ဟောင်ကောင်တွင် မေလကုန်တွင် ကျင်းပမည့် ချောင်ကျုံးဘန် မုန့်လုပွဲတော်

ဟောင်ကောင်တွင် မေလကုန်တွင် ကျင်းပမည့် ချောင်ကျုံးဘန် မုန့်လုပွဲတော် - Property News in Myanmar from iMyanmarHouse.com
3 May 2023 3:19 pm တွင် တင်ခဲ့သည်
429 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Cheung Chau bun ချောင်ကျုံးဘန်ပွဲတော်

နေရာ- ချောင်ချောကျွန်း ၊ ဟောင်ကောင်

အချိန်- နှစ်စဉ် မေလအတွင်း။ ၂၀၂၃ ခုနှစ် မေလ၂၃ ရက်မှ ၂၇ ရက်အထိ

ပွဲတော်ကာလ- ၄ ရက်

ဟောင်ကောင်တွင် လပြက္ခဒိန်၏ ၄ လမြောက် (မေလ)တွင် Cheung Chau bun ချောင်ကျုံးဘန်ပွဲတော်ကို ကျင်းပသည်။ ထိုပွဲတော်ကာလသည် ဗုဒ္ဓဖွားတော်မူသော နေ့ထူးနေ့မြတ်နှင့်လည်း တိုက်ဆိုင်နေသည်။

ချောင်ချောကျွန်းသည် ဟောင်ကောင်မှ လှေဖြင့်သွားလျှင် အချိန်အနည်းငယ်သာ သွားရသည်။

အဆိုပါ ကျွန်းပေါ်ရှိ Pak Tai ဘုရားကျောင်းသည် ကျွန်း၏ အထင်ကရ နေရာတစ်ခုဖြစ်ပြီး Cheung Chaubun ချောင်ကျုံးဘန်ပွဲတော် ကျင်းပသည့် နေရာလည်းဖြစ်သည်။

၁၆၀၀ ပြည့်လွန်ကာလများက ဟောင်ကောင်တွင် ပလိပ်ရောဂါ ပျံ့ပွားခဲ့စဉ် ကာလအတွင်း ဒေသခံများက Pak Tai ဘုရားကျောင်းရှေ့တွင် ယစ်ပူဇော်သည့် နေရာတစ်ခု ပြုလုပ်ကာ မကောင်းဆိုးဝါးများအား ကျွန်းပေါ်မှ ထွက်သွားရန်နှင့် ပလိပ်ရောဂါကြီး ပပျောက်ရန် ဆုတောင်းခဲ့ကြသည်။

ယင်းနောက်ပိုင်း ပလိပ်ရောဂါကြီး ပျောက်ကွယ်သွားခဲ့ရာ ဒေသခံများက ၎င်းတို့၏ ဆုတောင်းမှုများ အထမြောက်ခဲ့ကြောင်း ယုံကြည်ခဲ့ပြီး တေးဂီတ ၊ အကပွဲတော်လှည့်လည်ခြင်းများဖြင့် နှစ်စဉ် ပွဲလမ်းသဘင်များ ကျင်းပခဲ့ကြသည်။

ပွဲတော် ၄ ရက်တာ ကာလအတွင်း ဝါးဖြင့်ပြုလုပ်သော မျှော်စင်များ ဆောက်လုပ်ကာ အစာသွပ်ပေါင်မုန့်များဖြင့် မျှော်စင်အပြည့် မွမ်းမံကြသည်။

နောက်ပိုင်းကာလတွင်မူ စတီးဖရိန်ဖြင့် ပြုလုပ်လာကြသည်။ ပွဲတော်တွင် ခြင်္သေ့အက ၊ နဂါးအကများ ၊ ဒဏ္ဍာရီလာ ဇာတ်ကောင်များအတိုင်း ဝတ်စားဆင်ယင် ပွဲတော်လှည့်လည်ခြင်းများ ပြုလုပ်ကြသည်။

ပွဲတော် နောက်ဆုံးနေ့တွင် ပေ ၆၀ မြင့်သော မျှော်စင်ပေါ်သို့ ပြိုင်ပွဲဝင်များ တက်ရောက်ကာ သတ်မှတ်ထား သော အချိန်အတွင်း မုန့်များ များများယူဆောင်ရခြင်း ဖြစ်သည်။

မုန့်အများဆုံးနှင့် အမြင့်ဆုံးနေရာရှိ မုန့်များကို ယူဆောင်နိုင်သူက အနိုင်ရသည်။

နောက်ဆုံးနေ့ ညသန်းခေါင်ယံအချိန်ရောက်သည်ဆိုသည်နှင့် ထိုပွဲတော်ကို ကြည့်ရန် ပရိသတ်ထောင်သောင်းချီကာ ရောက်ရှိလာကြသည်။

