းကြယ်ဖိနပ်လေးပါ။ပဲ့ရွှေဂူဘုရားပွဲ ကျင်းပတဲ့အချိန်။မေမေက ပွဲတော်ရက်မှာစီးဖို့ မြင်းကြယ်ဖိနပ် အသစ်လေး ဝယ်ပေးရှာတယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ ဘုရားရင်ပြင်တော်မှာ ဖိနပ်ကိုခါးကြားထိုးပြီး ပြေးလိုက်လွှားလိုက်၊ဂျွမ်းထိုးလိုက်၊ဂျွမ်းထောင်လိုက်နဲ့ မျောက်ရှုံးအောင်ဆော့တော့တာပေါ့။ ဘယ်အချိန်က ဘယ်နေရာမှာ ထွက်ကျမှန်းမသိပါဘူး။ ရင်ပြင်တော်က ဆင်းမယ်ဆိုတော့မှ ဖိနပ်က မရှိတော့ပါဘူး။အဲဒီမှာရှာရပြန်ပါတယ်။ဒီလောက်လူအများကြီးမှာ ဘယ်လိုပဲရှာရှာပြန်တွေ့ဖို့ လမ်းစမမြင်တော့ပါဘူး။ ကိုယ့်ဟာမဟုတ်ဘဲယူမှတော့…။
နောက်ဖိနပ်တစ်ရံကတော့ နဘက်ဆိုတဲ့ရွာမှာ သိန်းဇော်နဲ့ ညီဝင်းမြင့်တို့ ဇာတ်ပွဲကတော့ သူငယ်ချင်း သန်းနိုင်ထွန်းနဲ့ ညအိပ်သွားကြည့်တာမှာပျောက်သွားတယ်။သန်းနိုင်ထွန်းမိဘတွေက သိန်းဇော်ဇာတ်ထဲက ဇာတ်သမားတစ်ဦးနဲ့သိတော့ သန်းနိုင်ထွန်းနဲ့ ကျွန်တော့်ကိုဇာတ်အဖွဲ့နဲ့ထည့်လိုက်တယ်။
ညမှာစတိတ်ရှိုးတွေ၊ အော်ပရာတွေကြည့်ပြီး နောက်ပိုင်းဇာတ်ထုပ်ရောက်တော့မကြည့်နိုင်တော့ပါဘူး။ ဇာတ်သမားအတွက်ရတဲ့ ကုတင်မှာ ကျွန်တော်တို့နှစ်ယောက် သွားအိပ်ကြတယ်။သန်းနိုင်ထွန်းက နံရံနဲ့ကပ်တဲ့ ဘက်မှာအိပ်တယ်။ ကျွန်တော်က အတွင်းဘက်မှာ အိပ်တယ်။မနက်စောစော နဘက်ကနေ မြောင်သွားမယ့် ကားကိုစီးဖို့ အိပ်ရာကထတော့ ကျွန်တော့် မြင်းကြယ်အသစ်လေးဟာ ကျွန်တော့်ကို နှုတ်ဆက်ထွက်ခွာ သွားပြန်ပါတယ်။ဒီအထဲမှာ သူများတွေ မှားစီးရအောင်ကလည်း ကျွန်တော်တို့နှစ်ယောက်ထဲ။ တွေ့လိမ့်နိူး ရှာရင်းနဲ့ သန်းနိုင်ထွန်း အိပ်တဲ့နံရံရဲ့အောက်မှာ အပေါက်ကြီးဖြစ်နေပြီး သူ့ဖိနပ်အဟောင်းလေးကတော့ မပျောက်ဘဲ ကျွန်တော့်ဖိနပ် အသစ်လေးကိုသာရွေးယူသွားပါတယ်။
ဒါနဲ့ စိတ်ထဲကနေ ပြန်ခံစရာ ဝဋ်ရှိရင်လည်း နောက်ဆုံးအနေနဲ့ ကျေပါစေ “ရှိကြီးခိုးပါရဲ့ ဖိနပ်သူခိုးရယ်”လို့ တောင်းပန်ပြီး ဖိနပ်ခြေမဲ့ ပြန်ခဲ့ရပေကြောင်း….။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၉)
