အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ... - Property Knowledge in Myanmar from iMyanmarHouse.com
7 May 2023 11:31 am တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
iMyanmarHouse ဆီကို မေးလာကြတဲ့မေးခွန်းတွေထဲမှ ဆောက်လုပ်ရေး နဲ့ပတ်သတ်တဲ့ မေးခွန်းအမျိုးအစားဟာ မေးမြန်းမှုအများဆုံးဖြစ်တာမို့လို့ ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့ အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။
မေးခွန်း (၁) - မြေကွက်ကို ကာလပေါက်ဈေးအတိုင်းတိုက်ခန်းများနဲ့လဲလှယ်နိုင်ပါသလား။
အဖြေ (၁) - ကမ်းလှမ်းချက်ကို ကမ်းလှမ်းခံရသူကသာ လက်ခံလျှင် သဘောတူညီချက်ဖြစ်သဖြင့်ကမ်းလှမ်းသူက တောင်းဆိုသည်ကို နှစ်ဦးနှစ်ဖက်သဘောတူလျှင် လဲလှယ်နိုင်ပါသည်။ ကမ်းလှမ်းခံရသူကလက်ခံကြောင်း အကြောင်းကြားပြီးမှသာ သဘောတူညီချက် ပဋ္ဋိဉာဉ်အထမြောက်ပါသည်။
ပုဒ်မ-၂အပိုဒ်(စ)။ ။အပြန်အလှန်ကတိဆိုသည့်စကားရပ်ကို အဓိပ္ပာယ်ဖော်ပြထားသည်။ ပဋ္ဋိဉာဉ်ပြုသူတစ်ဦး ၏ ကတိကိုပြန်လှန်၍ တစ်ဖက်ပဋ္ဋိဉာဉ်ပြုသူက ပြုလုပ်မှုတစ်စုံတစ်ခုကို ဆောင်ရွက်ရန်သဘောတူလျှင် အချင်းချင်းထားရှိသော ကတိများသည် နှစ်ဦးနှစ်ဖက်၏ အဖိုးစားနားများဖြစ်သည်။အပြန်အလှန်ကတိများသည် နှစ်ဖက်ကတိပြုသူများအတွက် လုံလောက်သောအဖိုးစားနားဖြစ်သည်။သို့ဖြစ်ရာ အပြန်အလှန်ကတိများအရ ဆောင်ရွက်မှုသည်ပဋ္ဋိပြုလုပ်သူတို့အပေါ်အတည်ဖြစ်ပါသည်။
လုံလောက်သောအဖိုးစားနား။ ။အဖိုးစားနားတစ်ရပ်သည် ဥပဒေအရ လုံလောက်သောအဖိုးစားနားဖြစ်မဖြစ် ဆိုခြင်းကို စုံစမ်းစစ်ဆေးရန်မလိုပေ၊အဖိုးစားနားရှိမရှိဆိုခြင်းဆိုသာကြည့်ရှုရန်လိုပေသည်။သို့ရာတွင် လိမ်လည်၍ ပြုလုပ်ခဲ့သော ပဋ္ဋိဉာဉ်ဖြစ်ပါသည်ဟုစွပ်စွဲချက်ပေါ်ပေါက်နေပါမှု တစ်ဖက်၏ အဖိုးစားနားသည် အခြားတစ်ဖက်၏ အဖိုးစားနားနှင့်များစွာကွာခြားနေပါက လုံလောက်သော အဖိုးစားနားရှိ-မရှိ စုံစမ်းစစ်ဆေးရန် လိုမည်ဖြစ်သည်။
တစ်ဖက်ပဋ္ဋိဉာဉ် လုံလောက်သော အဖိုးစားနား။ ။အဖိုးစားနားသည် တစ်ဖက်ကတိ၏ တန်ဖိုးနှင့်တူညီရန်မလိုပေ။ တန်ဖိုး မညီ မျှရုံဖြင့် ပဋ္ဋိဉာဉ်ကို ပယ်ဖျက်ရန် အကြောင်းလုံလောက် မည်မဟုတ်။ အလွန်ပင်ကွာခြားနေသောကြောင့် ကတိပေးသူသည် နားမလည်၍ သော်လည်းကောင်း၊ အတင်းအကြပ်ပြုလုပ်ခြင်း(သို့မဟုတ်) မလျော်သြဇာ သုံးခြင်းကြောင့် သော်လည်းကောင်း ကတိပေးခဲ့ရသည်ဟု ဆုံးဖြတ်ရန် ခိုင်လုံမှသာ ပဋ္ဋိဉာဉ် ပျက်ပြယ်မည်ဖြစ်သည်။
