တစ်ခါတုန်းက အဖြစ်လေးတွေ (၇)

တစ်ခါတုန်းက အဖြစ်လေးတွေ (၇) - Property Knowledge in Myanmar from iMyanmarHouse.com
9 May 2023 2:23 pm တွင် တင်ခဲ့သည်
1220 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ရေဒီယို၊ ရေဒီယိုကက်ဆက် ..

အခုအချိန်မှတော့ ရေဒီယိုတို့ ကက်ဆက်တို့ဆိုတာ ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ် ရောက်သွားပြီထင်ပါရဲ့။ တစ်ခါတုန်းကတော့ လူတိုင်းတောင်ဝယ်မသုံးနိုင်ပါဘူး။ အိမ်တိုင်းမှာလည်း မရှိဘူးထင်ပါရဲ့။

ကျွန်တော်တို့အိမ်မှာလည်း မရှိခဲ့ဘူး။နောက်တော့မှ နေရှင်နယ် ရေဒီယိုကြီးတစ်လုံးကို ဖေဖေဝယ်လာတော့မှ မြန်မာအသံကလွှင့်တဲ့ အစီအစဉ်တွေကို ကိုယ့်အိမ်မှာတင်ကိုယ် နားထောင်ရတယ်။

အရင်တုန်းက စနေ၊တနင်္ဂနွေနေ့တွေမှာ ဇာတ်လမ်းပမာနားဆင်စရာဆိုတဲ့ အစီအစဉ်တွေရေဒီယိုက လွှင့်တယ်မို့လား။လွှင့်တဲ့ အချိန်က နေ့လည် ဆယ့်နှစ်နာရီကျော်မှလို့ ထင်ပါတယ်။ ခပ်ရေးရေးပဲ မှတ်မိပါ တော့တယ်။ အဲဒီဇာတ်လမ်းပမာနဲ့ ကိုယ်ကြိုက်တဲ့ အစီအစဉ်တွေရှိရင် သူငယ်ချင်း ဆန်းဝင်းတို့အိမ်သွားပြီး နားထောင်ရတယ်။

လူတွေဟာ သူတို့ကြီးပြင်းရာ အချိန်ကာလမှာ ထွက်ပေါ်လာတဲ့ လူ့အသုံးအဆောင်တွေကို မရှိရှိတာလေးတွေ ချွေတာစုဆောင်းပြီး ဝယ်ယူသုံးစွဲကြတယ်မို့လား။အခုခေတ်လည်း ဒီတိုင်းပါပဲ။ဖုန်းတွေဟာ လူတွေရဲ့ လိုအပ်ချက်တွေ အတော်များများကို ကိုယ်နဲ့တပါတည်း ယူဆောင်ပါလာသလိုပဲဆိုတော့ တတ်နိုင်သူက အကောင်းစားတွေ၊အသစ်အသစ်ဖြစ်တာတွေကို ဝယ်သုံးကြလို့ပေါ့။

သိပ်မတတ်နိုင်သူတွေကလည်း အနည်းဆုံး ဆက်သွယ်ရေးလိုအပ်ချက်အရတော့ သင့်တဲ့ဟာလေးတွေ ဆောင်ထားကြရတယ်။အပျံစားကြီးတွေမဟုတ်ပေမယ့် လိုအပ်ချက် အာသီသလေးကိုတော့ ဒီအသုံးအဆောင်လေးတွေက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရှာပါတယ်။

အင်း..တချို့က ဘာမှသာမဟုတ်တာ အကြွေးယူပြီးကောင်းကောင်းဝယ်သုံးကြတာလည်း တွေ့ရပါရဲ့။

အခုလည်း ရေဒီယိုတွေ ရေဒီယိုကက်ဆက်တွေက အဲဒီအချိန်တုန်းက လူတွေအတွက် ဖျော်ဖြေမှု ကောင်းကောင်းပေးတဲ့ အသုံးအဆောင်တွေပဲ မဟုတ်လား။ကျွန်တော်တို့ငယ်ငယ်က စာအုပ်ဖတ်တဲ့အချိန် ဖတ်မယ်။ စာအုပ်မငှားဖြစ်တဲ့ အချိန်တွေမှာ ရေဒီယိုနားထောင်တယ်။ ကက်ဆက်ဇာတ်လမ်းခွေတွေ ငှားနိုင်ရင် ငှားပြီးနားထောင်တယ်။

