ကိုရီးယားရုပ်ရှင်မင်းသမီး ချိုဝမ် (သို့မဟုတ်) Lee Da Hae နှင့် Kpop အဆိုတော် Se7en တို့ ၈ နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်ကြပြီ ၊ ဆင်းဆင်းရဲရဲနေထိုင်ရသည်ဟူသော ကောလာဟလများကို Lee Da Hae က ငြင်းပယ်လိုက်ပြီး အသစ်ဝယ်ထားသော တန်ဖိုးကြီးတိုက်ခန်းကို ချပြ
ကိုရီးယားရုပ်ရှင်မင်းသမီး ချိုဝမ် (သို့မဟုတ်) Lee Da Hae နှင့် Kpop အဆိုတော် Se7en တို့ ၈ နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်ကြပြီ ၊ ဆင်းဆင်းရဲရဲနေထိုင်ရသည်ဟူသော ကောလာဟလများကို Lee Da Hae က ငြင်းပယ်လိုက်ပြီး အသစ်ဝယ်ထားသော တန်ဖိုးကြီးတိုက်ခန်းကို ချပြ - Property News in Myanmar from iMyanmarHouse.com
11 May 2023 1:37 pm တွင် တင်ခဲ့သည်
2281 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရီးယားရုပ်ရှင်မင်းသမီး Lee Da Hae နှင့် Kpop အဆိုတော် Se7en တို့ ၈ နှစ်ကြာတွဲခဲ့ပြီးနောက် မေလ ၆ ရက်တွင် ဆိုးလ်မြို့တော် Junggu အရပ်ရှိ Shilla ဟိုတယ်တွင် လက်ထပ်လိုက်ကြပြီ ဖြစ်သည်။
မင်္ဂလာအခမ်းအနားကို ဟာသလူရွှင်တော်များဖြစ်ကြသော Kim Ho နှင့် Jo Se Ho Jun တို့က အခမ်းနားမှုးအဖြစ် ဆောင်ရွက်ပေးခဲ့ကြပြီး ကင်တေးယောင် ၊ , Gummy နှင့် Bada တို့က မင်္ဂလာဂုဏ်ပြုတေးများ သီဆိုပေးခဲ့ကြသည်။
Lee Da Hae တို့စုံတွဲ၏ မင်္ဂလာပွဲသို့ So Yoo Jin နှင့်Baek Jong Won ၊ Teddy ၊ Daesung ၊Super Junior မှ Eunhyuk ၊ Donghae ၊ Kyuhyun ၊ Heechul နှင့် Kangin ၊ Kim Jaejoong ၊ Lee Soo Hyuk ၊ Park SI Yeon နှင့် Kwak Si Yang တို့ကဲ့သို့ အကျော်အမော်များ တက်ရောက်ခဲ့ကြသည်။
Lee Da Hae တို့စုံတွဲ၏ အခင်မင်ဆုံးသူငယ်ချင်း ရုပ်ရှင်မင်းသား Choi Sung Hoon လည်း မင်္ဂလာပွဲသို့ လာရောက်ခဲ့သည်။
သတို့သား Se7en က ပြောသည်မှာ “ကျွန်တော့်ချစ်သူ Lee Da Hae ကို လက်ထပ်မယ်လို့ ကျွန်တော် ကတိပေးထားပါတယ်။ သူက ပြီးခဲ့တဲ့ ၈ နှစ်တာလုံး ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတွေကို ကျွန်တော်နဲ့အတူ မျှဝေခံစားခဲ့သူပါ။ သူဟာ ကျွန်တော့ကို အမြဲတမ်း အချစ်တွေနဲ့ ထွေးပွေ့ထားပါတယ်။ ခုအချိန်ကစပြီး အိမ်ထောင်ဦးစီး ခင်ပွန်းတစ်ယောက်အနေနဲ့ တာဝန်ယူမှုရှိစွာ ၊ ရင့်ကျက်စွာ နေထိုင်ရှင်သန်သွားပါမယ်”ဟု ပြောသည်။
