အချစ်ဆိုတဲ့ သတ္တိ

အချစ်ဆိုတဲ့ သတ္တိ - Property Knowledge in Myanmar from iMyanmarHouse.com
8 May 2023 3:30 pm တွင် တင်ခဲ့သည်
559 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အချစ်အကြောင်း သိပ်တော့နားလည်လှလို့တော့ မဟုတ်ပါဘူး။ ကြုံရတာလေးတွေ၊ တွေ့ရတာလေးတွေနဲ့ ဆက်စပ်ပြီး အချစ်အကြောင်းပြောချင်လာတယ်။ ဘယ်လိုအချစ်လဲ ဆိုတာကိုတော့ ကိုယ်ဟာကိုယ်သာ နာမည်တပ်ပါတော့။

ကျွန်တော့်ညီမအကြီးဆုံးတစ်ယောက် တစ်နေ့ကပဲ ရန်ကုန်ကနေ အညာမြေ မြောင်မြို့ကို ရောက်သွားကြောင်း သိလိုက်ရပါတယ်။ နယ်မြေအခြေအနေ မကောင်းလို့ ရန်ကုန်ကိုတောင် မိသားစုလိုက်ရှောင်လာခဲ့ကြရတယ်။ ဒီလိုကြားထဲက အဲဒီနေရာကို မိန်းကလေးတစ်ယောက်တည်း ဘယ်လိုကြောင့်ရောက်သွားခဲ့ရတာလဲ။ ဘယ်လိုသတ္တိတွေက သူ့ကိုတွန်းပို့စေတာလဲ။ အကြောင်းတော့ ရှိရမှာပါ။

လက်ရှိမှာ ကျွန်တော်တို့ အညာနယ်မြေလေးက မအေးချမ်း၊သွားလာဖို့ ခက်ခဲနေပါတယ်။မွေးရပ်မြေမို့ သံယောဇဉ်ကမပြတ်။ကျွန်တော်ဆိုရင် မွေးရပ်မြေကနေ ရန်ကုန်ရောက်နေခဲ့တာ နှစ်(၃၀)ပင် ကျော်ပြီ။ ဒီအခြေအနေတွေမတိုင်ခင်က တစ်ခါတစ်ရံ အလွမ်းပြေရောက်ခဲ့တဲ့နှစ်တွေ ကြိုကြားကြိုကြားရှိခဲ့ပါရဲ့။

ပုံမှန်တော့ မြောင်ကိုပြန်ရင် အရှေ့ဘက်လမ်းလို့ခေါ်ရမယ့် မန္တလေးမုံရွာလမ်းပေါ်က မြင်းမူအကျော် မြောင်လမ်းခွဲ ကနေ သွားရင်လည်းရောက်တယ်။နောက်လမ်းတစ်ခုက အနောက်ဘက်လမ်းလို့ခေါ်ရမယ့် ပခုက္ကူ-ရေစကြို- ဆင်ဖြူရှင်တံတားကနေ သွားရင်လည်းရောက်ပါတယ်။

ဒါပေမဲ့ အခုချိန်က ဘယ်လမ်းကသွားသွား ခရီးက တယ်ပြီးမသာလှဘူးထင်ပါတယ်။လက်ရှိမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး သွားရတဲ့ ခက်ခဲတဲ့လမ်းခရီးဖြစ်နေတယ်။

ဒါပေမဲ့ ဒီလိုအခြေအနေကြီးမှာကို ကျွန်တော့ညီမ အဲဒီကို အရောက်သွားခဲ့တယ်။မကြောက်မရွံ့ စိတ်ကို တွန်းပိုစေတဲ့အကြောင်းတွေက ဘာဖြစ်နေမလဲ။ ဘာကြောင့်လဲလို့ နောက်မှသိရတာက အချစ် အချစ် အချစ်ကြောင့်ပေါ့ဗျာ။

အချစ်ဆိုတဲ့စိတ်က ကြောက်ရွံ့အားငယ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို အကြောက်တရားတွေကနေ ကင်းဝေစေပြီး ရဲဝံ့ခြင်းတွေဖြစ်စေခဲ့တာလား။ သံယောဇဉ်ဆွဲအားတွေက လိုရာကို အရောက်ဆောင်ကြဉ်း စေခဲ့တာလား။

အချစ်ဆိုတဲ့ သံယောဇဉ်ကို သူလည်း နုပျိုစဉ်ကတည်းက ထားရှိခဲ့ကြပုံရပါတယ်။ဒါပေမဲ့ အကြောင်းကြောင်း တွေက သူတို့ရဲ့ အချစ်ရေးကို နှောင့်နှေးစေခဲ့ကြောင်း သိခဲ့ရတယ်။ နာမကျန်း ဖြစ်နေတဲ့ဖခင်ကြီးကို ပြုစုရင်းနဲ့ သူရဲ့လက်ခံထားတဲ့ အချစ်တို့သိမ်းဆည်းထားခဲ့ပုံရတယ်။ ဒါပေမဲ့ တစ်မြို့တည်းမို့ တွေ့မြင်ကြည်နူးခွင့်တို့ ရှိနေနိုင်သေးတာပေါ့။

