အမေရိကန်တွင် ခဲခြစ်ထီလက်မှတ်မှ ဒေါ်လာ ၅ သန်း ထီပေါက်သော်လည်း ထီရုံးအရာရှိများက ဆုငွေ ထုတ်မပေးသောကြောင့် ထီပေါက်သူ အမျိုးသားက ထီရုံးကို တရားစွဲ

အမေရိကန်တွင် ခဲခြစ်ထီလက်မှတ်မှ ဒေါ်လာ ၅ သန်း ထီပေါက်သော်လည်း ထီရုံးအရာရှိများက ဆုငွေ ထုတ်မပေးသောကြောင့် ထီပေါက်သူ အမျိုးသားက ထီရုံးကို တရားစွဲ - Property News in Myanmar from iMyanmarHouse.com
11 May 2023 11:36 am တွင် တင်ခဲ့သည်
493 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားတစ်ဦးသည် ထီဆုကြီးပေါက်သော်လည်း ထီရုံးအရာရှိများက ဆုငွေ ထုတ်ပေးမည်မဟုတ်ကြောင်း ပြောခဲ့ရာ သူ၏ မျှော်လင့်ချက်အိပ်မက်များ ပျောက်ကွယ်သွားခဲ့ရသည်။

ကယ်လီဖိုးနီးယားပြည်နယ် ထီလုပ်ငန်းကော်မရှင်သည် ထီထိုးသူများအားလုံးကို စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုရှိမရှိ စေ့စပ်စွာ စစ်ဆေးလေ့ရှိသည်။

ယခုဖြစ်ရပ်တွင် ထီပေါက်သည့် ခဲခြစ်ထီလက်မှတ်ကို ထိုအမျိုးသား၏ အရွယ်မရောက်သေးသော သားငယ်က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

(Ward Thomas ဆိုသော အမျိုးသားက ထီရုံးအရာရှိများနှင့် Mobil စတိုးဆိုင်တို့ကို ထီဆုငွေ ထုတ်မပေးမှုဖြင့် တရားစွဲထားသည်။ ဓာတ်ပုံ- Getty)

(တရားလိုမှာလည်း တရားမဝင် လောင်းကစားပြုလုပ်မှုဖြင့် ပြန်လည် တရားစွဲခံထားရသည်။ ဓာတ်ပုံ- Getty)

ကယ်လီဖိုးနီးယားပြည်နယ် ၊ Long Beach တွင် နေထိုင်သူ Ward Thomas က ထီလုပ်ငန်းကော်မရှင်ကို တရားစွဲထားသည်။

၎င်းကပြောသည်မှာ မိမိသည် ဒေါ်လာ ၅ သန်း အမှန်တကယ်ထီပေါက်ခဲ့ခြင်းဖြစ်ရာ မိမိအတွက် အလွန်ကြီးမားသော နစ်နာမှု ဖြစ်ခဲ့ရကြောင်း ပြောသည်။

Ward Thomas က လော့စ်အိန်ဂျလိခရိုင်တရားရုံးတွင် ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လက တရားစွဲခဲ့ခြင်းဖြစ်သည်။

၎င်းက ပြောသည်မှာ ၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလတွင် သားဖြစ်သူ Benjamin Thomas ကို ခဲခြစ်ထီလက်မှတ် ၅ စောင် ဆိုင်ထဲသို့ ဝင်ရောက်ဝယ်ယူစေခဲ့ကြောင်း ၊ မိမိမှာ ဆိုင်ပြင်တွင် စောင့်နေခဲ့ကြောင်း ပြောသည်။

Ward Thomas ၏ ပြောကြားချက်အရ သားအဖနှစ်ဦး အိမ်သို့ အတူပြန်ခဲ့ကြပြီး အိမ်ရောက်ချိန်တွင် ခဲခြစ်ကြည့်ကာ ထီပေါက်နေကြောင်းတွေ့ခဲ့ရသည်ဟု ပြောသည်။

ယင်းနောက်တွင် Ward Thomas က ကယ်လီဖိုးနီးယားပြည်နယ် ထီရုံးသို့သွားကာ ဆုငွေ တောင်းခံခဲ့သည်။

သို့သော် ထီလုပ်ငန်းကော်မရှင်က ဆုရထီလက်မှတ်မှာ အသက် ၁၆ နှစ်သာရှိသေးသော Benjamin Thomas က ဝယ်ယူခဲ့ခြင်းဖြစ်ရာ ထီထိုးရန် တရားမဝင်ကြောင်း ပြောကာ ဆုငွေ ထုတ်ပေးရန် ငြင်းပယ်ခဲ့သည်။

တရားရုံးမှတ်တမ်းတွင် ဖော်ပြချက်အရ Benjamin Thomas ကို အသက်ပြည့်ကြောင်း အထောက်အထား ပြသခိုင်းခြင်းမရှိခဲ့သလို ဖခင်ကိုယ်စား လက်မှတ်ဝယ်ယူပေး၍မရကြောင်းလည်း မပြောခဲ့ဟု ဆိုသည်။