ဥပဒေအရ ဆောင်ရွက်ရန် တာဝန်ရှိသူက တာဝန်ကို ဆောင်ရွက်ခြင်း။ဥပဒေအရ ဆောင်ရွက်ရန်တာဝန်အတွက် ဆောင်ရွက်ပါမည်ဟု ကတိပြုခြင်းသည် အဖိုးစားနားအသစ်ထပ်၍ ပေးရာမရောက်သဖြင့်ယင်းကတိအတွက် တစ်ဖက်ပဋ္ဋိဉာဉ်ပြုသူတွင် တာဝန်သက်ရောက်ခြင်းမရှိ။ပဋ္ဋိဉာဉ်ပျက်ပြယ်သော မှားယွင်းချက်။ ။ပဋ္ဋိဉာဉ်ဥပဒေပုဒ်မ -၂၀ တွင် မည်ကဲ့သို့မှားယွင်းချက်သည် ပဋ္ဋိဉာဉ်တစ်ရပ်အား ပျက်ပြယ်စေသည်ဟု ပြဌာန်းထားသည်။သဘောတူညီချက်၏ အရင်းမူလဖြစ်သောကြောင်းခြင်းရာ ကို သဘောတူညီသူ နှစ်ဦးနှစ်ဖက်စလုံးက မှားယွင်းပြီးပြုလုပ်ခဲ့သော ပဋ္ဋိဉာဉ်သည်အတည်ပြု၍ မရသော ပဋ္ဋိဉာဉ်ဖြစ်သည်။
မေးခွန်း (၂) - မိမိခြံဝင်းအတွင်းမှာ မိမိဘာသာအခိုင်အမာ လူနေအဆောက်အဦးကို ခြံအပြည့်နီးပါးဆောက်လုပ်ခွင့်ရှိပါသလား။ မြေဘယ်လောက်ချန်၍ ဆောက်လုပ်ခွင့်ရှိပါသလဲ။
အဖြေ (၂) - အဆောက်အဦးဆောက်လုပ်ရာတွင် အဆောက်အဦးဆိုင်ရာသတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဆောက်လုပ်ခွင့်တင်ရပါသည်။
ဆောက်လုပ်ခွင့်တင်ရာ၌ (၃)ထပ်နှင့်အောက် အဆောက်အဦး၊(၄) ထပ်မှ(၈)ထပ် အဆောက်အဦး ၊(၉)ထပ်တိုက် အဆောက်အဦးဟု၍ ခွဲခြားသတ်မှတ်ထားပြီး လျှောက်ထားရာ၌ မြေပုံ၊မြေရာဇဝင်၊မြေပိုင်ဆိုင်မှုအထောက်အထားများ၊ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာ သတ်မှတ်သည့်မြေပုံ၊ ဘေးပတ်ဝန်းကန့်ကွက်ရန်မရှိကြောင်း နှင့် အုပ်ချုပ်ရေးမှူး ထပ်ဆင့်ထောက်ခံချက်၊ ဆောက် လုပ်မည့် အဆောက် အဦးပုံစံများ၊ ကော်မတီက အခါအားလျှော်စွာ သတ်မှတ်တောင်းဆိုချက်များ၊ မြေခံနိုင် အားစမ်း သပ်မှု၊ မီးသတ်ဦးစီးဌာနမှ အကြံပြုချက်များ တင်ပြလျှောက် ထား ရမည်။အဆောက်အအုံဆောက်လုပ်ရာတွင် အောက်ပါစည်းမျဉ်းစည်းကမ်းအတိုင်းမြေချန်ထားမှုဖြင့်ဆောက်လုပ်ရမည်။
(၃)ထပ်နှင့်အောက်ဆို(၄၀×၆၀)မြေကွက်တွင် မိမိပိုင်နယ်နိမိတ်မှ ရှေ့ဘက် ၁၂’-ဝချန်ရမည်။နောက်ဘက်တွင်-BDS မရှိပါက ၆’-ဝ(အဆောက်အအုံနံရံမှ)ချန်ရမည်။
- BDS ရှိပါက ၁’-ဝ(အဆောက်အအုံနံရံမှ)ချန်ရမည်။ -ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၃’-ဝ’ ချန်ထားရမည်။
မျက်နှာစာအကျယ် ၂၅’နှင့်၃၉’ကြားမြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-၆’စီ ချန်ရမည်။
မျက်နှာစာအကျယ် ၂၅’နှင့်အောက် မြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-ဝ’စီချန်ရမည်။
