အမေရိကန်တွင် ဒေါ်လာ ၅၁ သန်း ထီပေါက်သော ထီဆုကို လိမ်လည်ရယူသွားသော သားဖြစ်သူအား မိခင်က တရားစွဲ

အမေရိကန်တွင် ဒေါ်လာ ၅၁ သန်း ထီပေါက်သော ထီဆုကို လိမ်လည်ရယူသွားသော သားဖြစ်သူအား မိခင်က တရားစွဲ - Property News in Myanmar from iMyanmarHouse.com
9 May 2023 10:02 am တွင် တင်ခဲ့သည်
1015 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်တွင် မိခင်တစ်ဦးက Mega Millions ထီတွင် ထီဆုကြီးပေါက်ခဲ့ရာ အဆိုပါဆုကို သားဖြစ်သူက မသမာသောနည်းဖြင့် လှည့်ဖြားရယူသွားကြောင်း တရားစွဲထားသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သူ အက်တာမေအားခါ့ (Etta May Urquhart) ဆိုသော အမျိုးသမီးက သားဖြစ်သူ ရွန်နီ အိုရန်ဒါ (Ronnie Orender) အား ထီလက်မှတ်ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ တရားစွဲခဲ့ခြင်း ဖြစ်သည်။

(အက်တာမေသည် ရက်သတ္တပတ်တိုင်း Mega Millions ထီကို ကံစမ်းလေ့ရှိသည်။ ဓာတ်ပုံ- Getty)

(အက်တာမေသည် ထီထွက်သောနေ့တွင် သတင်းစာ ကြည့်လိုက်ရာ ထီပေါက်နေကြောင်း အံ့သြတုန်လှုပ်ဖွယ် သိလိုက်ရသည်။)

၂၀၁၁ ခုနှစ် ၊ မေလတွင် အက်တာမေသည် လုပ်ရိုးလုပ်စဉ်အတိုင်း လော့စ်အိန်ဂျလိမြို့မြောက်ဘက် ဘိတ်ကာစ်ဖီးဒ်မြို့ရှိ ဓာတ်ငွေ့ဆိုင်သို့သွားကာ ထီလက်မှတ်အချို့ဝယ်ယူခဲ့သည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော အက်တာမေသည် အိုစာမင်းစာ စုဆောင်းထားသောငွေများဖြင့် တစ်ပတ်လျှင် ၂ ကြိမ် ထီထိုးခဲ့သည်မှာ ၁၈ နှစ်ရှိခဲ့ပြီ ဖြစ်သည်။

Mega Millions ထီမှ ဒေါ်လာ ၅၁ သန်းဆု ပေါက်ကြောင်း သိလိုက်ရချိန်တွင် အက်တာမေနှင့် ခင်ပွန်းဖြစ်သူတို့သည် ထီရုံးသို့ သွားခဲ့ကြသည်။

ထီရုံးအရာရှိများက အက်တာမေကို ထီလက်မှတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းခဲ့သည်။

တရားရုံးမှတ်တမ်းတွင် ဖော်ပြချက်အရ “အက်တာမေသည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး စကားပင် မပြောနိုင်အောင်ရှိကာ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေခဲ့သည်။

ထို့ကြောင့် သားဖြစ်သူကို သူ့ကိုယ်စား လက်မှတ်ထိုးခိုင်းခဲ့သည်”ဟု ဖော်ပြသည်။

အက်တာမေက ပြောသည်မှာ “ထီရုံးအရာရှိတွေက ထီလက်မှတ်ပေါ်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်။ ကျွန်မက စိတ်လှုပ်ရှားမှုကြောင့် ဘောပင်တောင် မကိုင်နိုင်ခဲ့ဘူး။ ဘယ်သူလက်မှတ်ထိုးထိုး အရေးမကြီးဘူးလို့ ကျွန်မကို ပြောကြတယ်”ဟု ဆိုသည်။

အက်တာမေ၏ သားသည် မိခင်ကိုယ်စား လက်မှတ်ထိုးရမည့်အစား သူ၏ နာမည်ဖြင့် လက်မှတ်ထိုးခဲ့သည်။

