အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
30 Apr 2023 12:44 pm တွင် တင်ခဲ့သည်
908 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အပတ်စဉ်ဥပဒေအမေးအဖြေအစီအစဉ်ကို စောင့်မျှော်အားပေးနေကြတဲ့ အိမ်ခြံမြေလောကသားတို့အတွက် ဒီတစ်ခေါက်မှာတော့ iMyanmarHouse ဆီကို မေးလာကြတဲ့မေးခွန်းတွေထဲမှ အမေးအများဆုံး အမွေပိုင်ဆိုင်မှုနဲ့ပတ်သတ်တဲ့ အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

 

မေးခွန်း (၁) - လင် နှင့် မယား တစ်ပြိုင်တည်း သေဆုံးပြီး သားသမီးမရှိပါက ကျန်ရစ်သောအမွေ ပစ္စည်းများကို မည်သို့ခွဲဝေနိုင်သနည်း။

 

အဖြေ (၁) - -သားသမီးမရှိသည့် လင်နှင့်မယားတစ်ပြိုင်ထဲ ကွယ်လွန်ပါက(သို့) တစ်ယောက်ကွယ်လွန်ပြီးနောက်များမကြာမီ တစ်ယောက်ကွယ်လွန်လျှင်သော်လည်းကောင်း လင်၏မိဘနှင့် မယား၏မိဘများတို့သည်အမွေ ဆက်ခံကြသည်။သေဆုံးသူ၌ မိဘများမရှိလျှင် လင်၏ ဆွေမျိုးများနှင့် မယား၏ဆွေမျိုး အမွေ ဆက်ခံခွင့်ရရှိမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကွယ်လွန်သူတွင် ခင်ပွန်း၊သားသမီး၊မြေး၊မြစ် အစရှိသောတိုက်ရိုက်အဆက် အနွယ်များ၊ ကိတ္တိမသားသမီး၊မြေး၊မြစ်၊လင်ပါမယားပါ သားသမီး၊လင်ပါမယားပါမြေးနှင့် ကိဠိတသား သမီးမရှိ လျှင် အမွေကို ၎င်း၏ဆွေမျိုးသားချင်းများက ဆက်ခံခွင့်ရရှိပါမည်။ဘိုးဘွား၊မိတူဖကွဲ ညီအစ်ကို မောင်နှမနှင့် တူ၊တူမ၊မိဘအရင်း၏ လင်ပါမယားပါသားသမီး၊ဦးကြီး၊ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေး၊တူ၊တူမများ၏ သားသမီး၊ တစ်ဝမ်းကွဲညီအကို မောင်နှမနှင့်ကျန်ဆွေမျိုးများက အမွေဆက်ခံခွင့်ရရှိမည်ဖြစ်ပါသည်။

တစ်ဖက်ဆွေမျိုးများသည် မည်မျှနီးစပ်သည်ဖြစ်စေ၊ တဖက်မှ ဝေးကွာသောဆွေမျိုးများကို အမွေမှမပယ်ထုတ်နိုင်။ နှစ်ဖက်ဆွေမျိုးများ အညီအမျှ ခွဲဝေယူကြရမည်ဖြစ်ပါသည်။တစ်ချင်းအနေဖြင့်လဲ၎င်းတို့မှ တစ်စုစီ အညီအမျှ ခွဲဝေယူကြရမည်ဖြစ်ပါသည်။

ကွယ်လွန်သူ ကျန်းမာစဉ်ကဖြစ်စေ၊မကျန်းမာစဉ်က ဖြစ်စေပြုစု စောင့်ရှောက်၍ သေဆုံးသောအခါ သဂြိုလ်သောသူသည် ကွယ်လွန်သူ၏ အမွေစားအမွေခံမဟုတ်စေကာမှု အမွေဆက်ခံထိုက်ကြောင်း(ဓမ္မသတ် သုံးဆယ့်ခြောက်စောင်တွဲ အခန်း ၁၈၊ပုဒ်မ ၃၁၄နှင့် ၃၁၅)တွင် ဖော်ပြထားသည်။အမွေစားအမွေခံမရှိပါက နိုင်ငံတော်မှ ကွယ်လွန်သူ၏ အမွေပစ္စည်းအား မင်းဘဏ္ဏာအဖြစ် သိမ်းယူမည်ဖြစ်သည်။

ဂွမ်းပုံနှင့်မောင်ဖိုးကြွယ် စီရင်ထုံးတွင် လင်မယားနှစ်ယောက်တို့သည် တစ်ယောက်သေဆုံးပြီးနောက်များမကြာမီ တစ်ယောက်သေဆုံးလျှင် ၎င်းတို့ပစ္စည်းအရပ်ရပ်၌ နှစ်ဦးပိုင်ဆိုင်ခွင့်သည်ဆက်လက်တည်မြဲ လျက်ပင် ရှိပေသည်။သို့သော် တစ်ယောက်သေဆုံးပြီးနောက် ကျန်တစ်ယောက်သည်ကြာရှည်စွာ နေရပါလျှင် ပစ္စည်း အရပ်ရပ်၌ နှစ်ဦးပိုင်ဆိုင်ခွင့်သည် ကျန်ရစ်သူ၏ရှိပြီး အခွင့်အရေးနှင့် ပူးပေါင်းသွားကြောင်း မှတ်ယူရ မည်ဟု ဖော်ပြထားသည်။ကျန်ရှိသည့်ပစ္စည်းသည်နောက်မှ သေဆုံးသူ၏ တစ်ဦးတည်း သောပစ္စည်းဖြစ်သွား ပေမည်။ရှေးဦးသေဆုံးသူနှင့် လုံးဝမသက်ဆိုင်တော့ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (မဂွမ်းပုံနှင့်မောင်ဖိုးကြွယ်၊ ၂ယူဘီအာ(၁၈၉၇-၀၁)၆၆။)မအိန်နှင့်တင်ငါးအမှုတွင် မအိန်၏ သမီးနှင့်သမက်တို့သည် တစ်ရက်ခြား၍ ကွယ်လွန်သွားရာ မအိန်ကအမွေထိန်းစာလျှောက်သည်။သမက်တွင် ညီနှင့်ညီမကျန်ရစ်သည်။

