တက်ကပ်၊ဆုတ်ကပ်

တက်ကပ်၊ဆုတ်ကပ် - Property Knowledge in Myanmar from iMyanmarHouse.com
5 May 2023 4:11 pm တွင် တင်ခဲ့သည်
1193 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

တက်ကပ်….လူတို့၏သက်တမ်းသည် အတည်အမြဲ မရှိဘဲ အတိုးအဆုတ်ရှိ၏။ လူတို့သည်အကုသိုလ်များ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားနေပါက ကံ၊စိတ်၊ဥတု၊အာဟာရ(၄)ပါးဖြင့် ကေားမွန်ပြည့်စုံနေသော ကြောင့် လူ့သက်တမ်းသည် အသက်အသင်္ချေနေနိုင်ကြ၏။ဤသို့လူတို့၏သက်တမ်း တဖြည်းဖြည်းပို၍ ရှည်ကြာနေသောကာလကို တက်ကပ်ဟုခေါ်၏။

ဥပမာ-တက်ကပ်တွင် လက်ရှိလူ့သက်တမ်း တစ်ရာဖြစ်ပါက နောက်နှစ်တစ်ရာတွင် လူ့သက်တမ်း နှစ်ရာ ဖြစ်လာ၏။နောက်နှစ်တစ်ရာတွင် လူ့သက်တမ်း လေးရာဖြစ်လာ၏။ ဤသို့နှစ်တစ်ရာ ပြည့်တိုင်း ယေဘုယျအားဖြင့် လူ့သက်တမ်း တစ်ဆတက်လာပြီး သက်တမ်းအသင်္ချေထိနေကြရ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်းနှင့်အစာရေစာပေါများခြင်း စသော ကုဌာရုံသဘောများသည် တက်ကပ်၏ အမှတ်အသားများပင်ဖြစ်သည်။

ဆုတ်ကပ်….လူတို့၏ကုသိုလ်တရားများ ဆုတ်ယုတ်လာမှုနှင့် လောဘ၊ဒေါသ၊မောဟတည်းဟူသော အကုသိုလ်တရားများ တိုးပွားလာမှုကြောင့် ကံ၊စိတ်၊ဥတု၊အာဟာရအကြောင်း(၄)ပါး ပျက်စီးကာ လူတို့၏ သက်တမ်းအသင်္ချေမှ ပြန်ဆုတ်လာသောကာလကို ဆုတ်ကပ်ဟုခေါ်၏။အသက်တိုခြင်း၊ အဆင်းမလှခြင်းနှင့် အစာရေစာခေါင်းပါးခြင်း စသော အနိဌာရုံသဘောများသည် ဆုတ်ကပ်၏ အမှတ်အသားများပင်ဖြစ်၏။

ဆုတ်ကပ်သည်ယေဘုယျအားဖြင့် အနှစ်တစ်ရာလျှင် တစ်နှစ်ဆုတ်သည်။ယခု ကာလသည်ဆုတ်ကပ်ကာလ ဖြစ်၏။ဘုရားရှင်လက်ထက်က လူ့သက်တမ်းသည် နှစ်တစ်ရာသက်တမ်းဖြစ်၏။ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ် (၂၅၀၀) ကျော်ခဲ့ပြီဖြစ်ရာ လူ့သက်တမ်းမှာ (၇၅)နှစ်သာရှိတော့သည်။လူတစ်ဦးချင်းစီ၏ ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်း(၄)ပါးကိုလိုက်ပြီး အတိုးအလျော့ရှိနိုင်ပေသည်။

ဤဆုတ်ကပ်သည် သက်တမ်း(၁၀)နှစ်ထိကျဆင်းသွားမည်။ယင်း(၁၀)နှစ်တမ်းတွင် ၅ နှစ်သားဖြင့် အိမ်ထောင်သားမွေးပြုကြပြီး အကုသိုလ်တရားဆိုးများသာ ဖုံးလွှမ်းနေမည်ဖြစ်၏။ ထိုအခါလူ့လောကတွင် ကပ်(၃)ပါးဘေးကြီးဆိုက်ရောက်ခါ အကြီးအကျယ် သေကြေပျက်စီးကြမည်။

ကပ်ကြီး(၃)ပါးတွင်-

‘ဒုဗ္ဘိက္ခန္တရကပ်’ - အသင်္ချေယျသက်တမ်းမှ ဆယ်နှစ်တမ်းအထိ ဆုတ်ယုတ်လာသည့်အခါ လောဘ အထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ ‘ငတ်မွတ်ခြင်းဘေးကြီး’ ဖြစ်ပြီး မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ဤ ဆုတ်ကပ်မျိုးကို ‘ဒုဗ္ဘိက္ခန္တရကပ်’ဟုခေါ်သည်။

‘သတ္တန္တရကပ်’ - ဒေါသအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ ‘အချင်းချင်း လက်နက်တို့ဖြင့် သတ်ဖြတ်ခြင်းဘေးကြီး’ဖြစ်ပြီး မကောင်းသူတွေမှန်သမျှ သေကျေပျက်စီး ကြရ၏။ဤဆုတ်ကပ်မျိုးကို ‘သတ္တန္တရကပ်’ဟုခေါ်သည်။

