ကမ္ဘာ့မေတ္တာကမ္မဋ္ဌာန်း ပွားစီးဖြန်းပါ

ကမ္ဘာ့မေတ္တာကမ္မဋ္ဌာန်း ပွားစီးဖြန်းပါ - Property Knowledge in Myanmar from iMyanmarHouse.com
28 Apr 2023 4:45 pm တွင် တင်ခဲ့သည်
626 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကြာသပတေးနေ့ညပိုင်းက ရွှေတိဂုံဘုရားသို့ မေတ္တာကမ္မဋ္ဌာန်းပို့ရင်း ဘုရားဖူးရောက်ဖြစ်ခဲ့သည်။

အိမ်ကနေ ဆူးလေကားမှတ်တိုင်သွားရသည့် ခရီးလေးကိုပင် ချွေးတို့ပြိုက်ပြိုက်ကျသည်။ဆူးလေမှ ကန်တော်ကြီးထိ အဲယားကွန်းပါသည့် ကားကို စီးလိုက်သည်။

ညနေငါးနာရီခွဲကျော်နေပြီဖြစ်သော်လည်း ကဆုန်လ၏ အပူရှိန်သည် အဲယားကွန်းကားပေါ်က ဆင်းလိုက်သည်နှင့် ဘာမှမလှုပ်ရှားရသေးပါဘဲ ချွေးတို့စို့ထွက်လို့လာသည်။

ကန်တော်ကြီးကားမှတ်တိုင်မှ အရှေ့ဘက်မုဒ်အတိုင်း သမီးလက်ကိုဆွဲကာ တက်လာခဲ့သည်။ဦးခေါင်းမှချွေးတို့ အသီးသီးဖြစ်ကာ ထွက်ကျလာသည်။နေကျနေပြီ ဖြစ်သော်လည်း တက်လာသည့် လမ်းတစ်လျှောက် လေတို့ကလည်း ငြိမ်ချက်သားကောင်းလှသဖြင့် ပူအိုက်ခြင်းဒဏ်ကို အတော်ပင်ခံစားရသည်။

လမ်းတစ်လျှောက်တွေ့သော အအေးဆိုင်များကိုကြည့်ပြီး သမီးက အအေးဝယ်တိုက်ဖို့ပူဆာလာသည်။ နို့အေးချောင်း ဝယ်ကြွေးဖို့လည်း ပူဆာသည်။ ချောင်းဆိုးကာ အာသီးနာမည်ကို စိုးသဖြင့်မတိုက်ရဲ။အိမ်ကနေ ရေအေးနှင့် ရိုးရိုးရေ ရောစပ်သယ်လာခဲ့သည့် ရေကိုသာသောက်ဖို့ပြောရသည်။

ဆောင်းတန်းအတိုင်းတက်လာပြီး ဓာတ်လှေးကားစီးလို့သည့်နေရာရောက်သောအခါ ဈေးဆိုင်တန်းများကြားမှ ဓာတ်လှေကားဘက်သို့ ကူးလိုက်သည်။ဓာတ်လှေကားစီးပြီး အပေါ်ရောက်သည့်အခါ ရင်ပြင်သို့ကူးသည့် လျှောက်လမ်းအတိုင်း လာခဲ့ရာ ထိုနေရာသည် အမြင့်ဖြစ်နေ၍ထင်သည်။လေတဟူးဟူးထနေသည်။

သမီးက အဝေးမြင်ကွင်းကို ကြည့်လိုသဖြင့် လျှောက်လမ်းဘောင်ပေါ်တင်ပေးပြီး တသုန်သုန်တိုက်နေသည့် လေအေးအေး အရသာကိုခံလိုက်သည်။ဘုရားအရိပ်ရောက်၍လည်း အေးချမ်းသွားသည်။ လေပြည်လေညင်း ကြောင့်လည်း အေးချမ်းသည်။

အေးချမ်းမှုကြောင့် အမောပြေသွားသဖြင့် ရင်ပြင်တော်ပေါ်သို့ ကူးခဲ့ကြသည်။နေဝင်ချိန် ဘုရားရင်ပြင်တော်တွင် ဘုရားဖူးတို့ဖြင့် စည်ကားနေသည်။