မအိန်သည်မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်-မ ၃၂အရ အမွေဆက်ခံခွင့်ရှိသည်ဟုကောက်ယူ၍ ၎င်းအားအမွေထိန်းစာထုတ်ပေးသည် ။(မအိန်နှင့် တင်ငါး၊ အောက်မြန်မာအတွဲ-၈၊စာ-၁၉၇(DI C223)) အမွေဆက်ခံရာတွင် ဆွေမျိုးနီးစပ်သူကသာ ကွယ်လွန်သူ၏ အမွေအားဆက်ခံခွင့် အမှန်တကယ်ရှိသည်။ မျိုးဆက်နီးဆက်သူမှ မျိုးဆက်ဝေးသူအားပယ်သည့်ထုံးစံလဲ အစဉ်အလာရှိသည်။ အမွေ၏ သဘော မှာ အောက်သို့မစုန်နိုင်မှသာ အထက်သို့ဆန်ရသည်။

အမွေဆက်ခံရာတွင် ကွယ်လွန်သူ၏ မောင်နှမသားချင်းများက အမိအဖများထက် အမွေရရှိရန်အခွင့်အရေးပိုများသည်။မောင်နှမသားချင်းများကျန်ရှိနေလျှင် အမိအဖမှာအမွေရထိုက်ခွင့်မရှိဟု(မနှင်းဘွင့်နှင့် ဦးရွှေဂုဏ်(၈အယ်ဘီအာ-၁))တွင် ဖော်ပြထားသည်။

 

မေးခွန်း (၂) - မိဘများပိုင် ပစ္စည်းကို အမွေဆက်ခံရာတွင် မည်သည့်သားသမီးက အမွေဆက်ခံခွင့်မရှိ/ အမွေပြတ်နိုင်ပါသနည်း။

အဖြေ (၂)  - မိဘများ၏ အမွေအား သာမာန်အားဖြင့် အမွေဆက်ခံခွင့်မရှိသော သားသမီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ မိဘအမွေမဆက်ခံထိုက်သော သားသမီး(၆)မျိုးမှာ

- သွာနုတ္တ(သမာနုတ္တာ) = မိဘစကားကို နားမထောင်သောခွေးနှင့်တူသောသား။

- ဒိန္ဒက(ပရဒိန္ဒိ) =သူတစ်ပါးပေး၍ရသောသား။

- သဟောဍ္ဎ(သဟေထ) =ဝယ်၍ရသောသား။

- ပုနာနုဗ္ဗဝ(ပုဏ္ဏာနုဂ္ဂတိ) =မိမိမယားသူတစ်ပါးနှင့်ရ၍ မွေးဖွားသောသား။

- ကိဠိတ(ကိဠိသာ) = ကစားမြူတူးရာ ရသောသား။

- ဆာတဘတ္တ(ဆာတတ္တအရတ္တ)= ထမင်းငတ်မွတ်သည့်အခါ မှီခိုလာသောသားတို့ဖြစ်သည်။

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မိဘများသည် သားသမီးများအား အမွေပေးရန်အတွက် မပယ်နိုင် သော်လည်း၊ အောက်ဖော်ပြပါ အကြောင်းတစ်ရပ်ဖြစ်ပါက သားသမီးများမှာအမွေဆက်ခံနိုင်ခွင့်ဆုံးရှုံးနိုင်သည်။

- သူတစ်ပါးအား မွေးစားရန် ပေးအပ်ခံရခြင်း။

- မိဘများကွာရှင်းပြတ်စဲပြီးနောက် သားသမီးမှ မိဘတစ်ဦးနှင့်အတူနေထိုင်ပြီး ကျန်တစ်ဦးအားသားသမီးတို့ ဝတ္တရားအတိုင်းပြုစုရမည်ကို ပျက်ကွက်ခြင်း။

- သားသမီးတစ်ဦးအနေဖြင့် ကျင့်ဝတ်ပျက်ပြားခြင်း။(ဥပမာ-သာစဉ်၊နာစဉ်ပြုစုစောင့်ရှောက်ရမည့်ဝတ္တရားအားသိလျက်နှင့် တမင်ပျက်ကွက်ခြင်း၊စွန့်ပစ်ခြင်းမှာ အမွေဆက်ခံခွင့် ဆုံးရှုံးသည်။ မိဘစကားအား နားမထောင်၊မိဘအား တော်လှန်ပြီး ရန်သူသဖွယ်ပြုကျင့်သည့်သားသမီးကိုသွာနုတ္တသားသမီးဟုခေါ်သည် ထိုသားသမီးမျိုးသည် အမွေဆက်ခံခွင့်မရှိ)။

- မိဘများ၏ အမွေအား သွာနုတ္တသားသည် အမွေဆက်ခံခွင့်မရှိသော်လည်း မြေးများမှာမှု အမွေဆက်ခံမှု မဆုံးရှုံးပါ။

သွာနုတ္တသားဖြစ်သွားခြင်းမှာ အမွေဆက်ခံခွင့်ရရှိပြီးမှ ဖြစ်စေကာမှု အမွေဆက်ခံခွင့်ဆုံးရှုံးသည်။