ရွေးချယ်ခံရသော ပြိုင်ပွဲဝင် ၁၂ ဦးသည် ပေးထားသောအချိန် ၃ မိနစ်အတွင်း မျှော်စင်ပေါ်သို့ တက်ကာ မုန့်များ များများယူရခြင်း ဖြစ်သည်။

ဟောင်ကောင်မှ ၆ မိုင်ခန့်သာ ဝေးကွာသော ချောင်ချောကျွန်းတွင် ကျင်းပသော ပွဲတော်သို့ နှစ်စဉ် လာရောက်ကြည့်ရှုသူ ၇၀၀၀၀ ခန့်ရှိသည်။

(Piu Sik ဟုခေါ်သော ပွဲတော်လှည့်အခမ်းအနားတွင် လှပဆန်းကြယ်စွာ ဝတ်ဆင်ထားသော ကလေးများကို လေပေါ်တွင် ဈာန်ပျံနေသည့်အလား တွေ့မြင်ရမည် ဖြစ်သည်။)

(Piu Sik ဟုခေါ်သော ပွဲတော်လှည့်အခမ်းအနား)

(ရွေးချယ်ခံရသော ပြိုင်ပွဲဝင် ၁၂ ဦးသည် ပေးထားသောအချိန် ၃ မိနစ်အတွင်း မျှော်စင်ပေါ်သို့ တက်ကာ မုန့်များ များများယူရခြင်း ဖြစ်သည်။)

လေပေါ်တွင် ပျံသန်းနေသည့်ဟန် တွေ့ရသောကလေးငယ်များသည် ရိုးရာဓလေ့ ယုံကြည်ကိုးကွယ်ကြသော နတ်ဘုရားများနှင့် လက်ရှိနိုင်ငံရေးခေါင်းဆောင်တို့၏ ဟန်ပန်အတိုင်း ဝတ်စားဆင်ယင်ကြခြင်း ဖြစ်သည်။

(ပွဲတော်လှည့် အခမ်းအနားတွင် ခြင်္သေ့နှင့် နဂါးအကများ ပါဝင်သည်။)

(ဤပွဲတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ရှိခဲ့ပြီး ဖြစ်သည်။)

(Piu Sik ပွဲတော်လှည့်အခမ်းအနား)

(ပွဲတော်တွင် အဓိကအသုံးပြုသော Bun မုန့်များ )

(လူအုပ်၏ အပေါ်တွင် ကလေးငယ်တစ်ဦးကို ယပ်တောင်တစ်ခု ကိုင်ထားရင်း တွေ့ရပုံ)

(နှစ်စဉ် လူပေါင်း ၇၀၀၀၀ လာရောက်ကြသည့် ပွဲတော်တွင် အနောက်နိုင်ငံသားများကိုလည်း တွေ့ရသည်။)

(ကျွန်းသူကျွန်းသားများအား ပလိပ်ရောဂါမှ ကာကွယ်ပေးခဲ့သော Pak Tai နတ်ဘုရားကို ဂုဏ်ပြုသောအားဖြင့် ဤပွဲတော်ကို ကျင်းပခြင်း ဖြစ်သည်။)

(ပွဲတော်ကာလအတွင်း ဒေသတွင်း မုန့်ဖုတ်သမားတို့က Bun မုန့်များတွင် ကံကောင်းစေသော အမှတ်တံဆိပ်များ ရိုက်နှိပ်ကာ ပွဲတော်လာ ပရိသတ်များကို ပေးဝေကြသည်။)

(ဤ ရိုးရာဓလေ့ကို မျိုးဆက်များစွာ လက်ဆင့်ကမ်းခဲ့ကြပြီး နောက်ပိုင်းတွင် ပွဲစီစဉ်သူတို့က ရိုးရာဓလေ့အပြင် ပေါ့ပ်ကြယ်ပွင့်များ ခေါ်ယူခြင်းတို့ ပေါင်းစပ်အားဖြည့်လာကြသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cheung Chau Bun Festival – Cheung Chau Island, Hong Kong (dailymail)

[Zawgyi]