အဆိုပါ အမှုအပေါ် လူစိတ်ဝင်စားမှုများလာချိန်တွင် သားဖြစ်သူက ပြောသည်မှာ မိခင်အနေဖြင့် ထီလက်မှတ်ကို သားအတွက် ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသင့်သည်ဟု ဆိုသည်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သားဖြစ်သူ အိုရန်ဒါက ပြောသည်မှာ မိမိသည် မိခင်ဖြစ်သူကို ထီလက်မှတ်ဝယ်ရန် နှစ်ပေါင်းများစွာ ငွေပေးခဲ့ကြောင်း ပြောသည်။

မိခင်ဖြစ်သူက ပြောသည်မှာမူ “ကျွန်မ အပတ်စဉ် ထီလက်မှတ်ဝယ်တာမှာ အိုရန်ဒါရဲ့ အကူအညီမပါပါဘူး။ သူက ကျွန်မထီထိုးနေတာတွေကို အားမပေးဘူး။ ဒါက ငွေဖြုန်းတာပဲလို့ ကျွန်မကို ပြောတယ်”ဟု ဆိုသည်။

တရားစွဲဆိုမှုမှာ ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၂၃ ရက်က တရားစွဲခဲ့ခြင်း ဖြစ်သည်။

သားဖြစ်သူ အိုရန်ဒါက ဆုငွေကို တလုံးတခဲတည်း ထုတ်ယူခဲ့ရာ ဒေါ်လာ ၃၂ ဒသမ ၃ သန်းရခဲ့သည်။

ထီရုံးသို့ အိုရန်ဒါက ပြောခဲ့သည်မှာ မိဘများနှင့် အခြားမိသားစုကို ပြုစုစောင့်ရှောက်ရန်အတွက် ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် တရားရုံးမှတ်တမ်းတွင် ဖော်ပြချက်အရမူ အိုရန်ဒါသည် ထီဆုငွေများဖြင့် သူ့အတွက် လစဉ်ဝင်ငွေရရန် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

အိုရန်ဒါသည် နေအိမ် ၄ လုံးနှင့် ယာဉ် ၁၀ စင်းကို ဒေါ်လာ ၂ ဒသမ ၃ သန်းအကုန်ခံကာ ဝယ်ယူခဲ့သည်။

မိခင်ဖြစ်သူက ပြောသည်မှာ “ထီဆုငွေ စုစုပေါင်းကနေ ကျွန်မရခဲ့တာက ငွေသား ဒေါ်လာ ၁၂၅၀၀၀ ဝန်းကျင် ၊ Lincoln SUV မော်တော်ကားတစ်စင်းနဲ့ ကျွန်မနေဖို့ အိမ်တစ်လုံးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ကို ကျွန်မမပိုင်ပါဘူး”ဟုဆိုသည်။

တရားစွဲထားသော အမှုတွင် အိုရန်ဒါ၏ ပထွေး Bob Urquhart သည်လည်း ပူးတွဲတရားလိုအဖြစ် ပါဝင်ခဲ့သည်။

Bakersfield.com ၏ ဖော်ပြချက်အရ မိခင်နှင့်သားအကြား လျှို့ဝှက်သဘောတူညှိနှိုင်းမှု တစ်ခုပြုလုပ်ခဲ့ကာ အမှုကို ကျေအေးခဲ့ကြောင်း ဖော်ပြသည်။

မည်သို့ သဘောတူခဲ့သည်ကိုမူ မသိရချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I sued my own son over my $32.3million lottery win after he took control of my fortune with a sneaky trick ( the sun)

[Zawgyi]

အေမရိကန္တြင္ ေဒၚလာ ၅၁ သန္း ထီေပါက္ေသာ ထီဆုကို လိမ္လည္ရယူသြားေသာ သားျဖစ္သူအား မိခင္က တရားစြဲ

အေမရိကန္တြင္ မိခင္တစ္ဦးက Mega Millions ထီတြင္ ထီဆုၾကီးေပါက္ခဲ့ရာ အဆိုပါဆုကို သားျဖစ္သူက မသမာေသာနည္းျဖင့္ လွည့္ျဖားရယူသြားေၾကာင္း တရားစြဲထားသည္။

ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေနထိုုင္သူ အက္တာေမအားခါ့ (Etta May Urquhart) ဆိုေသာ အမ်ဳိးသမီးက သားျဖစ္သူ ရြန္နီ အိုရန္ဒါ (Ronnie Orender) အား ထီလက္မွတ္ပိုင္ဆိုင္မႈႏွင့္ စပ္လ်ဥ္း၍ တရားစြဲခဲ့ျခင္း ျဖစ္သည္။

(အက္တာေမသည္ ရက္သတၱပတ္တိုင္း Mega Millions ထီကို ကံစမ္းေလ့ရွိသည္။ ဓာတ္ပံု- Getty)

(အက္တာေမသည္ ထီထြက္ေသာေန႔တြင္ သတင္းစာ ၾကည့္လုိက္ရာ ထီေပါက္ေနေၾကာင္း အံ့ၾသတုန္လႈပ္ဖြယ္ သိလုိက္ရသည္။)

၂၀၁၁ ခုႏွစ္ ၊ ေမလတြင္ အက္တာေမသည္ လုပ္ရိုးလုပ္စဥ္အတိုင္း ေလာ့စ္အိန္ဂ်လိျမိဳ႕ေျမာက္ဘက္ ဘိတ္ကာစ္ဖီးဒ္ျမိဳ႕ရွိ ဓာတ္ေငြ႔ဆိုင္သုိ႔သြားကာ ထီလက္မွတ္အခ်ဳိ႕ဝယ္ယူခဲ့သည္။

အသက္ ၇၆ ႏွစ္ရွိျပီျဖစ္ေသာ အက္တာေမသည္ အိုစာမင္းစာ စုေဆာင္းထားေသာေငြမ်ားျဖင့္ တစ္ပတ္လွ်င္ ၂ ၾကိမ္ ထီထိုးခဲ့သည္မွာ ၁၈ ႏွစ္ရွိခဲ့ျပီ ျဖစ္သည္။

Mega Millions ထီမွ ေဒၚလာ ၅၁ သန္းဆု ေပါက္ေၾကာင္း သိလိုက္ရခ်ိန္တြင္ အက္တာေမႏွင့္ ခင္ပြန္းျဖစ္သူတို႔သည္ ထီရံုးသို႔ သြားခဲ့ၾကသည္။

ထီရံုးအရာရွိမ်ားက အက္တာေမကို ထီလက္မွတ္ေပၚတြင္ လက္မွတ္ထိုးခိုင္းခဲ့သည္။

တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ “အက္တာေမသည္ အလြန္ပင္ စိတ္လႈပ္ရွားေနျပီး စကားပင္ မေျပာႏိုင္ေအာင္ရွိကာ ခႏၶာကိုယ္တစ္ခုလံုးမွာလည္း စိတ္လႈပ္ရွားမႈေၾကာင့္ တုန္ရီေနခဲ့သည္။

ထုိ႔ေၾကာင့္ သားျဖစ္သူကို သူ႔ကိုယ္စား လက္မွတ္ထုိးခိုင္းခဲ့သည္”ဟု ေဖာ္ျပသည္။

အက္တာေမက ေျပာသည္မွာ “ထီရံုးအရာရွိေတြက ထီလက္မွတ္ေပၚမွာ လက္မွတ္ထိုးခုိင္းခဲ့တယ္။ ကၽြန္မက စိတ္လႈပ္ရွားမႈေၾကာင့္ ေဘာပင္ေတာင္ မကိုင္ႏိုင္ခဲ့ဘူး။ ဘယ္သူလက္မွတ္ထုိးထုိး အေရးမၾကီးဘူးလို႔ ကၽြန္မကို ေျပာၾကတယ္”ဟု ဆိုသည္။

အက္တာေမ၏ သားသည္ မိခင္ကိုယ္စား လက္မွတ္ထုိးရမည့္အစား သူ၏ နာမည္ျဖင့္ လက္မွတ္ထုိးခဲ့သည္။

