ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် Inglewood မြို့မှ Kia Forum အမည်ရှိ ကစားကွင်းကြီး ဝန်းကျင်တွင် BTS အဖွဲ့မှ Suga ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အားပေးရန်အတွက် ရာပေါင်းများစွာသော ပရိသတ်တို့သည် ယာယီတဲများ ထိုးကာ ညအိပ်စောင့်စားလျက်ရှိကြသည်။
BTS အဖွဲ့သားများ စစ်မှုထမ်းနေစဉ်ကာလအတွင်း အဖွဲ့၏ လှုပ်ရှားမှုများ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း Suga သည် BTS အဖွဲ့မှ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်လာသည့် အဖွဲ့ဝင်လည်း ဖြစ်သည်။
ဖျော်ဖြေပွဲ ပထမညကို ဗုဒ္ဓဟူးနေ့တွင် စတင်မည်ဖြစ်သော်လည်း သူ၏ အမေရိကန်ပရိသတ်များက တနင်္လာနေ့ညကတည်းက ညအိပ်စောင့်ဆိုင်းလျက်ရှိခြင်း ဖြစ်သည်။
Riverside မှ ကားမောင်းကာ လာရောက်စောင့်ဆိုင်းနေသော ပရိသတ်တစ်ဦးဖြစ်သူ Mandy Torres ကပြောသည်မှာ “သူ့သီချင်းတွေ အကုန်ကြိုက်တယ်။ စာသားတွေကို သေချာလေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စာသားတွေက တကယ်အထင်ကြီးစရာကောင်းပါတယ် ” ဟု ပြောသည်။
El Monte မြို့မှ ပရိသတ်တစ်ဦးဖြစ်သူ Jennifer Yanez က ပြောသည်မှာ “ကျွန်မရှေ့ဆုံးမှာ ကြည့်ချင်တယ်။ သူနဲ့ မျက်လုံးချင်းဆုံချင်တယ်။ သူ့ကို တွေ့ချင်ပါတယ်” ဟုပြောသည်။
Suga သည် ၃ ညဖျော်ဖြေမည်ဖြစ်ပြီး ဗုဒ္ဓဟူး ၊ ကြာသပတေးနှင့် တနင်္ဂနွေ ၃ ရက်ဖြစ်သည်။
((Suga ၏ ဒေါ်လာ ၃ သန်းတန် တန်ဖိုးကြီးလူနေခန်း ))
BTS အဖွဲ့မှ Suga သည် တောင်ကိုရီးယား၏ အထင်ရှားဆုံး လူကုံထံ ရပ်ကွက်များအနက်မှ တစ်ခုတွင် တန်ဖိုးကြီး လူနေခန်းတစ်ခန်း ဝယ်ယူထားကြောင်း သတင်းများရှိသည်။
Biz Hankook သတင်းဌာန၏ ဖော်ပြချက်အရ Suga သည် တန်ဖိုးကြီးလူနေခန်းတစ်ခန်းကို ဝမ်ငွေ ၃ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၃ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။
ကိုရီးယား၏ အကြီးမားဆုံး မော်တော်ကားကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော Hyundai Motors ၏ ပိုင်ရှင်မိသားစုမှာ ဤအိမ်ရာဝန်းအတွင်း နေထိုင်သည်။
Suga သည် ဤအခန်းမဝယ်ယူမီက ဆိုးလ်မြို့တော်မှ Samsung Joongang ဘူတာရုံအနီးရှိ တိုက်ခန်းငယ်တစ်ခုတွင် နေထိုင်ခဲ့သည်။
သတင်းများအရ Saga သည် အဆိုပါအခန်းကို အိမ်ခြံမြေချေးငွေမယူဘဲ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
Bigbang အဖွဲ့မှ ကင်တေးယောင်သည်လည်း ဤဒေသတွင် နေထိုင်သည်ဟု ဆိုသည်။
ကင်တေးယောင်သည် ဤဒေသတွင် နေထိုင်ပြီးနောက် စစ်မှုတာဝန်များ သွားရောက်ထမ်းဆောင်ခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: BTS SUGA Purchases Luxury Apartment in Prominent Neighborhood for 3 Million Dollars (abc7)
[Zawgyi]
BTS အဖြဲ႔မွ Suga ၏ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို အားေပးရန္ အေမရိကန္တြင္ ပရိသတ္ရာေပါင္းမ်ားစြာ ညအိပ္စခန္းခ်ေစာင့္ဆိုင္း ၊ Suga ၏ ေဒၚလာ ၃ သန္းတန္ေၾကးရွိ တန္ဖုိးၾကီးလူေနခန္း
အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္ Inglewood ျမိဳ႕မွ Kia Forum အမည္ရွိ ကစားကြင္းၾကီး ဝန္းက်င္တြင္ BTS အဖြဲ႔မွ Suga ၏ တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖပြဲကို အားေပးရန္အတြက္ ရာေပါင္းမ်ားစြာေသာ ပရိသတ္တို႔သည္ ယာယီတဲမ်ား ထိုးကာ ညအိပ္ေစာင့္စားလ်က္ရွိၾကသည္။
BTS အဖြဲ႔သားမ်ား စစ္မႈထမ္းေနစဥ္ကာလအတြင္း အဖြဲ႔၏ လႈပ္ရွားမႈမ်ား ေခတၱရပ္နားထားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ျပီးေနာက္ပိုင္း Suga သည္ BTS အဖြဲ႔မွ ပထမဆံုး တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲျပဳလုပ္လာသည့္ အဖြဲ႔ဝင္လည္း ျဖစ္သည္။
ေဖ်ာ္ေျဖပြဲ ပထမညကို ဗုဒၶဟူးေန႔တြင္ စတင္မည္ျဖစ္ေသာ္လည္း သူ၏ အေမရိကန္ပရိသတ္မ်ားက တနလၤာေန႔ညကတည္းက ညအိပ္ေစာင့္ဆိုင္းလ်က္ရွိျခင္း ျဖစ္သည္။
Riverside မွ ကားေမာင္းကာ လာေရာက္ေစာင့္ဆိုင္းေနေသာ ပရိသတ္တစ္ဦးျဖစ္သူ Mandy Torres ကေျပာသည္မွာ “သူ႔သီခ်င္းေတြ အကုန္ၾကိဳက္တယ္။ စာသားေတြကို ေသခ်ာေလ့လာၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ စာသားေတြက တကယ္အထင္ၾကီးစရာေကာင္းပါတယ္ ” ဟု ေျပာသည္။
El Monte ျမိဳ႕မွ ပရိသတ္တစ္ဦးျဖစ္သူ Jennifer Yanez က ေျပာသည္မွာ “ကၽြန္မေရွ႕ဆံုးမွာ ၾကည့္ခ်င္တယ္။ သူနဲ႔ မ်က္လံုးခ်င္းဆံုခ်င္တယ္။ သူ႔ကို ေတြ႔ခ်င္ပါတယ္” ဟုေျပာသည္။
Suga သည္ ၃ ညေဖ်ာ္ေျဖမည္ျဖစ္ျပီး ဗုဒၶဟူး ၊ ၾကာသပေတးႏွင့္ တနဂၤေႏြ ၃ ရက္ျဖစ္သည္။
((Suga ၏ ေဒၚလာ ၃ သန္းတန္ တန္ဖုိးၾကီးလူေနခန္း ))
BTS အဖြဲ႔မွ Suga သည္ ေတာင္ကိုရီးယား၏ အထင္ရွားဆံုး လူကံုထံ ရပ္ကြက္မ်ားအနက္မွ တစ္ခုတြင္ တန္ဖိုးၾကီး လူေနခန္းတစ္ခန္း ဝယ္ယူထားေၾကာင္း သတင္းမ်ားရွိသည္။
(ဓာတ္ပံု- Naver Map Roadside View)
Biz Hankook သတင္းဌာန၏ ေဖာ္ျပခ်က္အရ Suga သည္ တန္ဖုိးၾကီးလူေနခန္းတစ္ခန္းကို ဝမ္ေငြ ၃ ဒသမ ၄ ဘီလီယံ (ကန္ေဒၚလာ ၃ သန္းခန္႔) ျဖင့္ ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပသည္။ Suga ၏ လူေနခန္းသည္ နာမည္ေက်ာ္ အိမ္ရာတစ္ခုျဖစ္ေသာ UN Village တြင္ တည္ရွိျပီး ကိုရီးယား၏ နာမည္အၾကီးဆံုး ကုမၸဏီၾကီးမ်ားကို ပိုင္ဆိုင္သူမ်ား ေနထိုင္ၾကေသာ ေနရာျဖစ္သည္။
ကိုရီးယား၏ အၾကီးမားဆံုး ေမာ္ေတာ္ကားကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Hyundai Motors ၏ ပိုင္ရွင္မိသားစုမွာ ဤအိမ္ရာဝန္းအတြင္း ေနထိုင္သည္။
(ဓာတ္ပုံ- Online Community)
(ဓာတ္ပုံ- Online Community)
Suga သည္ ဤအခန္းမဝယ္ယူမီက ဆိုးလ္ျမိဳ႕ေတာ္မွ Samsung Joongang ဘူတာရံုအနီးရွိ တိုက္ခန္းငယ္တစ္ခုတြင္ ေနထိုင္ခဲ့သည္။
သတင္းမ်ားအရ Saga သည္ အဆိုပါအခန္းကို အိမ္ျခံေျမေခ်းေငြမယူဘဲ ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။
(ဓာတ္ပံု- News 1)
(ဓာတ္ပံု- Naver Map Roadside View)
Bigbang အဖြဲ႔မွ ကင္ေတးေယာင္သည္လည္း ဤေဒသတြင္ ေနထိုင္သည္ဟု ဆိုသည္။
ကင္ေတးေယာင္သည္ ဤေဒသတြင္ ေနထိုင္ျပီးေနာက္ စစ္မႈတာဝန္မ်ား သြားေရာက္ထမ္းေဆာင္ခဲ့သည္။
(ဓာတ္ပံု- News 1)
(ဓာတ္ပံု- Ilgan Sports)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: BTS SUGA Purchases Luxury Apartment in Prominent Neighborhood for 3 Million Dollars (abc7)