ေဟာင္ေကာင္တြင္ ေမလကုန္တြင္ က်င္းပမည့္ ေခ်ာင္က်ံဳးဘန္ မုန္႔လုပြဲေတာ္

Cheung Chau bun ေခ်ာင္က်ဳံးဘန္ပြဲေတာ္

ေနရာ- ေခ်ာင္ေခ်ာကၽြန္း ၊ ေဟာင္ေကာင္

အခ်ိန္- ႏွစ္စဥ္ ေမလအတြင္း။ ၂၀၂၃ ခုႏွစ္ ေမလ၂၃ ရက္မွ ၂၇ ရက္အထိ

ပြဲေတာ္ကာလ- ၄ ရက္

ေဟာင္ေကာင္တြင္ လျပကၡဒိန္၏ ၄ လေျမာက္ (ေမလ)တြင္ Cheung Chau bun ေခ်ာင္က်ဳံးဘန္ပြဲေတာ္ကို က်င္းပသည္။ ထိုပြဲေတာ္ကာလသည္ ဗုဒၶဖြားေတာ္မူေသာ ေန႔ထူးေန႔ျမတ္ႏွင့္လည္း တုိက္ဆိုင္ေနသည္။

ေခ်ာင္ေခ်ာကၽြန္းသည္ ေဟာင္ေကာင္မွ ေလွျဖင့္သြားလွ်င္ အခ်ိန္အနည္းငယ္သာ သြားရသည္။

အဆိုပါ ကၽြန္းေပၚရွိ Pak Tai ဘုရားေက်ာင္းသည္ ကၽြန္း၏ အထင္ကရ ေနရာတစ္ခုျဖစ္ျပီး Cheung Chaubun ေခ်ာင္က်ဳံးဘန္ပြဲေတာ္ က်င္းပသည့္ ေနရာလည္းျဖစ္သည္။

၁၆၀၀ ျပည့္လြန္ကာလမ်ားက ေဟာင္ေကာင္တြင္ ပလိပ္ေရာဂါ ပ်ံ႕ပြားခဲ့စဥ္ ကာလအတြင္း ေဒသခံမ်ားက Pak Tai ဘုရားေက်ာင္းေရွ႕တြင္ ယစ္ပူေဇာ္သည့္ ေနရာတစ္ခု ျပဳလုပ္ကာ မေကာင္းဆိုးဝါးမ်ားအား ကၽြန္းေပၚမွ ထြက္သြားရန္ႏွင့္ ပလိပ္ေရာဂါၾကီး ပေပ်ာက္ရန္ ဆုေတာင္းခဲ့ၾကသည္။

ယင္းေနာက္ပိုင္း ပလိပ္ေရာဂါၾကီး ေပ်ာက္ကြယ္သြားခဲ့ရာ ေဒသခံမ်ားက ၎တို႔၏ ဆုေတာင္းမႈမ်ား အထေျမာက္ခဲ့ေၾကာင္း ယံုၾကည္ခဲ့ျပီး ေတးဂီတ ၊ အကပြဲေတာ္လွည့္လည္ျခင္းမ်ားျဖင့္ ႏွစ္စဥ္ ပြဲလမ္းသဘင္မ်ား က်င္းပခဲ့ၾကသည္။

ပြဲေတာ္ ၄ ရက္တာ ကာလအတြင္း ဝါးျဖင့္ျပဳလုပ္ေသာ ေမွ်ာ္စင္မ်ား ေဆာက္လုပ္ကာ အစာသြပ္ေပါင္မုန္႔မ်ားျဖင့္ ေမွ်ာ္စင္အျပည့္ မြမ္းမံၾကသည္။

ေနာက္ပုိင္းကာလတြင္မူ စတီးဖရိန္ျဖင့္ ျပဳလုပ္လာၾကသည္။ ပြဲေတာ္တြင္ ျခေသၤ့အက ၊ နဂါးအကမ်ား ၊ ဒ႑ာရီလာ ဇာတ္ေကာင္မ်ားအတိုင္း ဝတ္စားဆင္ယင္ ပြဲေတာ္လွည့္လည္ျခင္းမ်ား ျပဳလုပ္ၾကသည္။

ပြဲေတာ္ ေနာက္ဆံုးေန႔တြင္ ေပ ၆၀ ျမင့္ေသာ ေမွ်ာ္စင္ေပၚသုိ႔ ျပိဳင္ပြဲဝင္မ်ား တက္ေရာက္ကာ သတ္မွတ္ထား ေသာ အခ်ိန္အတြင္း မုန္႔မ်ား မ်ားမ်ားယူေဆာင္ရျခင္း ျဖစ္သည္။

မုန္႔အမ်ားဆံုးႏွင့္ အျမင့္ဆံုးေနရာရွိ မုန္႔မ်ားကို ယူေဆာင္ႏိုင္သူက အႏိုင္ရသည္။

ေနာက္ဆံုးေန႔ ညသန္းေခါင္ယံအခ်ိန္ေရာက္သည္ဆိုသည္ႏွင့္ ထိုပြဲေတာ္ကို ၾကည့္ရန္ ပရိသတ္ေထာင္ေသာင္းခ်ီကာ ေရာက္ရွိလာၾကသည္။