ကက်ဆက်ဇာတ်လမ်းခွေဆိုလို့ အဲဒီတုန်းက ကတ်ဆက်ဇာတ်လမ်းပဲ သီးသန့်ငှားတဲ့ဆိုင်နဲ့ စာအုပ်နဲ့ ကက်ဆက်ခွေ တွဲငှားတဲ့ဆိုင်တွေရှိခဲ့တာ လူကြီးပိုင်းဝင်လာပြီဖြစ်တဲ့သူတွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ ခေတ်ကိုလိုက်ပြီး အရောင်းဆိုင်တွေ အငှားဆိုင်တွေလည်းပေါ်လာခဲ့ကြပါတယ်။ အခုလည်းဒီလိုပါပဲ။ နောင်လည်း ဒီလိုပဲ ဖြစ်နေဦးမယ်ထင်ပါတယ်။

အဲဒီတုန်းကတော့ တိပ်ခွေအငှားဆိုင်တစ်ဆိုင် ဈေးထဲမှာရှိခဲ့တယ်။အခြားနေရာမှာလည်း ရှိပါတယ်။ ကျွန်တော်တို့ သီချင်းနဲ့ ဇာတ်လမ်းနားထောင်ချင်ရင် ဈေးထဲကဆိုင်မှာပဲ အများဆုံးငှားဖြစ်ကြတယ်။

ဇာတ်လမ်းခွေတွေနဲ့ သီချင်းခွေတွေကို အဲဒီအချိန်တုန်းက ဘယ်သူမှ အခွေဝယ်ပြီး နားမထောင်သလောက်ပါပဲ ။ စာအုပ်ငှားဖတ်သလိုပဲ သီချင်းခွေနဲ့ ဇာတ်လမ်းခွေလည်း ငှားပြီးနားထောင်ခဲ့ကြရတယ်။

စာအုပ်ပဲဖတ်ဖတ်၊ဇာတ်လမ်းနဲ့ သီချင်ပဲ နားထောင်နားထောင် အခြားအာရုံတွေသိပ်မများတဲ့ အချိန်တွေမှာ နားထောင်မှ ပိုပြီးအရသာရှိတာကလား။အဲ…သီချင်းကတော့ သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း နားထောင်ရတာက ပိုပြီးမိုက်သလိုပါပဲ။

စာအုပ်နဲ့ ဇာတ်လမ်းကိုခံစားတဲ့အခါမှာ ငြိမ်သက်တိတ်ဆိတ်ခြင်းတွေနဲ့မှ ပိုလိုက်ဖက်တယ်လို့ထင်ပါတယ်။ အဲဒီအချိန်တုန်းက တိပ်ခွေဇာတ်လမ်းတွေငှားလာပြီး ခြောက်ခန်းတွဲလိုင်းခန်းရဲ့ တောင်ဘက်ဆုံး စိုးမင်းထွန်းတို့ အခန်းမှာနားထောင်ကျတယ်။သူတို့အိမ်က ရေဒီယိုကက်ဆက်ကြီးက ကောင်းတယ်။ထွက်သမျှ အခွေတွေ ကိုလည်း အရင်ဦးဆုံးရအောင် ငှားကြတယ်။ရပြီဆိုရင် နေ့ရောညရော တစ်နေကုန်ကို ဖွင့်တော့တာပါပဲ။

ညရောက်လာရင်တော့ ဇာတ်လမ်းတွေကို အိမ်ထဲမှာနားမထောင်တော့ပါဘူး။ထွန်စက်တွေထားတဲ့ကြားထဲက ဘော်လီဘောကွင်းရဲ့ သဲပြင်မှာ ဝါးကြောဖျာတွေခင်း၊ဝါးကြောဖျာတွေရဲ့ အလယ်မှာ ကက်ဆက်ကိုထားပြီး ဇာတ်လမ်းတွေဖွင့်ကြတာပေါ့။