ထီဆိုင်တွင်လည်း အသက် ၁၈ နှစ်မပြည့်သူများ ထီထိုးခွင့်မရှိကြောင်း ရေးသားထားခြင်း မရှိဟု ဆိုသည်။

ထီရုံးအရာရှိများက ယခုအမှုကို ပလပ်ပေးရန် တရားသူကြီးထံ အယူခံဝင်ခဲ့ပြီး Ward Thomas တို့ သားအဖသည် တရားမဝင်လောင်းကစားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းတင်ပြကြသည်။

ထီလက်မှတ်ရောင်းချခဲ့သော Mobil ပိုင်ရှင်ဖြစ်သော Bilabob Inc ကလည်း Ward Thomas တို့သားအဖကို တန်ပြန်တရားစွဲထားသည်။

Ward Thomas ၏ သားဖြစ်သူသည် အသက် ၁၈ နှစ်ကျော်ပြီဖြစ်ကြောင်း လိမ်လည်ပြုလုပ်ထားသည့် ယာဉ်မောင်းလိုင်စင်အတု ဆိုင်ဝန်ထမ်းများကိုပြသကာ ထီလက်မှတ်များ ဝယ်ယူခဲ့မှုဖြင့် တရားစွဲထားခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိ အထက်ရုံးတရားသူကြီး Terry Green က တရားစွဲသူ Ward Thomas ပြောသော ဒေါ်လာ ၅ သန်းဆု မှားယွင်းပယ်ချခြင်း ခံရကြောင်း ပြောဆိုမှုကို ပယ်ချခဲ့သည်။

တရားသူကြီးက ပြောသည်မှာ ထီလက်မှတ်များကို အရွယ်ရောက်ပြီးသူများသာ ဝယ်ယူခွင့်ရှိသည်မှာ ထင်ရှားကြောင်း ပြောသည်။

ယခုဥပဒေမှာ အရွယ်မရောက်သေးသူများ လောင်းကစားလုပ်ခြင်းမှ ကာကွယ်ရန် ပြဌာန်းထားခြင်း ဖြစ်ကြောင်းလည်း တရားသူကြီးက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I sued the lottery after they refused to hand over $5m in scratch card winnings – we had the ticket but never saw cash (the-sun)

[Zawgyi]

အေမရိကန္တြင္ ခဲျခစ္ထီလက္မွတ္မွ ေဒၚလာ ၅ သန္း ထီေပါက္ေသာ္လည္း ထီရံုးအရာရွိမ်ားက ဆုေငြ ထုတ္မေပးေသာေၾကာင့္ ထီေပါက္သူ အမ်ဳိးသားက ထီရံုးကို တရားစြဲ

အေမရိကန္ျပည္ေထာင္စုတြင္ အမ်ိဳးသားတစ္ဦးသည္ ထီဆုၾကီးေပါက္ေသာ္လည္း ထီရံုးအရာရွိမ်ားက ဆုေငြ ထုတ္ေပးမည္မဟုတ္ေၾကာင္း ေျပာခဲ့ရာ သူ၏ ေမွ်ာ္လင့္ခ်က္အိပ္မက္မ်ား ေပ်ာက္ကြယ္သြားခဲ့ရသည္။

ကယ္လီဖိုးနီးယားျပည္နယ္ ထီလုပ္ငန္းေကာ္မရွင္သည္ ထီထိုးသူမ်ားအားလံုးကို စည္းမ်ဥ္းစည္းကမ္းမ်ား လုိက္နာမႈရွိမရွိ ေစ့စပ္စြာ စစ္ေဆးေလ့ရွိသည္။

ယခုျဖစ္ရပ္တြင္ ထီေပါက္သည့္ ခဲျခစ္ထီလက္မွတ္ကို ထိုအမ်ဳိးသား၏ အရြယ္မေရာက္ေသးေသာ သားငယ္က ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

(Ward Thomas ဆိုေသာ အမ်ဳိးသားက ထီရံုးအရာရွိမ်ားႏွင့္ Mobil စတိုးဆိုင္တို႔ကို ထီဆုေငြ ထုတ္မေပးမႈျဖင့္ တရားစြဲထားသည္။ ဓာတ္ပံု- Getty)

(တရားလိုမွာလည္း တရားမဝင္ ေလာင္းကစားျပဳလုပ္မႈျဖင့္ ျပန္လည္ တရားစြဲခံထားရသည္။ ဓာတ္ပံု- Getty)

ကယ္လီဖုိးနီးယားျပည္နယ္ ၊ Long Beach တြင္ ေနထိုင္သူ Ward Thomas က ထီလုပ္ငန္းေကာ္မရွင္ကို တရားစြဲထားသည္။

၎ကေျပာသည္မွာ မိမိသည္ ေဒၚလာ ၅ သန္း အမွန္တကယ္ထီေပါက္ခဲ့ျခင္းျဖစ္ရာ မိမိအတြက္ အလြန္ၾကီးမားေသာ နစ္နာမႈ ျဖစ္ခဲ့ရေၾကာင္း ေျပာသည္။