(၄)ထပ်နှင့်အထက်ဆောက်လုပ်ပါက Downtown မြို့နယ်များတွင် ရှေ့ဘက်နှင့်ဘေးနှစ်ဘက်တွင် မြေပြည့်ဆောင်ရွက်နိုင်သည်။မြေပြည့်ဆောက်လုပ်ပါက နံရံပိတ်ဆောင်ရွက်နိုင်သည်။ကျန်မြို့နယ်များတွင်(၄၀×၆၀)အရွယ် မြေကွက်များတွင် မိမိပိုင်နယ်နိမိတ်မှ- အရှေ့ဘက် ၅’ Clear မြေချန်ရမည်။ဘေးနှစ်ဘက် အမိုးစွန်မှအနည်းဆုံး(၃’)စီချန်ထားရမည်။နောက်ဘက်တွင် -BDS ရှိက ၁’ချန်ရမည်။ - BDS မရှိက ၆’ ချန်ရမည်။
ရှေ့နောက်အရှည်(၅၀’)ပေမြေကွက်များတွင် ရှေ့ဘက်(၅’)မြေချန်ရမည်။ကျန်အထပ်များတွင် Cantilever ၄’ပြန်ထုတ်ပြီး ၁’ချန်ရမည်။မျက်နှာစာအကျယ် ၂၅’နှင့်၃၉’ကြားမြေကွက်များတွင် ဘေးနှစ်ဘက်အမိုးစွန်းမှ ၁’-၆’စီချန်ရမည်။မျက်နှာစာ ၂၅’အောက်မြေကွက်များတွင် ဘေးနှစ်ဘက်၌ အမိုးစွန်မှ ၁’-ဝ’စီချန်ရမည်။
အဓိကလမ်းမကြီးများတွင် ဆောက်လုပ်ပါက ရှေ့ဘက်တွင် မိမိပိုင်နယ်နိမိတ်မှ ပေ-၂၀ချန်ရမည်။ -(၉)ထပ်တိုက် အဆောက်အဦးဆောက်လုပ်ပါက အဓိကလမ်းမကြီးတွင် (၂၀’)ပေ ချန်ရပြီး ကျန်လမ်းမနှင့်လမ်းသွယ်တွင်(၁၂’)ပေချန်ရမည်။ ဘေးဝဲ/ယာ၊နောက်အား ၉ထပ်မှ၁၆ထပ် (၆’)ပေ၊၁၇ထပ်မှ၂၄ထပ်အထိ အနည်းဆုံး(၈’)ပေ ချန်ရပေမည်။၂၅ထပ်နှင့် အထက်အနည်းဆုံး(၁၀’)ပေချန်ရမည်။ အဆောက်အဦးခွင့်ပြုမိန့်ပါ ပုံစံအတိုင်း ဆောက်လုပ်ရမည်ဖြစ်ပြီး ခွင့်ပြုပုံစံနှင့်ကိုက်ညီခြင်းမရှိပါကသက်ဆိုင်ရာဌာနသို့ အချိန်မီ သတင်းပို့ရမည်။မည်သည့်အဆောက်အဦးကိုမဆိုဆောက်လုပ်ရန်အုတ်မြစ်ချရာစပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်အဆောက်အဦးလုပ်ငန်းဆိုင်ရာစစ်ဆေးမှုများကို တိကျပြည့်စုံစွာဆောင်ရွက်ပြီး ၊လုပ်ငန်း စစ်ဆေးမှုအစီရင်ခံစာအား အချိန်မီ မပျက်မကွက်တင်ပြရပါမည်။
မေးခွန်း (၃) - စက်မှုဇုံနဲ့ ကပ်လျက်လူနေရပ်ကွက်ထဲတွင် အသေးစားစက်ရုံ လုပ်ငန်းဆောက်လုပ်ခွင့်ရှိပါသလား။
အဖြေ (၃) - လူနေရပ်ကွက်တွင် စက်ရုံဆောက်လုပ်ခွင့်မပြုပါ။ စက်ရုံလုပ်ငန်းတည်ထောင်လိုပါကစက်မှုဇုံအတွင်းတွင်သာ စက်ရုံဆောက်လုပ်ခွင့်ရှိပါတယ်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် -ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသောပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိခြင်း၊ သဘာ၀ ပတ်ဝန်း ကျင်နှင့်လူမှုစီးပွားပတ်ဝန်းကျင်အပေါ်ဆိုးကျိုးမဖြစ်ပါ၊ မီးဘေး အန္တရယ်ကင်းရှင်းခြင်း၊လုပ်ငန်းခွင် ဘေး အန္တရာယ်နှင့်ကျန်းမာရေးထိခိုက်မှုမရှိမှသာ မှတ်ပုံတင်ခွင့်ပြုပါသည်။