(ဦးဖိုးဦးနှင့် မောင်အေးမောင်၊ရန်ကုန်အတွဲ၁၁စာ၃၉(D2C130)(အမှုတွင် မူလရုံးက မွေစားမိဘနောက် အိမ် ထောင်ပြုသော အခါ မွေစားသားအနေဖြင့် ရရှိသော အမွေဆက်ခံခွင့်မှာ အပြီးအပိုင်ရရှိသည့် အခွင့်အရေးဖြစ်သော ကြောင့် ထိုမိဘနောက်အိမ်ထောင်ပြုပြီးနောက်မှ မိဘအပေါ်မဖွယ်မရာပြုမှုခြင်းသည်အမွေ ဆုံးရှုံးစေခြင်း မရှိကြောင်း သုံးသပ်ရာ သားဖြစ်သူက မိဘနောက်အိမ်ထောင်မပြုမီဖြစ်စေ၊နောက်အိမ် ထောင်ပြုပြီးမှဖြစ်စေ ထိုသို့ မဖွယ် မရာပြုမှုခြင်းမှာ ပဓာနမဟုတ်ဟု အယူခံတွင် ဆုံးဖြတ်သည်။)

အမွေဆက်ခံရေးနှင့်စပ်လျဉ်း၍ ကိတ္တိမသားသမီးများနှင့် မွေးစားမိဘတို့သည် သီးခြားအိမ်ထောင်စုအဖြစ်သို့ ကူးပြောင်းစုစည်းသွားကြောင်း ပေါ်လွင်လျက်ရှိရာ အမွေဆက်ခံခွင့်ရေးကိစ္စအလို့ငှာကိတ္တိမသား သမီးသည်မိရင်းအဖရင်း အိမ်ထောင်နှင့်လုံး၀ အဆက်အသွယ်ပြတ်သွားပေပြီ။ကိတ္တိမသားသမီးအဖြစ် ခံယူခြင်း ကြောင့် မွေးစားသားသမီးသည် မိရင်းအဖရင်းအိမ်ထောင်စုတွင် မိသားစုဝင်အဖြစ်မှ ရပ်စဲသွားသည်။ (ဦးခင်မောင်သန်းနှင့်ဦးစန်းလွင်၊၁၉၉၄ခုနှစ် တရားမအထူးအယူခံမှုအမှတ်-၃၀)

- တရားဝင်သားသမီးများရှိလျှင် ကိဠိတ(တရားမဝင်သား၊သမီး)သည် အမွေဆက်ခံခွင့်မရှိပါ၊ထို့နည်းတူတရားဝင်မြေးများရှိလျှင်လဲ တရားမဝင်မြေးသည် အမွေဆက်ခံခွင့်မရှိပါ။လင်မယားနှစ်ဦးကွာရှင်းပြီးအဖေနှင့် အတူလိုက်နေသည့် သားသမီးသည် အဖေအမွေအားဆက်ခံခွင့်ရှိသည်။ အမေ၏အမွေအားဆက်ခံခွင့်မရှိ။

ထို့နည်းတူစွာပင် အမေနှင့်လိုက်နေသောသားကမီးသည် အမေ၏အမွေအား ဆက်ခံခွင့်ရှိသည်။ အဖေ၏ အမွေအား ဆက်ခံခွင့်မရှိ။ သားသမီးမှ အတူမနေမိဘအားပြန်လည်ဆက်သွယ်ပြီး သားသမီးတို့ဝတ္တရား အတိုင်းပြုစုစောင့်ရှောက်ပါက ၎င်းသားသမီးအား အမွေဆက်ခံခွင့်ပြုနိုင်သည်။ လင်ပါမယားပါသားသမီးများလဲ ထိုနည်းနှင့် သက်ဆိုင်သည်။အမွေဆုံးရှုံးစေသည့်ဥပဒေသည်လင်မယားကွာရှင်းပြီးမှ မွေးဖွားသည့် သားသမီးနှင့် မသက်ဆိုင်။ (မ(မိ)ညိုနှင့်မ(မိ)ငြိမ်းသာ(၁၉၀၄-၀၆)အထက်မြန်မာ မြန်မာဓလေ့အမွေ စာ-၁၅(D1C201))

ရဟန်းတော်သည် ဆွေမျိုးသားချင်း၏ အမွေကို ဆက်ခံခွင့်မရှိ၊ဆွေမျိုးသားချင်းသည်လဲ ရဟန်း၏အမွေကို ဆက်ခံခွင့်မရှိ။မယ်သီလရှင်များ၊ဘိုးသူတော်များမှာမှု ထိုနည်းနဲ့ မသက်ဆိုင်လူပုဂ္ဂိုလ်များနည်းတူသာ အမွေဆက်ခံခွင့်ရှိသည်။

 

မေးခွန်း (၃) - ကွယ်လွန်သူအမည်ပေါက်ပိုင်ဆိုင်သည့် အိမ်ခြံမြေကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။

အဖြေ (၃)  -မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးသေဆုံးလျှင် အမွေပုံအစီအစဉ်အတိုင်းအမွေဆက်ခံသူများက တစ်ဦးစီ အမွေဆက်ခံကြရသည်။သက်ဆိုင်ရာ အမွေဆက်ခံခွင့်ရှိသူများကသဘောတူ ညီချက်ပြုလုပ်ပြီး ကွယ်လွန်သူ၏အမွေအားခွဲဝေယူခွင့်ရှိသည်။စာချုပ်စာတမ်းဖြင့်ခွဲဝေရမည်ဖြစ်ပြီး ထိုစာချုပ် တွင်ကျပ်သိန်း(၁၀၀)ထပ်ပိုသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါဝင်လျှင် ထိုစာချုပ်အားမှတ်ပုံတင်ရမည်။