‘ရောဂန္တရကပ်’ - မောဟအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ ‘ရောဂါဆိုးဘေးကြီး’ ဖြစ်ပြီး မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏ဤဆုတ်ယုတ်ကပ်မျိုးကို ‘ရောဂန္တရကပ်’ ဟုခေါ်သည်။

မသေဘဲကျန်ရှိနေကြမည့် အနည်းငယ်မျှသောလူတို့သာ သတိသံဝေဂရပြီး မေတ္တာဗြဟ္မစိုရ်ကုသိုလ်တရားများ ပြန်လည်ပွားများလာသဖြင့် ကံ၊စိတ်၊ဥတု၊အာဟာရ တည်းဟူသော အကြောင်း(၄)ပါးဖြင့် ကောင်းမွန်ပြည့်စုံ လာကာ အသက်အသင်္ချေယျတမ်းအထိ တိုးတက်သွားပြန်သည်။ထိုအချိန်ကာလကို ‘ဝဍ္ဎနကပ္ပ’ တက်ကပ်သို့ ပြန်လည် ရောက်ရှိခြင်းပင်ဖြစ်သည်။

ထိုတက်ကပ်ဆုတ်ကပ်တစ်စုံကို ‘အန္တရကပ်တစ်ကပ်’ဟုခေါ်ဆိုပြီး ၎င်း ‘အန္တရကပ်’ပေါင်း ခြောက်ဆယ့်လေးကို ‘အသင်္ချေယျကပ်တစ်ကပ်’ဟုခေါ်ခြင်းဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တက္ကပ္၊ဆုတ္ကပ္

တက္ကပ္….လူတို႔၏သက္တမ္းသည္ အတည္အၿမဲ မ႐ွိဘဲ အတိုးအဆုတ္႐ွိ၏။ လူတို႔သည္အကုသိုလ္မ်ား ဆုတ္ယုတ္ၿပီး ကုသိုလ္တရားမ်ား တိုးပြားေနပါက ကံ၊စိတ္၊ဥတု၊အာဟာရ(၄)ပါးျဖင့္ ေကားမြန္ျပည့္စုံေနေသာ ေၾကာင့္ လူ႕သက္တမ္းသည္ အသက္အသေခ်ၤေနႏိုင္ၾက၏။ဤသို႔လူတို႔၏သက္တမ္း တျဖည္းျဖည္းပို၍ ႐ွည္ၾကာေနေသာကာလကို တက္ကပ္ဟုေခၚ၏။

ဥပမာ-တက္ကပ္တြင္ လက္႐ွိလူ႕သက္တမ္း တစ္ရာျဖစ္ပါက ေနာက္ႏွစ္တစ္ရာတြင္ လူ႕သက္တမ္း ႏွစ္ရာ ျဖစ္လာ၏။ေနာက္ႏွစ္တစ္ရာတြင္ လူ႕သက္တမ္း ေလးရာျဖစ္လာ၏။ ဤသို႔ႏွစ္တစ္ရာ ျပည့္တိုင္း ေယဘုယ်အားျဖင့္ လူ႕သက္တမ္း တစ္ဆတက္လာၿပီး သက္တမ္းအသေခ်ၤထိေနၾကရ၏။ အသက္႐ွည္ျခင္း၊ အဆင္းလွျခင္းႏွင့္အစာေရစာေပါမ်ားျခင္း စေသာ ကုဌာ႐ုံသေဘာမ်ားသည္ တက္ကပ္၏ အမွတ္အသားမ်ားပင္ျဖစ္သည္။

ဆုတ္ကပ္….လူတို႔၏ကုသိုလ္တရားမ်ား ဆုတ္ယုတ္လာမႈႏွင့္ ေလာဘ၊ေဒါသ၊ေမာဟတည္းဟူေသာ အကုသိုလ္တရားမ်ား တိုးပြားလာမႈေၾကာင့္ ကံ၊စိတ္၊ဥတု၊အာဟာရအေၾကာင္း(၄)ပါး ပ်က္စီးကာ လူတို႔၏ သက္တမ္းအသေခ်ၤမွ ျပန္ဆုတ္လာေသာကာလကို ဆုတ္ကပ္ဟုေခၚ၏။အသက္တိုျခင္း၊ အဆင္းမလွျခင္းႏွင့္ အစာေရစာေခါင္းပါးျခင္း စေသာ အနိဌာ႐ုံသေဘာမ်ားသည္ ဆုတ္ကပ္၏ အမွတ္အသားမ်ားပင္ျဖစ္၏။