Lee Da Hae က ပြောသည်မှာ “အခုလို လက်ထပ်လိုက်တာက Surprise အကြီးကြီးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ အချစ်သက်တမ်းတောင် ၈ နှစ် ရှိခဲ့ပြီလေ။ ကာလကြာရှည် ချစ်သူတွေ ဖြစ်ခဲ့ပြီး ခုအချိန်မှာတော့ အိမ်ထောင်ရှင်စုံတွဲ ဖြစ်သွားပါပြီ။ ကျွန်မရဲ့ ဘေးမှာရှိခဲ့ ၊ ကျွန်မကို ကြီးမားတဲ့ ပျော်ရွှင်မှုတွေပေးခဲ့ပြီး အခုချိန်မှာ တစ်သက်တာ ဘဝအဖော်မွန်ဖြစ်လာခဲ့တဲ့ လူတစ်ယောက်ရဲ့ ဇနီးကောင်းအနေနဲ့ ကျွန်မဟာ ပိုပြီးတော့ ချင့်ချင့်ချိန်ချိန်နဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးသွားမှာပါ”ဟု ပြောသည်။
Se7en နှင့် Lee Dae Hae တို့သည် ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလက စတွဲခဲ့ကြခြင်း ဖြစ်သည်။
(ဆင်းဆင်းရဲရဲနေထိုင်ရသည်ဟူသော ကောလာဟလများကို Lee Da Hae က ငြင်းပယ်လိုက်ပြီး အသစ်ဝယ်ထားသော တန်ဖိုးကြီးတိုက်ခန်းကို ချပြ)
ရုပ်ရှင်မင်းသမီး Lee Da Hae က ဆင်းဆင်းရဲရဲနေထိုင်ရသည်ဟူသော ကောလာဟလများကို ငြင်းပယ်လိုက်ပြီး အသစ်ဝယ်ထားသော တန်ဖိုးကြီးတိုက်ခန်းကို ချပြလာသည်။
MBC သတင်းဌာန၏ Point of Omniscient Interfere အမည်ရှိ ရုပ်သံအစီအစဉ်တွင် မင်းသမီး Lee Dae Hae က သူ၏ နေ့စဉ်ဘဝကို ချပြခဲ့သည်။
၄ နှစ်တာအတွင်း ကိုရီးယားရုပ်သံဌာနများနှင့် ပထမဆုံး ပြန်လည် ထိတွေ့မှုလည်း ဖြစ်သည်။
Lee Dae Hae က သူ၏ မနက်ပိုင်း လုပ်ရိုးလုပ်စဉ်များအကြောင်း ပြောပြချိန်တွင် အသစ်ဝယ်ထားသော တန်ဖိုးကြီးလူနေခန်းကို ပထမဆုံးအကြိမ် ချပြလာခြင်းလည်း ဖြစ်သည်။
သူ၏ မန်နေဂျာက ပြောသည်မှာ “ကိုရီးယား ပရိသတ်တွေက သူ့ရဲ့ လှုပ်ရှားမှုတွေနဲ့ နေ့စဉ်ဘဝကို သိလိုနေကြတယ်။ ကိုရီးယားမှာ သူကိုယ့်ကိုယ်ကို Promote မလုပ်တာလဲ ကြာခဲ့ပြီ။ သူဟာ အလုပ်များနေဆဲပဲ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သတင်းစကားပေးလိုပါတယ်”ဟု ပြောသည်။
Lee Dae Hae သည် တရုတ်ပြည်တွင် ရှိနေစဉ် Live လွှင့်ကာ Lotion ရောင်းချခဲ့မှုမှာ ဝေဖန်ပြောဆိုမှုများ ခံခဲ့ရဖူးသည်။
ဘဝဟူသည်မှာ ခက်ခဲသောကြောင့် တရုတ်နိုင်ငံတွင် ငွေရှာရန် နည်းလမ်းရှာခဲ့ခြင်း ဖြစ်နိုင်ကြောင်း အချို့က ယူဆကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Se7en & Lee Da Hae officially tie the knot after 8 years (allkpop,lovekpop95,soompi)
[Zawgyi]
၎ နှစ်တာအတွင်း ကိုရီးယားရုပ်သံဌာနများနှင့် ပထမဆုံး ပြန်လည် ထိတွေ့မှုလည်း ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service