အဆိုပါ အမႈအေပၚ လူစိတ္ဝင္စားမႈမ်ားလာခ်ိန္တြင္ သားျဖစ္သူက ေျပာသည္မွာ မိခင္အေနျဖင့္ ထီလက္မွတ္ကို သားအတြက္ ဝယ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသင့္သည္ဟု ဆိုသည္။

သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ သားျဖစ္သူ အိုရန္ဒါက ေျပာသည္မွာ မိမိသည္ မိခင္ျဖစ္သူကို ထီလက္မွတ္ဝယ္ရန္ ႏွစ္ေပါင္းမ်ားစြာ ေငြေပးခဲ့ေၾကာင္း ေျပာသည္။

မိခင္ျဖစ္သူက ေျပာသည္မွာမူ “ကၽြန္မ အပတ္စဥ္ ထီလက္မွတ္ဝယ္တာမွာ အိုရန္ဒါရဲ႕ အကူအညီမပါပါဘူး။ သူက ကၽြန္မထီထုိးေနတာေတြကို အားမေပးဘူး။ ဒါက ေငြျဖဳန္းတာပဲလို႔ ကၽြန္မကို ေျပာတယ္”ဟု ဆိုသည္။

တရားစြဲဆိုမႈမွာ ၂၀၁၂ ခုႏွစ္ ၊ ဧျပီလ ၂၃ ရက္က တရားစြဲခဲ့ျခင္း ျဖစ္သည္။

သားျဖစ္သူ အိုရန္ဒါက ဆုေငြကို တလံုးတခဲတည္း ထုတ္ယူခဲ့ရာ ေဒၚလာ ၃၂ ဒသမ ၃ သန္းရခဲ့သည္။

ထီရံုးသုိ႔ အိုရန္ဒါက ေျပာခဲ့သည္မွာ မိဘမ်ားႏွင့္ အျခားမိသားစုကို ျပဳစုေစာင့္ေရွာက္ရန္အတြက္ ျဖစ္ေၾကာင္း ေျပာခဲ့သည္။

သို႔ေသာ္ တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရမူ အိုရန္ဒါသည္ ထီဆုေငြမ်ားျဖင့္ သူ႔အတြက္ လစဥ္ဝင္ေငြရရန္ ရင္းႏွီးျမွပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ျပသည္။

အိုရန္ဒါသည္ ေနအိမ္ ၄ လံုးႏွင့္ ယာဥ္ ၁၀ စင္းကို ေဒၚလာ ၂ ဒသမ ၃ သန္းအကုန္ခံကာ ဝယ္ယူခဲ့သည္။

မိခင္ျဖစ္သူက ေျပာသည္မွာ “ထီဆုေငြ စုစုေပါင္းကေန ကၽြန္မရခဲ့တာက ေငြသား ေဒၚလာ ၁၂၅၀၀၀ ဝန္းက်င္ ၊ Lincoln SUV ေမာ္ေတာ္ကားတစ္စင္းနဲ႔ ကၽြန္မေနဖို႔ အိမ္တစ္လံုးပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီအိမ္ကို ကၽြန္မမပိုင္ပါဘူး”ဟုဆိုသည္။

တရားစြဲထားေသာ အမႈတြင္ အိုရန္ဒါ၏ ပေထြး Bob Urquhart သည္လည္း ပူးတြဲတရားလိုအျဖစ္ ပါဝင္ခဲ့သည္။

Bakersfield.com ၏ ေဖာ္ျပခ်က္အရ မိခင္ႏွင့္သားအၾကား လွ်ိဳ႕ဝွက္သေဘာတူညွိႏႈိင္းမႈ တစ္ခုျပဳလုပ္ခဲ့ကာ အမႈကို ေက်ေအးခဲ့ေၾကာင္း ေဖာ္ျပသည္။

မည္သို႔ သေဘာတူခဲ့သည္ကိုမူ မသိရေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I sued my own son over my $32.3million lottery win after he took control of my fortune with a sneaky trick ( the sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service