ရင်ပြင်တော်ပေါ်ရှိ မိမိတို့နင်းထားသော ကြွေပြားကျောက်ပြားတို့သည်ကား အပူရှိန်အတော်ပင်ကျန် ရှိနေသေးကြောင်း ခြေဖဝါးတို့တွင် ခံစားနေရခြင်းဖြင့် သိသာလှသည်။

သစ်တံခါးဆရာတော်ဘုရားကြီး၏ မေတ္တာကမ္မဋ္ဌာန်းကို ရွတ်ဆိုပို့သကြသည့် သမီး၏အမေတို့ အဖွဲ့ရှိရာ ရွှေတိဂုံဘုရား၏ အရှေ့တောင်ထောင့်သို့ လာခဲ့ကြသည်။မရှာလိုက်ရဘဲတွေ့သည်။ မေတ္တာကမ္မဋ္ဌာန်း ရွတ်ဆို ပို့သလို့ မပြီးသေးသည်ကိုတွေ့ရသဖြင့် သမီးလေး၏သောကြာနံဘုရားသို့ ရေသပ္ပါယ်ဖို့သွားကြသည်။

သူ့နေ့နံဘုရားသို့ရောက်သောအခါ သမီးကို ပွေ့ချီပေးပြီး ဘုရားရေသပ္ပါယ်ခိုင်းသည်။ကျွန်တော်သည် ဘုရားအားရေသပ္ပါယ်သည့် အခါတိုင်း ရေတစ်ခွက်ခပ်လိုက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိဆိုပြီး ရေသပ္ပါယ်လိုက်၊ နောက်တစ်ခွက်ခပ်လိုက်ပြီး ဓမ္မံသရဏံ ဂစ္ဆာမိဆိုပြီး ရေသပ္ပါယ်လိုက်၊နောက်တစ်ခေါက်က်ခပ်လိုက်ပြီး သံဃံသရဏံ ဂစ္ဆာမိဆိုပြီး ရေသပ္ပါယ်လိုက်သည်။ ရေသုံးခွက်ဖြင့် ရေသပ္ပါယ်ပါသည်။တစ်ခါတစ်ရံ မိဘနှင့် ဆရာသမားတို့အား ရည်စူးသည့်အခါတွင်မှသာ ရေငါးခွက်ဖြင့် ရေသပ္ပါယ်ပါသည်။ထိုအတိုင်းသမီးအား လုပ်ခိုင်းသည်။သက်စေ့ရေသပ္ပါယ်တာမျိုး ကျွန်တော်မလုပ်ဖြစ်။ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို့ကိုသာ ဦးထိပ်ထားပြီး ရေသပ္ပါယ်တာများပါတယ်။

သမီးမွေးနံပြီးသဖြင့် ကျွန်တော့မွေးနံ တနင်္ဂနွေထောင့်သို့သွားပြီး ဘုရားအားရေသပ္ပါယ်ပါသည်။ပြီးမှ ဘုရား၏ အရှေ့တောင်ထောင့်သို့ ကျွန်တော်ပြန်သွားခဲ့သည်။ကျွန်တော်တို့ရောက်သွားသည့်အခါ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းခြင်းတို့ ပြီးစီးကာနီးရောက်နေပြီဖြစ်သည်။

သမီးအားမုန့်ကြွေးရင်း မနီးမဝေးနေရာကနေထိုင်စောင့်လိုက်ကြ၏။ထိုင်စောင့်ရင်းရွှေရောင်တို့ဖြင့် အိဝင်းနေသည့် ရွှေတိဂုံဘုရားကြီးကိုဖူးမြော်ရသည်က စိတ်နှလုံးတွင် ကြည်နူးအေးချမ်းလှပါသည်။

မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှုတို့ ပြီးစီးပြီးနောက် ဆရာတော်ကြီးကြွလာလျှင် ဆရာတော်ကြီးနှင့်အတူ မေတ္တာ ကမ္မဋ္ဌာန်းအတူစီးဖြန်းဖို့ ဘုရား၏တောင်ဘက် အာရုံခံတန်ဆောင်းသို့ နေရာရွှေ့ကြ၏။