ဆုတ္ကပ္သည္ေယဘုယ်အားျဖင့္ အႏွစ္တစ္ရာလွ်င္ တစ္ႏွစ္ဆုတ္သည္။ယခု ကာလသည္ဆုတ္ကပ္ကာလ ျဖစ္၏။ဘုရား႐ွင္လက္ထက္က လူ႕သက္တမ္းသည္ ႏွစ္တစ္ရာသက္တမ္းျဖစ္၏။ဘုရား႐ွင္ ပရိနိဗၺာန္စံၿပီး ႏွစ္ (၂၅၀၀) ေက်ာ္ခဲ့ၿပီျဖစ္ရာ လူ႕သက္တမ္းမွာ (၇၅)ႏွစ္သာ႐ွိေတာ့သည္။လူတစ္ဦးခ်င္းစီ၏ ကံ၊စိတ္၊ဥတု၊အာဟာရ အေၾကာင္း(၄)ပါးကိုလိုက္ၿပီး အတိုးအေလ်ာ့႐ွိႏိုင္ေပသည္။

ဤဆုတ္ကပ္သည္ သက္တမ္း(၁၀)ႏွစ္ထိက်ဆင္းသြားမည္။ယင္း(၁၀)ႏွစ္တမ္းတြင္ ၅ ႏွစ္သားျဖင့္ အိမ္ေထာင္သားေမြးျပဳၾကၿပီး အကုသိုလ္တရားဆိုးမ်ားသာ ဖုံးလႊမ္းေနမည္ျဖစ္၏။ ထိုအခါလူ႕ေလာကတြင္ ကပ္(၃)ပါးေဘးႀကီးဆိုက္ေရာက္ခါ အႀကီးအက်ယ္ ေသေၾကပ်က္စီးၾကမည္။

ကပ္ႀကီး(၃)ပါးတြင္-

‘ဒုဗ႓ိကၡႏၲရကပ္’ - အသေခ်ၤယ်သက္တမ္းမွ ဆယ္ႏွစ္တမ္းအထိ ဆုတ္ယုတ္လာသည့္အခါ ေလာဘ အထူးလႊမ္းမိုး၍ ဆုတ္ယုတ္လာရျခင္းျဖစ္လွ်င္ အဆုံးသတ္ ခုနစ္ရက္အတြင္းမွာ ‘ငတ္မြတ္ျခင္းေဘးႀကီး’ ျဖစ္ၿပီး မေကာင္းသူေတြမွန္သမွ် ေသေက်ပ်က္စီးၾကရ၏။ဤ ဆုတ္ကပ္မ်ိဳးကို ‘ဒုဗ႓ိကၡႏၲရကပ္’ဟုေခၚသည္။

‘သတၱႏၲရကပ္’ - ေဒါသအထူးလႊမ္းမိုး၍ ဆုတ္ယုတ္လာရျခင္းျဖစ္လွ်င္ အဆုံးသတ္ ခုနစ္ရက္အတြင္းမွာ ‘အခ်င္းခ်င္း လက္နက္တို႔ျဖင့္ သတ္ျဖတ္ျခင္းေဘးႀကီး’ျဖစ္ၿပီး မေကာင္းသူေတြမွန္သမွ် ေသေက်ပ်က္စီး ၾကရ၏။ဤဆုတ္ကပ္မ်ိဳးကို ‘သတၱႏၲရကပ္’ဟုေခၚသည္။

‘ေရာဂႏၲရကပ္’ - ေမာဟအထူးလႊမ္းမိုး၍ ဆုတ္ယုတ္လာရျခင္းျဖစ္လွ်င္ အဆုံးသတ္ ခုနစ္ရက္အတြင္းမွာ ‘ေရာဂါဆိုးေဘးႀကီး’ ျဖစ္ၿပီး မေကာင္းသူေတြမွန္သမွ် ေသေက်ပ်က္စီးၾကရ၏ဤဆုတ္ယုတ္ကပ္မ်ိဳးကို ‘ေရာဂႏၲရကပ္’ ဟုေခၚသည္။

မေသဘဲက်န္႐ွိေနၾကမည့္ အနည္းငယ္မွ်ေသာလူတို႔သာ သတိသံေဝဂရၿပီး ေမတၱာျဗဟၼစိုရ္ကုသိုလ္တရားမ်ား ျပန္လည္ပြားမ်ားလာသျဖင့္ ကံ၊စိတ္၊ဥတု၊အာဟာရ တည္းဟူေသာ အေၾကာင္း(၄)ပါးျဖင့္ ေကာင္းမြန္ျပည့္စုံ လာကာ အသက္အသေခ်ၤယ်တမ္းအထိ တိုးတက္သြားျပန္သည္။ထိုအခ်ိန္ကာလကို ‘ဝၯနကပၸ’ တက္ကပ္သို႔ ျပန္လည္ ေရာက္႐ွိျခင္းပင္ျဖစ္သည္။

ထိုတက္ကပ္ဆုတ္ကပ္တစ္စုံကို ‘အႏၲရကပ္တစ္ကပ္’ဟုေခၚဆိုၿပီး ၎ ‘အႏၲရကပ္’ေပါင္း ေျခာက္ဆယ့္ေလးကို ‘အသေခ်ၤယ်ကပ္တစ္ကပ္’ဟုေခၚျခင္းျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service