- အမွေဆက်ခံခြင်း ဥပဒေပုဒ်မ-၂၁၈ အရ အမွေရထိုက်သူများ(သို့)မြီရှင်များက သေဆုံးသူ၏ကျန်ရစ်သောပစ္စည်းကို လက်ရောက်ရယူရန်၊သေသူရရန်ရှိသော ကြွေးမြီးများကို တောင်းယူရန်၊စီစဉ်ရန်၊အလုပ်သမားများအား အခကြေးငွေပေးရန်၊ သေဆုံးသူ၏ အသုဘစရိတ်သုံးစွဲရန်၊ ယင်းသို့ကိစ္စ ရပ်များဆောင်ရွက်ပြီးပါက အမွေဆက်ခံထိုက်သူများအား အမွေခွဲဝေယူနိုင်ရန်အတွက် အမွေထိန်းစာကိုသက်ဆိုင်ရာ တရားရုံးတွင် လျှောက် ထားရပါမည်။အမွေထိန်းသည် ခြောက်လ(သို့) ရုံးကသတ်မှတ်အချိန်ကာလအတွင်း ပစ္စည်းစာရင်းအားလုံးကိုပြည့်စုံစွာ တင်ရမည်။အမွေထိန်းသည်ပစ္စည်းအား ပေါင်နှံခြင်း၊ရောင်းချခြင်း၊လွှဲပြောင်းခြင်းမပြုနိုင်။ရုံးမှ ညွှန်ကြားသည့် စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရမည်။အမွေဆက်ခံခြင်း ဥပဒေပုဒ်-၃၀၇အအမွေထိန်းလက်မှတ်စာ(L.A)ရရှိပါက သေသူ ကျန်ရစ်ခဲ့သောပစ္စည်း များကို ရောင်းချခွင့်ပြုရန် တရားရုံးအမိန့်ဆက်လက်လျှောက်ထားရပါမည်။ထို့နောက်အမွေထိန်းစာ (L.A)နှင့် ရောင်းချခွင့်အမိန့် ရရှိသူသည် သေသူ၏ ကျန်ရစ်ခဲ့သည့် ပစ္စည်းကိုမှတ်ပုံတင်စာချုပ်ဖြင့် ရောင်းချနိုင်ပါသည်။

သေတမ်းစာဆိုသည်မှာ သေတမ်းစာရေးသူ သေဆုံးပြီးသည့်အခါ ၎င်းပိုင်ပစ္စည်းကို မည့်သို့ မည်ပုံခွဲဝေလိုကြောင်း သေသူ၏ ဆန္ဒ၊ရည်ရွယ်ချက်ကို ထုတ်ဖော်သည့် ကြေညာစာတမ်းဖြစ်ပြီး ကွယ်လွန်သူ၏သေတမ်းစာပါ ပစ္စည်းကို သေတမ်းစာ အတည်ပြုမိန့်ဖြင့် ရောင်းချနိုင်သည်။အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ-၂၂၂အရ သေတမ်းစာဖြင့် ခန့်အပ်ခြင်းခံရသူသည်ဥပဒေအရ ပစ္စည်းတည်ရှိရာ စီရင်ပိုင်ခွင့်အာဏာရ တရားရုံးတွင် လျှောက်ထားနိုင်ပါသည်။ ခရစ်ယာန်ဘာသာ ၊ အစ္စ လာမ်ဘာသာဝင်များသေတမ်းစာ ရေးခွင့်ရှိပြီး ဗုဒ္ဓဘာသာဝင်များ ရေးခွင့်မရှိပါ။လျှောက်ထားရာတွင် သက်သေ(၂)ဦး၏ ဝန်ခံချက် ပါရှိရပါမည်။သေတမ်းစာအား အတည်ပြုရန်အချိန်မရွေး လျှောက်ထားနိုင်ပြီး သေတမ်းစာပါ ကွယ်လွန်သူကျန်ရစ်သည့် ပစ္စည်းကို တရားရုံးကထုတ်ပေးသည့် အတည်ပြုလက်မှတ်ဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးပစ္စည်းအား ရောင်းချနိုင်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အပတ္စဥ္ သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖက႑

အပတ္စဥ္ဥပေဒအေမးအေျဖအစီအစဥ္ကို ေစာင့္ေမွ်ာ္အားေပးေနၾကတဲ့ အိမ္ၿခံေျမေလာကသားတို႔အတြက္ ဒီတစ္ေခါက္မွာေတာ့ iMyanmarHouse ဆီကို ေမးလာၾကတဲ့ေမးခြန္းေတြထဲမွ အေမးအမ်ားဆုံး အေမြပိုင္ဆိုင္မႈနဲ႔ပတ္သတ္တဲ့ အေမးအေျဖသုံးခုကို ဒီတစ္ပတ္အတြက္ ဥပေဒအေမးအေျဖက႑မွာ တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - လင္ ႏွင့္ မယား တစ္ၿပိဳင္တည္း ေသဆုံးၿပီး သားသမီးမရွိပါက က်န္ရစ္ေသာအေမြ ပစၥည္းမ်ားကို မည္သို႔ခြဲေဝႏိုင္သနည္း။