ဆရာတော်ကြီးက ခဏအကြာတွင် ကြွလာ၏။စောင့်နေသော ပရိသတ်ကို ဆရာတော်ကြီးက မထိုင်သေးခင် ဒေါင်းမွှေးယပ်တောင်ကိုခပ်ရင်း မေတ္တာပို့ပါသည်။ပြီးမှ ဘုရားအား ဖယောင်းတိုင်ဆီမီး၊အမွှေးနံ့သာ၊ သောက်တော်ရေချမ်းနှင့် ပန်းတို့ကို ကပ်လှူ၏။

ထို့နောက်ဆရာတော်နှင့်အတူ ထပ်မံ၍ ကမ္ဘာ့မေတ္တာကမ္မဋ္ဌာန်းကို ရွတ်ဆိုပွားများကြပါသည်။ထိုမှ ဆရာတော်ကြီးသည် ကပ္ပိယ အဖွဲ့နှင့်အတူ အထက်ပစ္စယံသို့ကြွ၏။

ကျွန်တော်လည်း ၎င်းအဖွဲ့နှင့်အတူ လိုက်ပါပြီး အထက်ပစ္စယံတွင် ကမ္ဘာ့မေတ္တာကမ္မဋ္ဌာန်းကို ရွတ်ဆိုပို့သကြသလို ဆရာတော်၏ အဓိဌာန်ပြုမှုတို့ကို အတူလိုက်ပါဆောင်ရွက်ခွင့်ရကြသည်။

ထို့နောက် ပတ္တမြားမျက်ရှင်ရုပ်ပွားတော်ရှေ့တွင် စုပေါင်း၍ကမ္ဘာ့မေတ္တာကမ္မဋ္ဌာန်းကိုပွားများပြီး လေးဆယ့်ငါးမိနစ်ခန့် ပုတီးစိပ်ကြပါသည်။ထို့နောက် မေတ္တာပို့ အမျှဝေကြပါသည်။ပြီးသည့်အခါ ဆရာတော်ကြီးက သိဒ္ဓိတင်ထားသော တစ်ထောင်တန်ပိုက်ဆံတို့ကို ပေးဝေသည်။

ဆရာတော်ကြီး ပထမပစ္စယံမှပြန်ဆင်းသည့်အခါ ရင်ပြင်တွင် တန်းစီစောင့်ကြိုနေကြသော ပရိသတ်က များလှသည်။ဆရာတော်ကြီးက တန်းစီနေသောလူပရိသတ်တစ်ဦးချင်းစီအား သိဒ္ဓိတင်ထားသော တစ်ထောင်တန်တို့ကို ပေးဝေရင်း ကားဆီသို့ပြန်ကြွသွားလေသည်။

ကဆုန်နေနှင့်ပူပြင်းသော ကဆုန်နေ့ရက်တို့ကို လူတို့ခက်ခဲစွာဖြတ်သန်းနေရသော်လည်း ရွှေတိဂုံဘုရား ရင်ပြင်မှာတော့ ဘုရားအရိပ်ကြောင့်လည်းအေးမြ၏။ တရား၏အရိပ်ကြောင့်လည်း အေးမြ၏။ သံဃာ့ အရိပ်ကြောင့်လည်းအေးမြ၏။မေတ္တာအရိပ်ကြောင့်လည်း အေးမြလို့နေပေတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကမ႓ာ့ေမတၱာကမၼ႒ာန္း ပြားစီးျဖန္းပါ

ၾကာသပေတးေန႔ညပိုင္းက ေ႐ႊတိဂုံဘုရားသို႔ ေမတၱာကမၼ႒ာန္းပို႔ရင္း ဘုရားဖူးေရာက္ျဖစ္ခဲ့သည္။