အလုပ်ရုံရှိ အဆောက်အအုံ၊(သို့)အဆောက်အအုံ၏ အစိတ်အပိုင်းသော်လည်းကောင်း၊အလုပ်ရုံရှိလမ်း၊စက်ကိရိယာ၊(သို့)စက်၏အစိတ်အပိုင်းသည်လည်းကောင်း၊လူ့အသက်ကိုဘေးအန္တရယ်ဖြစ်စေမည့်(သို့)လူတို့ဘေးရန် ကင်းရှင်းမှုကို ထိခိုက်စေမည့်အခြေအနေမဖြစ်အောင် ကာကွယ်ကာရံထားရမည်။၂၀၁၁ခုနှစ်၊ဧပြီလ၊(၁)ရက်နေ့တွင် အိမ်တွင်းစက်မှုလုပ်ငန်းဦးစီးဌာနကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦး စီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဇွန်လတွင် သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနဖွဲ့စည်း ချိန်တွင် ထိုဝန်ကြီးဌာနအောက်သို့ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအားပြောင်းလဲ ဖွဲ့စည်း ခဲ့ကြသည်။ အသေးစားစီးပွားရေးလုပ်ငန်း၊အလတ်စားစီးပွားရေးလုပ်ငန်းဆိုသည်မှာရာနှုန်းပြည့် နိုင်ငံသားစီးပွားရေး လုပ်ငန်းလုပ်ဆောင်သူ (သို့)စီးပွားရေးအဖွဲ့အစည်းတို့မှ လုပ်ဆောင်သောလုပ်ငန်းကို ဆိုလိုသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ဆောင်ရာတွင် မိသားစုများဖြင့်သော်လည်း ကောင်း၊အလုပ်သမားငှားရမ်းအသုံးပြု၍သော်လည်းကောင်း၊စုပေါင်း၍သော်လည်းကောင်း၊အလုပ်သမား(၉)ဦးထပ်မပိုသည့်ထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းနှင့်အလုပ်သမား(၃)ဦးနှင့် အထက်ရှိသော အိမ်တွင်းစက်မှုလုပ်ငန်းများမှတ်ပုံတင်နိုင်သည်။
စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချ လုပ်ကိုင် ဆောင်ရွက်လာစေရန်နှင့်စက်မှုလုပ်ငန်းများ ကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများမဖြစ်ပေါ်စေရေး၊ လျော့နည်း စေရေး အတွက် သက်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်း၊စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စီမံ ဆောင် ရွက်ရမည်။
စက်မှုဇုန်အတွင်းမြေငှားကာ စက်ရုံဆောက်လုပ်မည်ဆိုပါက ဒေသဆိုင်ရာ ကော်မတီထံတွင် နှစ်-၅၀မြေငှားရမ်းဆောက်လုပ်နိုင်ပြီး သက်တမ်းကျော်လွန်ပါက နှစ်(၁၀) (၂)ကြိမ်သက်တမ်းတိုးနိုင်သည်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊စွန့်ပစ်ပစ္စည်း ဆိုင်ရာကိစ္စရပ်များအားစနစ်တကျစီမံ ဆောင်ရွက်နိုင်သည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်း⏲မှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....?မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။ ?‍♀️
မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
royal-hill
7Mile Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service