“ရွိႀကီးခိုးပါရဲ႕ ဖိနပ္သူခိုးရယ္”
ကြၽန္ေတာ္တို႔ၿမိဳ႕မွာ ဘုရားသုံးဆူ႐ွိတဲ့အေၾကာင္း ေ႐ွ႕ေဆာင္းပါးတစ္ခုမွာ ေဖာ္ျပခဲ့ဘူးပါတယ္။ ေျမာက္ရပ္မွာ ေ႐ႊေပၚကြၽန္းျမတ္စြာဘုရား၊အလယ္ရပ္မွာ ဝမ္းလိႈင္ဘုရား၊ေတာင္ရပ္မွာ ပဲ့ေ႐ႊဂူျမတ္စြာဘုရားဆိုၿပီး အထင္ကရ ဘုရားသုံးဆူေပါ့။ပုဂံေခတ္ အေလာင္းစည္သူမင္း တိုင္းခန္းလွည့္လည္ရင္း ေဖာင္ေတာ္ဆိုက္ကပ္ရာေနရာကို အေၾကာင္းျပဳၿပီး ျဖစ္ေပၚခဲ့တဲ့ ဘုရားသုံးဆူျဖစ္ေၾကာင္းသိရပါတယ္။
ကြၽန္ေတာ္တို႔ ငယ္ငယ္က ေ႐ႊေပၚကြၽန္းျမတ္စြာဘုရားနဲ႔ ပဲ့ေ႐ႊဂူဘုရားတို႔ကို ႏွစ္စဥ္ဘုရားပြဲေတြ က်င္းပျဖစ္ခဲ့ ေပမယ့္ ဝမ္းလိႈင္ဘုရားကိုေတာ့ ဘုရားပြဲက်င္းပတယ္ မေတြ႕မိပါဘူး။ ပ႒ာန္း႐ြတ္ဖတ္ပူေဖာ္ပြဲကိုေတာ့ က်င္းပတယ္ ထင္ပါရဲ႕။
ေ႐ႊေပၚကြၽန္း ဘုရားပြဲကို ေတာ္သလင္းလမွာ က်င္းပတယ္။
ဘုရားပြဲ ဧရိယာအတြင္း ဆိုင္တန္းေတြေဆာက္ေပးထားတယ္။ေျမအိုးေတြနဲ႔ အိုးပုတ္ ခ်ိဳး႐ုပ္ေရာင္းတဲ့ ေနရာေတြလည္း႐ွိတာေပါ့။ ကြၽန္ေတာ္ စိတ္ဝင္စားတဲ့ ကေရကရာ ေပါက္ေပါက္ဆုပ္ဆိုင္ေတြ လည္း႐ွိရဲ႕။ ေတာင္သူသုံး ပစၥည္းေရာင္းတဲ့ဆိုင္ေတြလည္း႐ွိတယ္။ကြၽန္ေတာ္တို႔က အေမႀကီးလို႔ေခၚတဲ့ ေဖေဖ့အေမ (အဖြား)ဆိုရင္ ႏွစ္စဥ္ဘုရာပြဲခ်ိန္ဆိုရင္ ပရိမၼကေန ေျမာင္ကိုေရာက္လာၿပီး ဆန္ေကာ၊ဆန္ခါေတြ ဝယ္ေတာ့တာပါပဲ။အိမ္မွာမ႐ွိတာလည္းမဟုတ္ ႐ွိၿပီးသားကို ထပ္ဝယ္တာပါ။အဲဒီလို ေဒသအႏွံ႔က ထြက္ကုန္ေတြ ေျမာင္ဘုရားပြဲမွာ လာၿပီးေရာင္းၾကတယ္။ေဗဒင္ေဟာခန္းေတြလည္း႐ွိတယ္။ ဆပ္ကပ္႐ုံနဲ႔ ခ်ားရဟတ္စင္ေတြလည္း ကပ္ရက္မွာ႐ွိတယ္။ဟိုတုန္းက ႏိုင္ငံျခားဇာတ္လမ္း ေတြျပတဲ့ ႐ုံေလးေတြနဲ႔ မ်က္လွည့္႐ုံေတြလည္း႐ွိပါတယ္။
ဘုရားပြဲ ဧရိယာထဲမွာ အၿမဲတမ္းေဆာက္ထားတဲ့ ဇာတ္႐ုံႀကီး႐ွိတယ္။ေျမာင္ၿမိဳ႕မ ကဇာတ္႐ုံႀကီးေပါ့။ အဲဒီ႐ုံႀကီးမွာ အျခားအခ်ိန္ေတြဆိုရင္ ေဟာေျပာပြဲေတြ၊ပါတီစည္း႐ုံးေရးေတြလုပ္ၾကတယ္။ဘုရားပြဲ ကာလမွာေတာ့ ႐ုံသြင္းဇာတ္သဘင္ပြဲေတြကို အဲဒီ႐ုံႀကီးထဲမွာ က်င္းပေပးတယ္။