အိမ္ကေန ဆူးေလကားမွတ္တိုင္သြားရသည့္ ခရီးေလးကိုပင္ ေခြၽးတို႔ၿပိဳက္ၿပိဳက္က်သည္။ဆူးေလမွ ကန္ေတာ္ႀကီးထိ အဲယားကြန္းပါသည့္ ကားကို စီးလိုက္သည္။

ညေနငါးနာရီခြဲေက်ာ္ေနၿပီျဖစ္ေသာ္လည္း ကဆုန္လ၏ အပူ႐ွိန္သည္ အဲယားကြန္းကားေပၚက ဆင္းလိုက္သည္ႏွင့္ ဘာမွမလႈပ္႐ွားရေသးပါဘဲ ေခြၽးတို႔စို႔ထြက္လို႔လာသည္။

ကန္ေတာ္ႀကီးကားမွတ္တိုင္မွ အေ႐ွ႕ဘက္မုဒ္အတိုင္း သမီးလက္ကိုဆြဲကာ တက္လာခဲ့သည္။ဦးေခါင္းမွေခြၽးတို႔ အသီးသီးျဖစ္ကာ ထြက္က်လာသည္။ေနက်ေနၿပီ ျဖစ္ေသာ္လည္း တက္လာသည့္ လမ္းတစ္ေလွ်ာက္ ေလတို႔ကလည္း ၿငိမ္ခ်က္သားေကာင္းလွသျဖင့္ ပူအိုက္ျခင္းဒဏ္ကို အေတာ္ပင္ခံစားရသည္။

လမ္းတစ္ေလွ်ာက္ေတြ႕ေသာ အေအးဆိုင္မ်ားကိုၾကည့္ၿပီး သမီးက အေအးဝယ္တိုက္ဖို႔ပူဆာလာသည္။ ႏို႔ေအးေခ်ာင္း ဝယ္ေႂကြးဖို႔လည္း ပူဆာသည္။ ေခ်ာင္းဆိုးကာ အာသီးနာမည္ကို စိုးသျဖင့္မတိုက္ရဲ။အိမ္ကေန ေရေအးႏွင့္ ႐ိုး႐ိုးေရ ေရာစပ္သယ္လာခဲ့သည့္ ေရကိုသာေသာက္ဖို႔ေျပာရသည္။

ေဆာင္းတန္းအတိုင္းတက္လာၿပီး ဓာတ္ေလွးကားစီးလို႔သည့္ေနရာေရာက္ေသာအခါ ေဈးဆိုင္တန္းမ်ားၾကားမွ ဓာတ္ေလွကားဘက္သို႔ ကူးလိုက္သည္။ဓာတ္ေလွကားစီးၿပီး အေပၚေရာက္သည့္အခါ ရင္ျပင္သို႔ကူးသည့္ ေလွ်ာက္လမ္းအတိုင္း လာခဲ့ရာ ထိုေနရာသည္ အျမင့္ျဖစ္ေန၍ထင္သည္။ေလတဟူးဟူးထေနသည္။

သမီးက အေဝးျမင္ကြင္းကို ၾကည့္လိုသျဖင့္ ေလွ်ာက္လမ္းေဘာင္ေပၚတင္ေပးၿပီး တသုန္သုန္တိုက္ေနသည့္ ေလေအးေအး အရသာကိုခံလိုက္သည္။ဘုရားအရိပ္ေရာက္၍လည္း ေအးခ်မ္းသြားသည္။ ေလျပည္ေလညင္း ေၾကာင့္လည္း ေအးခ်မ္းသည္။

ေအးခ်မ္းမႈေၾကာင့္ အေမာေျပသြားသျဖင့္ ရင္ျပင္ေတာ္ေပၚသို႔ ကူးခဲ့ၾကသည္။ေနဝင္ခ်ိန္ ဘုရားရင္ျပင္ေတာ္တြင္ ဘုရားဖူးတို႔ျဖင့္ စည္ကားေနသည္။

ရင္ျပင္ေတာ္ေပၚ႐ွိ မိမိတို႔နင္းထားေသာ ေႂကြျပားေက်ာက္ျပားတို႔သည္ကား အပူ႐ွိန္အေတာ္ပင္က်န္ ႐ွိေနေသးေၾကာင္း ေျခဖဝါးတို႔တြင္ ခံစားေနရျခင္းျဖင့္ သိသာလွသည္။