အေျဖ (၁) - -သားသမီးမရွိသည့္ လင္ႏွင့္မယားတစ္ၿပိဳင္ထဲ ကြယ္လြန္ပါက(သို႔) တစ္ေယာက္ကြယ္လြန္ၿပီးေနာက္မ်ားမၾကာမီ တစ္ေယာက္ကြယ္လြန္လွ်င္ေသာ္လည္းေကာင္း လင္၏မိဘႏွင့္ မယား၏မိဘမ်ားတို႔သည္အေမြ ဆက္ခံၾကသည္။ေသဆုံးသူ၌ မိဘမ်ားမရွိလွ်င္ လင္၏ ေဆြမ်ိဳးမ်ားႏွင့္ မယား၏ေဆြမ်ိဳး အေမြ ဆက္ခံခြင့္ရရွိမည္ျဖစ္သည္။ ဆိုလိုသည္မွာ ကြယ္လြန္သူတြင္ ခင္ပြန္း၊သားသမီး၊ေျမး၊ျမစ္ အစရွိေသာတိုက္႐ိုက္အဆက္ အႏြယ္မ်ား၊ ကိတၱိမသားသမီး၊ေျမး၊ျမစ္၊လင္ပါမယားပါ သားသမီး၊လင္ပါမယားပါေျမးႏွင့္ ကိဠိတသား သမီးမရွိ လွ်င္ အေမြကို ၎၏ေဆြမ်ိဳးသားခ်င္းမ်ားက ဆက္ခံခြင့္ရရွိပါမည္။ဘိုးဘြား၊မိတူဖကြဲ ညီအစ္ကို ေမာင္ႏွမႏွင့္ တူ၊တူမ၊မိဘအရင္း၏ လင္ပါမယားပါသားသမီး၊ဦးႀကီး၊ဦးေလး၊ေဒၚႀကီး၊ေဒၚေလး၊တူ၊တူမမ်ား၏ သားသမီး၊ တစ္ဝမ္းကြဲညီအကို ေမာင္ႏွမႏွင့္က်န္ေဆြမ်ိဳးမ်ားက အေမြဆက္ခံခြင့္ရရွိမည္ျဖစ္ပါသည္။

တစ္ဖက္ေဆြမ်ိဳးမ်ားသည္ မည္မွ်နီးစပ္သည္ျဖစ္ေစ၊ တဖက္မွ ေဝးကြာေသာေဆြမ်ိဳးမ်ားကို အေမြမွမပယ္ထုတ္ႏိုင္။ ႏွစ္ဖက္ေဆြမ်ိဳးမ်ား အညီအမွ် ခြဲေဝယူၾကရမည္ျဖစ္ပါသည္။တစ္ခ်င္းအေနျဖင့္လဲ ၎တို႔မွ တစ္စုစီ အညီအမွ် ခြဲေဝယူၾကရမည္ျဖစ္ပါသည္။

ကြယ္လြန္သူ က်န္းမာစဥ္ကျဖစ္ေစ၊မက်န္းမာစဥ္က ျဖစ္ေစျပဳစု ေစာင့္ေရွာက္၍ ေသဆုံးေသာအခါ သၿဂိဳလ္ေသာသူသည္ ကြယ္လြန္သူ၏ အေမြစားအေမြခံမဟုတ္ေစကာမႈ အေမြဆက္ခံထိုက္ေၾကာင္း (ဓမၼသတ္ သုံးဆယ့္ေျခာက္ေစာင္တြဲ အခန္း ၁၈၊ပုဒ္မ ၃၁၄ႏွင့္ ၃၁၅)တြင္ ေဖာ္ျပထားသည္။အေမြစားအေမြခံမရွိပါက ႏိုင္ငံေတာ္မွ ကြယ္လြန္သူ၏ အေမြပစၥည္းအား မင္းဘဏၰာအျဖစ္ သိမ္းယူ မည္ျဖစ္သည္။ဂြမ္းပုံႏွင့္ေမာင္ဖိုးႂကြယ္ စီရင္ထုံးတြင္ လင္မယားႏွစ္ေယာက္တို႔သည္ တစ္ေယာက္ေသဆုံးၿပီးေနာက္မ်ားမၾကာမီ တစ္ေယာက္ေသဆုံးလွ်င္ ၎တို႔ပစၥည္းအရပ္ရပ္၌ ႏွစ္ဦးပိုင္ဆိုင္ခြင့္သည္ဆက္လက္တည္ၿမဲ လ်က္ပင္ ရွိေပသည္။သို႔ေသာ္ တစ္ေယာက္ေသဆုံးၿပီးေနာက္ က်န္တစ္ေယာက္သည္ၾကာရွည္စြာ ေနရပါလွ်င္ ပစၥည္း အရပ္ရပ္၌ ႏွစ္ဦးပိုင္ဆိုင္ခြင့္သည္ က်န္ရစ္သူ၏ရွိၿပီး အခြင့္အေရးႏွင့္ ပူးေပါင္းသြားေၾကာင္း မွတ္ယူရ မည္ဟု ေဖာ္ျပထားသည္။က်န္ရွိသည့္ပစၥည္းသည္ေနာက္မွ ေသဆုံးသူ၏ တစ္ဦးတည္း ေသာပစၥည္းျဖစ္သြား ေပမည္။ေရွးဦးေသဆုံးသူႏွင့္ လုံး၀မသက္ဆိုင္ေတာ့ဟု ဆိုလိုျခင္းျဖစ္ပါသည္။ (မဂြမ္းပုံႏွင့္ေမာင္ဖိုးႂကြယ္၊ ၂ယူဘီအာ(၁၈၉၇-၀၁)၆၆။)မအိန္ႏွင့္တင္ငါးအမႈတြင္ မအိန္၏ သမီးႏွင့္သမက္တို႔သည္ တစ္ရက္ျခား၍ ကြယ္လြန္သြားရာ မအိန္ကအေမြထိန္းစာေလွ်ာက္သည္။သမက္တြင္ ညီႏွင့္ညီမက်န္ရစ္သည္။