ထွက်သမျှ အသံသရုပ်ဆောင်တွေရဲ့အခွေတွေကို နားထောင်ပါတယ်။ကောလိပ်ဂျင်နေဝင်း၊ဘီအီးဒီ အောင်သိုက်၊ တွံတေးသိန်းတန်၊မောင်ကြေးမုံ၊ဓနုဖြူကြည်ကြည်သိန်း..အို..အများကြီးပါပဲ။

ဗိုလ်အောင်ဒင်ဇာတ်လမ်းကို အဲဒီသဲပြင်မှာဖွင့်ပြီးနားထောင်ခဲ့ကြဘူးတယ်။ နားထောင်သူတွေက ကက်ဆက်ကို ခေါင်းချင်းဆိုင်ထားပြီး ဝမ်းလျားမှောက်တဲ့သူက မှောက်လို့၊ ပက်လက်လှန်ပြီး ကောင်းကင်က လမင်းကြီးနဲ့ ကြယ်စင်တွေကို ကြည့်ရင်း နားထောင်သူတိုင်းရဲ့ရင်ထဲမှာ ကိုယ်ခံစားချက်နဲ့ကိုယ် ဇာတ်လမ်းရဲ့ နေရာဒေသ ပုံရိပ်တွေ နှလုံးသားထဲမှာဖန်တီးရင်း တစ်ခါတုန်းက ရေဒီယိုကက်ဆက် ဇာတ်လမ်းခွေခေတ်က ကျွန်တော်တို့ရဲ့ အဖြစ်လေးတွေပေါ့ဗျာ…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၇)

ေရဒီယို၊ ေရဒီယိုကက္ဆက္ ..

အခုအခ်ိန္မွေတာ့ ေရဒီယိုတို႔ ကက္ဆက္တို႔ဆိုတာ ေရွးေဟာင္းပစၥည္းတစ္ခုအျဖစ္ ေရာက္သြားၿပီထင္ပါရဲ႕။ တစ္ခါတုန္းကေတာ့ လူတိုင္းေတာင္ဝယ္မသုံးႏိုင္ပါဘူး။ အိမ္တိုင္းမွာလည္း မရွိဘူးထင္ပါရဲ႕။

ကၽြန္ေတာ္တို႔အိမ္မွာလည္း မရွိခဲ့ဘူး။ေနာက္ေတာ့မွ ေနရွင္နယ္ ေရဒီယိုႀကီးတစ္လုံးကို ေဖေဖဝယ္လာေတာ့မွ ျမန္မာအသံကလႊင့္တဲ့ အစီအစဥ္ေတြကို ကိုယ့္အိမ္မွာတင္ကိုယ္ နားေထာင္ရတယ္။

အရင္တုန္းက စေန၊တနဂၤေႏြေန႔ေတြမွာ ဇာတ္လမ္းပမာနားဆင္စရာဆိုတဲ့ အစီအစဥ္ေတြေရဒီယိုက လႊင့္တယ္မို႔လား။လႊင့္တဲ့ အခ်ိန္က ေန႔လည္ ဆယ့္ႏွစ္နာရီေက်ာ္မွလို႔ ထင္ပါတယ္။ ခပ္ေရးေရးပဲ မွတ္မိပါ ေတာ့တယ္။ အဲဒီဇာတ္လမ္းပမာနဲ႔ ကိုယ္ႀကိဳက္တဲ့ အစီအစဥ္ေတြရွိရင္ သူငယ္ခ်င္း ဆန္းဝင္းတို႔အိမ္သြားၿပီး နားေထာင္ရတယ္။