သစ္တံခါးဆရာေတာ္ဘုရားႀကီး၏ ေမတၱာကမၼ႒ာန္းကို ႐ြတ္ဆိုပို႔သၾကသည့္ သမီး၏အေမတို႔ အဖြဲ႕႐ွိရာ ေ႐ႊတိဂုံဘုရား၏ အေ႐ွ႕ေတာင္ေထာင့္သို႔ လာခဲ့ၾကသည္။မ႐ွာလိုက္ရဘဲေတြ႕သည္။ ေမတၱာကမၼ႒ာန္း ႐ြတ္ဆို ပို႔သလို႔ မၿပီးေသးသည္ကိုေတြ႕ရသျဖင့္ သမီးေလး၏ေသာၾကာနံဘုရားသို႔ ေရသပၸါယ္ဖို႔သြားၾကသည္။

သူ႕ေန႔နံဘုရားသို႔ေရာက္ေသာအခါ သမီးကို ေပြ႕ခ်ီေပးၿပီး ဘုရားေရသပၸါယ္ခိုင္းသည္။ကြၽန္ေတာ္သည္ ဘုရားအားေရသပၸါယ္သည့္ အခါတိုင္း ေရတစ္ခြက္ခပ္လိုက္ ဗုဒၶံသရဏံ ဂစၧာမိဆိုၿပီး ေရသပၸါယ္လိုက္၊ ေနာက္တစ္ခြက္ခပ္လိုက္ၿပီး ဓမၼံသရဏံ ဂစၧာမိဆိုၿပီး ေရသပၸါယ္လိုက္၊ေနာက္တစ္ေခါက္က္ခပ္လိုက္ၿပီး သံဃံသရဏံ ဂစၧာမိဆိုၿပီး ေရသပၸါယ္လိုက္သည္။ ေရသုံးခြက္ျဖင့္ ေရသပၸါယ္ပါသည္။တစ္ခါတစ္ရံ မိဘႏွင့္ ဆရာသမားတို႔အား ရည္စူးသည့္အခါတြင္မွသာ ေရငါးခြက္ျဖင့္ ေရသပၸါယ္ပါသည္။ထိုအတိုင္းသမီးအား လုပ္ခိုင္းသည္။သက္ေစ့ေရသပၸါယ္တာမ်ိဳး ကြၽန္ေတာ္မလုပ္ျဖစ္။ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို႔ကိုသာ ဦးထိပ္ထားၿပီး ေရသပၸါယ္တာမ်ားပါတယ္။

သမီးေမြးနံၿပီးသျဖင့္ ကြၽန္ေတာ့ေမြးနံ တနဂၤေႏြေထာင့္သို႔သြားၿပီး ဘုရားအားေရသပၸါယ္ပါသည္။ၿပီးမွ ဘုရား၏ အေ႐ွ႕ေတာင္ေထာင့္သို႔ ကြၽန္ေတာ္ျပန္သြားခဲ့သည္။ကြၽန္ေတာ္တို႔ေရာက္သြားသည့္အခါ ေမတၱာကမၼ႒ာန္း စီးျဖန္းျခင္းတို႔ ၿပီးစီးကာနီးေရာက္ေနၿပီျဖစ္သည္။

သမီးအားမုန္႔ေႂကြးရင္း မနီးမေဝးေနရာကေနထိုင္ေစာင့္လိုက္ၾက၏။ထိုင္ေစာင့္ရင္းေ႐ႊေရာင္တို႔ျဖင့္ အိဝင္းေနသည့္ ေ႐ႊတိဂုံဘုရားႀကီးကိုဖူးေျမာ္ရသည္က စိတ္ႏွလုံးတြင္ ၾကည္ႏူးေအးခ်မ္းလွပါသည္။