မအိန္သည္မႏုက်ယ္ဓမၼသတ္ဒသမတြဲပုဒ္-မ ၃၂အရ အေမြဆက္ခံခြင့္ရွိသည္ဟုေကာက္ယူ၍ ၎အားအေမြထိန္းစာထုတ္ေပးသည္ ။(မအိန္ႏွင့္ တင္ငါး၊ ေအာက္ျမန္မာအတြဲ-၈၊စာ-၁၉၇(DI C223)) အေမြဆက္ခံရာတြင္ ေဆြမ်ိဳးနီးစပ္သူကသာ ကြယ္လြန္သူ၏ အေမြအားဆက္ခံခြင့္ အမွန္တကယ္ရွိသည္။ မ်ိဳးဆက္နီးဆက္သူမွ မ်ိဳးဆက္ေဝးသူအားပယ္သည့္ထုံးစံလဲ အစဥ္အလာရွိသည္။ အေမြ၏ သေဘာ မွာ ေအာက္သို႔မစုန္ႏိုင္မွသာ အထက္သို႔ဆန္ရသည္။

အေမြဆက္ခံရာတြင္ ကြယ္လြန္သူ၏ ေမာင္ႏွမသားခ်င္းမ်ားက အမိအဖမ်ားထက္ အေမြရရွိရန္အခြင့္အေရးပိုမ်ားသည္။ေမာင္ႏွမသားခ်င္းမ်ားက်န္ရွိေနလွ်င္ အမိအဖမွာအေမြရထိုက္ခြင့္မရွိဟု(မႏွင္းဘြင့္ႏွင့္ ဦးေ႐ႊဂုဏ္(၈အယ္ဘီအာ-၁))တြင္ ေဖာ္ျပထားသည္။

 

ေမးခြန္း (၂) - မိဘမ်ားပိုင္ ပစၥည္းကို အေမြဆက္ခံရာတြင္ မည္သည့္သားသမီးက အေမြဆက္ခံခြင့္မရွိ/ အေမြျပတ္ႏိုင္ပါသနည္း။

 

အေျဖ (၂) - မိဘမ်ား၏ အေမြအား သာမာန္အားျဖင့္ အေမြဆက္ခံခြင့္မရွိေသာ သားသမီးမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။ မိဘအေမြမဆက္ခံထိုက္ေသာ သားသမီး(၆)မ်ိဳးမွာ

- သြာႏုတၱ(သမာႏုတၱာ) = မိဘစကားကို နားမေထာင္ေသာေခြးႏွင့္တူေသာသား။

- ဒိႏၵက(ပရဒိႏၵိ) =သူတစ္ပါးေပး၍ရေသာသား။

- သေဟာၯ(သေဟထ) =ဝယ္၍ရေသာသား။

- ပုနာႏုဗၺဝ(ပုဏၰာႏုဂၢတိ) =မိမိမယားသူတစ္ပါးႏွင့္ရ၍ ေမြးဖြားေသာသား။

- ကိဠိတ(ကိဠိသာ) = ကစားျမဴတူးရာ ရေသာသား။

- ဆာတဘတၱ(ဆာတတၱအရတၱ)= ထမင္းငတ္မြတ္သည့္အခါ မွီခိုလာေသာသားတို႔ျဖစ္သည္။

ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ မိဘမ်ားသည္ သားသမီးမ်ားအား အေမြေပးရန္အတြက္ မပယ္ႏိုင္ ေသာ္လည္း၊ ေအာက္ေဖာ္ျပပါ အေၾကာင္းတစ္ရပ္ျဖစ္ပါက သားသမီးမ်ားမွာအေမြဆက္ခံႏိုင္ခြင့္ဆုံးရႈံးႏိုင္သည္။

- သူတစ္ပါးအား ေမြးစားရန္ ေပးအပ္ခံရျခင္း။

- မိဘမ်ားကြာရွင္းျပတ္စဲၿပီးေနာက္ သားသမီးမွ မိဘတစ္ဦးႏွင့္အတူေနထိုင္ၿပီး က်န္တစ္ဦးအား သားသမီးတို႔ ဝတၱရားအတိုင္းျပဳစုရမည္ကို ပ်က္ကြက္ျခင္း။

- သားသမီးတစ္ဦးအေနျဖင့္ က်င့္ဝတ္ပ်က္ျပားျခင္း။(ဥပမာ-သာစဥ္၊နာစဥ္ျပဳစုေစာင့္ေရွာက္ရမည့္ဝတၱရားအားသိလ်က္ႏွင့္ တမင္ပ်က္ကြက္ျခင္း၊စြန႔္ပစ္ျခင္းမွာ အေမြဆက္ခံခြင့္ ဆုံးရႈံးသည္။ မိဘစကားအား နားမေထာင္၊မိဘအား ေတာ္လွန္ၿပီး ရန္သူသဖြယ္ျပဳက်င့္သည့္သားသမီးကိုသြာႏုတၱသားသမီးဟုေခၚသည္ ထိုသားသမီးမ်ိဳးသည္ အေမြဆက္ခံခြင့္မရွိ)။

- မိဘမ်ား၏ အေမြအား သြာႏုတၱသားသည္ အေမြဆက္ခံခြင့္မရွိေသာ္လည္း ေျမးမ်ားမွာမႈ အေမြဆက္ခံမႈ မဆုံးရႈံးပါ။

သြာႏုတၱသားျဖစ္သြားျခင္းမွာ အေမြဆက္ခံခြင့္ရရွိၿပီးမွ ျဖစ္ေစကာမႈ အေမြဆက္ခံခြင့္ဆုံးရႈံးသည္။