လူေတြဟာ သူတို႔ႀကီးျပင္းရာ အခ်ိန္ကာလမွာ ထြက္ေပၚလာတဲ့ လူ႔အသုံးအေဆာင္ေတြကို မရွိရွိတာေလးေတြ ေခၽြတာစုေဆာင္းၿပီး ဝယ္ယူသုံးစြဲၾကတယ္မို႔လား။အခုေခတ္လည္း ဒီတိုင္းပါပဲ။ဖုန္းေတြဟာ လူေတြရဲ႕ လုိအပ္ခ်က္ေတြ အေတာ္မ်ားမ်ားကို ကိုယ္နဲ႔တပါတည္း ယူေဆာင္ပါလာသလုိပဲဆိုေတာ့ တတ္ႏိုင္သူက အေကာင္းစားေတြ၊အသစ္အသစ္ျဖစ္တာေတြကို ဝယ္သုံးၾကလို႔ေပါ့။

သိပ္မတတ္ႏိုင္သူေတြကလည္း အနည္းဆုံး ဆက္သြယ္ေရးလိုအပ္ခ်က္အရေတာ့ သင့္တဲ့ဟာေလးေတြ ေဆာင္ထားၾကရတယ္။အပ်ံစားႀကီးေတြမဟုတ္ေပမယ့္ လိုအပ္ခ်က္ အာသီသေလးကိုေတာ့ ဒီအသုံးအေဆာင္ေလးေတြက အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေပးရွာပါတယ္။

အင္း..တခ်ိဳ႕က ဘာမွသာမဟုတ္တာ အေၾကြးယူၿပီးေကာင္းေကာင္းဝယ္သုံးၾကတာလည္း ေတြ႔ရပါရဲ႕။

အခုလည္း ေရဒီယိုေတြ ေရဒီယိုကက္ဆက္ေတြက အဲဒီအခ်ိန္တုန္းက လူေတြအတြက္ ေဖ်ာ္ေျဖမႈ ေကာင္းေကာင္းေပးတဲ့ အသုံးအေဆာင္ေတြပဲ မဟုတ္လား။ကၽြန္ေတာ္တို႔ငယ္ငယ္က စာအုပ္ဖတ္တဲ့အခ်ိန္ ဖတ္မယ္။ စာအုပ္မငွားျဖစ္တဲ့ အခ်ိန္ေတြမွာ ေရဒီယိုနားေထာင္တယ္။ ကက္ဆက္ဇာတ္လမ္းေခြေတြ ငွားႏိုင္ရင္ ငွားၿပီးနားေထာင္တယ္။

ကက္ဆက္ဇာတ္လမ္းေခြဆိုလို႔ အဲဒီတုန္းက ကတ္ဆက္ဇာတ္လမ္းပဲ သီးသန္႔ငွားတဲ့ဆိုင္နဲ႔ စာအုပ္နဲ႔ ကက္ဆက္ေခြ တြဲငွားတဲ့ဆိုင္ေတြရွိခဲ့တာ လူႀကီးပိုင္းဝင္လာၿပီျဖစ္တဲ့သူေတြ မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ေခတ္ကိုလိုက္ၿပီး အေရာင္းဆိုင္ေတြ အငွားဆိုင္ေတြလည္းေပၚလာခဲ့ၾကပါတယ္။ အခုလည္းဒီလိုပါပဲ။ ေနာင္လည္း ဒီလိုပဲ ျဖစ္ေနဦးမယ္ထင္ပါတယ္။

အဲဒီတုန္းကေတာ့ တိပ္ေခြအငွားဆိုင္တစ္ဆိုင္ ေဈးထဲမွာရွိခဲ့တယ္။အျခားေနရာမွာလည္း ရွိပါတယ္။ ကၽြန္ေတာ္တို႔ သီခ်င္းနဲ႔ ဇာတ္လမ္းနားေထာင္ခ်င္ရင္ ေဈးထဲကဆိုင္မွာပဲ အမ်ားဆုံးငွားျဖစ္ၾကတယ္။

ဇာတ္လမ္းေခြေတြနဲ႔ သီခ်င္းေခြေတြကို အဲဒီအခ်ိန္တုန္းက ဘယ္သူမွ အေခြဝယ္ၿပီး နားမေထာင္သေလာက္ပါပဲ ။ စာအုပ္ငွားဖတ္သလိုပဲ သီခ်င္းေခြနဲ႔ ဇာတ္လမ္းေခြလည္း ငွားၿပီးနားေထာင္ခဲ့ၾကရတယ္။