ကြၽန္ေတာ္တို႔ေျမာင္မွာလည္း ဆူးေလပန္းျခံထဲက လြပ္လပ္ေရးေက်ာက္တိုင္ႀကီးလို လြတ္လပ္ေရးေက်ာက္တိုင္ တစ္ခု ႐ွိပါတယ္။အခုနကေျပာတဲ့ ဇာတ္႐ုံႀကီးရဲ႕ေ႐ွ႕မွာ အဲဒီလြတ္လပ္ေရး ေက်ာက္တိုင္ဟာ႐ွိပါတယ္။
တစ္ညမွာ ဇာတ္ပြဲၾကည့္ေနရင္း ဇာတ္ေတာ္ႀကီးေတြအေရာက္ ပ်င္းလာတာနဲ႔ အျပင္ထြက္ခဲ့တယ္။ ပြဲေဈးခင္းထဲလွည့္ၾကည့္ၿပီး မုန္႔လုံးေရေပၚေတြဝယ္လို႔ ဇာတ္႐ုံေ႐ွ႕ျပန္လာခဲ့ၾကတယ္။အဲဒီတုန္းက ႂကြပ္ႂကြပ္အိတ္ေတြ မသုံးေသးပါဘူး။ေညာင္႐ြက္လား၊ဗာဒံ႐ြက္နဲ႔လားထည့္ေပးတယ္ထင္ပါတယ္။ လြတ္လပ္ေရးေက်ာက္တိုင္မွာထိုင္ၿပီးစားရင္းနဲ႔ အေၾကာဆန္႔ခ်င္လာတယ္။ မကုန္ေသးတဲ့ မုန္႔လုံးေရေပၚေတြကို လက္ကျဖန္႔ကိုင္ကာ ေက်ာက္တိုင္အုတ္ခုံမွာ ခဏအေၾကာဆန္႔လိုက္တာ အိပ္ပါေပ်ာ္သြားတယ္။
ကြၽန္ေတာ္ အေၾကာမဆန္႔ခင္မွာ ေက်ာက္တိုင္အုတ္ခုံမွာ အိပ္ေပ်ာ္ေနၾကတဲ့သူေတြ႐ွိေနတယ္။ သူတို႔ရဲ႕ဓာတ္ကူးၿပီး ကိုယ္လည္း အိပ္ေပ်ာ္သြားပုံရပါတယ္။ဖ်တ္ကနဲလန္႔ႏိုးလို႔ ထိုင္လိုက္ေတာ့ လက္ထဲက မုန္႔လုံးေရေပၚလည္းေပ်ာက္၊ ေျခေထာက္က ဆင္ၾကယ္ဖိနပ္အသစ္ေလးလည္း ဘယ္ေရာက္သြားမွန္း မသိေတာ့ပါဘူး။
ပထမေတာ့ ဒီအတိုင္းလိုက္႐ွာလိုက္ေသးတယ္။မေတြ႕ေတာ့ လွဲေနတဲ့သူေတြမ်ား ကိုယ့္ဖိနပ္ယူစီး ထားသလား ဆိုၿပီး ခြၽတ္ၾကည့္တာေပါ့။တစ္ခ်ိဳ႕က သူတို႔ဖိနပ္ခြၽတ္ၾကည့္တာကို မသိလိုက္ၾကဘူး။တစ္ေယာက္ကေတာ့ သူ႕ဖိနပ္ဆြဲကာ႐ွိေသးတယ္ ႏိုးလည္းမႏိုးဘဲနဲ႔ မသိစိတ္နဲ႔ေဆာင့္ကန္ပုံရပါတယ္။ ကြၽန္ေတာ့္ရင္ဘတ္ထိၿပီး ဖင္ထိုင္က်သြားပါတယ္။ ကြၽန္ေတာ္လည္း ဖိနပ္ေပ်ာက္လို႔ စိတ္ညစ္သြားၿပီး ဇာတ္ပြဲကို ဆက္မၾကည့္ျဖစ္ပဲ ျပန္ခဲ့လိုက္ပါတယ္။ဒါကေတာ့ ခိုးခံရလို႔ေပ်ာက္သြားတယ္ပဲေျပာရမွာပါ။