ေရြးခ်ယ္ခံရေသာ ျပိဳင္ပြဲဝင္ ၁၂ ဦးသည္ ေပးထားေသာအခ်ိန္ ၃ မိနစ္အတြင္း ေမွ်ာ္စင္ေပၚသို႔ တက္ကာ မုန္႔မ်ား မ်ားမ်ားယူရျခင္း ျဖစ္သည္။

ေဟာင္ေကာင္မွ ၆ မိုင္ခန္႔သာ ေဝးကြာေသာ ေခ်ာင္ေခ်ာကၽြန္းတြင္ က်င္းပေသာ ပြဲေတာ္သုိ႔ ႏွစ္စဥ္ လာေရာက္ၾကည့္ရႈသူ ၇၀၀၀၀ ခန္႔ရွိသည္။

(Piu Sik ဟုေခၚေသာ ပြဲေတာ္လွည့္အခမ္းအနားတြင္ လွပဆန္းၾကယ္စြာ ဝတ္ဆင္ထားေသာ ကေလးမ်ားကို ေလေပၚတြင္ စ်ာန္ပ်ံေနသည့္အလား ေတြ႔ျမင္ရမည္ ျဖစ္သည္။)

(Piu Sik ဟုေခၚေသာ ပြဲေတာ္လွည့္အခမ္းအနား)

(ေရြးခ်ယ္ခံရေသာ ျပိဳင္ပြဲဝင္ ၁၂ ဦးသည္ ေပးထားေသာအခ်ိန္ ၃ မိနစ္အတြင္း ေမွ်ာ္စင္ေပၚသို႔ တက္ကာ မုန္႔မ်ား မ်ားမ်ားယူရျခင္း ျဖစ္သည္။)

ေလေပၚတြင္ ပ်ံသန္းေနသည့္ဟန္ ေတြ႔ရေသာကေလးငယ္မ်ားသည္ ရိုးရာဓေလ့ ယံုၾကည္ကိုးကြယ္ၾကေသာ နတ္ဘုရားမ်ားႏွင့္ လက္ရွိႏိုင္ငံေရးေခါင္းေဆာင္တုိ႔၏ ဟန္ပန္အတုိင္း ဝတ္စားဆင္ယင္ၾကျခင္း ျဖစ္သည္။

(ပြဲေတာ္လွည့္ အခမ္းအနားတြင္ ျခေသၤ့ႏွင့္ နဂါးအကမ်ား ပါဝင္သည္။)

(ဤပြဲေတာ္သည္ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၁၀၀ ရွိခဲ့ျပီး ျဖစ္သည္။)

(Piu Sik ပြဲေတာ္လွည့္အခမ္းအနား)

(ပြဲေတာ္တြင္ အဓိကအသံုးျပဳေသာ Bun မုန္႔မ်ား )

(လူအုပ္၏ အေပၚတြင္ ကေလးငယ္တစ္ဦးကို ယပ္ေတာင္တစ္ခု ကိုင္ထားရင္း ေတြ႔ရပံု)

(ႏွစ္စဥ္ လူေပါင္း ၇၀၀၀၀ လာေရာက္ၾကသည့္ ပြဲေတာ္တြင္ အေနာက္ႏိုင္ငံသားမ်ားကိုလည္း ေတြ႔ရသည္။)

(ကၽြန္းသူကၽြန္းသားမ်ားအား ပလိပ္ေရာဂါမွ ကာကြယ္ေပးခဲ့ေသာ Pak Tai နတ္ဘုရားကို ဂုဏ္ျပဳေသာအားျဖင့္ ဤပြဲေတာ္ကို က်င္းပျခင္း ျဖစ္သည္။)

(ပြဲေတာ္ကာလအတြင္း ေဒသတြင္း မုန္႔ဖုတ္သမားတုိ႔က Bun မုန္႔မ်ားတြင္ ကံေကာင္းေစေသာ အမွတ္တံဆိပ္မ်ား ရုိက္ႏွိပ္ကာ ပြဲေတာ္လာ ပရိသတ္မ်ားကို ေပးေဝၾကသည္။)

(ဤ ရုိးရာဓေလ့ကို မ်ဳိးဆက္မ်ားစြာ လက္ဆင့္ကမ္းခဲ့ၾကျပီး ေနာက္ပိုင္းတြင္ ပြဲစီစဥ္သူတို႔က ရိုးရာဓေလ့အျပင္ ေပါ့ပ္ၾကယ္ပြင့္မ်ား ေခၚယူျခင္းတုိ႔ ေပါင္းစပ္အားျဖည့္လာၾကသည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Cheung Chau Bun Festival – Cheung Chau Island, Hong Kong (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service