Ward Thomas က ေလာ့စ္အိန္ဂ်လိခရိုင္တရားရံုးတြင္ ၂၀၁၇ ခုႏွစ္ ၊ ဇူလိုင္လက တရားစြဲခဲ့ျခင္းျဖစ္သည္။

၎က ေျပာသည္မွာ ၂၀၁၆ ခုႏွစ္ ၊ ေအာက္တိုဘာလတြင္ သားျဖစ္သူ Benjamin Thomas ကို ခဲျခစ္ထီလက္မွတ္ ၅ ေစာင္ ဆိုင္ထဲသုိ႔ ဝင္ေရာက္ဝယ္ယူေစခဲ့ေၾကာင္း ၊ မိမိမွာ ဆိုင္ျပင္တြင္ ေစာင့္ေနခဲ့ေၾကာင္း ေျပာသည္။

Ward Thomas ၏ ေျပာၾကားခ်က္အရ သားအဖႏွစ္ဦး အိမ္သို႔ အတူျပန္ခဲ့ၾကျပီး အိမ္ေရာက္ခ်ိန္တြင္ ခဲျခစ္ၾကည့္ကာ ထီေပါက္ေနေၾကာင္းေတြ႔ခဲ့ရသည္ဟု ေျပာသည္။

ယင္းေနာက္တြင္ Ward Thomas က ကယ္လီဖိုးနီးယားျပည္နယ္ ထီရံုးသို႔သြားကာ ဆုေငြ ေတာင္းခံခဲ့သည္။

သို႔ေသာ္ ထီလုပ္ငန္းေကာ္မရွင္က ဆုရထီလက္မွတ္မွာ အသက္ ၁၆ ႏွစ္သာရွိေသးေသာ Benjamin Thomas က ဝယ္ယူခဲ့ျခင္းျဖစ္ရာ ထီထိုးရန္ တရားမဝင္ေၾကာင္း ေျပာကာ ဆုေငြ ထုတ္ေပးရန္ ျငင္းပယ္ခဲ့သည္။

တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ Benjamin Thomas ကို အသက္ျပည့္ေၾကာင္း အေထာက္အထား ျပသခုိင္းျခင္းမရွိခဲ့သလို ဖခင္ကိုယ္စား လက္မွတ္ဝယ္ယူေပး၍မရေၾကာင္းလည္း မေျပာခဲ့ဟု ဆိုသည္။

ထီဆိုင္တြင္လည္း အသက္ ၁၈ ႏွစ္မျပည့္သူမ်ား ထီထုိးခြင့္မရွိေၾကာင္း ေရးသားထားျခင္း မရွိဟု ဆိုသည္။

ထီရံုးအရာရွိမ်ားက ယခုအမႈကို ပလပ္ေပးရန္ တရားသူၾကီးထံ အယူခံဝင္ခဲ့ျပီး Ward Thomas တို႔ သားအဖသည္ တရားမဝင္ေလာင္းကစားမႈ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းတင္ျပၾကသည္။

ထီလက္မွတ္ေရာင္းခ်ခဲ့ေသာ Mobil ပိုင္ရွင္ျဖစ္ေသာ Bilabob Inc ကလည္း Ward Thomas တို႔သားအဖကို တန္ျပန္တရားစြဲထားသည္။

Ward Thomas ၏ သားျဖစ္သူသည္ အသက္ ၁၈ ႏွစ္ေက်ာ္ျပီျဖစ္ေၾကာင္း လိမ္လည္ျပဳလုပ္ထားသည့္ ယာဥ္ေမာင္းလုိင္စင္အတု ဆိုင္ဝန္ထမ္းမ်ားကိုျပသကာ ထီလက္မွတ္မ်ား ဝယ္ယူခဲ့မႈျဖင့္ တရားစြဲထားျခင္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိ အထက္ရံုးတရားသူၾကီး Terry Green က တရားစြဲသူ Ward Thomas ေျပာေသာ ေဒၚလာ ၅ သန္းဆု မွားယြင္းပယ္ခ်ျခင္း ခံရေၾကာင္း ေျပာဆိုမႈကို ပယ္ခ်ခဲ့သည္။

တရားသူၾကီးက ေျပာသည္မွာ ထီလက္မွတ္မ်ားကို အရြယ္ေရာက္ျပီးသူမ်ားသာ ဝယ္ယူခြင့္ရွိသည္မွာ ထင္ရွားေၾကာင္း ေျပာသည္။

ယခုဥပေဒမွာ အရြယ္မေရာက္ေသးသူမ်ား ေလာင္းကစားလုပ္ျခင္းမွ ကာကြယ္ရန္ ျပဌာန္းထားျခင္း ျဖစ္ေၾကာင္းလည္း တရားသူၾကီးက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I sued the lottery after they refused to hand over $5m in scratch card winnings – we had the ticket but never saw cash (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service