(ဦးဖိုးဦးႏွင့္ ေမာင္ေအးေမာင္၊ရန္ကုန္အတြဲ၁၁စာ၃၉(D2C130)(အမႈတြင္ မူလ႐ုံးက ေမြစားမိဘေနာက္ အိမ္ ေထာင္ျပဳေသာ အခါ ေမြစားသားအေနျဖင့္ ရရွိေသာ အေမြဆက္ခံခြင့္မွာ အၿပီးအပိုင္ရရွိသည့္ အခြင့္အေရးျဖစ္ေသာ ေၾကာင့္ ထိုမိဘေနာက္အိမ္ေထာင္ျပဳၿပီးေနာက္မွ မိဘအေပၚမဖြယ္မရာျပဳမႈျခင္းသည္အေမြ ဆုံးရႈံးေစျခင္း မရွိေၾကာင္း သုံးသပ္ရာ သားျဖစ္သူက မိဘေနာက္အိမ္ေထာင္မျပဳမီျဖစ္ေစ၊ေနာက္အိမ္ ေထာင္ျပဳၿပီးမွျဖစ္ေစ ထိုသို႔ မဖြယ္ မရာျပဳမႈျခင္းမွာ ပဓာနမဟုတ္ဟု အယူခံတြင္ ဆုံးျဖတ္သည္။)

အေမြဆက္ခံေရးႏွင့္စပ္လ်ဥ္း၍ ကိတၱိမသားသမီးမ်ားႏွင့္ ေမြးစားမိဘတို႔သည္ သီးျခားအိမ္ေထာင္စုအျဖစ္သို႔ ကူးေျပာင္းစုစည္းသြားေၾကာင္း ေပၚလြင္လ်က္ရွိရာ အေမြဆက္ခံခြင့္ေရးကိစၥအလို႔ငွာ ကိတၱိမသား သမီးသည္မိရင္းအဖရင္း အိမ္ေထာင္ႏွင့္လုံး၀ အဆက္အသြယ္ျပတ္သြားေပၿပီ။ကိတၱိမသားသမီးအျဖစ္ ခံယူျခင္း ေၾကာင့္ ေမြးစားသားသမီးသည္ မိရင္းအဖရင္းအိမ္ေထာင္စုတြင္ မိသားစုဝင္အျဖစ္မွ ရပ္စဲသြားသည္။ (ဦးခင္ေမာင္သန္းႏွင့္ဦးစန္းလြင္၊၁၉၉၄ခုႏွစ္ တရားမအထူးအယူခံမႈအမွတ္-၃၀)

- တရားဝင္သားသမီးမ်ားရွိလွ်င္ ကိဠိတ(တရားမဝင္သား၊သမီး)သည္ အေမြဆက္ခံခြင့္မရွိပါ၊ထို႔နည္းတူတရားဝင္ေျမးမ်ားရွိလွ်င္လဲ တရားမဝင္ေျမးသည္ အေမြဆက္ခံခြင့္မရွိပါ။လင္မယားႏွစ္ဦးကြာရွင္းၿပီးအေဖႏွင့္ အတူလိုက္ေနသည့္ သားသမီးသည္ အေဖအေမြအားဆက္ခံခြင့္ရွိသည္။ အေမ၏အေမြအားဆက္ခံခြင့္မရွိ။

ထို႔နည္းတူစြာပင္ အေမႏွင့္လိုက္ေနေသာသားကမီးသည္ အေမ၏အေမြအား ဆက္ခံခြင့္ရွိသည္။ အေဖ၏ အေမြအား ဆက္ခံခြင့္မရွိ။ သားသမီးမွ အတူမေနမိဘအားျပန္လည္ဆက္သြယ္ၿပီး သားသမီးတို႔ဝတၱရား အတိုင္းျပဳစုေစာင့္ေရွာက္ပါက ၎သားသမီးအား အေမြဆက္ခံခြင့္ျပဳႏိုင္သည္။ လင္ပါမယားပါသားသမီးမ်ားလဲ ထိုနည္းႏွင့္ သက္ဆိုင္သည္။အေမြဆုံးရႈံးေစသည့္ဥပေဒသည္လင္မယားကြာရွင္းၿပီးမွ ေမြးဖြားသည့္ သားသမီးႏွင့္ မသက္ဆိုင္။ (မ(မိ)ညိဳႏွင့္မ(မိ)ၿငိမ္းသာ(၁၉၀၄-၀၆)အထက္ျမန္မာ ျမန္မာဓေလ့အေမြ စာ-၁၅(D1C201))

ရဟန္းေတာ္သည္ ေဆြမ်ိဳးသားခ်င္း၏ အေမြကို ဆက္ခံခြင့္မရွိ၊ေဆြမ်ိဳးသားခ်င္းသည္လဲ ရဟန္း၏အေမြကို ဆက္ခံခြင့္မရွိ။မယ္သီလရွင္မ်ား၊ဘိုးသူေတာ္မ်ားမွာမႈ ထိုနည္းနဲ႔ မသက္ဆိုင္လူပုဂၢိဳလ္မ်ားနည္းတူသာ အေမြဆက္ခံခြင့္ရွိသည္။

 

 

ေမးခြန္း (၃) - ကြယ္လြန္သူအမည္ေပါက္ပိုင္ဆိုင္သည့္ အိမ္ၿခံေျမကို အေမြဆိုင္မ်ားက ေရာင္းခ်ျခင္း၊ငွားရမ္းျခင္း ျပဳလုပ္လိုပါက မည္သို႔ေဆာင္႐ြက္ရမည္နည္း။

 

