Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒိုဒီကာပရီယို၏ နေအိမ်အဖြစ် ရိုက်ကူးခဲ့ဖူးသော နယူးယောက်မှ စံအိမ် ဒေါ်လာ ၁၀ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒိုဒီကာပရီယို၏ နေအိမ်အဖြစ် ရိုက်ကူးခဲ့ဖူးသော နယူးယောက်မှ စံအိမ် ဒေါ်လာ ၁၀ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4 May 2023 10:25 am တွင် တင်ခဲ့သည်
423 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ် အရှေ့တောင်ပိုင်းရှိ Long Island ကျွန်းတွင် Wolf of Wall Street ရုပ်ရှင်ကားအတွင်း လီယိုနာဒိုဒီကာပရီယိုနှင့် Margot Robbie တို့၏ နေအိမ်အဖြစ် ရိုက်ကူးခဲ့ဖူးသော စံအိမ် အရောင်းဈေးကွက်ဝင်လာသည်။
Long Island ကျွန်းမှ Oyster Bay ရှိ သာယာလှပသော ကျေးရွာကလေးတစ်ခုတွင် တည်ရှိပြီး ပြင်သစ်ဟန်ဖြင့် ဆောက်လုပ်ထားကာ အကျယ်အဝန်း စတုရန်းပေ ၁၅၀၀၀ ရှိသည့်စံအိမ်ကို ကန်ဒေါ်လာ ၉ ဒသမ ၉၉၅ သန်း ဈေးခေါ်ထားသည်။
လီယိုနာဒို၏ ဝက်ဝက်ကွဲအောင်မြင်ခဲ့သော ရုပ်ရှင်တွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးရုံမျှမက ရုပ်သံအစီအစဉ်များစွာ တွင်လည်း ပါဝင်ခဲ့ဖူးသည့် စံအိမ်ကြီး၏ ခြံဝန်းအကျယ်မှာ ၅ ဧကရှိသည်။
စံအိမ်အတွင်း အံ့သြမှင်သက်ဖွယ် အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၇ ခန်း ၊ ဆံပင်ညှပ်ဆိုင်တို့ အပါအဝင် အခြား Facility များစွာ ပါဝင်သည်။
(၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သော Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒိုဒီကာပရီယို၏ နေအိမ်အဖြစ် ရိုက်ကူးခဲ့ဖူးသောစံအိမ် )
(အများသုံးအခန်းတိုင်းနီးပါးတွင် မီးလင်ဖိုတစ်ခုပါသည်။)
(လီယိုနာဒို၏ ဤစံအိမ်ကို အခန်းပေါင်းများစွာ ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။)
နေအိမ်ကို အရောင်းဈေးကွက် တင်ပေးသည်မှာ နယူးယောက်မြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ ဖြစ်သော Douglas Elliman မှဖြစ်ပြီး ပြီးခဲ့သောနှစ် ဇွန်လကတည်းက ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
အရောင်းဈေးကွက်တင်ပြီး ၁၀ လကြာသည့်အထိ ယခုတိုင် ဝယ်လက်မပေါ်သေး။
(နယူးယောက်မြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်သော Douglas Elliman မှ အရောင်းဈေးကွက်တင်ပေးထားခြင်း ဖြစ်သည်။)
(အရောင်းဈေးကွက်တင်ပြီး ၁၀ လကြာသည့်အထိ ယခုတိုင် ဝယ်လက်မပေါ်သေး။)
(ဤစံအိမ်ကြီးသည် မြင်းစီးဝါသနာရှင်တို့အတွက် နိဗ္ဗာန်ဘုံတစ်ခုလည်း ဖြစ်သည်။)
(ခြံဝန်းအတွင်း အပူပေးစနစ်ပါသော ဆားရေကန်တစ်ခုလည်း ရှိသည်။)
(စံအိမ်အတွင်းရှိ အခန်းများအနက် တစ်ခုကို တွေ့ရပုံ။)
(နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်မှ မော်တော်ကားဖြင့် မိနစ် ၅၀ ခရီးသာ ဝေးကွာသည်။)
(စံအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်သည်။)
(ညစာစားခန်း)
(Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒိုနှင့် Margot Robbie တို့ကို ဤစံအိမ်အတွင်း တွေ့ရပုံ။)
(နေအိမ်အတွင်းမှ လှေကားတစ်ခု)
(ဤစံအိမ်ကို ၂၀၁၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ရုပ်သံအစီအစဉ်များစွာတွင် ပါဝင်ခဲ့ဖူးသည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Howling all the way to the bank: Long Island mansion that was the home of Leonardo DiCaprio and Margot Robbie in Wolf of Wall Street goes on the market for $10M (dailymail)
[Zawgyi]
(ညစာစားခန်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
Innwa Pyae Sone
Sweet Dream Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service