ဒီနောက်မှာလည်း မိခင်ကြီးရဲ့ ခြေထောက်တစ်ဖက် သွေးကြောပိတ်သွားခဲ့ပြန်တာကြောင့် ဖြစ်တဲ့ခြေထောက်က လှုပ်ရှားမှု မဲ့သွားခဲ့တယ်။ဒီအခြေအနေမှာ မိခင်အတွက်သူဟာ မရှိမဖြစ် အခြေအနေ ဖြစ်သွားခဲ့ပြန်တယ်။ ဒီလိုနဲ့ အချစ်ရဲ့စေစားရာ မရခဲ့ပြန်ပါဘူး။ ဒါနဲ့ပဲ အချိန်ကာလတို့ ကြာသွားခဲ့ပြန်တယ်။

အဲဒီနာက်တော့ နိုင်ငံရေးအခြေအနေနဲ့ နယ်မြေမအေးချမ်းမှုတွေကြောင့် မေမေ့ အမျိုးတွေရှိရာ ရေစကြိုနယ်ကို သူတို့ရွှေ့ခဲ့ကြတယ်။ သူ့အတွက် အချစ်နဲ့ အချစ်တို့ စတင်အနေဝေးခြင်းပေ။မိသားစုလိုက်ကြီး အမျိုးအဆွေ တွေဆီမှာ ရေရှည်မှာ အားနာစရာမို့ သားအကြီးက ရန်ကုန်ကိုခေါ်ခဲ့တယ်။

သူ့ရဲ့အချစ်နဲ့ အချစ်တို့ ပိုဝေသွားပါတော့တယ်။ အရွယ်လွန် အပျိုကြီးတစ်ယောက်အဖြစ် ဝင်ရောက်လာခဲ့ တယ်ပေါ့။ ဒါပေမဲ့ အချစ်ဟာအချစ်အနေနဲ့ မပျောက်သွားပါဘူး။ အလွမ်းတွေ၊သတိရခြင်းတွေနဲ့ ပိုလို့တောင် တမ်းတမိပုံရပါတယ်။ အစ်ကိုတွေမောင်တွေကြားမို့ မိန်ကလေးတစ်ယောက်အနေနဲ့ ရင်ဖွင့်ရလောက်အောင် အရှက်တရားက မဲ့မနေတော့ ဆင်ခြင်ခြင်းနဲ့ လူခြေအတိတ် တိုးတိတ်အလွမ်းတို့နဲ့သာ ကာလရက်ရှည် ဆက်သွယ်နိုင်ခဲ့ကြတယ်။

အချစ်မှာလည်း ရဲရင့်ခြင်းတွေကတွန်းအားပေးလာတော့ ရန်ကုန်ရောက်နေတဲ့ ရေစကြိုနယ်က အမျိုးတစ်ယောက် နယ်အပြန်မှာ ရွာကို အလည်ပြန်ချင်တဲ့ပုံစံနဲ့ သူလိုက်သွားခဲ့တယ်။

အချစ်နဲ့ အချစ်တို့ နီးဖို့ရန်အကြောင်းဖန်ခြင်းပေါ့။ အဲဒီကနေ အနောက်ဖက်လမ်းအတိုင်း မွေးရပ်မြေကို ချစ်ခြင်း လွမ်းတခြင်းတွေနဲ့ ခြေချခွင့်ရခဲ့ပြီး အချစ်တို့ ပြန်လည်ပေါင်းဆုံနိုင်ခွင့်ရသွားကြောင်း ကျွန်တော်နောက်မှ သိရတယ်။အချစ်ဟာ သူတို့အတွက် ကြည်နူးခြင်းသစ္စာဖြစ်ပါစေ။

အစ်ကိုတစ်ယောက်ဖြစ်ပေမယ့် အချစ်နဲ့ပတ်သက်ရင် ကိုယ့် ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲလေ။ ကန့်ကွက်ဖို့အကြောင်းမရှိပါဘူး။အချစ်နဲ့ပတ်သက်ရင် နောက်ဖြစ်လာမယ့် အကြောင်းတွေ ဘယ်သူမှ မစဉ်းစားချင်ကြပါဘူး။ လက်ရှိ လှပတဲ့အခြေအနေလေးနဲ့ ဖြတ်သန်းချင်ကြတာပဲမဟုတ်လား။

အချစ်ငှက်လေးတွေ လှလှပပကြည်ကြည်နူးနူး ပျံသန်းနိုင်ကြပါစေလို့သာ ကျွန်တော်ဆုတောင်းနေမိတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အခ်စ္ဆိုတဲ့ သတၱိ





















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service