စာအုပ္ပဲဖတ္ဖတ္၊ဇာတ္လမ္းနဲ႔ သီခ်င္ပဲ နားေထာင္နားေထာင္ အျခားအာရုံေတြသိပ္မမ်ားတဲ့ အခ်ိန္ေတြမွာ နားေထာင္မွ ပိုၿပီးအရသာရွိတာကလား။အဲ…သီခ်င္းကေတာ့ သြားရင္းလာရင္း လုပ္ရင္းကိုင္ရင္း နားေထာင္ရတာက ပိုၿပီးမိုက္သလိုပါပဲ။

စာအုပ္နဲ႔ ဇာတ္လမ္းကိုခံစားတဲ့အခါမွာ ၿငိမ္သက္တိတ္ဆိတ္ျခင္းေတြနဲ႔မွ ပိုလိုက္ဖက္တယ္လို႔ထင္ပါတယ္။ အဲဒီအခ်ိန္တုန္းက တိပ္ေခြဇာတ္လမ္းေတြငွားလာၿပီး ေျခာက္ခန္းတြဲလိုင္းခန္းရဲ႕ ေတာင္ဘက္ဆုံး စိုးမင္းထြန္းတို႔ အခန္းမွာနားေထာင္က်တယ္။သူတို႔အိမ္က ေရဒီယိုကက္ဆက္ႀကီးက ေကာင္းတယ္။ထြက္သမွ် အေခြေတြ ကိုလည္း အရင္ဦးဆုံးရေအာင္ ငွားၾကတယ္။ရၿပီဆိုရင္ ေန႔ေရာညေရာ တစ္ေနကုန္ကို ဖြင့္ေတာ့တာပါပဲ။

ညေရာက္လာရင္ေတာ့ ဇာတ္လမ္းေတြကို အိမ္ထဲမွာနားမေထာင္ေတာ့ပါဘူး။ထြန္စက္ေတြထားတဲ့ၾကားထဲက ေဘာ္လီေဘာကြင္းရဲ႕ သဲျပင္မွာ ဝါးေၾကာဖ်ာေတြခင္း၊ဝါးေၾကာဖ်ာေတြရဲ႕ အလယ္မွာ ကက္ဆက္ကိုထားၿပီး ဇာတ္လမ္းေတြဖြင့္ၾကတာေပါ့။

ထြက္သမွ် အသံသရုပ္ေဆာင္ေတြရဲ႕အေခြေတြကို နားေထာင္ပါတယ္။ေကာလိပ္ဂ်င္ေနဝင္း၊ဘီအီးဒီ ေအာင္သိုက္၊ တြံေတးသိန္းတန္၊ေမာင္ေၾကးမုံ၊ဓႏုျဖဴၾကည္ၾကည္သိန္း..အို..အမ်ားႀကီးပါပဲ။

ဗိုလ္ေအာင္ဒင္ဇာတ္လမ္းကို အဲဒီသဲျပင္မွာဖြင့္ၿပီးနားေထာင္ခဲ့ၾကဘူးတယ္။ နားေထာင္သူေတြက ကက္ဆက္ကို ေခါင္းခ်င္းဆိုင္ထားၿပီး ဝမ္းလ်ားေမွာက္တဲ့သူက ေမွာက္လို႔၊ ပက္လက္လွန္ၿပီး ေကာင္းကင္က လမင္းႀကီးနဲ႔ ၾကယ္စင္ေတြကို ၾကည့္ရင္း နားေထာင္သူတိုင္းရဲ႕ရင္ထဲမွာ ကိုယ္ခံစားခ်က္နဲ႔ကိုယ္ ဇာတ္လမ္းရဲ႕ ေနရာေဒသ ပုံရိပ္ေတြ ႏွလုံးသားထဲမွာဖန္တီးရင္း တစ္ခါတုန္းက ေရဒီယိုကက္ဆက္ ဇာတ္လမ္းေခြေခတ္က ကၽြန္ေတာ္တို႔ရဲ႕ အျဖစ္ေလးေတြေပါ့ဗ်ာ…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service