ေနာက္ထပ္ဖိနပ္အသစ္ေလးကေတာ့ ျမင္းၾကယ္ဖိနပ္ေလးပါ။ပဲ့ေ႐ႊဂူဘုရားပြဲ က်င္းပတဲ့အခ်ိန္။ေမေမက ပြဲေတာ္ရက္မွာစီးဖို႔ ျမင္းၾကယ္ဖိနပ္ အသစ္ေလး ဝယ္ေပး႐ွာတယ္။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္သူငယ္ခ်င္းေတြ ဘုရားရင္ျပင္ေတာ္မွာ ဖိနပ္ကိုခါးၾကားထိုးၿပီး ေျပးလိုက္လႊားလိုက္၊ဂြၽမ္းထိုးလိုက္၊ဂြၽမ္းေထာင္လိုက္နဲ႔ ေမ်ာက္႐ႈံးေအာင္ေဆာ့ေတာ့တာေပါ့။ ဘယ္အခ်ိန္က ဘယ္ေနရာမွာ ထြက္က်မွန္းမသိပါဘူး။ ရင္ျပင္ေတာ္က ဆင္းမယ္ဆိုေတာ့မွ ဖိနပ္က မ႐ွိေတာ့ပါဘူး။အဲဒီမွာ႐ွာရျပန္ပါတယ္။ဒီေလာက္လူအမ်ားႀကီးမွာ ဘယ္လိုပဲ႐ွာ႐ွာျပန္ေတြ႕ဖို႔ လမ္းစမျမင္ေတာ့ပါဘူး။ ကိုယ့္ဟာမဟုတ္ဘဲယူမွေတာ့…။
ေနာက္ဖိနပ္တစ္ရံကေတာ့ နဘက္ဆိုတဲ့႐ြာမွာ သိန္းေဇာ္နဲ႔ ညီဝင္းျမင့္တို႔ ဇာတ္ပြဲကေတာ့ သူငယ္ခ်င္း သန္းႏိုင္ထြန္းနဲ႔ ညအိပ္သြားၾကည့္တာမွာေပ်ာက္သြားတယ္။သန္းႏိုင္ထြန္းမိဘေတြက သိန္းေဇာ္ဇာတ္ထဲက ဇာတ္သမားတစ္ဦးနဲ႔သိေတာ့ သန္းႏိုင္ထြန္းနဲ႔ ကြၽန္ေတာ့္ကိုဇာတ္အဖြဲ႕နဲ႔ထည့္လိုက္တယ္။
ညမွာစတိတ္႐ိႈးေတြ၊ ေအာ္ပရာေတြၾကည့္ၿပီး ေနာက္ပိုင္းဇာတ္ထုပ္ေရာက္ေတာ့မၾကည့္ႏိုင္ေတာ့ပါဘူး။ ဇာတ္သမားအတြက္ရတဲ့ ကုတင္မွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ သြားအိပ္ၾကတယ္။သန္းႏိုင္ထြန္းက နံရံနဲ႔ကပ္တဲ့ ဘက္မွာအိပ္တယ္။ ကြၽန္ေတာ္က အတြင္းဘက္မွာ အိပ္တယ္။မနက္ေစာေစာ နဘက္ကေန ေျမာင္သြားမယ့္ ကားကိုစီးဖို႔ အိပ္ရာကထေတာ့ ကြၽန္ေတာ့္ ျမင္းၾကယ္အသစ္ေလးဟာ ကြၽန္ေတာ့္ကို ႏႈတ္ဆက္ထြက္ခြာ သြားျပန္ပါတယ္။ဒီအထဲမွာ သူမ်ားေတြ မွားစီးရေအာင္ကလည္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ထဲ။ ေတြ႕လိမ့္ႏိူး ႐ွာရင္းနဲ႔ သန္းႏိုင္ထြန္း အိပ္တဲ့နံရံရဲ႕ေအာက္မွာ အေပါက္ႀကီးျဖစ္ေနၿပီး သူ႕ဖိနပ္အေဟာင္းေလးကေတာ့ မေပ်ာက္ဘဲ ကြၽန္ေတာ့္ဖိနပ္ အသစ္ေလးကိုသာေ႐ြးယူသြားပါတယ္။
ဒါနဲ႔ စိတ္ထဲကေန ျပန္ခံစရာ ဝဋ္႐ွိရင္လည္း ေနာက္ဆုံးအေနနဲ႔ ေက်ပါေစ “႐ွိႀကီးခိုးပါရဲ႕ ဖိနပ္သူခိုးရယ္”လို႔ ေတာင္းပန္ၿပီး ဖိနပ္ေျခမဲ့ ျပန္ခဲ့ရေပေၾကာင္း….။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com