ေမတၱာကမၼ႒ာန္း စီးျဖန္းျခင္းအမႈတို႔ ၿပီးစီးၿပီးေနာက္ ဆရာေတာ္ႀကီးႂကြလာလွ်င္ ဆရာေတာ္ႀကီးႏွင့္အတူ ေမတၱာ ကမၼ႒ာန္းအတူစီးျဖန္းဖို႔ ဘုရား၏ေတာင္ဘက္ အာ႐ုံခံတန္ေဆာင္းသို႔ ေနရာေ႐ႊ႕ၾက၏။

ဆရာေတာ္ႀကီးက ခဏအၾကာတြင္ ႂကြလာ၏။ေစာင့္ေနေသာ ပရိသတ္ကို ဆရာေတာ္ႀကီးက မထိုင္ေသးခင္ ေဒါင္းေမႊးယပ္ေတာင္ကိုခပ္ရင္း ေမတၱာပို႔ပါသည္။ၿပီးမွ ဘုရားအား ဖေယာင္းတိုင္ဆီမီး၊အေမႊးနံ႔သာ၊ ေသာက္ေတာ္ေရခ်မ္းႏွင့္ ပန္းတို႔ကို ကပ္လႉ၏။

ထို႔ေနာက္ဆရာေတာ္ႏွင့္အတူ ထပ္မံ၍ ကမ႓ာ့ေမတၱာကမၼ႒ာန္းကို ႐ြတ္ဆိုပြားမ်ားၾကပါသည္။ထိုမွ ဆရာေတာ္ႀကီးသည္ ကပၸိယ အဖြဲ႕ႏွင့္အတူ အထက္ပစၥယံသို႔ႂကြ၏။

ကြၽန္ေတာ္လည္း ၎အဖြဲ႕ႏွင့္အတူ လိုက္ပါၿပီး အထက္ပစၥယံတြင္ ကမ႓ာ့ေမတၱာကမၼ႒ာန္းကို ႐ြတ္ဆိုပို႔သၾကသလို ဆရာေတာ္၏ အဓိဌာန္ျပဳမႈတို႔ကို အတူလိုက္ပါေဆာင္႐ြက္ခြင့္ရၾကသည္။

ထို႔ေနာက္ ပတၱျမားမ်က္႐ွင္႐ုပ္ပြားေတာ္ေ႐ွ႕တြင္ စုေပါင္း၍ကမ႓ာ့ေမတၱာကမၼ႒ာန္းကိုပြားမ်ားၿပီး ေလးဆယ့္ငါးမိနစ္ခန္႔ ပုတီးစိပ္ၾကပါသည္။ထို႔ေနာက္ ေမတၱာပို႔ အမွ်ေဝၾကပါသည္။ၿပီးသည့္အခါ ဆရာေတာ္ႀကီးက သိဒၶိတင္ထားေသာ တစ္ေထာင္တန္ပိုက္ဆံတို႔ကို ေပးေဝသည္။

ဆရာေတာ္ႀကီး ပထမပစၥယံမွျပန္ဆင္းသည့္အခါ ရင္ျပင္တြင္ တန္းစီေစာင့္ႀကိဳေနၾကေသာ ပရိသတ္က မ်ားလွသည္။ဆရာေတာ္ႀကီးက တန္းစီေနေသာလူပရိသတ္တစ္ဦးခ်င္းစီအား သိဒၶိတင္ထားေသာ တစ္ေထာင္တန္တို႔ကို ေပးေဝရင္း ကားဆီသို႔ျပန္ႂကြသြားေလသည္။

ကဆုန္ေနႏွင့္ပူျပင္းေသာ ကဆုန္ေန႔ရက္တို႔ကို လူတို႔ခက္ခဲစြာျဖတ္သန္းေနရေသာ္လည္း ေ႐ႊတိဂုံဘုရား ရင္ျပင္မွာေတာ့ ဘုရားအရိပ္ေၾကာင့္လည္းေအးျမ၏။ တရား၏အရိပ္ေၾကာင့္လည္း ေအးျမ၏။ သံဃာ့ အရိပ္ေၾကာင့္လည္းေအးျမ၏။ေမတၱာအရိပ္ေၾကာင့္လည္း ေအးျမလို႔ေနေပေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service