အေျဖ (၃) -ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ ျမန္မာဗုဒၶဘာသာဝင္တစ္ဦးေသဆုံးလွ်င္ အေမြပုံအစီအစဥ္အတိုင္းအေမြဆက္ခံသူမ်ားက တစ္ဦးစီ အေမြဆက္ခံၾကရသည္။သက္ဆိုင္ရာ အေမြဆက္ခံခြင့္ရွိသူမ်ားက သေဘာတူ ညီခ်က္ျပဳလုပ္ၿပီး ကြယ္လြန္သူ၏အေမြအားခြဲေဝယူခြင့္ရွိသည္။စာခ်ဳပ္စာတမ္းျဖင့္ခြဲေဝရမည္ျဖစ္ၿပီး ထိုစာခ်ဳပ္ တြင္က်ပ္သိန္း(၁၀၀)ထပ္ပိုသည့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းပါဝင္လွ်င္ ထိုစာခ်ဳပ္အားမွတ္ပုံတင္ရမည္။

- အေမြဆက္ခံျခင္း ဥပေဒပုဒ္မ-၂၁၈ အရ အေမြရထိုက္သူမ်ား(သို႔)ၿမီရွင္မ်ားက ေသဆုံးသူ၏က်န္ရစ္ေသာပစၥည္းကို လက္ေရာက္ရယူရန္၊ေသသူရရန္ရွိေသာ ေႂကြးၿမီးမ်ားကို ေတာင္းယူရန္၊စီစဥ္ရန္၊အလုပ္သမားမ်ားအား အခေၾကးေငြေပးရန္၊ ေသဆုံးသူ၏ အသုဘစရိတ္သုံးစြဲရန္၊ ယင္းသို႔ကိစၥ ရပ္မ်ားေဆာင္႐ြက္ၿပီးပါက အေမြဆက္ခံထိုက္သူမ်ားအား အေမြခြဲေဝယူႏိုင္ရန္အတြက္ အေမြထိန္းစာကိုသက္ဆိုင္ရာ တရား႐ုံးတြင္ ေလွ်ာက္ ထားရပါမည္။အေမြထိန္းသည္ ေျခာက္လ(သို႔) ႐ုံးကသတ္မွတ္အခ်ိန္ကာလအတြင္း ပစၥည္းစာရင္းအားလုံးကိုျပည့္စုံစြာ တင္ရမည္။အေမြထိန္းသည္ပစၥည္းအား ေပါင္ႏွံျခင္း၊ေရာင္းခ်ျခင္း၊လႊဲေျပာင္းျခင္းမျပဳႏိုင္။႐ုံးမွ ၫႊန္ၾကားသည့္ စည္းကမ္းခ်က္မ်ားအတိုင္း တိက်စြာလိုက္နာေဆာင္႐ြက္ရမည္။အေမြဆက္ခံျခင္း ဥပေဒပုဒ္-၃၀၇အရ အေမြထိန္းလက္မွတ္စာ(L.A)ရရွိပါက ေသသူ က်န္ရစ္ခဲ့ေသာပစၥည္း မ်ားကို ေရာင္းခ်ခြင့္ျပဳရန္ တရား႐ုံးအမိန႔္ဆက္လက္ေလွ်ာက္ထားရပါမည္။ထို႔ေနာက္အေမြထိန္းစာ (L.A)ႏွင့္ ေရာင္းခ်ခြင့္အမိန႔္ ရရွိသူသည္ ေသသူ၏ က်န္ရစ္ခဲ့သည့္ ပစၥည္းကိုမွတ္ပုံတင္စာခ်ဳပ္ျဖင့္ ေရာင္းခ်ႏိုင္ပါသည္။

ေသတမ္းစာဆိုသည္မွာ ေသတမ္းစာေရးသူ ေသဆုံးၿပီးသည့္အခါ ၎ပိုင္ပစၥည္းကို မည့္သို႔ မည္ပုံခြဲေဝလိုေၾကာင္း ေသသူ၏ ဆႏၵ၊ရည္႐ြယ္ခ်က္ကို ထုတ္ေဖာ္သည့္ ေၾကညာစာတမ္းျဖစ္ၿပီး ကြယ္လြန္သူ၏ေသတမ္းစာပါ ပစၥည္းကို ေသတမ္းစာ အတည္ျပဳမိန႔္ျဖင့္ ေရာင္းခ်ႏိုင္သည္။အေမြဆက္ခံျခင္းအက္ဥပေဒပုဒ္မ-၂၂၂အရ ေသတမ္းစာျဖင့္ ခန႔္အပ္ျခင္းခံရသူသည္ဥပေဒအရ ပစၥည္းတည္ရွိရာ စီရင္ပိုင္ခြင့္အာဏာရ တရား႐ုံးတြင္ ေလွ်ာက္ထားႏိုင္ပါသည္။ ခရစ္ယာန္ဘာသာ ၊ အစၥ လာမ္ဘာသာဝင္မ်ားေသတမ္းစာ ေရးခြင့္ရွိၿပီး ဗုဒၶဘာသာဝင္မ်ား ေရးခြင့္မရွိပါ။ေလွ်ာက္ထားရာတြင္ သက္ေသ(၂)ဦး၏ ဝန္ခံခ်က္ ပါရွိရပါမည္။ေသတမ္းစာအား အတည္ျပဳရန္အခ်ိန္မေ႐ြး ေလွ်ာက္ထားႏိုင္ၿပီး ေသတမ္းစာပါ ကြယ္လြန္သူက်န္ရစ္သည့္ ပစၥည္းကို တရား႐ုံးကထုတ္ေပးသည့္ အတည္ျပဳလက္မွတ္ျဖင့္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးပစၥည္းအား ေရာင္းခ်ႏိုင္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ၿခံေျမဥပေဒအႀကံေပးေရွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service