ပိဋကတ်တော်လာ ပါရမီ (၁၀) ပါး
ပိဋကတ်တော်လာ ပါရမီ (၁၀) ပါး - Property Knowledge in Myanmar from iMyanmarHouse.com
10 May 2023 4:50 pm တွင် တင်ခဲ့သည်
2482 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ပါရမီဆိုသည်မှာ ဘုရား အလောင်းတော်ကြီးများ၏ သူမတူအောင် ဖြည့်ဆည်းအပ်သည့်၊ကြိုးစားအား ထုတ်သည့် တရား(ဝါ)လုပ်ငန်းစဉ်များကို ခေါ်ကြောင်း၊ ထိုပါရမီများမှာ (၁၀)ပါးရှိကြောင်းသိရ၏။
ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့) စွန့်လွှတ်ခြင်း။စည်းစိမ်ဥစ္စာ၊သားမယား၊မျက်စိ ခြေလက် အစရှိသော ကိုယ်အင်္ဂါနှင့် အသက်ကို စွန့်ကြဲရသော ပါရမီ။
သီလ ပါရမီ= ကိုယ်ကျင့်တရားကောင်းခြင်း၊သီလစောင့်ထိန်းခြင်း။အသက်ကိုစွန့်ရစေကာမူ မိမိ၏ကိုယ်နှုတ်တို့ မကောင်းတာမလုပ်မိအောင်၊မကောင်းတာမပြောမိအောင် ထိန်းသိမ်းစောင့်ရှောက်ရသော ပါရမီ။
နေက္ခမ္မ ပါရမီ= တပ်မက်မှုကင်းခြင်း။စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်း သားသမီး မယားတို့ကို စွန့်ပစ်ပြီး တောထွက်ရသောပါရမီ။
ပညာ ပါရမီ= အမှန်တိုင်းသိခြင်း။ဗဟုသုတများ အကြံအစည်များကို သူတစ်ပါးထံမှာလည်း ဆည်းပူး ကိုယ်တိုင်လည်း ကြံစည်စိတ်ကူးပြီး ကိုယ့်လူမျိုးနှင့် ကမ္ဘာသူကမ္ဘာသားများ၏ ချမ်းသာရေး၊ကိုယ်တိုင် ဘုရားဖြစ်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ရသည့် ပါရမီ။
ဝီရိယ ပါရမီ= ကြီးမားသော ဇွဲလုံ့လ။လောကကြီးပွားရေး၊ကိုယ်တိုင် ဘုရားဖြစ်မြောက်ရေးအတွက် အသွေးအသားတွေ ကုန်ခန်းပြီး အရေ အကြော အရိုးမျှသာ ကျန်စေကာမူ မလျော့သော လုံ့လဖြင့် ဆောင်ရွက်ကြိုးပမ်းရသော ပါရမီ။
ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်ခြင်း။ကိုယ့်ကို သတ်မည့်သူကိုပင် အမျက်ဒေါသ မထွက်ဘဲ သည်းခံရသော ပါရမီ။
သစ္စာ ပါရမီ= မှန်ကန်ခြင်း။ အသက်သေရစေကာမူ မုသားမပြောဘဲ ဟုတ်မှန်ရာကိုသာ ပြောသော ပါရမီ။
အဓိဋ္ဌာန ပါရမီ= ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။အသက်သေရစေကာမူ လုပ်မည်ဟု အဓိဋ္ဌာန်ပြုထားသော အရာကိုလုပ်၍၊မလုပ်ဘူးဟု အဓိဋ္ဌာန်ပြုထားသောအရာကို မလုပ်ဘဲနေသော ပါရမီ။
မေတ္တာ ပါရမီ= သူတစ်ပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။ချစ်သူ၊မုန်းသူ၊ရန်သူမခွဲခြားဘဲ ကိုယ်နှင့်ထပ်တူ မေတ္တာထားရသော ပါရမီ။
ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း။ ဆင်းရဲချမ်းသာကို လျစ်လျူရှုခြင်း။လျစ်လျူရှုရာတွင် ဆင်းရဲမှု၊ချမ်းသာမှုတို့ကို ကွဲလွဲမှုမရှိဘဲ တစ်သဘောတည်းထား၍ ရှုမြင်ဆင်ခြင်ခြင်း၊သင့်တင့်အောင်ရှုမြင်ရသော ပါရမီ။
ပါရမီ(၁၀)ပါး ဖြည့်ကျင့်ရာတွင် သားမယား၊ရွှေငွေ၊အစရှိသောအသုံးအဆောင်၊သက်ရှိသက်မဲ့ ဝတ္ထုတို့ကို မငဲ့ကွက်ဘဲ ဖြည့်ကျင့်လျှင် ‘မြတ်သော ပါရမီ’။
မိမိ၏ လက်ခြေအစရှိသော ကိုယ်အင်္ဂါကြီးငယ်တို့ကို မငဲ့ကွက်ဘဲ ဖြည့်ကျင့်လျှင် ပို၍မြတ်သော ‘ဥပပါရမီ’။
မိမိ၏အသက်ကိုပင် မငဲ့ကွက်ဘဲ ဖြည့်ကျင့်လျှင် အမြတ်ဆုံးသော ‘ပရမတ္ထပါရမီ’ဟု ခေါ်ကြောင်း သိရသည်။
ပါရမီတစ်မျိုးတွင်(၁၀)ပါးစီရှိကြောင်း၊ပါရမီ(၃)မျိုးဖြစ်ရာ အပါး(၃၀)ရှိသဖြင့် ပါရမီဆယ်ပါး အပြားသုံးဆယ်ဟု ဆိုခြင်းဖြစ်ကြောင်းသိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service